← Chapters

ထောင်ချောက်ထဲတိုးဝင်ခြင်း? နှစ် ၁၀၀ ဂျင်ဆင်းလိုလား? ၂

Vol. 22 Ch. 320

ထောင်ချောက်ထဲတိုးဝင်ခြင်း? နှစ် ၁၀၀ ဂျင်ဆင်းလိုလား? ၂

Vol. 22 Ch. 320

ရှိုးပွဲဆယ်လီတွေက သူတို့ကိုယ်သူတို့ သူများထက်သာသည်ဟု အဟုတ်ထင်နေကြသည်။ သာမန်လူတွေအချင်းချင်းမသိသော်လည်း သူတို့ကိုမသိမဖြစ်လိုလို စိတ်ကြီးဝင်ကာ တစ်ဦးကိုတစ်ဦးမေးခွန်းထုတ်နေကြ၏။ မဟုတ်ရင် ကမ္ဘာကြီးနှင့်အဆက်ပြတ်သွားလိမ့်မည်ပေါ့။

အထူးသဖြင့် ဆယ်လီနှစ်ယောက်က သာမန်လူတစ်ယောက်အိမ်ကိုသွားပြီး တံခါးဘဲလ်တီးကြသည်။ ထိုလူကငြင်းလွှတ်သောအခါ သူတို့နှစ်ဦးက ထမင်းလာစားသောဆယ်လီများကို သာမန်လူကငြင်းရလောက်အောင်မတုံးသင့်သလိုသရုပ်ဆောင်ကြ၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုရှိုးပွဲကအင်မတန်မှစက်ဆုပ်စရာပင်။ ချင်လင်က ထိုရသစုံရှိုးပွဲရေပန်းစားလာတော့မှသိခဲ့ခြင်းဖြစ်သည်။

ဒီလိုကျီးအာသီးရသစုံရှိုးပွဲမျိုးဖန်တီးသောကုမ္ပဏီမှာ နာမည်ဆိုးနှင့်ကျော်ကြားခြင်းဖြစ်ကြောင်းသိသာ၏။

ဒီလိုရသစုံရှိုးပွဲတွင်ပါသောဆယ်လီအများစုမှာ နာမည်ကြီးမဟုတ်။ တမင်သက်သက်နာမည်ကြီးအောင်လုပ်ဖို့လိုသည်။

''လူကြီးမင်းကျန်း... ဘာများလုပ်ပေးရမလဲ?'' ချင်လင်က ဒီနယ်ပယ်ကလူတွေကိုသဘောမကျသော်လည်း ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။



ကျန်းထောင်ကပြုံးပြီး_ ''မကြာသေးခင်ကပဲ ကျွန်တော်တို့ကုမ္ပဏီက တိရစ္ဆာန်ကမ္ဘာအကြောင်း ရသစုံရှိုးပွဲတစ်ခုဖန်တီးဖို့ အွန်လိုင်းရုပ်သံဌာနတစ်ခုနဲ့ပူးပေါင်းထားပါတယ်... ကျွန်တော်တို့က ချင်းလင်စံအိမ်ရဲ့လောင်ပိုင်ကိုငှားချင်လို့ပါ... ဒီအတောအတွင်း နာမည်ကြီးဆယ်လီအတော်များများက စံအိမ်ရဲ့လောင်ပိုင်နဲ့အဆက်အစပ်ရှိပါမယ်... အပြန်အလှန်အနေနဲ့ ကျွန်တော်တို့ကလည်း ရှိုးပွဲထဲမှာချင်းလင်စံအိမ်ရဲ့နာမည်ကိုထည့်ပြောပေးမှာပါ''

ကျန်းထောင်ကပြောနေစဉ် ပြုံးရွှင်ပြီး အလွန်ယုံကြည်မှုရှိသည့်ပုံပေါက်နေသည်။

သာမန်လူတွေအတွက် ဆယ်လီဆိုတဲ့ဆွဲဆောင်ချက်ကိုခံနိုင်ရည်ရှိဖို့ခက်ခဲမည်ဟု သူသိထားသည်။ ဆယ်လီနောက်လိုက်နေသူမဟုတ်ရင်တောင် ဆယ်လီတွေသူတို့ရှေ့မှာအမှန်တကယ်ပေါ်လာခဲ့ရင် စိတ်လှုပ်ရှားကြလိမ့်မည်။

ဆယ်လီတွေရဲ့ဆွဲဆောင်အားကြောင့် ဘဲတစ်ကောင်ငှားဖို့ခက်မည်မဟုတ်။

''အာ!'' ချင်လင်ကမျက်မှောင်ကြုတ်ပြီး ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်_ ''အမ်.. လူကြီးမင်းကျန်း... တကယ်အားနာပါတယ်... ကျွန်တော်တို့စံအိမ်က လောင်ပိုင်ကိုအပြင်မငှားပါဘူး''

