← Chapters

ဒီရှဉ့်လေးကဉာဏ်ကောင်းလိုက်တာ! အရင်ကဒီလိုကြွားဖူးလား? ၂

Vol. 22 Ch. 318

ဒီရှဉ့်လေးကဉာဏ်ကောင်းလိုက်တာ! အရင်ကဒီလိုကြွားဖူးလား? ၂

Vol. 22 Ch. 318

ချင်လင်က ဒီအကြောင်းလုံးဝမသိတော့။ အဲဒီအချိန်တုန်းက အိမ်ရဲ့အခြေအနေကြောင့် စိတ်ခံစားချက်ကောင်းပုံမပေါ်။ သူ့စီနီယာအစ်ကိုအစ်မများဘွဲ့ယူသည့်အချက်နှင့်ပေါင်းလိုက်သောအခါ သူနှင့်ကျောက်မိုချင်းအတွက်စိုးရိမ်ပြီး စိတ်ပျက်နေခဲ့ပုံရသည်။ သူ့စိတ်သောကတွေပြေပျောက်ဖို့ အရက်မသောက်ဘဲနေချင်ခဲ့သည်။

ချုဖုန်းကပြုံးလိုက်ပြီး_ ''ငါ့ကောင်... အရင်ကကြွားဖူးတာကိုသိပြီလား... ငါ့အထင် ကျောင်းကမင်းကို ထူးချွန်ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ မိန့်ခွန်းပြောဖို့ဖိတ်သင့်တယ်ကွ... ဒီဗီဒီယိုကိုဖွင့်ပြလိုက်ရင် ဂန္တဝင်ကျောင်းသားဟောင်းဖြစ်လာလိမ့်မယ်''

ကျောင်းသားဟောင်းမိန့်ခွန်းပြောဖို့ ချင်လင်စိတ်မဝင်စားသော်လည်း ဒီဗီဒီယိုကို ၅ နှစ် ၁၀ နှစ်လောက်သိမ်းထားလိုက်ရင် စိတ်ဝင်စားစရာဖြစ်လာလိမ့်မည်။

ထို့နောက် ချူဖုန်းနှင့်ဝမ်လန်ကို သူ့ရုံးခန်းထဲဖိတ်ပြီး ကောင်းယောင်ယောင်ကိုသူတို့အတွက်သတို့သမီးခန်းတောင်စီစဉ်ခိုင်းလိုက်သည်။

ချူဖုန်းကထိုင်လိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ_ ''ချင်လင်... မင်းစံအိမ်ရဲ့ရှဉ့်လေးက ဉာဏ်ကောင်းလိုက်တာ... ငါ့ကို QR ကုတ်စကင်န်ဖတ်ခိုင်းလိုက်တယ်... အဲဒါလက်ဆောင်ပေးတာလား? ငါလက်ဆောင်ယူလို့ရလား?''

''မွေးနီက အစ်ကို့ကိုပေးလိုက်တယ်?'' ကျောက်မိုချင်းအံ့ဩသွားသည်။

မတိုက်ဆိုင်လွန်းဘူးလား?

ချင်လင်က အရည်အသွေး ၂ ရုံးပတီသီးတစ်ကတ်တီလောက်ကိုတွက်ကပ်မနေဘူးပေါ့။ ညပိုင်းတွင် ရုံးပတီသီးတင်မက၊ အရည်အသွေး ၂ ငါး၊ ငါးရှဉ့်နှင့် အရည်အသွေး ၁ ဥကိုလည်းပြင်ဆင်ထားသည်။ သူတို့ကိုဧည့်ခံရန် ဆရာလင်းကိုချက်ခိုင်းထား၏။

ဒီအစားအစာက ချူဖုန်းနှင့်သူ့ဇနီးကိုအံ့ဩစေပြန်သည်။

သူတို့စုံတွဲက မီချယ်လင်းစားသောက်ဆိုင်များ၊ မူလလက်ဟောင်းတရုတ်စားသောက်ဆိုင်များအပါအဝင် စားကောင်းသောက်ဖွယ်အများကြီးစားခဲ့ဖူးသော်လည်း အရည်အသွေး ၂ အရသာရှိအစားအစာများကိုအရသာခံဖူးတာ ဒါပထမဆုံးပင်။

