ထောင်ချောက်ထဲတိုးဝင်ခြင်း? နှစ် ၁၀၀ ဂျင်ဆင်းလိုလား?
Vol. 22 Ch. 319
ချင်လင်စံအိမ်ပြန်ရောက်သောအခါ ချူဖုန်းနှင့်ခန်းမထဲဖြတ်အသွား မိန်းကလေးနှစ်ယောက်အံ့ဩပြီးအော်သံကိုကြားရသည်။
“ချစ်စရာကောင်းလိုက်တာ''
''ဟုတ်ပါ့... ဒီရှဉ့်လေးက အမြီးအကြီးကြီးပဲ''
ချင်လင်ကလှမ်းကြည့်လိုက်ရာ မွေးနီကမိန်းကလေးနှစ်ဦးကိုတကျွိကျွိအော်ရင်း သူ့လည်ပင်းမှ QR ကုတ်ကို သူ့လက်သည်းများနှင့်ကိုင်ပြထားဆဲပင်။
ချူဖုန်းကထိုမြင်ကွင်းကိုမြင်လျှင် ဘာဖြစ်နေလဲသူသိသည်။
ချင်လင်ရဲ့ရှဉ့်လေးက လက်ဆောင်ပေးနေပြန်ပြီပေါ့။
သို့သော် မိန်းကလေးနှစ်ဦးက မွေးနီကိုင်ထားသော QR ကုတ်ကို သတိထားမိပုံမပေါ်။ သူတို့ဖုန်းများနှင့် မွေးနီကိုဓာတ်ပုံရိုက်ဆက်ရိုက်နေကြသည်။
“ကျွိ!''
မွေးနီက မိန်းကလေးများ၏ဖုန်းဆီ စိတ်မရှည်ပုံနှင့်အော်လိုက်ပြီး သူ့လက်သည်းများနှင့် QR ကုတ်ကို စိုးရိမ်တကြီးဝှေ့ယမ်းပြနေ၏။
မိန်းကလေးနှစ်ဦးက မွေးနီစိုးရိမ်နေပုံကိုမြင်လျှင် ပိုတောင်အံ့ဩသွားကြသည်။
''တို့ကိုသဘောကျလို့ဖြစ်မယ်... တို့ကိုကြည့်ပြီးအော်နေတာ''
''ပြီးရင်ဗီဒီယိုတင်လိုက်... ဒီနေ့ကရှဉ့်လေးသဘောကျတာခံရတဲ့နေ့ပဲ''
မိန်းကလေးနှစ်ဦးက သူတို့ဖုန်းနှင့်စကင်န်မဖတ်သေးသောကြောင့် မွေးနီကစိတ်ရှုပ်သွားပြီး ဆက်မအော်တော့ချေ။

သူ့မျက်စိထဲမှာ ဒီအမျိုးသမီးနှစ်ဦးက ကန်းနေတာလားပေါ့။
ထိုအချိန်တွင် ဖြတ်သွားသောလူငယ်တစ်ဦးကလည်း သူ့ဖုန်းနှင့်ဗီဒီယိုရိုက်ပြီး အံ့ဩသံနှင့်ပြောလိုက်သည်_ ''ဒီရှဉ့်လေးက QR ကုတ်ကိုင်ထားတာထင်တယ်''
မွေးနီချည်းကပ်နေသောမိန်းကလေးနှစ်ယောက်လည်း QR ကုတ်ကိုသတိထားမိသွား၏။
''ဟုတ်တာပဲ! QR ကုတ်ကိုကိုင်ထားတာ''
''ရှဉ့်လေး ဆက်အော်နေပြီ... သူက QR ကုတ်ကိုဖတ်စေချင်တာတော့ မဟုတ်ပါဘူးနော်?''
ဒါမယုံနိုင်စရာ။
သို့ရာတွင် မိန်းကလေးတစ်ဦးက သူမဖုန်းနှင့်ဆောင့်ကြောင့်ထိုင်ပြီး မွေးနီကိုင်ထားသော QR ကုတ်ကိုစကင်န်ဖတ်ဖို့ကြိုးစားလိုက်သည်။
''ကျွိ!'' သည်တစ်ကြိမ်တွင် မွေးနီကသူမကိုအော်လိုက်ပြီး နောက်ပြန်လှည့်ပြေး၏။ သူမကို QR ကုတ်ဖတ်ခွင့်မပေးဘဲ တိုးလိုးတန်းလန်းချန်ထားခဲ့လေသည်။
သူဘာလို့ရုတ်တရက်မထီမဲ့မြင်လုပ်တာလဲ?
ဒီရှဉ့်လေးက အခုလေးတင်ပဲတကျွိကျွိအော်ပြီး သူမကိုတောင်အရမ်းသဘောကျနေခဲ့တာ မဟုတ်လား?
