← Chapters

အပိုင်း(၁၄၈)-အတူတကွ ထွက်ခွာခြင်း

Vol. 002 Ch. 148

အပိုင်း(၁၄၈)-အတူတကွ ထွက်ခွာခြင်း

Vol. 002 Ch. 148

“ဘယ်လိုလဲ သူမ ဒီနေရာကို ဖြတ်သွားမှာပါလို့ မင်းတို့အားလုံးကို ငါပြောတယ်မလား” ဖက်တီးကျူသည် ဂုဏ်ယူစွာဖြင့် အတိအလင်းကြေညာသည်။

ရှီမာယူယူ လျှောက်သွားကာ ပြောလိုက်သည် “မင်းတို့အားလုံး ကျောင်းကပေးတဲ့ မစ်ရှင်ကို သွားလုပ်နေတာမဟုတ်ဘူးလား၊ ဒီမှာ ဘာလုပ်နေကြတာလဲ”

ဝူရန်ဖေသည် သစ်ပင်ပေါ်မှ ခုန်ချကာ ပြောလိုက်သည် “ငါတို့ကျောင်းကနေ ကျောင်းဆင်းခွင့်တောင်းပြီးပြီ ငါတို့ကျောင်းသားတွေမဟုတ်တော့ဘူး”

“မင်းတို့အားလုံး ကျောင်းပြီးပြီလား”

“ငါတို့ကျောင်းမှာသင်တာတောင် အများကြီးသင်ခဲ့ရတယ်မထင်လို့ ကျောင်းဆင်းဖို့ဆုံးဖြတ်လိုက်ကြတာ” ဘေဂုံထန်ပြောလိုက်သည်။

“ငါ့အတွက်ကတော့ ငါ့မျိုးနွယ်ခေါင်းဆောင်တွေနဲ့ စကားပြောပြီးပြီ၊ မင်းနဲ့အတူ ငါတိုက်ပွဲဝင်ချင်တယ်” ဖက်တီးကျူပြောလိုက်သည် “ဆိုတော့ ငါမင်းနဲ့လိုက်မယ်၊ မင်းကတော့ ငါ့ကို ခေါ်မှာမဟုတ်လောက်ပေမယ့်ပေါ့”

“ငါနဲ့လိုက်မယ်ဟုတ်လား”

“ဟုတ်တယ် မင်းနဲ့လိုက်မှာ” ဖက်တီးကျူပြောလိုက်သည်။

“မင်းလည်း ကောင်းကောင်းသိတာပဲ၊ ဒီတစ်ခါ ငါဆိုဖီယာတောင်တန်းသွားတာ ပြန်လာဖို့အစီအစဉ်မရှိဘူး၊ ငါတောင်မှာ နှစ်နှစ်လောက် လေ့ကျင့်ပြီး ထွက်သွားတော့မှာ၊ ကိစ္စတွေအဆင်မပြေရင်လည်း ငါ့အသက်က အပြင်မှာသေသွားမှာပဲ” ရှီမာယူယူခေါင်းခါက သူမနှင့်လိုက်မည်ဆိုသော ဖက်တီးကျူ၏ ဆုံးဖြတ်ချက်ကို လက်မခံပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိသားစုကို ငါကြေညာပြီးပြီ၊ ငါဘယ်တော့မှ ပြန်မလာဘူးဆိုတာလည်း သူတို့သိတယ်၊ ဒါပေမယ့် ငါအပြင်မှာလျှောက်သွားနေလည်း အဆင်ပြေတာပဲ၊ ဒီလိုနေရာ သေးသေးလေးမှာ နေတာခက် အများကြီးကောင်းတာပဲ၊ အမြင်ကျယ်ဖို့ အပြင်ထွက်သွားတဲ့သဘောပဲလေ” ဖက်တီးကျူပြောလိုက်သည်။

