← Chapters

ဒီရှဉ့်လေးကဉာဏ်ကောင်းလိုက်တာ! အရင်ကဒီလိုကြွားဖူးလား?

Vol. 22 Ch. 317

ဒီရှဉ့်လေးကဉာဏ်ကောင်းလိုက်တာ! အရင်ကဒီလိုကြွားဖူးလား?

Vol. 22 Ch. 317

''ယောက်ျား... သူဘာပြောတာလဲ?'' ဝမ်လန်ကဇဝေဇဝါနှင့် ချူဖုန်းကိုမေးလိုက်သည်။

''ဒီ QR ကုတ်ကိုဖတ်စေချင်တာဖြစ်မယ်'' ချူဖုန်းက မှန်းကြည့်လိုက်၏။

ဒါပေမဲ့ ဒီရှဉ့်က QR ကုတ်ဘာလဲဆိုတာ သိလို့လား?

ဒါပေမဲ့လည်း ဘာလို့ QR ကုတ်ကို သူတို့ဆီပြနေတာလဲ?

နောက်ဆုံး ချူဖုန်းကစမ်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ရှဉ့်လေးတစ်ကောင်က ဘာဖြစ်နိုင်မှာမလို့လဲ?

နောက်ပြီး ဒီရှဉ့်က ချင်လင်ရဲ့ရှဉ့်။

ချူဖုန်းထင်မထားတာက သူ့ဖုန်းထုတ်ပြီး QR ကုတ်စကင်န်ဖတ်တဲ့အချိန်မှာ ရှဉ့်လေးက QR ကုတ်ကိုရှေ့တိုးပေးပြီး အလိုက်သင့်နေပေးနေသည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်အပြည့်နှင့်။

ချူဖုန်းအံ့ဩသွားသည်။

ဒီရှဉ့်က ဉာဏ်ကောင်းလိုက်တာ။



QR ကုတ်စကင်န်ဖတ်ပြီး သူအံ့ဩသွားသည်။ အစီအစဉ်ငယ်လေးတစ်ခု ဖုန်းမှန်သားပြင်ပေါ်ပေါ်လာ၏: ယွမ် ၄၀၀ တန်ထူးရှယ်ရုံးပတီသီးတစ်ကတ်တီရတဲ့အတွက် ဂုဏ်ယူပါတယ်!

“???” ချူဖုန်း။

ဝမ်လန်ကအနားကပ်ပြီး စာကိုတွေ့လျှင် အံ့ဩသွားကာ_ ''ရုံးပတီသီးတစ်ကတ်တီ? တို့ကိုလက်ဆောင်ပေးတာလား?''

''ကျွိ!'' မွေးနီကပျော်ရွှင်ပုံနှင့်အော်လိုက်သည်။ သူကဆက်သွယ်ရေးစွမ်းရည်ကိုပထမဆုံးအကြိမ်အသုံးချနိုင်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေပုံပင်။ ထို့နောက် ချူဖုန်းနှင့်သူ့ဇနီး၏တုံ့ပြန်ချက်ကိုမစောင့်ဘဲ ပြန်လှည့်ကာထွက်လာသည်။

ချူဖုန်းနှင့်ဝမ်လန်က ရုံးပတီသီးအကြောင်း အချက်အလက်ကိုစိုက်ကြည့်နေကြ၏။

''ဒါကိုရတာလား?'' ဝမ်လန်ကမေးလိုက်သည်။

ချူဖုန်းက_''ဟုတ်လောက်တယ်မလား?''

ဝမ်လန်ကအကြံပေးလိုက်သည်_ ''ချင်လင်ကိုဖုန်းဆက်ပြီး တိုက်ရိုက်မေးကြည့်ပါလား?''

''ဟုတ်ပြီ'' ချူဖုန်းကခေါင်းညိမ့်ပြီး သူ့ဖုန်းကိုထုတ်လိုက်သည်။

ယွမ် ၄၀၀ ကသူတို့စုံတွဲအတွက် ဘာမှမဟုတ်သော်လည်း ဒါရှဉ့်လေးဆီကလက်ဆောင်။ သူတို့အတွက် အလွန်ထူးခြားသောအတွေ့အကြုံပင်။

အခုတော့ စံအိမ်ကိုလည်ပတ်ဖို့၊ ရှုမျှော်ခင်းကိုခံစားဖို့ စိတ်ထဲမရှိတော့ပြီ။

ရုံးခန်းထဲ၌_

ကျောက်မိုချင်းလည်း ချင်လင်၏ကွန်ပျူတာထဲမှအစီအစဉ်ကိုကြည့်ရင်း အံ့ဩစွာနှင့်_ ''ချင်လင်... ဒီပစ္စည်းကို တကယ်မွေးနီကပေးလိုက်တာလား? သူဉာဏ်မကောင်းလွန်းဘူးလား?''