ချူဖုန်းကိုဧည့်ခံပြီးနောက် နှစ်ဦးနှစ်ဖက်က တရားဝင်လုပ်ငန်းအကြောင်းစ​ပြောကြသည်။ မည်သို့ဆိုစေ ဒါကအရေးကြီးကိစ္စဖြစ်၏။

ကုမ္ပဏီတရားဝင်လုပ်ငန်းမှာ ကုမ္ပဏီအရွယ်အစား၊ ရှေ့နေအဆင့်အတန်းနှင့် ဥပဒေကုမ္ပဏီအရွယ်အစားပေါ်မူတည်ပြီး ကွာခြားလိမ့်မည်။ စျေးနှုန်းက တစ်နှစ်ကို ယွမ် ၃၀၀၀၀ မှ ယွမ်မီလီယံဆယ်ချီအထိ အစားစားရှိနိုင်သည်။

သူ့ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီအတိုင်းအတာအရ တရားဝင်လုပ်ငန်းကို စွမ်းအားဥပဒေကုမ္ပဏီနှင့်စာချုပ်ချုပ်သည်။ နောက်ပြီး စီနီယာအစ်ကိုချူလို စီနီယာရှေ့နေတစ်ဦးအတွက် တစ်နှစ်ဥပဒေအကြံပေးခမှာ ယွမ် ၅၀၀၀၀၀ ဖြစ်သည်။

စွမ်းအားဥပဒေကုမ္ပဏီ၏စီနီယာလုပ်ဖော်ကိုင်ဖက်သာဆိုလျှင် တစ်နှစ်ပတ်လုံးဥပဒေအကြံပေးခတန်ဖိုးမှာ ၄ ဆလောက်တက်သွားလိမ့်မည်။

ဒီတန်ဖိုးကိုလည်း တွက်ထားပြီးသား။

ကော်မရှင်စာချုပ်လက်မှတ်ထိုးပြီးနောက် ချင်လင်လည်း စီရင်စုစိုက်ပျိုးရေးပူးပေါင်းမှုအကြောင်း ချူဖုန်းကိုပြောပြလိုက်သည်။ ဒါကလည်း သူကူညီဖြေရှင်းပေးဖို့ အရေးတကြီးလိုအပ်နေသည့်ကိစ္စပင်။





အချိန်ကျရင် စီရင်စုကရွေးချယ်ထားသောစိုက်ပျိုးရေးပိုင်ရှင်နှင့်စာချုပ်ချုပ်ဖို့ သူဆွဲပေးရမည်။ ချူဖုန်းမှာ ကန့်သတ်ချက်များ၊ လုပ်ပိုင်ခွင့်များနှင့် ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများအတွက် သေချာပေါက်စိတ်ထဲထည့်ထားရမည်။

ဘာပဲဖြစ်ဖြစ် ဒီလိုပူပေါင်းမှုမျိုးတွင်လွှမ်းမိုးမှုရှိရမည်။

ညပိုင်း_

ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး သူ့စိတ်ထဲကဖန်သားပြင်ကိုထပ်ကြည့်လိုက်သည်။ သူကသူ့ဂိမ်းဇာတ်ကောင်ကို သတ္တုတွင်းဆက်တူးစေပြီး ဂန္တဝင်ဝိုင်ပုလင်းနှစ်လုံးထပ်လုပ်လိုက်၏။ ထို့နောက် ပုလင်း ၁၀ လုံးကို ပထမအသုတ်ချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြည့်လိုက်သည်။

