← Chapters

ဝူရန်ဖေ တစ်ခုခုဖြစ်ခဲ့တယ်

Vol. 003 Ch. 257

ဝူရန်ဖေ တစ်ခုခုဖြစ်ခဲ့တယ်

Vol. 003 Ch. 257

"ဒါဆိုလည်း ဒါယူလိုက်" ရှီမာလင်းသည် ပြောပြီးသည်နှင့် ရှီမာယူယူအား စိတ်စွမ်းအားနှင့် တိုက်ခိုက်လိုက်သည်။

ရှီမာယူယူသည် တိုက်ခိုက်မှုအား ခုခံရန် ချက်ချင်းပင် သူမ၏ စိတ်ကိုစုစည်းလိုက်သည်။ သူမသည် တည်ဆောက်မှုသခင်၏ စိတ်စွမ်းအင်ကို အထင်မသေးရဲပေ။

သူတို့စိတ်စွမ်းအားများသည် မတိမ်းမယိမ်းဖြစ်သည်။ သူတို့တိုက်ခိုက်မှုသည် လေထဲတွင် ဆုံတွေ့သောအခါ အစိုင်အခဲဖြစ်သွားသည်။

ရှီမာလင်းသည် အစပိုင်းတွင် စွမ်းအားများကို အများအပြားသည်မှာ သူမအား လွန်ခဲ့သည့် သုံးနှစ်ကအတိုင်းပင် မလှုပ်ရှားနိုင်အောင် ရိုက်သည်အထိ မလိုအပ်ပေ။ သို့သော် ရှီမာယူယူ၏ စိတ်စွမ်းအားသည် လွန်ခဲ့သည့် ၃နှစ်ကထက်ပင် ပိုသန်မာလာသည်ကို သူသိလိုက်ရသည်။ သူမသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ခံနိုင်ရည်ရှိသည်။

တစ်ခုရှိသည်မှာ အခု သူထုတ်လွှတ်လိုက်သော စိတ်စွမ်းအားမှာ လွန်ခဲ့သည့်သုံးနှစ်က သူမကို ရိုက်ချသည့် အားနှင့် အဆင့်တူသည်။

"ထပ်ပြီတိုက်ကြည့်ပါ"

ရှီမာလင်းသည် သူ၏ ဒုတိယတိုက်ကွက်ကို နှစ်ဆမြင့်လိုက်သည်။ သို့သော် ရှီမာယူယူ အလွယ်တကူ ခံနိုင်ရည် ရှိတုန်းပဲဖြစ်သည်။

ရှီမာလင်း၏ တတိယတိုက်ကွက်တွင် ရှီမာယူယူသည် တိုက်ခိုက်မှုကို ခံနိုင်ရုံသာမက ပြန်လ ည် ပြင်းထန်စွာ တိုက်ခိုက်လေသည်။ သူ၏ စိတ်စွမ်းအားကို ပြန်လည်တိုက်ထုတ်လိုက်သည်။

"ဘိုးဘိုးလင်း ဘယ်လိုလဲ" ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။

လွန်ခဲ့သည့်၃နှစ်တုန်းက သူတို့တွေ့ချိန်တွင် သူမသည် ဝိဉာဉ်ကျမ်းကိုလေ့ကျင့်သည်မှာ အချိန်တို၍ သူ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အခု သုံးနှစ်ကြာပြီးနောက် ဝိဉာဉ်ကျမ်းကို နေ့စဉ် မပျက်မကွက် လေ့ကျင့်မှုနှင့်အတူ သူမ၏ စိတ်အင်အားသည် သန်မာလာခဲ့သည်။

ရှီမာလင်းခေါင်းညိမ့်ကာ တောင်ထိပ်မှ ပျံဆင်းကာ "မင်းရဲ့စိတ်စွမ်းအင်တွေ ပိုသန်လာလိမ့်မယ်လို့ ငါထင်မထားဘူး၊ မင်းက တည်ဆောက်မှုသခင်လို့လဲ ငါကြားတယ်"

ရှီမာယူလင်း သူ့ကိုပြောထားသည်ကို ရှီမာယူယူ သိသည်။ သို့သော် သူမ မငြင်းပေ၊ သူမ သဘောတူသည့်အနေနှင့် ခေါင်းညိမ့်ပြရုံမျှသာ ညိမ့်ပြသည်။

တည်ဆောက်မှုများနှင့် ပတ်သတ်၍ သူမသည် သူ့အား အမြဲတမ်းမေးချင်နေခဲ့သည်။ အခု သူမေးလာသည့်အတွက် သူမကို သင်ပေးဖို့တောင်းဆိုရန် အခွင့်အရေးရခဲ့သည်။

