← Chapters

သက်လုံကောင်းစေသောဝိုင်! အာနိသင်က မထက်လွန်းဘူးလား? ၃

Vol. 22 Ch. 324

သက်လုံကောင်းစေသောဝိုင်! အာနိသင်က မထက်လွန်းဘူးလား? ၃

Vol. 22 Ch. 324

သက်လုံအားမကောင်းခြင်း၏အထင်ရှားဆုံးလက္ခဏာမှာ ခေါင်းမထောင်နိုင်ခြင်းနှင့်အားအင်ကုန်ခမ်းခြင်းပင်။

အဘိုးကြီး၏မျက်နှာမှာ လုံးဝဖြူဖျော့နေသည်။

သူ့ခန္ဓာကိုယ်အခြေအနေကိုစမ်းသပ်ထားသောကိရိယာပေါ်မှအချက်အလက်ကလည်း သိပ်မကောင်း။

အနောက်တိုင်းဆေးပညာအမြင်အရ သက်လုံအားဆိုသည်မှာ လူ့ခန္ဓာကိုယ်တစ်ရှူးနှင့်အင်္ဂါအစိတ်အပိုင်းများလှုပ်ရှားအောင်လုပ်နိုင်စွမ်းဖြစ်သည်။ သက်လုံအားကောင်းလျှင် ဖျားနာခြင်းကိုကာကွယ်နိုင်သည်။ သက်လုံအားမကောင်းပါက ခန္ဓာကိုယ်၏လုပ်ဆောင်ချက်အမျိုးမျိုးကျဆင်းလာမည်။ ထို့ကြောင့်လည်း သက်လုံအားမကောင်းလျှင် ခွဲစိတ်မှုအန္တရာယ်ကြီးခြင်းဖြစ်သည်။

ထိုကိရိယာများနှင့်စမ်းသပ်မှုအဖြေကောင်းလျှင် သက်လုံအားပြည့်သည့်သဘောပင်။ အဖြေမကောင်းပါက သက်လုံအားမလုံလောက်ဟုဆိုလိုသည်။ အဘိုးကြီး၏လက်ရှိအခြေအနေက အလွန်ညံ့နေသည်မှာပြောစရာမလို။

''အဖေ... ဒီနေ့သတင်းမရရင် အဘိုးကိုခွဲစိတ်လိုက်ရအောင်!'' လီရှင်းကမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ သက်လုံအားဖြည့်ပေးသောပစ္စည်းမျိုးက အခြေခံအားဖြင့်သက်တမ်းအလုံအလောက်ရှိသောသဘာဝဆေးပင်မျိုးဖြစ်သည်။

ဒီနေ့လိုခေတ်ထဲမှာ ဒီလိုပစ္စည်းမျိုးထပ်တွေ့ရဖို့အလွန်ခက်၏။



အချိန်ဆွဲလေလေ သူ့အဘိုးရဲ့အခြေအနေက အန္တရာယ်များလေလေပင်။

လီကျန်းကခေါင်းညိမ့်လိုက်ပြီး_ ''အင်း! မင်းဦးလေးရောက်လာရင် အားလုံးဆွေးနွေးကြရအောင်''

ထိုအချိန်တွင်_

လီရှင်းဖုန်းအသံမြည်လာသည်။ သူကဖုန်းထုတ်၍ နံပါတ်ကိုကြည့်ပြီး ချက်ချင်းကိုင်လိုက်၏_ ''ဦးလေး... ရောက်ပြီလား? ကျွန်တော်ထွက်လာပြီး လာခေါ်မယ်''

လီရှင်းက လူနာဆောင်ထဲမှချက်ချင်းထွက်လာရာ ဆေးရုံဧည့်သည်စောင့်ခန်းတွင် လီခိုင်ကိုတွေ့ရသည်။

လီခိုင်က လီရှင်းကိုမြင်မြင်ချင်း စိတ်ပူနေပုံနှင့်_ ''ဘိုးတော်ရဲ့လူနာဆောင်ကို မြန်မြန်လိုက်ပြ... ငါ့မှာ သက်လုံအားဖြည့်ပေးတဲ့ဟာရှိတယ်''