အလှအပဥနှင့်လောင်ပိုင်နာမည်ကြီးလာရင် ဒီလိုအရှုပ်ထုပ်တွေလိုက်လာမည်ဆိုတာ သူသိသော်လည်း ဒီလောက်မြန်မြန်ပေါ်လာမည်ဟုထင်မထားပေ။

နာမည်ဆိုးနှင့်ကျော်ကြားသောကုမ္ပဏီလည်းဖြစ်နေသေးသည်။

ကျန်းထောင်က ချင်လင်သူ့ကိုငြင်းလိုက်သောကြောင့် ခဏတော့ကြောင်သွား၏။ သူကချက်ချင်းဖြည့်ပြောလိုက်သည်_ ''လူကြီးမင်း... အလောတကြီးမငြင်းလိုက်ပါနဲ့ဦး... ဆယ်လီတွေက ချင်းလင်စံအိမ်ကိုလည်းလာလည်နိုင်ပါတယ်... ဒါသေချာပေါက် ချင်းလင်စံအိမ်ကိုကြော်ငြာပြီးသားဖြစ်မှာပါ''

''...'' ချင်လင်မှာ လုံးဝမတတ်သာတော့သဖြင့် သူကဆက်ပြီး_ ''လူကြီးမင်းကျန်း... ကျွန်တော်တို့မငှားနိုင်ဘူးလို့ပြောထားပြီးပါပြီ... နောက်ပြီး ကျွန်တော်တို့စံအိမ်ရဲ့လုပ်ငန်းတွေက လူဝင်ထွက်နှုန်းကန့်သတ်ထားပါတယ်... ခင်ဗျားပြောတဲ့ဆယ်လီတွေ ကူပြီးကြော်ငြာပေးစရာမလိုပါဘူး''

နောက်ဆုံးတော့ ဒီကုမ္ပဏီကဖန်တီးတဲ့ရှိုးတွေဘာလို့နာမည်ဆိုးနဲ့ကျော်ကြားလဲသူသိပြီ။ သူတို့သာ ဒီဆယ်လီတွေအကြောင်းဆက်ပြောနေရင် သူတို့နဲ့ပြောဆိုဆက်ဆံဖို့တကယ်ခက်ပြီ။

သူ့ဘေးမှချူဖုန်းကခေါင်းခါလိုက်၏။ ဘာလို့တချို့လူတွေက ဆယ်လီတွေကိုဒီလောက်အသည်းအသန်ဖြစ်နေတာလဲ? ဆယ်လီတွေက အရမ်းဆွဲဆောင်မှုရှိတယ်ထင်လို့လား?

သူကငတုံးလား? မဟုတ်သေးဘူး။ ဒါကတန်ဖိုးထားမှုနဲ့သိမြင်နားလည်မှုအပိုင်းပဲ။ ဘာလို့လဲဆိုတော့ သူတို့ထက်တုံးတဲ့သူတွေက သူတို့လှည့်ကွက်တွေမိနိုင်လို့ပေါ့။

မည်သို့ဆိုစေ သူတို့နယ်ပယ်မှာ ဆယ်လီတွေရဲ့ခြေဖျားကိုခယနေသူတွေအမှန်ပင်ရှိနေသည်။ ဆယ်လီတစ်ယောက်ကို အမွှမ်းတင်ကြလိမ့်

မည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်မှာ အင်တာနက်ဆယ်လီတွေရဲ့ခြေဖျားတောင် စေ့စေ့စပ်စပ်အကြည့်ခံရ၏။ ဆယ်လီတစ်ယောက်ကထောက်ခံပေးလျှင် ဆယ်လီကြောင့်ရေပန်းစားရှာဖွေမှုထဲဝင်လိမ့်မည်ဟုတွေးပြီး အလွန်ဂုဏ်ယူကြလိမ့်မည်။

သို့သော် ဒီလိုအရူးလုပ်ခြင်းမျိုးက မဖြစ်စလောက်သာ။ လူတိုင်းရှေ့တွင် အလုပ်မဖြစ်ပေ။





ဖြစ်ချင်တော့ ဒီလူတွေက သူတို့ကိုယ်ပိုင်ဘဝထဲမှလူနည်းစုနှင့်သာ အဆက်အသွယ်ရှိကြသည်။ ထိုလူနည်းစုကြောင့် မိုးပေါ်မြောက်နေကြ၏။ ဘာဖြစ်နေလဲပုံဖော်နိုင်စွမ်းမရှိဘဲ အားလုံးကိုတုံးလွန်းသည်မှတ်နေကြသည်။

''စီနီယာအစ်ကိုချူ... ရုံးခန်းထဲသွားပြီး လက်ဖက်ရည်ဖျော်ရအောင်!'' ချင်လင်လည်း ကျန်းထောင်နှင့်အချိန်ဆက်မဖြုန်းချင်သကဲ့သို့ချူဖုန်းကိုဖိတ်လိုက်သည်။

