← Chapters

ဆရာဝန်မယုံနိုင်! ဒီပစ္စည်းကအဖိုးတန်လွန်းတယ်! ၂

Vol. 22 Ch. 326

ဆရာဝန်မယုံနိုင်! ဒီပစ္စည်းကအဖိုးတန်လွန်းတယ်! ၂

Vol. 22 Ch. 326

ရှန်းရွှေလက်ဆောင်ဆန်ဖြစ်ထွန်းနိုင်သောအခြေအနေက ပြင်းထန်လွန်းသည်။

ဒီလိုအဖွဲ့အစည်းမျိုးကျရှုံးရင် ချင်းလင်စံအိမ်ကရော တကယ်အောင်မြင်နိုင်ပါ့မလား? မယုံနိုင်စရာကောင်းလွန်းနေသည်။

လီခိုင်က သူ့အစ်ကိုအံ့ဩနေပုံကိုနားလည်သဖြင့် ရှင်းပြလိုက်၏_ ''သူဌေးချင်က ကံကောင်းတယ်... သူ့မွေးရပ်မြေကလယ်ကွက်ဟောင်းထဲမှာ အထူးရှားပါးမြေကြီးရှိတယ်... အဲဒီမြေမှာ သီးနှံတွေရဲ့မျိုးစိတ်ကိုစပ်ပေးနိုင်တဲ့ဓာတ်တွေပါတယ်''

''ဒီရှန်းရွှေလက်ဆောင်ဆန်က မြေကြီးထဲကဓာတ်တွေရဲ့ဆွဲဆောင်ချက်ကြောင့်ထင်တယ်... ရှန်းရွှေလက်ဆောင်ဆန်အပြင် သူဌေးချင်က ဖရဲမျိုးတစ်မျိုးကိုစပ်ဖို့လည်း သုံးထားသေးတယ်... အရသာက သာမန်ဖရဲသီးတွေထက် လုံးဝပိုကောင်းတယ်... ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာလိုက်ပြီဆိုရင် ဖရဲစျေးကွက်အတော်များများကို လွှမ်းမိုးသွားနိုင်တယ်... ဖြစ်ချင်တော့ အဲဒီဓာတ်မျိုးက တဖြည်းဖြည်းလျော့သွားတာ... အပင်တွေစိုက်ရင်းစိုက်ရင်းနဲ့ သာမန်မြေလိုဖြစ်သွားလိမ့်မယ်''

လီကျန်းက ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး_ ''အဲဒီမြေကြီးက ဘာမှန်းမသိပေမဲ့ ရှန်းရွှေလက်ဆောင်ဆန်ထွက်လာတယ်ဆိုရင် အတော်များများက လိုက်တုမှာစိုးရတယ်... အကျိုးအမြတ်ရဖို့ကြံစည်လာကြလိမ့်မယ်... သူတို့ကိုစောင့်ကြည့်ဖို့ကခက်တယ်''

''ကျွန်တော် သူဌေးချင်ကိုသတိပေးပြီးပြီ'' လီခိုင်ကအရင်ပြောလိုက်သည်။ ထို့နောက် သူကမျက်မှောင်ကြုတ်ပြီး_ ''ဒါပေမဲ့ ကျွန်တော်လည်း သူဌေးချင်မကိုင်တွယ်နိုင်မှာစိုးမိတယ်''

သူဌေးချင်ကိုအမှန်ပင်မိတ်ဆွေတစ်ဦးလိုသဘောထားသောကြောင့် နည်းနည်းစိုးရိမ်မိခြင်းပင်။

လီကျန်းကခဏတွေးကြည့်ပြီး လီခိုင်အား_ ''မင်းသူဌေးချင်ဆီမှာ စမ်းသပ်မှုတွေလုပ်နေတာမလား? သူဌေးချင်ကို ဓာတ်ခွဲခန်းတစ်ခုဆောက်ဖို့ သွားပြီးအကြံပေးလိုက်... အချိန်ကျရင် မင်းဓာတ်ခွဲခန်းထဲဝင်လို့ရတယ်''





ထိုစကားကြောင့် လီခိုင်အံ့ဩသွားသည်_ ''ကျွန်တော် သီးသန့်ဓာတ်ခွဲခန်းလုပ်ရင် မိသားစုကိုမထိခိုက်ဘူးလား?''

လီကျန်းက_ ''အဖေပင်စင်ယူထားတာ ကြာပြီလေ... မင်းသုတေသနသမားလုပ်နေရင် ပုံသေလစာပဲရမှာ... မင်းကိုစိစစ်ရင်တောင် မထိခိုက်ဘူး... အဲဒီဓာတ်ခွဲခန်းမှာ ထပ်ပြီးစမ်းသပ်မှုလုပ်နိုင်ရင်အကောင်းဆုံးပဲ''

''ပြီးတော့ လီရှင်းရဲ့သူငယ်ချင်းနှစ်ယောက်ကို ဓာတ်ခွဲခန်းမှာရင်းနှီးမြှုပ်နှံခိုင်းလိုက်... ငါတို့ရှယ်ယာအများကြီးမလိုဘူး... သူတို့ကိုပိုပြီးထင်ပေါ်အောင်လုပ်ဖို့ပဲလိုတာ''

