ထောင်ချောက်ထဲတိုးဝင်ခြင်း? နှစ် ၁၀၀ ဂျင်ဆင်းလိုလား? ၃
Vol. 22 Ch. 321
''အဲဒီအချိန်ကျရင် ချင်းလင်စံအိမ်ကသေချာပေါက် ဒီသတင်းဆိုးကိုမြန်မြန်ရှင်းချင်မှာပဲ... ဒါဆိုရင် သူတို့နဲ့စကားပြောလို့ရပြီ... နောက်ပြီး ကိုယ်ကအသာစီးရမှာ''
သည်လိုနှင့် ကျန်းထောင်ကသူ့ဘေးမှဖုန်းကိုယူကာ သူ့လက်ထဲမှကင်မရာနှင့်အဆက်မပြတ်ဆက်သွယ်ဖို့အစီအစဉ်တစ်ခုကိုသုံးလိုက်သည်။ ထို့နောက် အချက်အလက်ပေးပို့ရန် စညှိလိုက်၏။
တစ်ချိန်တည်းမှာ ကားပါကင်လုံခြုံရေးဂတ်တွင် လုံခြုံရေးအစောင့်က ရုတ်တရက်သူ့ဘေးမှတဆင့်ခံဆက်သွယ်ရေးကိရိယာကိုကြည့်လိုက်သည်။
ခဏအကြာ_
ကျန်းထောင်က ကိရိယာပြင်ဆင်ပြီးသွားသည်။ ကင်မရာအသေးဖွင့်လိုက်သောအခါ ကင်မရာအသေးမှဖမ်းယူရရှိသောအချက်အလက်ကို ဖုန်းပေါ်တွင်ကြည့်နိုင်သည်။
အသေးစားကင်မရာများမှာ ဖျော်ဖြေရေးလောကထဲတွင်အသုံးများသောနည်းတစ်ခုလည်းဖြစ်သည်။ ဒီပစ္စည်းကို သူခဏခဏသုံးဖူးသည်။ အမျိုးသားဆယ်လီတချို့၏ဦးနှောက်မရှိသောအမျိုးသမီးပရိသတ်များမှာ အတော်လေးကြည့်ကောင်း၏။
တစ်ခါတလေ အမျိုးသားဆယ်လီများကို ဆင်ခြေအဖြစ်အသုံးချသည်။ ထိုဦးနှောက်မရှိသောအမျိုးသမီးပရိသတ်များက အလွန်ယုံလွယ်၏။ သူတို့နှင့်သွားရှုပ်သောအခါ အသေးစားကင်မရာသုံးပြီးဗီဒီယိုရိုက်ထားလျှင်တောင် သူတို့ဘာမှလုပ်ရဲမှာမဟုတ်။ နောက်ပြီး ဆယ်လီရဲ့လက်မှတ်လေးပေးလိုက်ရင် ဒီဦးနှောက်မရှိတဲ့ပရိသတ်တွေကိုဖြေရှင်းပြီးသားဖြစ်သွားပြီ။
ထိုလုပ်ရပ်ကြောင့် ကားထဲကလူမျက်မှောင်ကြုတ်လိုက်သည်။
ဒီနည်းက ညစ်ပတ်တာအမှန်။ သို့သော် ကိစ္စမရှိ။ သူသာဘဲရမယ်ဆိုရင်ပေါ့။
ကျန်းထောင်က ကားထဲမှမြန်မြန်ထွက်ပြီး စံအိမ်ထဲလျှောက်သွားလိုက်သည်။
ခဏအကြာ ကြိုတင်ယူထားသောသတို့သမီးခန်းထဲဝင်လာ၏။
သတို့သမီးခန်းထဲဝင်ပြီးပြီးချင်း တံခါးပိတ်ပြီးလော့ချလိုက်သည်။ ထို့နောက် သံကြိုးကိုဆွဲ၍ သူယူလာသောအသေးစားကင်မရာကိုထုတ်လိုက်၏။ သူကမမြင်ကွယ်ရာတွင်တပ်ဆင်လိုက်ပြီး သူ့ဖုန်းထုတ်ကာ စာပို့လိုက်သည်_ ''အခုဗီဒီယိုစလွှင့်လို့ရပြီ''
ကားပါကင်မှလူလည်း သတင်းရပြီးနောက် အသေးစားကင်မရာဗီဒီယိုထုတ်လွှင့်ချက်ကိုဖွင့်လိုက်သည်။ သူဖွင့်ဖွင့်ချင်း ဗီဒီယိုကိုမြင်ရ၏။ ဗီဒီယိုထဲတွင် ကျန်းထောင်ကလေချွန်ပြီး သူ့အဝတ်အစားများချွတ်နေသည်။