ဒီဝိုင်ပုလင်း ၁၀ လုံးက နှစ် ၄၀ သက်တမ်းရှိသည်။

​ဒါပြီးရင် နှစ် ၅၀၊ နှစ် ၆၀ သက်တမ်းရှိဝိုင်များကိုလည်း ထုတ်မည်။

ဝိုင်ပုလင်း ၁၀ လုံးကို ဂိမ်းထဲမှထုတ်ပြီး သူ့စားပွဲဘယ်ဘက်ဘေး ဗီရိုလေးထဲထည့်ထားလိုက်သည်။ လောလောဆယ် ဝိုင်ထားစရာနေရာမရှိသေး၍ ဒီလိုသာလုပ်ထားရမည်။

ဒီဝိုင်တွေက လုံးဝတန်ဖိုးရှိသည်။ ဘယ်လောက်ပဲချမ်းသာချမ်းသာ ကိစ္စမရှိ၊ အသုံးမဝင်။ သူ့စိတ်ခံစားချက်အပေါ်သာမူတည်သည်။

…

နောက်တစ်နေ့_

သတို့သမီးခန်း၌_

ချူဖုန်းမှာ မနက်အစော လန်းလန်းဆန်းဆန်းနိုးထလာသည်_ ''အင်တာနက်ပေါ်မှာ ဒီနံ့သာဖြူနံ့သာမှုန့်က ဘယ်လောက်အိပ်ကောင်းစေတဲ့အကြောင်းပြောထားကြတာ... ကိုယ်တိုင်ကြုံဖူးမှသိတော့တယ်... နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာ''

''အင်း... အလှအပဥရဲ့အာနိသင်ကလည်း အရမ်းကောင်းတယ်'' ဝမ်လန်လည်း သူမဘေးမှမှန်ထဲ မျက်နှာကိုကြည့်လိုက်သည်။

မနေ့ညက ချင်လင် သူမအတွက်အလှအပဥအသေးပြင်ဆင်ပေးသည်။ ဒီနေ့အိပ်ရာနိုးလာသောအခါ သူမမျက်နှာမှာ အလှအပဆေးခန်းသွားတာထက်တောင် ပိုပြီးစိုပြေနေကြောင်း သတိထားမိသည်။

ချူဖုန်းက သူ့အလုပ်ကိုမမေ့။ အိပ်ရာထပြီး အချက်အလက်များစတင်စုစည်းလိုက်သည်။

နေ့လယ်ပိုင်းတွင် ချင်လင်က အစားအသောက်ကုမ္ပဏီမှတန့်ကွမ်းကိုခေါ်ပြီး ချူဖုန်းနှင့်မိတ်ဆက်ပေးလိုက်၏_ ''လောင်တန့်... ဒါကျွန်တော်တက္ကသိုလ်တုန်းကစီနီယာ... စွမ်းအားဥပဒေကုမ္ပဏီရဲ့စီနီယာရှေ့နေ... အခုကစပြီး ကျွန်တော်တို့ချင်းလင်စံအိမ်နဲ့ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့ဥပဒေလုပ်ငန်းတာဝန်ခံဖြစ်လာလိမ့်မယ်... အစားအသောက်ကုမ္ပဏီမှာ ဥပဒေရေးရာပြဿနာတွေရှိလာရင် အရင်ဆုံးစီနီယာအစ်ကိုချူနဲ့ဆက်သွယ်လို့ရတယ်''

သည်လိုနှင့် ချူဖုန်းကိုမိတ်ဆက်ပေးလိုက်သည်_ ''စီနီယာအစ်ကိုချူ... ဒါကျွန်တော့်အစားအသောက်ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာတန့်ကွမ်းပါ... ချင်းလင်ဆော့ရဲ့တာဝန်ခံလည်းဟုတ်တယ်... ဒီတစ်ကြိမ်လာဖို့ခေါ်လိုက်ရတာက စိုက်ပျိုးရေးပူးပေါင်းဖို့အပြင် အစားအသောက်ကုမ္ပဏီမှာ ဥပဒေအကာအကွယ်ရှိတဲ့ဆုရွေးချယ်မှုစာရွက်စာတမ်းဆွဲခိုင်းချင်တာလည်းပါတယ်''