ချူဖုန်းကခေါင်းညိမ့်၍ ချင်လင်နောက်လိုက်ကာ မူလခန်းမထဲမှထွက်ပြီး ကျန်းထောင်ကိုကိုးရိုးကားယားထားခဲ့ကြသည်။

အမှန်ပင် ကိုးရိုးကားယား။

ကျန်ထောင်အဖို့ ဒါမျိုးကြုံဖူးတာပထမဆုံးပင်။ အရင်က တချို့ဆယ်လီနာမည်တွေပြောလိုက်ရင် အသည်းအသန်ဖြစ်ကုန်ကြသည်။

ဒါပေမဲ့ အခုကျအငြင်းခံလိုက်ရသည်တဲ့။ သူ့မှာမတတ်သာဘဲထွက်လာပြီး ကားပါကင်မှကားထဲဝင်လိုက်ရ၏။

ကားထဲတွင် လူတစ်ယောက်စောင့်နေသည်။ ကျန်းထောင်ဝင်လာသောအခါ သူကမေးလိုက်၏_ ''ဘယ်လိုလဲ? ချင်းလင်စံအိမ်က ဘဲငှားဖို့သဘောတူလိုက်လား?''

ကျန်းထောင်က သုန်မှုန်နေသောမျက်နှာထားနှင့်_ ''သူတို့သဘောမတူဘူး''

ကားထဲမှလူက_ ''ကျန်းထောင်... ဒါမင်းပြောတဲ့ယုံကြည်ချက်ရှိတယ်ဆိုတာလား? ငါ့ပိုက်ဆံတွေက လွယ်လွယ်နဲ့ရတာမဟုတ်ဘူး... မင်းပိုက်ဆံယူထားရင် ဘဲရအောင်လုပ်ပေးရမယ်''

''ကျန်တဲ့ငွေရအောင်သာ လုပ်ထားပါ... ငါ့မှာနည်းလမ်းတွေအများကြီးရှိတယ်'' ကျန်းထောင်မျက်နှာမှာ မဲသဲနေသည်။

သူဘဲငှားတာ ထုတ်လုပ်ရေးအဖွဲ့အတွက်သက်သက်မဟုတ်။ ဒီဆင်ခြေကိုသုံးတာက လူတွေကိုလှည့်စားဖို့လွယ်ကူသောကြောင့်ပင်။ တကယ့်သူ့ရည်ရွယ်ချက်မှာ တစ်ဖက်လူက ချင်းလင်စံအိမ်မှဘဲကိုမျက်စိကျနေ၍ဖြစ်သည်။

သူဘဲငှားနိုင်ရင် လွယ်သွားပြီ။ သာမန်ဘဲသားဖောက်နည်းနဲ့ဥကိုရရင် ဘဲသေသွားလို့ဆိုတဲ့ဆင်ခြေသုံးပြီး အလွန်ဆုံးချင်းလင်စံအိမ်ကို ပိုက်ဆံလျော်ကြေးပေးလိုက်ရုံပင်။

ဒီလှည့်ကွက်တွေကလည်း ဖျော်ဖြေရေးနယ်ပယ်မှာဖြစ်နေကျ။ ဥပမာဆိုရသော် ရတနာစစ်ဆေးခြင်းအစီအစဉ်တွင် ဒီလှည့်ကွက်ကိုအကြိမ်ကြိမ်သုံးထားသည်။

သို့သော် လက်ဗလာနှင့်ပြန်လာရမည်ဟုထင်မထားပေ။

သို့သော်လည်း သူတတ်နိုင်တာရှိသည်။ သူကကားထဲမှသေတ္တာတစ်လုံးရှာပြီး တစ်ခုခုထုတ်လိုက်၏။

''အဲဒါဘာလဲ?'' ကားထဲမှလူကမေးလိုက်သည်။

ကျန်းထောင်ကရှင်းပြ၏_ ''ကင်မရာအသေးစားလေ... ငါချင်းလင်စံအိမ်မှာ သတို့သမီးခန်းယူထားပြီးပြီ... ဒီ Wechat ကင်မရာကို သတို့သမီးခန်းထဲယူသွားမယ်... ဒီကနေလှမ်းပြီး မှတ်တမ်းတင်ပေးထား''

''အချိန်ကျရင် တမင်သက်သက်ရေချိုးမယ်... အဝတ်အစားတွေချွတ်မယ်... ဒီကင်မရာရှေ့မှာမဖွယ်မရာတွေလုပ်မယ်... အဲဒီဗီဒီယိုကိုအွန်လိုင်းပေါ်တင်ပြီး ချင်းလင်စံအိမ်မှာ ဒီလိုခိုးရိုက်ခံရနိုင်ချေရှိတယ်လို့ပြောမယ်... ငါကနစ်နာသူအနေနဲ့လည်း ချင်းလင်စံအိမ်ကိုတရားစွဲလို့ရတယ်''





All Chapters