အသေးစားကင်မရာအကြောင်း သူလုံးဝမသိပုံနှင့်လှုပ်ရှားနေ၏။
ထိုအချိန်တွင် ရုတ်တရက် ကားတံခါးလာခေါက်သံကိုကြားရသည်။
သူကဇဝေဇဝါနှင့်ကားမှန်ချလိုက်ပြီးနောက် သူ့အမူအရာပြောင်းလဲသွား၏။
ရှုမျှော်ခင်းရဲအရာရှိနှစ်ယောက်နှင့် ရဲယူနီဖောင်းဝတ်ထားသောလုံခြုံရေးအစောင့်များ ကားအပြင်တွင်ရပ်နေသည်ကိုတွေ့ရသည်။
သတို့သမီးခန်းထဲတွင် ကျန်းထောင်လည်း ရေချိုးခန်းထဲဝင်ပြီး ရေချိုးချင်ယောင်ဆောင်နေသည်။ ထို့နောက် ခါးတွင်သဘက်ပတ်ပြီးထွက်လာ၏။

အချိန်ကျပြီဟု သူတွေးမိသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်မှာခိုးရိုက်ခံရပြီဖြစ်ကြောင်း လူတွေသိအောင်လုပ်လိုက်ပြီလေ။
ဝုန်း! ~
ရုတ်တရက် သတို့သမီးခန်းတံခါးပွင့်သွား၏။
ကျန်းထောင်လန့်သွားသည်။ သူဘာမှမလုပ်နိုင်သေးခင် ခေါင်းဆောင်ဟုန်ပြေးဝင်လာပြီး သူ့ကိုကုတင်ပေါ်တွင်ဖိထား၏။ သူကလက်ထိပ်ထုတ်ကာ ခတ်လိုက်သည်။
''ဘာလုပ်တာလဲ?'' ကျန်းထောင်မှာ ထိုအခြေအနေကြောင့် လုံးဝစိတ်ရှုပ်သွား၏။ သူကအပြင်းအထန်ရုန်းကန်ပြီး ခြိမ်းခြောက်လိုက်သေးသည်_ ''ငါ့ကိုလွှတ်... ဥပဒေမရှိဘူးလား? ရဲခေါ်လိုက်မယ်''
''ဟမ်... ငါတို့ကရဲလေ'' ခေါင်းဆောင်ဟုန်က ထေ့လိုက်သည်။ သူကတဆင့်ခံစမ်းသပ်ကိရိယာကိုထုတ်၍ အသေးစားကင်မရာကိုရှာလိုက်၏။ ထို့နောက် ကျန်းထောင်ကိုကြည့်ကာ_ ''သူ့ကိုလုံခြုံရေးအခန်းထဲခေါ်သွား''
ကျန်းထောင်မှာ ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ မကောင်းတာတွေဖြစ်လာတော့မှာမှန်း သိနေပြီ။
…
ရုံးခန်းထဲ၌_
ချင်လင်က ချူဖုန်းနှင့်လက်ဖက်ရည်ဖျော်နေစဉ် ချန်တပေ၏အစီရင်ခံစာကိုရလိုက်သည်။ သူကအလန့်တကြားမတ်တပ်ထရပ်လိုက်၏။
''ဘာဖြစ်လို့လဲ?'' ချူဖုန်းက စူးစမ်းသလိုကြည့်လိုက်သည်။
''စီနီယာအစ်ကိုချူ... အစ်ကို့ကိုထပ်ပြီး ဒုက္ခပေးရဦးမယ်ထင်တယ်'' ချင်လင်ကပြောပြောဆိုဆို ချူဖုန်းကိုလုံခြုံရေးအခန်းထဲခေါ်သွားလိုက်၏။ ထိုအခန်းထဲတွင် ကျန်းထောင်ကိုစိတ်မကောင်းစရာအခြေအနေနှင့်တွေ့လိုက်ရလေသည်။