လီရှင်းကပိုပြီးတက်တက်ကြွကြွဖြစ်သွားသည်။ သူ့ဘိုးတော်က ချင်လင်ကိုမျက်နှာရအောင်လုပ်ဖို့ အစီအစဉ်တွေလုပ်ပေးနေမှန်း ချက်ချင်းသဘောပေါက်သည်။

သူ့ဦးလေးကို သီးသန့်ဓာတ်ခွဲခန်းမှာလုပ်စေတာက အနည်းနှင့်အများတော့ တချို့သက်ရောက်မှုတွေရှိလိမ့်မည်။ အနည်းဆုံး သံသယအဝင်ခံရမည်။ သို့သော် ထိုသံသယကြောင့် လီမိသားစုကို အတော်များများကသတိထားစောင့်ကြည့်ကြပြီး မရိုးမဖြောင့်တော့လုပ်ရဲမည်မဟုတ်။

မာလဲ့ဝမ်နှင့်ချန်ရှန်းဖေလိုလူနှစ်ယောက်ကိုရင်းနှီးမြှုပ်နှံခိုင်းခြင်းမှာ စီးပွားရေးလောကတွင် ချင်လင်အတွက် တံခါးစောင့်နတ်လို ဒိုင်းကာသဖွယ်ဖြစ်စေသည်နှင့်အတူတူပင်။

သူတို့နှစ်ယောက်က ခါတိုင်းမိတ်ဆွေတွေနှင့်အတူရှိလျှင် နူးညံ့ပုံပေါက်သော်လည်း သူတို့အဖွဲ့အစည်းကို ဒီအတိုင်းအတာအထိဖွံ့ဖြိုးလာစေတာ အကြောင်းမဲ့တော့မဟုတ်။

သူတို့သာအကွက်ရွှေ့ချင်လျှင် လူတိုင်းက သူတို့နှစ်ယောက်ကိုသတိထားရလိမ့်မည်။

အဓိကအချက်က ဒီလိုအခွင့်အရေးသာတကယ်ရှိတယ်ဆိုရင် လောင်ချန်နှင့်လောင်မာက သေချာပေါက်အလွန်ဝမ်းသာကြလိမ့်မည်။ ချင်လင်နှင့်ပိုရင်းနှီးပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ပိုရတော့မှာကို စောင့်နိုင်မည်မဟုတ်။

ချင်လင်ကိုတော့ အကြံဉာဏ်ပဲပေးမည်ပေါ့။ နောက်ဆုံးဘာလုပ်မယ်ဆိုတာက ချင်လင်ကိုယ်တိုင်အပေါ်သာမူတည်ပေသည်။

ဘာပဲဖြစ်ဖြစ် နောင်ဖြစ်လာမယ့်ဒုက္ခတွေကိုလျော့ပါစေတော့ဟူသောမျှော်လင့်ချက်နှင့် သူတို့ကမျက်နှာသာပြန်ပေးခြင်းသာ။ သူတို့အဘိုးကြီးပြောသလိုဖိအားပေးလျှင် မျက်နှာသာပြန်ပေးရာမကျဘဲ အဆိုးမြင်ခံရနိုင်သည်။

ဒါကို လီမိသားစုကနားလည်၏။ သူတို့ကဆက်မပြောဘဲ အဘိုးကြီးကိုကြည့်လိုက်သည်။

နောက်ထပ်ဆေးဖက်ဝင်ဝိုင်တစ်ငုံသောက်ပြီးနောက် အဘိုးကြီးမှာသိသိသာသာပိုကောင်းလာပုံရသည်။

သူက ဆေးဖက်ဝင်ဝိုင် ၄၀ မီလီလီတာသာသောက်ရသေးသည်။ ဒီအာနိသင်က ဒဏ္ဍာရီလာအသက်ရှည်ဆေး နှစ် ၁၀၀ သက်တမ်းရှိတဲ့သဘာဝဂျင်ဆင်းနဲ့သိပ်မကွာလောက်ဘူး ဟုတ်တယ်မလား?

ဒီသက်လုံအားဖြည့်ဝိုင်က စနစ်ရဲ့နှစ် ၁၀၀ သက်တမ်းရှိသဘာဝဂျင်ဆင်းနှင့်စိမ်ထားသောဆေးဖက်ဝင်ဝိုင်မှန်း သူတို့မသိကြ။ ဒီဆေးဖက်ဝင်ဝိုင်က သက်လုံအားကောင်းစေခြင်း +၃ အရည်အသွေးရှိရုံသာမက တခြားအရည်အသွေး ၁ နှင့် ၂ အမျိုး ၂၀ နီးနီးလည်းပါဝင်သည်။ (အခန်း ၁၄၃)

ဒီလိုပစ္စည်းမျိုးက ပြိုင်ဘက်ကင်း၏။ နှစ် ၁၀၀ သက်တမ်းရှိသောသဘာဝဂျင်ဆင်းအစစ်တောင် မယှဉ်နိုင်ပေ။