ထိုစကားကြားလျှင် တန့်ကွမ်းမျက်လုံးများဝင်းလက်သွားသည်။

ဆုရွေးချယ်မှုဆိုတာဘာလဲ သူသိတာပေါ့။ ရုံချန်းစီရင်စုလိုနေရာငယ်လေးမှာ ဒီအကြောင်းလုံးဝမစဉ်းစားခဲ့။ သူ့စိတ်ထဲမှာ ဒီလိုကိစ္စမျိုးက အလှမ်းဝေးလွန်းသည်။

ဥက္ကဌချင်က အစားအသောက်ကုမ္ပဏီမှာ ဆုရွေးချယ်မှုကိုစီစဉ်ပေးမည်ဟု သူမထင်မိပေ။ အထွေထွေမန်နေဂျာတစ်ဦးတစ်နေနှင့် ဆုချီးမြှင့်ရေးအဖွဲ့ဝင်တစ်ဦးသေချာပေါက်ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ရုတ်တရက် သူစိတ်တက်ကြွသွား၏။

ဆုရွေးချယ်ခွင့်ကိုချက်ချင်းရဦးမည်မဟုတ်သော်လည်း ချင်းလင်ဆော့ကဘယ်လောက်အလားအလာရှိကြောင်းသူသိသည်။ ဒီဆုရွေးချယ်ခွင့်တန်ဖိုးက အလွန်မြင့်လိမ့်မည်။

ချင်လင်က တန့်ကွမ်းကြားအောင် တမင်ပြောခြင်းဖြစ်၏။

ပထမဆုံးအနေနှင့် တန့်ကွမ်းက အမှန်ပင်အလုပ်ကောင်းကောင်းလုပ်ခဲ့သည်။

ဒုတိယအချက်အနေနှင့် ကုမ္ပဏီတစ်ခုဖွံ့ဖြိုးလာလျှင် သာသာယာယာလည်ပတ်ပြီး ရာထူးကြီးသူများကိုစိတ်ရောကိုယ်ပါမြှုပ်နှံ၍လုပ်စေလိုပါက ဆုချီးမြှင့်ခြင်းမှာ မလွဲမသွေပါရမည်။





''ဥက္ကဌတန့်... ပြီးရင် အသေးစိတ်ဆက်သွယ်ကြတာပေါ့... ရှေ့လျှောက်ထပ်ဆုံကြမယ်'' ချူဖုန်းကပြုံးပြီး တန့်ကွမ်းနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

တန့်ကွမ်းကလည်း ပြန်ပြောလိုက်၏_ ''ရှေ့နေချူ... နောက်ကျအပင်ပန်းခံခိုင်းရတော့မယ်''

ချူဖုန်းက အလွန်ကျင်လည်သည်။ တစ်ရက်တည်းနှင့် စိုက်ပျိုးရေးစာချုပ်ဆွဲပြီးသွား၏။ ဆုရွေးချယ်ရေးစာချုပ်မှာမူ အချိန်တိုအတွင်းပြီးစီးနိုင်သောအရာမဟုတ်။ အစားအသောက်ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်၊ အနာဂတ်အလားအလာစသော အချက်များစွာကိုထည့်သွင်းစဉ်းစားရသေး၏။

စိုက်ပျိုးရေးစာချုပ်ပြီးလျှင် ချင်လင်ကချန်လီကိုအသိပေးလိုက်သည်။

နောက်တစ်နေ့_

ချင်လင်က ချူဖုန်းနှင့်တန့်ကွမ်းကို စီရင်စုဆီခေါ်သွားသည်။

တန့်ကွမ်းက မာစီဒီးဘန့်ဇ်လုပ်ငန်းသုံးကားကိုမောင်းလာသည်။ မနှစ်က ဒီအတွက်ငွေပေးချေရန် ကျောက်မိုချင်းဆီမှထောက်ခံချက်ရခဲ့၏။ မည်သို့ဆိုစေ သူကအစားအသောက်ကုမ္ပဏီ၏အထွေထွေမန်နေဂျာတစ်ဦးပင်။ လက်ရှိအစားအသောက်ကုမ္ပဏီက ရုံချန်းစီရင်စုတွင်သေးသေးမဟုတ်တော့။ တန့်ကွမ်းအပြင်သွားလျှင် အသင့်အတင့်ကားတစ်စီးလိုလာသည်။

