ချင်လင်ရဲ့အစီအစဉ်! ဘယ်လိုရှင်းပြရမလဲ?
Vol. 22 Ch. 329
မျိုးစေ့နှစ်စေ့၏မှတ်ချက်ကိုတွေ့သောအခါ ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။
ထင်ထားသည့်အတိုင်း အစေ့ကြီးက အရည်အသွေး ၂ မျိုးစေ့ပင်။ ဒီအရည်အသွေး ၂ မျိုးစေ့ကြောင့် ဒီလောက်အကြာကြီးပျိုးထောင်လာရတာတန်သွားလေပြီ။
နောင်မှာ ဒီဖရဲမျိုးကို ချင်းလင်စံအိမ်မှာစိုက်မည်။ 'ချင်းလင်ဖရဲ'ဟုတွင်တွင်ကျယ်ကျယ်ခေါ်မည်။ အထူးစပ်မျိုးဟူ၍သုံးနှုန်းစရာမလိုတော့ချေ။
ဖရဲမျိုးစေ့၏အရည်အသွေးများကိုကြည့်ပြီးနောက် ချင်လင်ကအရင်ဆုံးဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုပြန်ကြည့်လိုက်ပြီး ဒီနေ့ကိစ္စကိုအပြီးသတ်ရန်စီစဉ်လိုက်သည်။
ပထမဆုံး ငါး ၃၅ ကောင်ကိုဖမ်းပြီးနောက် နိုထရီဒိန်းတောင်တွင် သစ်ပင်များခုတ်၏။ နိုထရီဒိန်းတောင်မှာ အခြေအနေမကောင်း။ အထူးသစ်ပင်လည်းမရ။ တောင်တန်းထွက်ကုန်လည်းမရပေ။
ထို့နောက် ချင်လင်က စိုက်ပျိုးမွေးမြူရေးခြံအိမ်ထဲသွားကာ TV ဖွင့်ပြီး ဒီနေ့စျေးဝယ်အစီအစဉ်ရှိမရှိကြည့်လိုက်သည်။
ဒါတွေအားလုံး ပစ္စည်းရနိုင်သောလမ်းကြောင်းများပင်။
ဒီနေ့ TV မှာ ခါတိုင်းသတင်းအစီအစဉ်မဟုတ်တော့။ ဆွဲဆောင်မှုရှိသောကာတွန်းအလှလေးပေါ်လာသည်။
ထိုအလှလေးက ကိုယ်လုံးကိုယ်ပေါက်အလွန်ကောင်း၏။ အဓိကအချက်မှာ အလွန်တိုပြီး အလွန်လန်းသော ဆွဲဆောင်မှုရှိသည့်ညအိပ်ဝတ်စုံဝတ်ထားခြင်းကြောင့်ပင်။ သူမခြေထောက်မှာလည်း သူရင်းနှီးသောပိုးသားစတော့ကင်ဝတ်ထားသည်။
(ဒီနေ့က ဆွဲဆောင်မှုရှိတဲ့ညအိပ်ဝတ်စုံအထူးရောင်းချတဲ့နေ့ပါ... အခုရောင်းမှာက ဆရာလုံအရမ်းကြိုက်တဲ့ ပုံစံအလှလေးပါ... နောက်ပြီး အလွန်အကြမ်းခံတဲ့စတော့ကင်တစ်စုံလည်း တွဲပါပါတယ်... အရောင်အများကြီးရပါတယ်ရှင်... အရမ်းဆွဲဆောင်မှုရှိပါတယ်... ညပိုင်းလှုပ်ရှားမှုအတွက် အထောက်အကူဖြစ်မှာပါ... သူကချိတ်ဆက်နိုင်...)
ချင်လင်ကကြည့်ပြီး စိတ်ဝင်စားသွားသည်။
အရင်တစ်ခါစတော့ကင်က သူ့ကိုအရမ်းပျော်အောင်လုပ်နိုင်ခဲ့သည်လေ။

ဒီတစ်ခေါက်က အဆင့်မြင့်ပုံစံ + ညအိပ်ဝတ်စုံပေါ့?