ထိုအချိန်တွင် ကျန်းထောင်မှာပျာယာခတ်နေပြီ_ ''အထင်လွဲတာပါ... အဲဒါကျွန်တော့်ဟာမဟုတ်ပါဘူး... စွန်းဟွေ့ရဲ့ဟာပါ... သူကစံအိမ်ကဘဲကိုလိုချင်လို့ ကျွန်တော့်ကိုဒီလိုလုပ်ခိုင်းတာပါ''
''သောက်ရေးမပါတာ... ကင်မရာယူလာတာ မင်းလေ'' ဘေးနားမှ နောက်ထပ်ဒေါသသံတစ်သံထွက်လာသည်။ ကားထဲမှလူပင်။
ခေါင်းဆောင်ဟုန်က ချင်လင်ရောက်လာသည်ကိုမြင်လျှင် သူ့ကိုလည်းအခြေအနေအကြောင်းအသိပေးလိုက်သည်_ ''သူဌေးချင်... သူ့ကိုလက်ပူးလက်ကြပ်မိတာ... စီရင်စုက သူတို့ကိုစစ်ဆေးမေးမြန်းဖို့ ချက်ချင်းလွှတ်ပေးလိမ့်မယ်''
''ကျေးဇူးတင်ပါတယ်'' ချင်လင်ကခေါင်းညိမ့်ပြီး ကျန်းထောင်နှင့်စွန်းဟွေ့ကိုမျက်မှောင်ကြုတ်ကြည့်လိုက်သည်။
သတို့သမီးခန်းထဲ ဒါမျိုးဖြစ်လာမှာ သူအစိုးရိမ်ဆုံး။ ဒီလိုလူမျိုးတွေနဲ့ကြုံမယ်လို့ သူတကယ်မထင်မိ။
ဘဲအတွက်နှင့် အမှန်ပင်ဒုက္ခအတော်ရောက်ခဲ့ပြီ။
ဒီကိစ္စကို ရိုးရိုးတန်းတန်းဖြေရှင်းလို့မရ။ သူ့ကိုဥပမာလုပ်ပြထားရမည်။
ချင်လင်က ချူဖုန်းကိုလုံခြုံရေးအခန်းအပြင်ခေါ်လာပြီး မေးလိုက်သည်_ ''စီနီယာအစ်ကိုချူ... ဒီလိုအခြေအနေမျိုးမှာ သူ့ကိုပြစ်ဒဏ်ဘယ်နှစ်နှစ်ချနိုင်လဲ?''
ချူဖုန်းကခဏတွေးလိုက်ပြီး_ ''အခြေအနေအရပဲ... ပြစ်မှုစွဲချက်တင်တဲ့နေရာမှာ ငါတို့အနိုင်ရခဲ့ရင် ပြစ်ဒဏ် ၂ နှစ်ချနိုင်တယ်... တကယ်လို့ ငါတို့ဘာသာတရားစွဲမယ်ဆိုရင် အချက်အလက်တချို့လည်းရှာရမယ်... အနိုင်ရမယ်ဆိုရင် ၁ နှစ် ၂ နှစ်ထက်ပိုပြီးတော့လည်းချနိုင်တယ်''
ချင်လင်ကမျက်မှောင်ကြုတ်ကာ_ ''ဒါဆိုရင် သူတို့ပြစ်ဒဏ်အများဆုံးကျအောင် စီနီယာအစ်ကိုချူကိုဒုက္ခပေးရတော့မှာပဲ''
''ကောင်းပြီလေ!'' ချူဖုန်းခေါင်းညိမ့်လိုက်သည်။ ဒါဥပဒေအကြံပေးတစ်ယောက်အနေနှင့် သူလုပ်ရမည့်ကိစ္စပင်။
စီရင်စုရဲကားမြန်မြန်ဆန်ဆန်ရောက်လာသဖြင့် ခရီးသည်များစိတ်ဝင်စားသွားကြသည်။ ကျန်းထောင်နှင့်စွန်းဟွေ့ကိုထုတ်လာသောအခါ ခရီးသည်များ၏အာရုံကိုဖမ်းစားလိုက်သလို အားလုံးကဖုန်းထုတ်ပြီး ဓာတ်ပုံဝိုင်းရိုက်ကြ၏။
ဒီကိစ္စက နောက်တစ်နေ့ရေပန်းစားခေါင်းစဉ်ဖြစ်လာမှာ အသေအချာ။
အားလုံးက ကျန်းထောင်ကို ချင်းလင်စံအိမ်တွင်အသေးစားကင်မရာခိုးတပ်ပြီး လက်ပူးလက်ကြပ်မိမှန်းသိကြသည်။ ချင်းလင်စံအိမ်က ဒီအပိုင်းမှာနည်းစနစ်ဘယ်လောက်ကောင်းလဲဆိုတာ သူကပြောပြခဲ့ပြီ။ သူ့ကိုတွေ့ခါစက ဟန်ဆောင်ခဲ့သေး၏။