''သူဌေးချင် ဥက္ကဌတန့်... မင်းတို့ကိုစောင့်နေတာ'' ချန်လီက သက်ဆိုင်ရာဌာနများ၏တာဝန်ခံပုဂ္ဂိုလ်နှင့်အတူစောင့်နေသည်။ ဒီကိစ္စက စီရင်စုအတွက်ဘယ်လောက်အရေးကြီးကြောင်းသိသာ၏။

ချင်လင်တို့သုံးယောက်ကို ဧည့်ခန်းတစ်ခုတွင်ကြိုဆိုကြသည်။ အထဲတွင် စောင့်နေသောလူများစွာရှိနေပြီး ချင်လုံလည်းအပါအဝင်။ သူက စီရင်စုမှရွေးထားသော စိုက်ပျိုးရေးပိုင်ရှင်ဖြစ်သည်ပေါ့။

ထိုလူများကလည်း ချန်လီ၊ ချင်လင်တို့ကို ချက်ချင်းကြည့်လိုက်ကြသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီမှလူတွေရောက်လာပြီဟုသိသောအခါ သူတို့မျက်နှာတွင် မျှော်လင့်ချက်များပြည့်နှက်သွားကြသည်။

စိုက်ပျိုးသူတွေအနေနှင့်အစိုးရိမ်ဆုံးအရာမှာ စိုက်ပျိုးရေးထွက်ကုန်များ၏ရောင်းအားပင်။ ချင်းလင်ဆော့နာမည်ကျော်လာပြီးနောက် ခရမ်းချဉ်သီးစိုက်ပြီး ချင်းလင်အစားအသောက်ကုမ္ပဏီကိုရောင်းချရန်တွေးမိကြသည်။

သို့သော် သူတို့မှာအဆက်အသွယ်လုံးဝမရှိ။ အခုတော့ စီရင်စုကဦးဆောင်ပြီး ထောက်ပံ့ငွေချပေးလာပြီ။ ဒါသူတို့အတွက် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်လေသည်။

ဒီနေ့လာရသောအဓိကရည်ရွယ်ချက်မှာ ချင်းလင်အစားအသောက်ကုမ္ပဏီ၏သက်ဆိုင်ရာဝေါဟာရများနှင့်စာချုပ်လိုအပ်ချက်များကို သိနားလည်ရန်ဖြစ်၏။

ချင်းလင်အစားအသောက်ကုမ္ပဏီ၏ လိုအပ်ချက်များသာ သိပ်မပြင်းထန်လျှင် သူတို့ကတုံ့ဆိုင်းနေမည်မဟုတ်ချေ။

ဒီအသေးစိတ်ကိစ္စအတွက် ချင်လင်လူလုံးမပြ။ သူက တန့်ကွမ်းနှင့်ချူဖုန်းကိုသာ ပွဲထုတ်လိုက်သည်။

စီရင်စုက ဌာနဆိုင်ရာညွှန်မှူးနှင့်ဆက်သွယ်ရန် ကျုံးလဲ့ကိုသာလွှတ်လိုက်၏။

ချန်လီက ချင်လင်ကိုသူ့ရုံးခန်းထဲဖိတ်လိုက်သည်။

ထိုမြင်ကွင်းကို စိုက်ပျိုးရေးပိုင်ရှင်များမြင်သွားကြ၏။ ချန်လီမှာ စီရင်စုလက်ထောက်တာဝန်ခံဖြစ်သောကြောင့် ချင်လင်၏အဆင့်အတန်းကိုခန့်မှန်းမိကြသည်။

ချင်းလင်စံအိမ်သူဌေးသာ သူကိုယ်တိုင်လက်ခံတွေ့ဆုံရနိုင်သည်။ ချင်းလင်စံအိမ်သူဌေးကို ဒီလောက်ငယ်မည်ဟုမထင်ထားပေ။