ဒီစျေးဝယ်အစီအစဉ်က မတော်တရော်နိုင်လွန်းတယ်မလား?
ဘာလို့ဒီလိုပစ္စည်းတွေချည်းရောင်းနေတာလဲ?
ဒါမျိုးတွေရောင်းတာ ငွေရလွယ်တယ်ဆိုပေမဲ့ ကောင်းတာလေးတစ်ခုခုမရောင်းနိုင်ဘူးလား?
ဒါပေမဲ့ သူကြိုက်တယ်။
သူက ဝယ်မည်ကိုပြတ်ပြတ်သားသားရွေးပြီး ငွေပေးချေလိုက်သည်။
အရင်တစ်ခေါက်စတော့ကင်ကရတဲ့သင်ခန်းစာကိုတွေးမိပြီး တစ်ခါတည်းဆယ်စုံဝယ်ပစ်လိုက်၏။ သူကအရောင်စုံရွေးလိုက်သည်: အနီ၊ အပြာ၊ အနက်၊ ခရမ်း...
နေ့တိုင်းတမူထူးခြားတဲ့အတွေ့အကြုံရရမယ် ဟုတ်တယ်မလား?
သို့သော် ထပ်တွေးကြည့်ပြီး နောက်ထပ် ၁၀ စုံဆက်ဝယ်လိုက်၏။
သူပြင်ဆင်ထားရမည်။
ဒီလိုစျေးဝယ်အစီအစဉ်က နောက်ဘယ်အချိန်မှပြန်ပေါ်လာမလဲ ဘယ်သူသိမလဲ?
ပြီးတော့မှ ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို အိမ်ထဲကထွက်ခိုင်းလိုက်သည်။ သူက သတ္တုတွင်းပဉ္စမအလွှာကိုသွားပြီး ဆက်တူးရန်ပြင်လိုက်၏။ ပဉ္စမအလွှာတွင် တူးစရာမြေကြီးအများကြီးကျန်သေးသည်။
ထိုအချိန်တွင် ကျောက်မိုချင်းကဖုန်းဆက်ပြီး သူ့ကိုလာခိုင်း၏။
ချင်လင်ကထွက်လာပြီး ကျောက်မိုချင်းရုံးခန်းထဲသွားလိုက်ရသည်။
ကျောက်မိုချင်းက ကွန်ပျူတာပေါ်မှအချက်အလက်တချို့ကိုကြည့်နေ၏။ သူဝင်လာသည်ကိုမြင်လျှင်_ ''ယောက်ျား... ဒီမြေကိုဘယ်လိုထင်လဲ? အခုပဲတန့်ကွမ်းပို့လိုက်တာ''
ချင်လင်ကလျှောက်ဝင်လာသည်။ ကွန်ပျူတာပေါ်တွင် စက်မှုဇုံမြေအကြောင်းအချက်အလက်ဖြစ်၏။
သူက ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် စက်ရုံအသစ်တစ်ခုရွေးချယ်နေသည်။
ရုံချန်းစီရင်စုလိုနေရာငယ်လေးတွင် စက်ရုံတွေကသေးလွန်းသည်။ စီရင်စု၏အဖွဲ့အစည်းကြီးကြပ်ရံပုံငွေကျပြီးနောက် ချဲ့ထွင်ထားသောစက်ရုံများအားလုံးမှာ အချိတ်အဆက်မမိသောစက်ရုံငယ်လေးများဖြစ်သည်။
ထိုအခြေအနေက ထုတ်လုပ်ရေးအစီအစဉ်များလွှဲပြောင်းခြင်းအတွက် အလွန်မဆီလျော်၍ အထောက်အကူမဖြစ်ပေ။ ထို့ကြောင့် နောင်မှာဖွံ့ဖြိုးအောင်လုပ်ချင်လျှင် စုစုစည်းစည်းစက်ရုံတစ်ခုဆောက်ရန် နေရာအသစ်ရှာဖို့လိုသည်။