ရှီမာယူယူသည် ဝေကျိရွှီအား စကားလုံးမဲ့စွာကြည့်လိုက်သည်။ ဝေကျိရွှီသည် ပခုံးတွန့်ကာ “ငါလည်း ငါ့အိမ်ကို သွားခဲ့ပြီ၊ အစက သူတို့လည်း ငါထွက်သွားမှာကို သဘောမတူဘူး၊ ဒါပေမယ့် ငါအပြင်မှာနေရင် ပိုပြီးသန်မာလာမယ်၊ မင်းနဲ့အတူလိုက်ရင် ဒီထက်မြင့်တဲ့နေရာရနိုင်တယ်လို့ ငါ့ဘိုးလေးက သူတို့ကို ပြောလိုက်တယ်၊ ငါ့ အသက်နဲ့ပေးဆပ်ရလည်း တန်ပါတယ်”

သူသည်လည်း ထိုသို့စဉ်းစားလိမ့်မည်ကို သူမ မထင်ခဲ့ပေ။

ရှီမာယူယူ ဘေဂုံထန်နှင့် ဝူရန်ဖေကိုကြည့်လိုက်သည်။ “ငါကတော့ ဒီမှာတစ်သက်လုံးနေဖို့ အစကတည်းက အစီအစဉ်မရှိခဲ့တာ၊ ငါလက်စားချေဖို့လည်းရှိသေးတယ်၊ စောသွားတာ နောက်ကျသွားတာပဲကွာတာ၊ အခုတော့ မင်းတို့အားလုံးနဲ့ အတူသွားဖြစ်သွားတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို အဖွဲ့တန်ဖိုးအကြောင်းသင်ပေးတဲ့ တစ်ယောက်တည်းသောသူပဲ”

ဝူရန်ဖေသည် အစကတည်းက တောင်ပိုင်းကလူမဟုတ်သဖြင့် ဘာမှပြောရန် မရှိပေ။ အကြောင်းတစ်ခုကြောင့် ဒီနေရာသို့ထွက်ပြေးလာကာ တစ်နေ့တော့ ပြန်မည်ဖြစ်သည်။

“မင်းတို့အားလုံး သေချာရောစဉ်းစားပြီးပြီလား” ရှီမာယူယူ တခြားသူများအားကြည့်လိုက်သည် “အထူးသဖြင့် ကျိရွှီနဲ့ ဖက်တီး၊ ငါတို့ တစ်ခါသွားတာနဲ့ ပြန်လာဖို့ခက်သွားပြီနော်”

“စဉ်းစားပြီးရင်း စဉ်းစားပြီးသွားပြီ၊ သွားရအောင်” ဖက်တီးကျူသည် သူ၏ လုံးဝန်းသော ခန္ဓာကိုယ်အား လှည့်ကာ ရာဟွောင် နောက်ကျောသို့ သွက်လက်စွာတက်သွားလေသည်။ ရှီမာယူယူ သူ့လည်ပင်း ကော်လံကို ဆွဲကာ ဆွဲချလိုက်သည်။

“ကိုယ့် ဝိညာဉ်သားရဲကိုယ်စီး၊ ရာဟွောင့်ကို ပြားအောင်မလုပ်နဲ့”

ထိုအဓိပ္ပာယ်မှာ ရှီမာယူယူ သဘောတူလိုက်သည်ကို ဖက်တီးကျူသိသဖြင့် စီးရန် ကိုယ်ပိုင် ဝိညာဉ်သားရဲအားခေါ်လိုက်လေသည်။

ဝေကျိရွှီနှင့် တခြားသူများလည်း ကိုယ်ပိုင်ဝိညာဉ်သားရဲများခေါ်ကာ ထိုင်ပြီးသည်နှင့် မြို့သို့ ဦးတည်သွားကြလေသည်။ ထိုမြို့မှနေ၍ ဆိုဖီယာတောင်တန်းသို့ ဖြတ်လမ်းတည်ဆောက်မှုအားအသုံးပြုရမည်ဖြစ်သည်။