အားလုံးဖြေရှင်းပြီးနောက် နေ့လယ်ရောက်သွားသည်။ စိုက်ပျိူးရေးလုပ်ငန်းရှင်အားလုံးက ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်လက်မှတ်ထိုးကြ၏။ ချင်းလင်အစားအသောက်ကုမ္ပဏီတွင်စာချုပ်သတ်မှတ်ချက်များစွာရှိသော်လည်း စျေးနှိမ်မထားချေ။ စီရင်စုပြောသလို သာမန်စျေးကွက်တန်ဖိုးအတိုင်းသွားမည်။

လက်ရှိတွင် စိုက်ပျိုးရေးထွက်ကုန်များမှာ ထုတ်လုပ်ရခက်သည်။ သူတို့အတွက် ဒီစျေးကွက်တန်ဖိုးထောက်ခံချက်ကလုံလောက်၏။

ဒါကလည်း ချင်းလင်အစားအသောက်ကုမ္ပဏီက မကြာမီ ရုံချန်းစီရင်စုအတွင်းရှိမြို့အားလုံးတွင် ခရမ်းချဉ်သီးစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မည်ဟုပြောလိုက်သည်နှင့်အတူတူပင်။

တောင်သူအတော်များများက ဒီခရမ်းချဉ်သီးကုန်ကြမ်းလည်ပတ်မှုအတွက် အလုပ်ရှာလာကြမည်။ စီရင်စုကလည်း တချို့အလုပ်သမားငှားရမ်းသည့်ပြဿနာများဖြေရှင်းပေးသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီက ကုန်ကြမ်းပြဿနာပြေလည်သွားပြီး စိုက်ပျိုးရေးပိုင်ရှင်များက ရောင်းအားကိုပူစရာမလိုဘဲချဲ့ထွင်နိုင်သည်။

ဒါကရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ။

နေ့လယ်တွင် ချန်လီလည်း ချင်လင်ကိုထမင်းစားဖိတ်သည်။ သူကစီရင်စုအစိုးရစားသောက်ဆိုင်ထဲတွင် စိုက်ပျိုးရေးပိုင်ရှင်များနှင့်နေ့လယ်စာစားပြီး ချူဖုန်းကိုစံအိမ်ပြန်ခေါ်သွားလိုက်သည်။

ကားထဲတွင် ချူဖုန်းကစိတ်လှုပ်ရှားပုံနှင့်သက်ပြင်းချရင်း_ ''ချင်လင်... ကြည့်ရတာ ရုံချန်းစီရင်စုအရာရှိတွေက ငါထင်တာထက်ပိုပြီး မင်းကိုတန်ဖိုးထားပုံပဲ... ငါမင်းအတွက်ရေးပေးတဲ့စာချုပ်သတ်မှတ်ချက်တွေက နည်းနည်းသမားရိုးကျဖြစ်သွားတယ်... အထူးသဖြင့် ဒီစိုက်ပျိုးရေးပိုင်ရှင်တွေရဲ့သဘောထားပေါ့... ငါ့အထင် ဒီထက်ပိုတင်းကြပ်ရင်တောင် သူတို့စာချုပ်ချုပ်ကြလိမ့်မယ်''

ချင်လင်ကပြုံးလိုက်ပြီး_ ''ဒီလိုမျိုးပိုအောင်မြင်လာရင်ပဲ အကောင်းဆုံးရလဒ်ဖြစ်နေပါပြီ... ဘာပဲဖြစ်ဖြစ် ကိုယ့်အိတ်ထဲချည်းထည့်လို့မှမရတာ''

ချူဖုန်းက သက်ပြင်းချလိုက်ပြန်သည်_ ''ချင်လင်... မင်းရဲ့စကားတွေက အရမ်းမြင့်တယ်... ဒါကြောင့်လည်း ရုံချန်းစီရင်စုအရာရှိတွေက မင်းကိုဒီလောက်တန်ဖိုးထားတာဖြစ်မယ်''





All Chapters