"မင်း နေရာကိုအာရုံခံတာ ဘယ်လောက်ထိရလဲ" ရှီမာလင်း ပြောလိုက်သည်။

"ကျွန်တော် ခန္ဓာကိုယ်တစ်ဝက်အရွယ်အစားလောက် ထိန်းချုပ်နိုင်ပါတယ်" ရှီမာယူယူ ပြန်ဖြေသည်။

ရှီမာလင်းသည် အလွန်အံ့သြသွားသည်။ သူသည် ငယ်ရွယ်သော်လည်း နေရာကို ထိန်းချုပ်နိုင်သည်။

"ကောင်းတယ် ကောင်းတယ်၊ မျိုးနွယ်က တည်ဆောက်မှုသခင်နှစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပေမယ့် သူ့တို့ အရည်အချင်းက မင်းလောက်မရှိသေးဘူး" ရှီမာလင်းသည် စိတ်လှုပ်ရှားစွာ ပြောလေသည် "မင်းကို ငါသိသမျှပြောပြမယ်၊ ရှေ့လျှောက်ဆိုရင် မင်းရဲ့အောင်မြင်မှုကို ငါ့ထက်သာသွားမှာပါ"

"ကျေးဇူးတင်ပါတယ် ဘိုးဘိုးလင်း" ရှီမာယူယူသည် လက်အုပ်ချီကာ ခါးကိုင်းပြီး အရိုအသေပေးလိုက်သည်။

"ဟားဟား သွားရအောင် ငါတို့်တောင်ထိပ်က အဆောင်ဆီသွားရအောင်"

ရှီမာယူယူသည် ပျော်ရွှင်စွာဖြင့် ရှီမာလင်းနောက်လိုက်သွားလေသည်။

ရှီမာယူယူသည် နောက်ရက်ပိုင်းများကို အေးအေးချမ်းချမ်းနှင့် ရိုးရှင်းစွာ ဖြတ်သန်းခဲ့သည်။ သူမ အချိန်ရလျှင် ရသလို ရှီမာလင်းနှင့် တည်ဆောက်ခြင်းပညာများကို ဆွေးနွေးသည်။

ရှီမာလင်းသည် သူမ တည်ဆောက်မှုပညာတိုးတက်ရန် သူမအား သူသိသလောက်သင်ပြခြင်းကို နှစ်သက်သည်။

သူမအား တည်ဆောက်မှုပညာအားသင်ပြခြင်းအပြင် အချိန်ရှိလျှင် သူမနှင့်တိုက်ခိုက်သည်။ သူမသည် တိုက်ပွဲအတွက် တိုးတက်ခြင်းကို ရပ်တန့်စေခြင်းမရှိခဲ့ပေ။

နီရဲပျားဘုရင်မသည် များစွာသော နီရဲပျားများကို မွေးဖွားပြီး၍ ဝိဉာဉ်စေတီထဲတွင် ပျားရည်များ ဖြစ်ထွန်းနေပြီဖြစ်သည်။ လတိုင်းတွင် သူမသည် မြေခွေးအိုကြီးအား နီရဲပျားရည်တစ်ပုလင်း ပေးရသည်။ ထိုမြေခွေးအိုကြီးသည် သူတို့မျိုးနွယ် ပိုမိုကြီးထွားသန်မာလာစေရန်အတွက် ပျားရည်များကို ခွဲဝေပေးသည်။

ရှီမာယူလင်းမှလွဲ၍ ထိုနီရဲပျားရည်များ ဘယ်ကလာသည်ကို ဘယ်သူမှမသိပေ။

နီရဲပျားဘုရင်မ ပျားများကိုမွေးထုတ်လေ ပျားရည်များလည်း ပိုရရှိလေဖြစ်သည်။ ရှီမာယူယူသည် တိုးပွားလာသော ပျားရည်များကို ရှီမာမျိုးနွယ်သို့ပေးသည်။ သူမ ရှေ့လျှောက်အသုံးပြုရန်အတွက်လည်း ချန်ထားသည်။

ဝေကျိရွှီနှင့် တခြားသူများသည် ဝိဉာဉ်စေတီအတွင်းတွင် တစ်နှစ်ကျော်မျှ ကျင့်ကြံနေခဲ့သည်။ သူတို့ဘယ်တော့ အဆင့်တက်မည်ကို မသိသောကြောင့် ဘယ်သူမှမရှိသည့် အနောက်ဘက်တောင်များသို့ ရှီမာယူယူ သူတို့အား အဆင့်တက်ရန်ခေါ်သွားသည်။

ထိုတစ်နှစ်အတွင်းတွင် အားလုံးသည် ဝိဉာဉ်နယ်ရှင်အဖြစ်အဆင့်တက်ကြသည်။ ဘေဂုန်ထန်သည် အဆင့်တက်ကာ အဆင့်၁ သူတော်စင်ဝိဉာဉ်ဖြစ်နေပြီဖြစ်သည်။

