Chapters

ဆရာဝန်မယုံနိုင်! ဒီပစ္စည်းကအဖိုးတန်လွန်းတယ်! ၃

Vol. 22 Ch. 327

ဆရာဝန်မယုံနိုင်! ဒီပစ္စည်းကအဖိုးတန်လွန်းတယ်! ၃

Vol. 22 Ch. 327

သို့သော် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်ကျော်က ယွမ် ၉ သန်းနှင့်ရောင်းချခဲ့သည့်ပစ္စည်းအပြင် စျေးကွက်ထဲနောက်ထပ်ရောင်းချခြင်းရှိပုံမပေါ်။

ဘာပဲဖြစ်ဖြစ် လီမိသားစုသာ ဒီလိုပစ္စည်းမျိုးရှာနိုင်တယ်ဆိုရင် အထင်ကြီးစရာကောင်းသည်ဟုဆိုရမည်ပင်။

ဒေါက်တာသွမ့်မုက သူ့အံ့ဩမှုအရှိန်သတ်လိုက်ပြီး လီကျန်းအား_ ''လူကြီးမင်းလီ... လူကြီးက ခွဲစိတ်ဖို့အခြေအနေကောင်းပါတယ်... အရင်ဆုံး လူကြီးကိုတစ်ကိုယ်လုံးပြန်စစ်ဆေးပြီးတော့ တတ်နိုင်သမျှအမြန်ဆုံးခွဲစိတ်ဖို့စီစဉ်ပေးပါမယ်''

''ကျေးဇူးတင်ပါတယ် ဒေါက်တာသွမ့်မု'' လီကျန်းခေါင်းညိမ့်လိုက်သည်။ သူက ဒေါက်တာသွမ့်မုကိုအပြည့်အဝယုံကြည်ထားသည်။ ငယ်ရွယ်သူဖြစ်သော်ငြားလည်း သူ့ဆေးပညာစွမ်းရည်က မြို့တော်မှာ သေချာပေါက်နှစ်ယောက်မရှိသောသူဖြစ်၏။

ဒီဆေးကုဌာနကြောင့်သာမဟုတ်ရင် တခြားတတိယအဆင့်ဆေးရုံမှာ ဌာနမှူးဖြစ်နေလောက်ပြီ။

နေ့လယ်ပိုင်း၌_

ဒေါက်တာသွမ့်မုက သခင်ကြီးလီအားပြန်လည်စစ်ဆေးထားသောအချက်အလက်အသေးစိတ်ကိုကြည့်နေသည်။

အချက်အလက်ကိုမြင်မှ ပိုတောင်အံ့ဩသွား၏။

သခင်ကြီးလီ၏အထွေထွေစစ်ဆေးချက်မှာ ပထမတစ်ခုထက် အများကြီးပိုကောင်းနေသည်။ ဒါလီမိသားစုက သခင်ကြီးလီကိုပေးလိုက်တဲ့ဟာနဲ့ဆက်စပ်နေမလား?

ဒီလောက်အာနိသင်အများကြီး ဘယ်ဟာမှာရှိမလဲ? ပြီးတော့ ဘယ်ဟာက ဒီလောက်မြန်မြန်ဆန်ဆန်ထိရောက်နိုင်လဲ?

ဒီလိုခွဲစိတ်မှုမျိုးမှာ အန္တရာယ်မရှိနိုင်တော့။ သို့သော် သိချင်စိတ်ကပြင်းပြနေသည်။ သူက တာဝန်ကျဆရာဝန်ကိုရှာပြီးမေးလိုက်၏_ ''မင်းက လူကြီးရဲ့လူနာဆောင်မှာတာဝန်ကျတာ... လီမိသားစုက လူကြီးကိုဘာပေးလိုက်လဲ တွေ့မိလား?''