နောက်နှစ်ရက်အကြာတွင် သူတို့အုပ်စုသည် ဆိုဖီယာတောင်တန်းသို့ ခြေချကာ အမြင့်မားသော တောင်အား ကြည့်လိုက်ကြသည်။ သူတို့တွင် မျှော်လင့်ချက်များပြည့်နှက်နေကြသည်။

“ဝူရန် ဒီနေရာက အကောင်းဆုံးဆိုတာသေချာလား” အလွန်မတ်စောက်သော ချောက်ကမ်းပါးနှင့် မြင့်မားသော ထိပ်ဖျားအား ဖက်တီးကျူမြင်သော် ဝူရန်ဖေအား သံသယရှိစွာကြည့်လိုက်သည်။

သူတို့ငါးယောက်သည် အားကောင်းလှသဖြင့် အားနည်းသော ဝိညာဉ်သားရဲများရှိသော အနည်းငယ်ပိုကောင်းသော အားအလွယ်တကူ တက်စေနိုင်သော နေရာရှာရန် ဆုံးဖြတ်လိုက်ကြသည်။

ဝူရန်ဖေသည် အင်ပါယာမြို့တော်သို့မရောက်ခင် ဆိုဖီယာတောင်တန်းတွင် အချိန်တစ်ခုနေခဲ့ခြင်းကြောင့် သူသည် ရှေ့မှ လမ်းပြသည်။

ဝူရန်ဖေသည် ဖက်တီးကျူအားကြည့်ကာ ခပ်မိုက်မိုက်ပုံစံဖြင့်ပြောလိုက်သည် “ဒါဆိုလည်း ကိုယ့်ဘာသာလုပ်လေ”

ဖက်တီးကျူသည် လျင်မြန်စွာ လက်ဝေ့ရမ်းကာ ရယ်မောလိုက်သည်။ သူ ဒီနေရာကို တစ်ခါမှမလာဘူးတာ ဘယ်လိုလုပ်တခြားသူတွေကို လမ်းပြလို့ရမှာလဲ။

“ဝူရန် ဒီနေရာက မင်းအရင်ကရောက်ဖူးတဲ့နေရာလား” ရှီမာယူယူမေးလိုက်သည်။

“အင်း အင်းပါယာကြီးလေးခုက တောင်ရဲ့ ဘေးမှာရှိတယ်၊ ဒါပေမယ့် ဒီတောင်တန်းက မိုင်ပေါင်းတစ်ထောင်ကျယ်တယ်၊ အလယ်ပိုင်းနားက သားရဲတွေက အဆင့်မြင့်ကြပြီး အံ့ဖွယ်အဆင့် သားရဲတွေလည်း ရှိတယ်” ဝူရန်ဖေ ပြန်ဖြေလိုက်သည်။

“အန္တရာယ်များတာပဲ ဝူရန် မင်းဘယ်လိုဝင်လာလိုက်တာလဲ” ဖက်တီးကျူသည် ဝူရန်ဖေအား လေးစားမှုအပြည့်ရှိသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။

“ငါ့ကို ကာကွယ်ဖို့လူအများကြီးသေခဲ့ရတယ်” ဝူရန်ဖေသည် တုံ့ဆိုင်းနေရာမှ စကားလမ်းကြောင်းလွှဲပစ်သည်။ “ဒီနေ့ည တောင်ခြေမှာပဲ နားရအောင်၊ မနက်ဖြန် တောင်တန်းကို မဝင်ခင် ငါတို့ စစ်တမ်းမက မှန်မမှန် စစ်ရမယ်”

“ကောင်းပြီလေ ဒါဆိုလည်း တောင်ခြေမှာပဲ စခန်းချကြတာပေါ့” ရှီမာယူယူပြောလိုက်သည်။

သူတို့သည် မြေလွတ်တစ်နေရာအားရှာတွေ့ကာ တဲများထုတ်လိုက်ပြီး စခန်းချလိုက်တော့သည်။

“ဟူး ဒီမှာ အရင်က လူတွေစခန်းချဖူးတဲ့ပုံပဲ” ဖက်တီးကျူသည် တဲဆောက်ရာ အမှတ်အသားများတွေ့သည်နှင့် အော်လိုက်သည်။