သုံးလကြာသောအခါ ရှီမာယူယူ ရောက်လာကာ အားလုံးကိုခေါ်ပြီး သတင်းတစ်ခုပြောလေသည်။

"ဘာလဲ ယူယူ" ဖက်တီးကျူသည် ထွက်လာကာ မေးလိုက်သည်။

သူတို့ကျင့်ကြံခြင်းကို သူမ နှောင့်ယှက်သည်မှာ ပထမအကြိမ်ဖြစ်၍ တစ်စုံတစ်ရာဖြစ်နေသည်ကို သိလိုက်ရသည်။

ရှီမာယူယူသည် ဝူရန်ဖေအားကြည့်ပြီး ပြောလိုက်သည် "တောင်လကြတ်တိုင်းပြည်က သတင်းပဲ၊ တောင်လကြတ်ဘုရင်နဲ့ တခြားသူတွေက မင်းအခုထိအသက်ရှင်ပြီး ဒုံချိန်းတိုင်းပြည်က ထွက်သွားတာကို သိနေတယ်၊ အဲဒါကြောင့် မင်းအမေနဲ့ သူ့မျိုးနွယ်တွေကို လတစ်ဝက်အတွင်း သတ်ပစ်မယ်ဆိုပြီး သတင်းလွှင့်ထားတယ်"

ဝူရန်ဖေသည် ဒေါသကြောင့် ခုန်ပြီး ကျောက်တုံးစားပွဲအားရိုက်လိုက်ရာ ကြေမွသွားလေသည် "ဝူရန်ဒုံ လုပ်ရဲတယ်ဟုတ်လား"

"သူက ထီးနန်းကိုယူသွားပြီး အခု ဝူရန်အသက်ရှင်နေသေးတာကို သိသွားတယ်၊ သူ မင်းကို နည်းလမ်းရှာပြီးကို သေချာပေါက် သတ်လိမ့်မယ်" ဘေဂုန်ထန်ပြောလိုက်သည်။

+

"ဟုတ်တယ်၊ မင်းအဖေရှိတုန်းကတော့ မင်းအမေနဲ့ သူမ မျိုးနွယ်တွေကို မထိရဲဘူး၊ လျှို့ဝှက်ပြီးပဲ လှုပ်ရှားနေတာ၊ အခု သူက ထီးနန်းတက်သွားတော့ ဒီအန္တရာယ်ကို သေချာပေါက် အမြစ်ဖြတ်မှာပဲ" ဝေကျိရွှီ ဆန်းစစ်သည်။

"အဲဒီ ခုံရုံးကလူကြီးတွေက မင်းအသက်ရှင်နေသေးတာကိုသိတာနဲ့ မင်းကို ဘုရင်အဖြစ်မြှောက် ကြလိမ့်မယ်၊ ဝူရန်ဒုံက အဲလိုဖြစ်လာမှာကိုကြောက်တာ" ဖက်တီးကျူသည် ထိုနှစ်နှစ်အတွင်းတွင် ရင့်ကျက်လာသည်။

ရှီမာယူယူသည် သူ့အားကြည့်ပြီး မေးလိုက်သည် "မင်းဘာလုပ်မယ် စိတ်ကူးလဲ"

ဝူရန်ဖေ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်သည် "ငါဘာလုပ်ရမှာလဲ င့ါမျိုးနွယ်ဝင်တွေက ငါ့အားနည်းချက်ဆိုတာကို သူသိနေတာပဲ၊ ငါပြန်သွားရင် ထောင်ချော က်ဆင်ထားမှာကို ကြောက်တာ၊ ဒါပေမယ့် အဲလိုဖြစ်လာစေဦးတော့ ငါပြန်သွားကိုသွားရမယ်"

ရှီမာယူယူ သူ့ပခုံးအား ပုတ်ပြီးပြောလိုက်သည် "မင်းဘာတွေကြောက်နေတာလဲ၊ ငါတို့လည်း အားမနည်းပါဘူး၊ ငါတို့် တောင်နေကြတ်တိုင်းပြည်သွားရင် ငါတို့် သူ့ကို အရှင်မထားဘူး"

"ဟုတ်တယ်၊ ငါတို့သွားပြီး သူ့ထီးနန်းကို သိမ်းပြီး ဖြစ်ခဲ့တာတွေအတွက် လက်စားချေမယ်" ဝေကျိရွှီ ပြောလိုက်သည်။