တာဝန်ကျဆရာဝန်မှာ လီမိသားစုက အဘိုးကြီးကိုဝိုင်ပေးမှန်းသိသော်လည်း သူပြောနိုင်သည်က_ ''ဒေါက်တာသွမ့်မု... လီမိသားစုထဲက လူကြီးလူကောင်းတစ်ယောက်က တစ်ခုခုယူလာပုံရပါတယ်... ဒါပေမဲ့ လူကြီးမင်းလီက ကျွန်တော့်ကိုလူနာဆောင်အပြင်ထွက်ခိုင်းတော့ အသေးစိတ်မသိရပါဘူး... ဘယ်သူ့ကိုမှမသိစေချင်ဘူးထင်ပါတယ်''

ဒေါက်တာတွမ့်မုက ထိုစကားကြားလျှင် ထပ်မမေးတော့။ လီမိသားစုက ဒီကိစ္စကိုဘယ်သူမှမသိစေချင်ဖြစ်မည်။ သူအများကြီးအစ်အောက်နေလို့မဖြစ်။ ဒီတော့ လီမိသားစုရဲ့သခင်ကြီးကိုခွဲစိတ်ပေးဖို့ သူစီစဉ်ရမည်။

ညပိုင်းတွင် ဒေါက်တာသွမ့်မုက သခင်ကြီးလီကိုစတင်ခွဲစိတ်ပေးသည်။ သခင်ကြီးလီအခြေအနေကတိုးတက်လာသောကြောင့် ခွဲစိတ်မှုကအလွန်အဆင်ချောနေ၏။

ထို့ကြောင့် လီမိသားစုလည်း သက်ပြင်းချနိုင်သွားသည်။ လူကြီးကိုထုံဆေးပေးပြီးနောက် လက်ကျန်သက်လုံအားဖြည့်ဆေးကိုသောက်ခွင့်ပေးလိုက်၏။

ခွဲစိတ်မှုလုပ်လျှင် အသက်အန္တရာယ်အလွန်ကြီးသည်။ အထူးသဖြင့် အသက်ကြီးသူများပင်။ သူတို့အကြောက်ဆုံးက ခွဲစိတ်ရမှာဖြစ်သည်။ ခွဲစိတ်မှုလုပ်တိုင်း သူတို့ခန္ဓာကိုယ်အခြေအနေက အလွန်အမင်းယိုယွင်းသွား၏။

သက်လုံအားချို့တဲ့ခြင်းကြောင့် လူကြီးများ၏နာလန်ထနှုန်းမှာ အလွန်နှေးကွေးသည်။ တစ်ဖက်တွင် လူငယ်များမှာသက်လုံအားကောင်းသောကြောင့် မြန်မြန်ပြန်ကောင်းကြ၏။

အခုတော့ လက်ကျန်သက်လုံအားဖြည့်ဆေးကို အသုံးပြုနိုင်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ဒေါက်တာသွမ့်မုက လူကြီး၏ဒဏ်ရာကိုလာစစ်ဆေးသောအခါ အံ့ဩရပြန်သည်။

အကြောင်းမှာ ခွဲစိတ်မှုအပြီး လူကြီး၏ပြန်ကောင်းနှုန်းက လူငယ်များထက်တောင်ပိုမြန်နေသောကြောင့်ပင်။

ယုတ္တိရောရှိရဲ့လား?

သာမန်အခြေအနေအတိုင်းဆို ယုတ္တိမရှိ။

သို့သော် မနေ့ကလူကြီး၏အခြေအနေအရ ဒါလီမိသားစုက သက်လုံအားဖြည့်ပေးတဲ့အရာတစ်ခုခုကိုရှာထားတာနှင့်ဆက်စပ်ရမည်ဟု သူခံစားမိသည်။

ဒါဘယ်လိုအခြေအနေကြီးလဲ?

သူမေးချင်တယ်။ ဒါပေမဲ့ လီမိသားစုကပြောမှာမဟုတ်မှန်း သူသိနေတယ်။

လီမိသားစုလိုမိသားစုမျိုးက တစ်ခုထက်မကရှိသည်။ မြို့ထဲကမိသားစုတွေအကြောင်းတွေးကြည့်လိုက်ရင် လူကြီးဘယ်လောက်များများက ဒီလိုပြဿနာမျိုးကြုံရနိုင်လဲ?

ဒီလိုပစ္စည်းမျိုးရဲ့တန်ဖိုးကို သေချာပေါက် သူအစ်အောက်လို့ရမှာမဟုတ်။ ထိုသိချင်စိတ်ကို သူ့ရင်ထဲမှာသာ သိမ်းထားရပေမည်။