မွေးနီက တခြားရှဉ့်တွေနှင့်မတူမှန်း သူမသိသည်။ သူကဖျတ်ဖျတ်လတ်လတ်နှင့်ဉာဏ်ပိုကောင်းသည်ဆိုသော်လည်း ဒါကတော့ဉာဏ်ကောင်းလွန်းနေသည်။

ချင်လင်ကပြုံးလိုက်ပြီး_ ''နောက်ကျရင် မင်းနေ့တိုင်းလက်ဆောင်အသစ်ပြင်ပေးလို့ရတယ်... လျှော့စျေး အခမဲ့စားပွဲ ဖရဲသီး ဘဲဥ စသဖြင့်ပေါ့... ဒီလိုဆိုရင် အချိန်နဲ့အမျှ စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်''

သူပြောနေစဉ် ဖုန်းမြည်လာသည်။

ချင်လင်ကဖုန်းနံပါတ်မြင်လျှင် ချက်ချင်းကောက်ကိုင်လိုက်ပြီး_ ''ဟယ်လို... စီနီယာအစ်ကိုချူ... ရောက်နေပြီလား... ကောင်းပါပြီ... ကျွန်တော်ထွက်လာပြီးကြိုမယ်''

''စီနီယာအစ်ကိုချူရောက်နေတာလား?'' ကျောက်မိုချင်းက ချူဖုန်းလာနေမှန်းသိသည်။

မနေ့က စီရင်စုကိစ္စအကြောင်း ချင်လင်ပြောပြသည်။ အခုတော့ စီနီယာအစ်ကိုချူနှင့် တရားဝင်စာချုပ်လက်မှတ်ထိုးတော့မည်။





ချင်လင်က ကျောက်မိုချင်းကိုရုံးခန်းအပြင်ခေါ်လာရာ ချူဖုန်း၊ ဝမ်လန်တို့နှင့်တန်းဆုံသည်။

''စီနီယာအစ်ကိုချူ စီနီယာအစ်မဝမ်လန်'' ချင်လင်ကချက်ချင်း ကျောက်မိုချင်းနှင့်ရှေ့တိုးသွားပြီး နှုတ်ဆက်လိုက်၏။

ချူဖုန်းကချင်လင်ကိုမြင်လျှင် သက်ပြင်းချလိုက်ပြီး_ ''ချင်လင်... မင်းဘွဲ့ရတာမှတစ်နှစ်ကျော်ရှိသေးတယ်... ဒီလောက်လုပ်ငန်းကြီးကိုဖန်တီးထားပြီ... မင်းက ငါတို့စီနီယာအစ်ကိုအစ်မတွေကို အရှက်ရအောင်လုပ်တော့မယ်ပေါ့''

ချင်လင်ကပြုံးပြီး_ ''မဖြစ်စလောက်လေးပါ... ဘယ်လိုစမိမှန်းတောင်မသိဘူး''

''မဖြစ်စလောက်? အဲဒါဗာဆိုင်းလို့ နားလည်ထားရမှာလား?'' ချူဖုန်းက စနောက်ပြီးမေးလိုက်သည်။ သူကချင်လင်၏တရားဝင်လုပ်ငန်းကိုလက်လွှဲယူချင်သောကြောင့် မလာခင် ချင်လင်၏လုပ်ငန်းအခြေအနေကိုစုံစမ်းထားရသည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက ငါးမြောက်ငါးခြောက်မဟုတ်။

အွန်လိုင်းစာရင်းအရ ချင်းလင်စံအိမ်၏နေ့စဉ်ဖောက်သည်အရေအတွက်မှာ ၃၀၀၀ မှန်မှန်ရှိနေသည်။ ဤသည်မှာ ထိပ်တန်းရှုမျှော်ခင်း 4A နေရာများထဲတွင်တစ်ခုအပါအဝင်ဖြစ်၏။

ချင်းလင်စံအိမ်မှာ အဆင့်သတ်မှတ်ချက်မရှိသေးသော်လည်း စံအိမ်ကရုံချန်းစီရင်စုအနီးအနားတွင်ရှိသည်။ တစ်နှစ်တစ်နှစ်သန်းချီသောခရီးသည်များက စီရင်စုမြို့တော်၏စီးပွားရေးကို သေချာပေါက်မြှင့်တင်ပေးမည်။

ရုံချန်းစီရင်စုက ရှုမျှော်ခင်း 4A နေရာလျှောက်ရန် လုံးဝတွန်းအားပေးလိမ့်မည်။ တစ်နည်းဆိုရသော် ရှုမျှော်ခင်း 4A နေရာမှာ ချင်းလင်စံအိမ်ဘုတ်တွင်သံမှိုရိုက်ထားပြီ။

ဘွဲ့ရပြီးတစ်နှစ်ကျော်သာရှိသေးသော တက္ကသိုလ်ကျောင်းသားတစ်ဦးက ရှုမျှော်ခင်း 4A နေရာကို သူ့လက်သူ့ခြေနှင့်ဖန်တီးနိုင်ခဲ့သည်တဲ့။ ဒါဘယ်လောက်ဒဏ္ဍာရီဆန်လဲ စိတ်ကူးနိုင်ပါ့မလား?