ကျန်းထောင်လိုလူမျိုးကို မရေမတွက်နိုင်သောလူများကရှုတ်ချပြီး ဆဲရေးကြသည်ပေါ့။ သူကဟိုင်ရှင်းဖျော်ဖြေရေး၏စီမံထုတ်လုပ်သူဆိုသောအချက်လည်းပေါ်သွားခဲ့သည်။ ဟိုင်ရှင်းဖျော်ဖြေရေး၏နာမည်ပျက်ရသစုံရှိုးများအကြောင်းတောင်ပေါ်သွား၏။ ဟိုင်ရှင်းဖျော်ဖြေရေးမှာထိတ်လန့်ပြီး ကျန်းထောင်နှင့်အဆက်အသွယ်ဖြတ်ထားကြောင်း ထကြေညာသည်။
ရက်ပိုင်းလောက်ကြာမှ ဒီကိစ္စငြိမ်သက်သွား၏။
နောက်ပိုင်း ချင်လင်က ထိုကိစ္စအပေါ်အာရုံမထားတော့ချေ။ ဘာပဲဖြစ်ဖြစ် စံအိမ်မှာလုပ်စရာတွေရှိနေသေးသည်လေ။
စီနီယာအစ်ကိုချူ၏လုပ်ရည်ကိုင်ရည်ကိုလည်း သူယုံသည်။ နောက်ပြီး ဒီလိုကိစ္စမျိုးက ချက်ချင်းဖြေရှင်းလို့ရမည်မဟုတ်။
…
မနက်အစောပိုင်း_
နေအစောကြီးထွက်ပြီး နေသာသောနေ့တစ်နေ့၌_
ချင်လင်က မနက်စောစောဂိုဒေါင်သွားပြီး ဂိမ်းထဲကပစ္စည်းများကို စံအိမ်ပို့လိုက်သည်။ ထို့နောက် မူလခန်းမ၏အနောက်ဘက်ခြံဝင်းထဲ ချက်ချင်းသွားလိုက်သည်။
စိုက်ထားသောဖရဲသီးများကို မျိုးစေ့သိမ်းချိန်တန်ပြီ။
သူရောက်သောအခါ လီခိုင်မှာ အစိမ်းရောင်မှန်လုံအိမ်ထဲအလုပ်ရှုပ်နေ၏။ သူကဖရဲသီးတချို့ကိုရွှေ့ပြီး ကြွေဇလုံထဲထည့်နေသည်။
ချင်လင်ကမြင်လျှင် သွားကူပေးလိုက်သည်။
ဂိမ်းမျိုးစေ့နှင့်စိုက်ထားသော ဒီဖရဲသီးက စိုက်ပျိုးချိန်အလွန်တိုတောင်း၏။ တကယ်တော့ အရင်ကတည်းကမှည့်ပြီး စား၍ရသည်။
သို့သော်လည်း မျိုးစေ့ယူနိုင်ရန် အချိန်အကြာကြီးထားရသည်။ အသီးပိုမှည့်လေလေ မျိုးစေ့ပိုကောင်းလေဖြစ်ပြီး အပင်စိုက်လို့ကောင်းသည်။
''ရောက်လာပြီလား?'' လီခိုင်က ချင်လင်ကိုမြင်လျှင် ပြုံးပြီးနှုတ်ဆက်လိုက်၏_ ''နောက်ဆုံးတော့ မျိုးစေ့သိမ်းချိန်ကျပြီ''
သည်လိုနှင့် ဖရဲသီးတစ်လုံးယူပြီးခွဲလိုက်သည်။ ထို့နောက် အစေ့များခြစ်ထုတ်၍ ကြည့်လိုက်၏။ ခဏအကြာ သူက_ ''လုံးဝသိမ်းလို့ရပြီ... ဒီနေ့နေသာတယ်... အစေ့တွေနေလှန်းလို့ရတယ်''
ချင်လင်ကခေါင်းညိမ့်ပြီး ဖရဲသီးတစ်ခြမ်းယူကာ အစေ့များခြစ်ကူလိုက်သည်။
ထိုဖရဲသီးများတွင် ခရိုမိုဇုန်းသုံးစုံနှင့်အစေ့များပါသည်။ လျှော့ချဖြစ်စဉ်အတွင်း ခရိုမိုဇုန်းအချိတ်အဆက်များရှုပ်ထွေးပြီး သာမန်ဇီဝဆဲလ်များဆက်မဖြစ်နိုင်တော့ပေ။ အစေ့မဖြစ်ရင် စိုက်ပျိုးပြီးရလာသည်က အစေ့လွတ်ဖရဲသီးဖြစ်လာမည်။