"မင်းတို့ကောင်တွေ...." ဝူရန်ဖေသည် သူတို့သွားရန်မလိုဟု ပြောချင်သော်လည်း စကားလုံးများသည် လည်ပင်းတွင်ပင် ပျောက်ကွယ်သွားသည်။ သူတို့အား သူနားလည်သည်။ သူ့စကားကို နားမထောင်မည်ကို သူသိသည်။

"အချိန်မရှိဘူး၊ ငါတို့်မသွားခင် အဘိုးနဲ့တခြားသူတွေကို သွားပြောလိုက်ဦးမယ်" ရှီမာယူယူ ပြောလိုက်သည်။

"ငါတို့် တောင်နေကြတ်တိုင်းပြည်ကိုမသွားခင်၊ ဝူရန် ဒီမှာနေဦး၊ မင်း မထွက်လာသေးနဲ့ဦး" ဝေကျိရွှီ ပြောလိုက်သည်။

"ဟုတ်တယ်၊ တောင်နေကြတ်ဘုရင်က မင်းရောက်လာမယ်ဆိုတာ သေချာပေါက်မှန်းထားမှာပဲ၊ လမ်းတစ်လျှောက်ကို ဘယ်လိုထောင်ချောက်ဆင်ထားမလဲဆိုတာ မသိနိုင်ဘူး၊ ငါတို့သွားတဲ့လမ်းတစ်လျှောက် ကို အနှောင့်နှေးမခံနိုင်ဘူး" ရှီမာယူယူ ပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလည်း ငါမင်းကို ဒုက္ခပေးရတော့မှာပဲ ယူယူ" ဝူရန်ဖေခေါင်းညိမ့် ကာ ပြောလိုက်သည်။

"ပြောစရာမလိုပါဘူး" ရှီမာယူယူ သူ့အားစိုက်ကြည့်ကာ ပြောလိုက်သည် "ငါအဘိုးနဲ့ တခြားသူတွေကို အပြင်ခေါ်သွားလိုက်တော့မယ်"

သူမ တခြားအိမ်သို့လာကာ ရှီမာလိုင်နှင့် တခြားသူများကို ပြောပြကာ သူတို့အား ခေါ်ထုတ်လိုက်သည်။

"ညီလေး ၅ ငါတို့် မင်းနဲ့လိုက်ခဲ့မယ်လေ" ရှီမာယူလီ ပြောလိုက်သည်။

ထိုနှစ်အတွင်းတွင် သူတို့သည် ဝိဉာဉ်စေတီအတွင်းတွင် အဆင့်များတက်ခဲ့သည်။ သူမ တောင် နေကြတ်တိုင်းပြည်သို့ သွားမည်ဟုကြားသည်နှင့် သူတို့လည်း လိုက်ချင်သည်မှာ သဘာဝပင်ဖြစ်သည်။

"အစ်ကိုတို့ အိမ်မှာပဲနေခဲ့ပါ၊ အချိန်ကျရင် အကုန်ပြန်တွေ့မှာပဲ အစ်ကိုတို့က ရှီမာမျိုးနွယ်ရဲ့ နာမည်ကို ထမ်းထားရတာ၊ ကိုယ့်ကိုကိုယ် မထုတ်ပြမိစေနဲ့" ရှီမာယူယူ ပြောလိုက်သည် "အချိန်ကျရင် ကျွန်တော် တို့ ပြန်တွေ့မှာပဲလေ"

"မင်း...ကောင်းပါပြီ ဂရုစိုက်ရမယ်နော်" ရှီမာယူရန် ပြောလိုက်သည်။

"ဂရုစိုက်ပါ့မယ်" ရှီမာယူယူ ခေါင်းညိမ့်သည် "ကျွန်တော်သွားမယ်ဆိုတာ မျိုးနွယ်ခေါင်းဆောင်ကို သွားပြောလိုက်ဦးမယ်"

သူမ ပြောပြီးနောက်တွင် နီရဲပျားရည် တစ်ပုလင်းထုတ်ကာ ရှီမာယူမင်းအားပေးပြီး ပြောလိုက်သည် "ဒါ နောက်သုံးလအတွက်ပါ"

သူ ပျားရည်သောက်လာသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်ကို ရှီမာယူမင်သိသည်။ သူ ယူကာပြောလိုက် သည် "ဟာစွန်ကို ခေါ်သွားနော်"

"ကျွန်တော်ဂရုစိုက်ပါ့မယ်" ရှီမာယူယူ ပြန်ဖြေသည်။ ထို့နောက် သူမ သက်ပြင်းချကာ "ဟာစွန် ဒီကောင်ကတော့ သူ့မိန်းမငယ်ငယ်လေးကို ဂရုစိုက်နေတာ၊ သူ ကျွန်တော်တို့နဲ့လိုက်ပါ့မလားတောင် မသိဘူး"

All Chapters