မွေးနီက ဖြတ်သွားသောလူငယ်ဆီပြေးသွားလေပြီ။ သူကဖြတ်သွားဖြတ်လာလူငယ်ကို QR ကုတ်ဖတ်ဖို့စခေါ်သည်။
လူငယ်ကကြည့်ရင်း အံ့ဩသွား၏။
သူ့ကို ဒီရှဉ့်လေးကတွေ့သွားမည်မထင်ခဲ့။
သူ QR ကုတ်ကိုတွေ့လိုက်တော့ လှမ်းပြောလိုက်တာကြောင့်လား?
ရှဉ့်လေး QR ကုတ်ကိုင်ထားသည်ကိုကြည့်ရင်း လူငယ်ကဘာရယ်မဟုတ် စမ်းသပ်ကြည့်ဖို့စိတ်အားထက်သန်သွားသည်။
ဒီရှဉ့်လေးက ဟုန်ပေါင်းပေးဖို့ရှာနေတာများလား?
ဘယ်လောက်အံ့ဩစရာကောင်းလဲ။
သူကဖုန်းထုတ်ပြီး Wechat နှင့် QR ကုတ်စကင်န်ဖတ်လိုက်သည်။ သူ့ဖုန်းမျက်နှာပြင်တွင် အစီအစဉ်ငယ်တစ်ခုပေါ်လာ၏: အလှအပဥသေးနှစ်လုံးရသည့်အတွက် ဂုဏ်ယူပါတယ်! ခန်းမကောင်တာသွားပြီး ရယူပေးပါ။
အသိပေးစာကိုရလျှင် လူငယ်ကအံ့အားသင့်သွားသည်_ ''အာ.. အလှအပဥအသေးနှစ်လုံး... ငါယူလို့ရတာလား?''
ချင်းလင်စံအိမ်အလှအပဥက အလွန်နာမည်ကြီးသည်။ သူ့ကောင်မလေးက ဒီဥတွေအတွက်ရောက်လာခြင်းဖြစ်၏။ ဖြစ်ချင်တော့ ချင်းလင်စံအိမ်က အလှအပဥအသေးတချို့သာရောင်းနိုင်သည်။ ဆိုင်ပေါ်တင်တင်ချင်း အားလုံးဝယ်သွားကြ၏။ သူအိပ်ရာထနောက်ကျပြီး သူ့ကောင်မလေးအတွက်မဝယ်နိုင်ခဲ့၍ သူ့ကိုဒေါသထွက်နေဆဲပင်။ ဒီအချိန်မှာ သူတို့ဘယ်ရောက်ကုန်လဲသူမသိ။
သို့သော် ရှဉ့်လေးကိုင်ထားသော QR ကုတ်ကိုစကင်န်ဖတ်လိုက်သောအခါ ဒီလိုအသိပေးစာရမည်ဟု မျှော်လင့်မထားပေ။


''ကျွိ! ကျွိ!'' မွေးနီက ဒီနေ့နောက်ထပ်ကံကောင်းသူတစ်ယောက်ကိုအောင်အောင်မြင်မြင်ရှာဖွေနိုင်ခဲ့ခြင်းကြောင့် ဝမ်းသာပုံနှင့်အော်လိုက်သည်။
သူ့ဘေးမှမိန်းကလေးနှစ်ဦးမှာ လုံးဝကြောင်သွားသည်။ ရှဉ့်လေးရဲ့ QR ကုတ်ကိုစကင်န်ဖတ်ပြီး အလှအပဥနှစ်လုံးရနိုင်တာလား?
ဘာတွေလွတ်ကုန်ပါလိမ့်?
မိန်းကလေးနှစ်ဦးကချက်ချင်း QR ကုတ်ကိုစကင်န်ဖတ်ချင်သော်လည်း မွေးနီကပြေးပြီးပျောက်သွားလေပြီ။
ဖြတ်သွားဖြတ်လာလူငယ်က ဘေးနားမှခန်းမကောင်တာဆီ ချက်ချင်းလျှောက်သွားလိုက်သည်။ သူက ဝန်ထမ်းဆီဖုန်းထိုးပြလိုက်ကာ_ ''ဒီဟာ တကယ်ယူလို့ရလား?''