“ဒီတောင်က ရှိတဲ့ အဖိုးတန်ပစ္စည်းတွေက ပူလွောင်တောင်တန်းကထက်များတယ်၊ အဲဒါကြောင့် လူတွေက ဒီတောင်တန်းကိုလာပြီး အဖိုးတန်ပစ္စည်းတွေရှာကြတယ်၊ သူတို့အားတွေ မလုံလောက်တော့ အဲလူတွေအများကြီးမဝင်နိုင်ခဲ့ကြဘူး၊ ဒါပေမယ့် တစ်ယောက်မှ မဝင်နိုင်တာတော့မဟုတ်ဘူး” ဝေကျိရွှီ ရှင်းပြသည်။ “ငါတို့ အားတွေမြင့်ကြည့် ငါတို့ ပူလွောင်တောင်တန်းကို မရွေးပဲ ဒီနေရာကိုလာဖို့ ရွေးမှာပဲ”

ဖက်တီးကျူ တစ်ခဏမျှစဉ်းစားကာ သဘောတူလိုက်သည်။ လူအများကြီးသည် ဒီနေရာထက် တန်းဖိုးရှိသည့် အရာများနည်းသော ပူလွောင်တောင်တန်းသို့သွားကြသည်။ ဒီကိုလာပြီး ဘာလို့ကံမစမ်းကြတာလဲ။

“ပြီးတော့ အားကောင်းတဲ့သူတွေပဲ ဒီနေရာကိုလာပြီး ကျင့်ကြံကြတာ” ရှီမာယူယူ ထပ်ပြောသည်။

“ဖက်တီး ငါတို့အပြင်ကို ရောက်လာမှတော့ ထူးဆန်းတဲ့အရာတွေ အများကြီးသေချာပေါက်တွေ့ရမှာပဲ၊ မင်း တစ်ခုခုဆို ရေးကြီးခွင်ကျယ်လုပ်ရင် ငါတို့မင်းကို မသိချင်ယောင်ဆောင်မှာ ရှက်ဖို့ကောင်းလိုက်တာ” ဘေဂုံထန်သည် ပြုံးရင်းပြောလိုက်သည်။

“ဘေဂုံ မင်းကရေခဲမင်းသမီးဖြစ်တုန်းက ပိုချစ်စရာကောင်းတယ်” ဘေဂုံထန်၏ လှောင်ပြောင်သော စကားလုံးများကို ကြားသောအခါ ဖက်တီးကျူ စောဒကတက်သည်။

သူတို့ စခန်းချပြီးသော် ရှီမာယူယူ အားလုံးအတွက် ညစာချက်ပြုတ်သည်။ အခုတော့ ဝိညာဉ်ပုလဲအသုံးပြု၍ မရသဖြင့် မှော်ဝင်လက်စွပ်မှ ဟင်းရွက်များသာ ပြင်ဆင်နိုင်သောကြောင့် အသားမရှိပဲ ဟင်းရွက် ဟင်းလျာများသာ ပြင်ဆင်လိုက်သည်။

ညစာစားပြီးကြသော် အားလုံးသည် ကိုယ်ပိုင်တဲများဆီသွားကာ ကျင့်ကြံကြသည်။ ထိုနေရာသည် တခြားနေရာများထက် ဝိညာဉ်ချီထူထပ်သည်ကို သူတို့ သတိထားမိကြသည်။ သူတို့ ဒီနေရာတွင် ကျင့်ကြံပါက သူတို့အားအင်များသည် ခုန်ပေါက်ကာ တက်သွားကြမည်ဖြစ်သည်။