ရုပ်ရှင်ရိုက်ပြီး ဒီနေ့ခေတ်စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တွေအတွက် စံပြပုဂ္ဂိုလ်တောင်လုပ်လို့ရပြီ ဟုတ်လား?

နောက်ပြီး ချင်းလင်ဆော့လည်းရှိသေးသည်။ ဒီထုတ်ကုန်က အင်မတန်အလားအလာကောင်းပြီး စျေးကွက်ထဲတွင်ကျယ်ကျယ်ပြန့်ပြန့်နေရာယူထားပြီ။ ထိပ်တန်းဘရန်း ၁၀ ခုဝင်ထဲမှတစ်ခုဖြစ်လာနိုင်ချေရှိနေ၏။

ဒီအချက်နှင့်တင် ချင်လင်ဖန်တီးထားသောလုပ်ငန်းက လုံးဝသေးသေးနုတ်နုတ်မဟုတ်။ သူက သူတို့စွမ်းအားဥပဒေကုမ္ပဏီတွင် ထိပ်တန်းဖောက်သည်တစ်ဦးလည်းဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ရှေ့နေများထဲမှစီနီယာလုပ်ဖော်ကိုင်ဖက်များက ဒီလိုဖောက်သည်မျိုးကိုလုချင်လုလာနိုင်သည်။

ဝမ်လန်က စိတ်လှုပ်ရှားစွာသက်ပြင်းချရင်း_ ''ချင်လင်... ချူဖုန်းနဲ့ငါဘွဲ့ရပြီး စားကြသောက်ကြတော့ မင်းပြောတာမှတ်မိသေးတယ်... မင်းခရီးသွားစီမံရေးကိုလေ့လာတာ ရှုခင်းလှလှတွေကြိုက်လို့တဲ့... တစ်နေ့ကျရင် ကိုယ်ပိုင်ရှုခင်းဖန်တီးချင်တယ်တဲ့... အဲဒီတုန်းက မင်းရဲ့အိပ်မက်တွေကိုပန်းချီဆွဲနေတယ်ထင်ခဲ့တာပေါ့... ဒီလောက်မြန်မြန်ဖြစ်လာမယ်လို့မထင်မိဘူး''

''ဘယ်လို? အဲတုန်းက အဲလိုပြောခဲ့လား?'' ချင်လင်က ကျောက်မိုချင်းကိုအံ့ဩသံနှင့်မေးလိုက်သည်။

''မေ့သွားပြီ... ဟုတ်မှာပေါ့?'' ကျောက်မိုချင်းကစဉ်းစားကြည့်ပြီး သတိရသလိုလိုပြောလိုက်၏။

ထိုအချိန်က အဖွဲ့ထဲမှစီနီယာအစ်ကိုအစ်မများဘွဲ့ရပြီး အားလုံးဝိုင်သောက်ကြသည်။ တချို့ကိစ္စတွေသေသေချာချာမမှတ်မိတော့။

''အင်း'' သို့ရာတွင် ဝမ်လန်ကအခိုင်အမာပြောလိုက်သည်_ ''ငါကဓာတ်ပုံပညာလေ့လာတာမမေ့နဲ့လေ... အဲတုန်းက ကင်မရာယူလာပြီး အမှတ်တရအနေနဲ့ဗီဒီယိုရိုက်ခဲ့တယ်... အဲဒီဗီဒီယိုကို အင်တာနက်ပေါ်တောင်တင်ခဲ့သေးတယ်... နေဦး.. ဗီဒီယိုရှာပြမယ်''

ဝမ်လန်ကပြောရင်းဆိုရင်း အမှန်ပင်ဖုန်းထုတ်ပြီး စလုပ်ရှားနေသည်။ ခဏအကြာ ဗီဒီယိုတစ်ပုဒ်တွေ့သွား၏။

ဗီဒီယိုတွင် ချူဖုန်း၊ ဝမ်လန်နှင့် စီနီယာအစ်ကိုအစ်မတချို့ဘွဲ့ယူနေသည်။

ဝမ်လန်ကဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ရာ ချင်လင်ပေါ်လာ၏။

အဲတုန်းကပိုငယ်သည်။ သူအရမ်းသောက်ထားပုံရပြီး စကားအများကြီးပြောနေ၏။ ထိုထဲတွင် သူ့ကိုယ်ပိုင်ရှုခင်းဖန်တီးချင်သည့်အကြောင်း အမှန်ပင်ပါလေသည်။





All Chapters