သို့သော် လီမိသားစုက နှစ် ၁၀၀ သက်တမ်းရှိသောသဘာဝဂျင်ဆင်းကိုမတွေ့ဖူးသဖြင့် နှိုင်းစာစရာလည်းမရှိချေ။

…

ဆေးကုဌာနရုံးခန်းတစ်ခန်း၌_

ဒေါက်တာသွမ့်မုလည်း သခင်ကြီးလီ၏ အချက်အလက်နှင့်ဓာတ်ပုံများကိုကြည့်နေသည်။

လီမိသားစု၏ဂုဏ်ပုဒ်မှာ မင်မြို့တော်တွင် သာမန်မဟုတ်။ လီကျန်း၏အသက်အရွယ်နှင့် နောက်နှစ်အနည်းငယ်အတွင်း စီရင်စုထဲနောက်တစ်ဆင့်တက်ဖို့အလွန်များနေသည်။ သူ့အဆက်အသွယ်တွေ ဆက်လက်ရှင်သန်ဖို့က အဓိကျနေ၏။

ထို့ကြောင့် သူလုံးဝအချိန်မဆွဲရဲဘဲ အဘိုးကြီး၏ခွဲစိတ်မှုကို စီစဉ်နေခြင်းဖြစ်သည်။

အဘိုးကြီးမှာ သက်လုံအားလုံလုံလောက်လောက်မရှိ။ ခွဲစိတ်ဖို့က အသက်အန္တရာယ်အလွန်များနေသည်။ သူ့မှာရွေးချယ်စရာမရှိသဖြင့် တတ်နိုင်သမျှအန္တရာယ်နည်းစေရန် ဦးနှောက်ခြောက်မတတ်စဉ်းစားရသည်။

ထိုစဉ် တံခါးခေါက်သံကြားရ၏။

ဒေါက်တာတွမ့်မုက အတွေးပြတ်သွားပြီး လှမ်းအော်လိုက်သည်_ ''ဝင်ခဲ့ပါ''

တာဝန်ကျဆရာဝန်မှာ ချက်ချင်းဝင်လာပြီး_ ''ဒေါက်တာသွမ့်မု... သခင်ကြီးလီရဲ့ခန္ဓာကိုယ်စစ်ဆေးချက်က ရုတ်တရက်ကြီးတက်လာတယ်... လူကြီးမင်းလီက တစ်ခေါက်လာပြီးစစ်ပေးစေချင်တယ်တဲ့''

''ဟုတ်လား?'' ဒေါက်တာတွမ့်မုက ချက်ချင်းမတ်တပ်ထရပ်ပြီး သခင်ကြီးလီ၏လူနာဆောင်ဘက် လျှောက်သွားလိုက်သည်။ သခင်ကြီးလီရဲ့ကျန်းမာရေးတိုးတက်လာရင် ခွဲစိတ်ဖို့အခြေအနေကောင်းပြီ။ သူပိုပြီး ယုံကြည်ချက်ရှိလာသည်။

သို့သော် စမ်းသပ်စက်ပေါ်မှအချက်အလက်ကိုတွေ့သောအခါ သူလုံးဝအံ့ဩသွား၏။

တာဝန်ကျဆရာဝန်လည်း အံ့ဩသွားသည်။ အဘိုးကြီး၏ခန္ဓာကိုယ်စစ်ဆေးချက်က ပိုကောင်းလာသောကြောင့်ပင်။

ဘယ်လိုဝိုင်မျိုးက မျက်လှည့်ပြလိုက်သလိုအာနိသင်မျိုးရှိတာလဲ?

ဒေါက်တာသွမ့်မုက ကိရိယာပေါ်မှစမ်းသပ်ချက်ကိုသေသေချာချာကြည့်လိုက်သည်။ စောစောက သူကယ်တင်ထားသောအခြေအနေနှင့်ယှဉ်လျှင် လုံးဝမယုံနိုင်စရာ။

စမ်းသပ်ကိရိယာများပျက်သွားပြီလားဟုထင်မိသော်လည်း အဘိုးကြီး၏အသားအရောင်ကိုကြည့်လိုက်သောအခါ တိုးတက်လာမှန်းသိသာသည်။ စောစောကလို ညိုးနွမ်းမနေတော့။

လီမိသားစုက အဘိုးကြီးကိုအားဖြည့်ပေးနိုင်တာတစ်ခုခုတွေ့ထားလို့လား?

ဒါလည်းမဖြစ်နိုင်။

သူ့သက်လုံကိုအားဖြည့်ပေးနိုင်တဲ့အရာတွေ့ထားတယ်ဆိုရင်တောင် ဒီလောက်မြန်မြန်အလုပ်ဖြစ်မှာမဟုတ်။

ဒဏ္ဍာရီလာနှစ် ၁၀၀ သက်တမ်းရှိတဲ့ သန့်စင်သဘာဝဂျင်ဆင်းသာမဟုတ်ခဲ့ရင် ဒီလိုအာနိသင်မျိုးမရှိနိုင်ပေ။





All Chapters