''ဘယ်လို?'' ထိုစကားကြားလျှင် လီရှင်းမျက်နှာချက်ချင်းဝင်းလက်သွားသည်။ အခုသခင်ကြီးလီစိတ်အပူဆုံးက သက်လုံအားကောင်းစေမည့်အရာမရှိမှာကိုပင်။

''ညီလေးချင်ပေးလိုက်တာ'' လီခိုင်က သက်လုံအားဖြည့်ဝိုင် ၁၀၀ မီလီလီတာကို လီရှင်းဆီပေးလိုက်သည်။

လီရှင်းကဝိုင်ကိုယူပြီး ရင်းနှီးနေသောဂန္တဝင်ဝိုင်ပုလင်းနှင့် 'သက်လုံအားဖြည့်ဝိုင်'ဆိုသောစာလုံးကိုကြည့်လိုက်သည်။ ချင်လင်က ဝိုင်ကိုဒီနာမည်သေချာပေးထားခြင်းဖြစ်သည်။ သူ့အသုံးဝင်ပုံကိုသိသာစေ၏။

သူက လီခိုင်ကိုလူနာဆောင်ထဲမြန်မြန်ခေါ်လာခဲ့သည်_ ''ကျွန်တော်သိတယ်... ချင်လင်မှာ ပိုကောင်းတဲ့ဆေးဖက်ဝင်ဝိုင်တွေသိမ်းထားတာရှိရမယ်လို့... ကျွန်တော်ထင်ထားတာထက် ပိုကောင်းနေမယ်လို့ပဲမတွေးမိတာ''

တူဝရီးနှစ်ယောက် လူနာဆောင်ထဲရောက်သောအခါ လီရှင်းကလီကျန်းနားသွားပြီး သူ့နားထဲတိုးတိုးပြောလိုက်သည်။

လီကျန်းမျက်လုံးများအရောင်လက်သွား၏။ သူက ဆရာဝန်နှင့်သူနာပြုကိုကြည့်ပြီး_ ''လူနာဆောင်ထဲက အရင်ထွက်ပေးပါ''

တာဝန်ကျဆရာဝန်နှင့်သူနာပြုမှာ ဇဝေဇဝါဖြစ်သွားသော်လည်း လူနာဆောင်ထဲမှရိုသေသမှုနှင့်ထွက်သွား၏။ လီမိသားစုကို အတိုက်အခံမလုပ်ရဲပါချေ။

''ဘယ်မှာလဲ?'' လီကျန်းက ချက်ချင်းသူ့သားကိုကြည့်လိုက်သည်။

လီရှင်းက သက်လုံအားဖြည့်ဝိုင်ကိုချက်ချင်းထုတ်ပြီး သူ့အဖေလက်ထဲထည့်ပေးလိုက်သည်။





''သက်လုံအားဖြည့်ဝိုင်'' လီကျန်းက မျှော်လင့်ကြီးစွာနှင့်ဖတ်လိုက်ပြီး_ ''ချင်းလင်စံအိမ်ရဲ့သူဌေးချင်မှာ ဒါမျိုးရှိမယ်လို့မထင်မိဘူး''

ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကိုလည်း သံသယမရှိပါချေ။ ဘာပဲဖြစ်ဖြစ် လီရှင်း ချင်းလင်စံအိမ်ကရလာတဲ့ဝိုင်တွေအကုန် သူယူထားပြီလေ။ ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကို သူများထက်သူပိုသိသည်။

ထို့ကြောင့် ဆရာဝန်နှင့်သူနာပြုကိုထွက်ခိုင်းခြင်းဖြစ်၏။

သက်လုံအားဖြည့်ပေးနိုင်သောပစ္စည်းက အလွန်နည်းသည်။ သူတို့အဘိုးကြီးကလိုအပ်တဲ့အပြင် ဒီဆေးကုဌာနက လူကြီးအတော်များများလည်း အချိန်မရွေးအလိုရှိနိုင်သည်။ တချို့လူများကလည်း အတော်တတ်နိုင်ကြ၏။