ထိုအစေ့များက အစေ့လွတ်ဖရဲမျိုးစေ့ဖြစ်၏။
အတော်များများက အစေ့လွတ်ဖရဲသီးအတွက်မျိုးစေ့မရှိဟူ၍ ဇဝေဇဝါဖြစ်ကြမည်။ ဤသည်က အစေ့လွတ်ဖရဲမျိုးကိုဘယ်လိုပျိုးထောင်ရသည်ဆိုတာပင်။
သူတို့နှစ်ဦးက အစေ့များခြစ်ယူနေစဉ် လီခိုင်၏ဖုန်းရုတ်တရက်မြည်လာသည်။
ပထမတော့ ဖုန်းမဖြေချင်သော်လည်း ဖုန်းသံကတရစပ်သေနတ်ပစ်သလိုမြည်နေ၏။ ကြားရတာစိတ်ရှုပ်စရာကောင်းသဖြင့် မတတ်သာဘဲဖြေလိုက်ရသည်_ ''လီရှင်း... မနက်စောစောစီးစီး မင်းငါ့ကိုသေစေချင်နေတာလား?''
သို့သော် သူပြောပြီးပြီးချင်း မှင်တက်သွား၏။ သူပုံစံကမျက်နှာပျက်နေပြီး_ ''ဘာ? ဘိုးတော်က ရုတ်တရက်ဘာလို့ဒီလိုဖြစ်သွားရတာလဲ?''
ခဏအကြာ လီခိုင်ကမျက်နှာပျက်ပျက်နှင့် ဖုန်းချလိုက်သည်။ ဘာလို့အဘိုးကြီးရဲ့ရောဂါဟောင်းက ပြန်ထလာတာလဲ?
''အစ်ကိုလီ... ဘာဖြစ်လို့လဲ?'' ချင်လင်က တစ်ခုခုဖြစ်နေပြီမှန်းသိ၍ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
''ညီလေးချင်... ဒီဖရဲမျိုးစေ့တွေကို မင်းဘာသာစုရတော့မယ်... ငါ့ဘိုးတော်ရဲ့ရောဂါဟောင်းပြန်ထလာလို့... ဒါပေမဲ့သူကအသက်အရမ်းကြီးပြီ... အားကလည်းမရှိဘူး... ခွဲစိတ်ရဖို့များနေတယ်... တစ်ခုခုဖြစ်တော့မယ်ထင်တယ်... ငါချက်ချင်းပြန်သွားရမယ်...'' လီခိုင်ကမျက်မှောင်ကြုတ်နေသည်။ ပြောရင်းပြောရင်း သူ့ပုံစံကအသည်းအသန်ဖြစ်လာ၏။
မိသားစုလမ်းကြောင်းကိုသူမယူခဲ့ဘူးဆိုရင်တောင် အဘိုးကြီးကမိသားစုအတွက်ဘယ်လောက်အရေးကြီးကြောင်း သူသိသည်။ အဘိုးကြီးတစ်ခုခုဖြစ်ခဲ့ရင် သူနှင့်အဘိုးကြီးအဆက်အသွယ်တွေပြတ်ပြီး သူ့အစ်ကိုကိုဆက်ပြီးအကူအညီပေးနိုင်တော့မည်မဟုတ်ချေ။
အဓိကအချက်မှာ အဘိုးကြီးကအမှန်ပင်အသက်အရွယ်ရပြီး ခံနိုင်ရည်အားမရှိတော့ခြင်းပင်။ ခွဲဖို့စိတ်ဖို့အတွက် သူ့စိတ်ထဲမှာပြင်ဆင်ထားရမည်။
ဒီအချိန်မှာ သူ့အားအင်ကိုဖြည့်တင်းပေးမယ့် သက်တမ်းရင့်ဂျင်ဆင်းလိုပစ္စည်းမျိုးရှာမတွေ့ခဲ့ရင်...
ဒါပေမဲ့ ဒီလိုပစ္စည်းမျိုးက ဘယ်လိုလုပ်ရှာဖို့လွယ်မှာလဲ?
ရှိတဲ့သူကလည်း ရတနာလိုသိမ်းထားပြီး သူတို့ကိုလုံးဝပေးမည်မဟုတ်ပေ။