ဝန်ထမ်းကို ကျောက်မိုချင်းကညွှန်ကြားပြီးသားဖြစ်သည်။ သူကထိုစာကိုမြင်လျှင် ချက်ချင်းအပြုံးနှင့်_ ''လူကြီးမင်း... ရှဉ့်လေးမွေးနီက နေ့တိုင်းခရီးသည်တွေကို လက်ဆောင်တစ်ခုပေးနေပါတယ်... ဒီနေ့ကံကောင်းတဲ့သူဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်... ရှဉ့်လေးမွေးနီပေးတဲ့လက်ဆောင်ကို ဒီမှာယူလို့ရပါတယ်''
သည်လိုနှင့် ဝန်ထမ်းက စားပွဲအောက်မှလက်ဆောင်ဘူးအကြည်ကိုထုတ်လိုက်သည်။ ထိုဘူးပေါ်တွင် ရှဉ့်လေးများပုံပါသည်။ လက်ဆောင်ဘူးထဲတွင်တော့ အလှအပဥနှစ်လုံး။
ဒါကကျောက်မိုချင်းစီစဉ်ထားခြင်းပင်။
''တကယ်ယူလို့ရတယ်ပေါ့'' လူငယ်ကအံ့ဩသွားသည်။
ချင်းလင်စံအိမ်မှာ ဒီလိုအံ့ဩစရာမျိုးရှိတာလား?
ထို့နောက် သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြစ်သွား၏။ ဒီအလှအပဥနှစ်လုံးနဲ့ဆို သူ့ကောင်မလေးစိတ်မဆိုးလောက်တော့ဘူးမလား? ညကျရင် နှစ်ကြိမ်တောင်လှုပ်ရှားလို့ရပြီမဟုတ်လား?
အစပိုင်းမွေးနီရှာခဲ့သောမိန်းကလေးနှစ်ဦးမှာ မကျေမနပ်ဖြစ်သွားကြသည်။
အဲဒီအလှအပဥနှစ်လုံးက သူတို့ဟာဖြစ်သင့်တာလေ။
…
ချင်လင်က ချူဖုန်းကိုမူလခန်းမဆီခေါ်လာသောအခါ အထဲတွင်ကျောက်မိုချင်းနှင့်ဝမ်လန်လည်းရှိနေမှန်းသိလိုက်ရသည်။
ဝမ်လန်က ချူဖုန်းပြန်လာသည်ကိုမြင်လျှင် မတ်တပ်ရပ်လိုက်ပြီး_ ''ယောက်ျား... မနက်ဖြန်ရွက်လွင့်ကြမလား? အရင်ကတစ်ခါမှမဆော့ဖူးဘူး''
ချူဖုန်းကခေါင်းညိမ့်ကာ_ ''အင်း... ကိုယ်လည်း မဆော့တာကြာပြီ''
ချင်လင်ကလျှောက်လာပြီး ကျောက်မိုချင်းဘေးနားထိုင်လိုက်သည်။ ထိုစဉ် စားပွဲထိုးတစ်ယောက်က မျက်မှန်နှင့်လူတစ်ယောက်ကိုခေါ်လာပြီး_ ''သူဌေး... ဒီလူကြီးမင်းက ရှိုးပွဲတချို့ရဲ့ထုတ်လုပ်သူပါ... သူဌေးနဲ့တွေ့ချင်လို့တဲ့''
ရှိုးပွဲရဲ့ထုတ်လုပ်သူ? ဒါကဘာလဲ?
ချင်လင်က မျက်မှန်နှင့်လူကို ဇဝေဇဝါကြည့်လိုက်သည်။
မျက်မှန်နှင့်လူကလည်း ချင်လင်ဆီလုပ်ငန်းကတ်လှမ်းပေးရင်း အပြုံးနှင့်_ ''ကျွန်တော်က ကျန်းထောင်ပါ... ဟိုင်ရှင်းဖျော်ဖြေရေးရဲ့ထုတ်လုပ်သူပါ''
ဟိုင်ရှင်းဖျော်ဖြေရေး?
ချင်လင်က ဖျော်ဖြေရေးလုပ်ငန်းကိုအာရုံမရှိသော်လည်း ဒီဖျော်ဖြေရေးကုမ္ပဏီကိုသူသိသည်။ သူတို့ဂုဏ်သတင်းက ဆိုးလွန်းသောကြောင့်ပင်။ အဆိုးဆုံးမျိုးစုံရှိုးပွဲ ၁၀ ခုတွင် ၄ ခုမှာ ဒီကုမ္ပဏီကဖန်တီးထားခြင်းဖြစ်ပြီး တီဗွီရုပ်သံဌာနအသေးလေးတစ်ခုဖြစ်သည်။
အဆိုးဆုံး၊ အကျင့်အပျက်ဆုံးအစီအစဉ်မှာ ဆယ်လီများက သတ်သက်လွတ်စားသူတစ်ဦး၏အိမ်ကိုသွားစားကြသောရှိုးပွဲပင်။ အားလုံးက သူတို့ကိုယ်ကိုဆယ်လီဟုသဘောထားပြီး ကြီးမြတ်သူတွေကဲ့သို့ဟန်ထုတ်နေသောကြောင့်ဖြစ်လေသည်။