ချင်းလင်စံအိမ်မှာ ဒီလိုဆေးဖက်ဝင်ဝိုင်မျိုးရှိမှန်းသိရင် သွားတောင်းပန်ကြလိမ့်မည်။

သူဌေးချင်က အဘိုးကြီးကိုဒီဝိုင်ပေးခြင်းမှာ သူ့သားနှင့်သူ့ညီကြောင့်ဖြစ်ရမည်။ သူ့ကိုဒုက္ခမရောက်စေလို။

''ဒီဆေးဖက်ဝင်ဝိုင်ကို မင်းဘယ်လိုသုံးမလဲ?'' လီကျန်းက လီရှင်းကိုမေးလိုက်သည်။

လီရှင်းကရှင်းပြလိုက်၏_ ''ဒီဆေးဖက်ဝင်ဝိုင်မှာ အရက်ပါဝင်နှုန်းအရမ်းမြင့်တယ်... အများကြီးသုံးဖို့မသင့်တော်ဘူး... ချင်လင်ရဲ့ပစ္စည်းတွေက အာနိသင်အရမ်းထိရောက်တယ်... အခုအဘိုးကလည်းအားနည်းနေပြီး အစာမဝင်ဘူးဆိုတော့ အရင်ဆုံး အဘိုးကို ၃၀ မီလီလီတာတိုက်တာပေါ့''

လီကျန်းကခေါင်းညိမ့်ပြီး ပုလင်းဖွင့်လိုက်သည်။ သူ့ဘေးမှ အဘိုးကြီးကိုရေတိုက်သောခွက်လေးယူပြီး ၃၀ မီလီလီတာလောင်းထည့်လိုက်သည်။

ထို့နောက် လီကျန်းရဲ့လူတွေက တာဝန်ကျဆရာဝန်ကိုခေါ်လိုက်သည်_ ''သခင်ကြီးကိုစောင့်ကြည့်ပေးပါဦး''

တာဝန်ကျဆရာဝန်က နည်းနည်းကြောင်သွား၏။ ဒါသူ့တာဝန်ပဲမဟုတ်လား? ဒါနဲ့များ စောစောကဘာလို့ထွက်ခိုင်းတာလဲ?

လီမိသားစုကထူးဆန်းပြီး ဘာမှမသိရ။ သို့သော် သူ့စိတ်ထဲမှာပဲ ထားရဲသည်။ သူကအဘိုးကြီးခန္ဓာကိုယ်အခြေအနေကိုစစ်ဆေးထားသောကိရိယာအား သေချာစစ်ဆေးကြည့်လိုက်၏။

ပထမတော့ ဘာမှမထူးခြား။ သို့သော်မကြာမီ တာဝန်ကျဆရာဝန်အံ့ဩသွားသည်_ ''စမ်းသပ်ချက်က ဘာဖြစ်တာလဲ?''

''ဘယ်လိုလဲ ဒေါက်တာ?'' လီရှင်းက မျှော်လင့်တကြီးမေးလိုက်သည်။

တာဝန်ကျဆရာဝန်က မယုံနိုင်ပုံနှင့်_ ''သခင်ကြီးရဲ့စမ်းသပ်ချက်ကတက်လာတယ်... အရမ်းမြန်တယ်... သူ့ကိုယ်တွင်းအင်္ဂါတွေကလည်း အရမ်းလှုပ်ရှားလာတယ်''

ထိုစကားများကြောင့် လီရှင်း၊ လီခိုင်နှင့် လီကျန်းတို့မျက်လုံးဝင်းလက်သွား၏။ တစ်နည်းပြောရရင် ဒီဝိုင်ကတကယ်သက်လုံအားဖြည့်ပေးလိုက်ပြီပေါ့။

ဒါပေမဲ့ အာနိသင်မထက်လွန်းဘူးလား?

ဒါ ၃၀ မီလီလီတာပဲရှိသေးတာ။





All Chapters