ရှီမာယူယူသည် အိပ်ရာပေါ်တွင်ထိုင်ကာ သူမ၏ နတ်ဆိုးညွှတ်လက်ကောက်အားကြည့်လိုက်သည်။ မိုရှား ထိုအထဲသို့ ဝိညာဉ်ပုလဲနှင့် ဘုံခုနှစ်ဆင့်စေတီအား ယူသွားသည်မှာ သုံးလရှိပြီဖြစ်သော်လည်း သတင်းအသစ်မကြားရပေ။ လှုပ်ရှားမှု တစ်စုံတစ်ရာမရှိသဖြင့် အထဲတွင်ဘယ်လိုနေလဲဆိုသည်ကို သူမ မသိတော့ပေ။ ဝိညာဉ်ပုလဲနှင့် ဘုံခုနှစ်ဆင့်စေတီးတို့ ဘယ်လိုနေလဲ၊ မိုရှားလုပ်ဆောင်နေသည်မှာ ဘယ်လိုအခြေအနေရှိသလဲဆိုသည်ကို သူမ မသိတော့ပေ။

သို့သော ရွှေမြွေအသီးပင်အား ညတိုင်းထုတ်ကာ သူမ လက်ဘေးထားကာ လက်ကောက်နှင့် အနီးတွင်ရှိစေခဲ့သည်။ အကြောင်းမှာ ရွှေမြွေအသီးပင်မှထွက်သော အငွေ့အားမိုရှားစုပ်ယူသည်ကို သူမ သိသောကြောင့်ဖြစ်သည်။

သူမ သက်ပြင်းချကာ ရွှေမြွေအသီးပင်အားထုတ်ပြီး သူမအိပ်ရာဘေးတွင် ထားလိုက်သည်။ နေ့တွင် သူမ လက်စွပ်အတွင်းထည့်ပြီး ညတွင်တော့ ထုတ်ယူကာ လေကိုစုပ်ယူစေခြင်းကြောင့်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အပင်၏ အပြင်ပုံပန်းသဏ္ဌာန်မှာ မဆိုးလှပေ။

သူမ တဲထိပ်မှ အပေါက်အားဖွင့်ကာ လရောင်အား အထဲသို့ဝင်စေလိုက်သည်။ ညတိုင်းတွင် ရွှေမြွေအသီးပင်သည် လရောင်အောက်တွင် အနည်းငယ် ပြန်လည်ကုစားနိုင်သည်။

“ဒီလိုဆက်သွားမယ်ဆိုရင် မင်းသဘာဝအတိုင်းပြန်ဖြစ်သွားမှာပဲ” ရှီမာယူယူ ရွှေမြွေအသီးပင်အား ရင်နာစွာနှင့်ပင်ကြည့်လိုက်သည်။ အပင်ရှိ အရွက်အများစုပင်လျှင် အဝါရောင်ပြောင်းနေပြီဖြစ်သည် “မိုရှား၊ မင်းပြီးဖို့ အချိန်ဘယ်လောက်လိုသေးတာလဲ..ဟင်”

သူမ ခြေထောက်ချိပ်ကာ အိပ်ရာပေါ်တွင်ထိုင်ပြီး စတင်ကျင့်ကြံတော့သည်။

ဒီနှစ်လအတွင်းတွင် သူမ ဝိညာဉ်သားရဲများစွာကိုထိန်းကျောင်းခဲ့ခြင်းကြောင့် သူမတွင် ဝိညာဉ်စွမ်းအင် နည်းပါးနေပြီဖြစ်သည်။ ထိုအချိန်အတွင်းတွင် သူမကျင့်ကြံခဲ့သည်ကို ပေါင်းခြင်းဖြင့် သူမသည် အဆင့်ရှစ် ဝိညာဉ်သခင်ဖြစ်နေပြီဖြစ်သည်။ အင်ပါယာမြို့တော်မှ ထွက်ခွာချိန်တွင် သူမသည် အဆင့်ကိုး ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

All Chapters