အစားအသောက်ကုမ္ပဏီက စီရင်စု၏အဖွဲ့အစည်းကြီးကြပ်ရံပုံငွေအကြွေးတင်နေသည်။ အစားအသောက်ကုမ္ပဏီ၏အလုပ်ချိန်နှစ်ဆိုင်းခွဲဆင်းနှုန်းနှင့် တစ်နေ့ပုလင်းရေသိန်းချီထုတ်လုပ်နှုန်းအရ နောက်လပြန်ကျေနိုင်၏။ အချိန်ကျရင် စက်ရုံအသစ်ဆောက်ဖို့လိုလာလိမ့်မည်။
ထို့ကြောင့် ဤနေရာရှာသောကိစ္စကို လုပ်ငန်းစဉ်တွင်ပူးတွဲထားပြီး တန့်ကွမ်းအာရုံစိုက်နေသည်။


ချင်လင်က စက်မှုဇုံမြေကိုကြည့်လိုက်သည်။
အရွယ်အစားနှင့်တည်နေရာက အစားအသောက်ကုမ္ပဏီ၏လက်ရှိလိုအပ်ချက်နှင့်သင့်တော်၏။
သူက_ ''တန့်ကွမ်းကိုပြောလိုက်... နေရာကကောင်းတယ်လို့''
''အင်း!'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်_ ''ပြီးရင် ကျွန်မရှောင်ရှင်းကို တိတိကျကျအခြေအနေသိရအောင်လိုက်ခိုင်းလိုက်မယ်''
ချင်လင်ကဆက်ပြီး_ ''ဒါနဲ့... စံအိမ်ကစာချုပ်ထပ်ချုပ်ထားတဲ့ မြေဧက ၅၀၀၀ ထဲက အရင်ဆုံးဧက ၁၀၀ ကိုဖွံ့ဖြိုးအောင်လုပ်ဖို့ လူထပ်ခန့်လိုက်ပါဦး... ကိုယ်ဖရဲသီးစိုက်ဖို့စီစဉ်ထားတယ်''
ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ ဖရဲမျိုးစေ့က ပျိုးထောင်လို့ရပြီမှန်း သူမသိသည်။
ချင်လင်က သူဝယ်ထားသော ဆွဲဆောင်မှုရှိသည့်ညအိပ်ဝတ်စုံအကြောင်းတွေးမိပြီး ပြုံးလျက် ကျောက်မိုချင်းကိုမချီကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်၏။
ကျောက်မိုချင်းက သူ့လက်ကိုအရင်ဆုပ်ကိုင်ကာ_ ''မဟုတ်တာတွေမလုပ်နဲ့... ပြီးရင် ဘဏ္ဍာရေးကလူတွေလာပြီး အစီရင်လာခံလိမ့်မယ်''
ချင်လင်က သူမနားနားကပ်ပြီး စလိုက်သည်_ ''ကိုယ်မင်းအတွက် လက်ဆောင်ထပ်ဝယ်ထားတယ်... စတော့ကင်နဲ့ညအိပ်ဝတ်စုံ... မင်းဝတ်လိုက်ရင် အရမ်းကြည့်ကောင်းမှာပဲ... ညကျရင် ကိုယ်ကြည့်ရအောင်ဝတ်ပေး''
ချင်လင်၏တဖြည်းဖြည်းဆိုးဝါးလာသောအကြည့်ကြောင့် ကျောက်မိုချင်းက အရင်တစ်ခါစတော့ကင်ကိုတွေးမိပြီး မျက်စောင်းထိုးကြည့်လိုက်ကာ_ ''ဒီတစ်ခေါက် တကယ်စုံလိုက်ဝယ်ထားတယ်ပေါ့... ရှင်ဘာလို့တဖြည်းဖြည်းနဲ့ ဉာဏ်များလာတာလဲ?''
''ကိုယ် အစုံ ၂၀ ဝယ်ထားတာ'' ချင်လင်က ဂုဏ်ယူပုံနှင့်ပြုံးလိုက်၏။
''အာ...'' ကျောက်မိုချင်းက ထိုစကားကြားလျှင် ချင်လင်၏ခါးကို ခပ်ပြင်းပြင်းလိမ်ဆွဲလိုက်သည်။
ကိုယ့်မိန်းမကို ဒီလိုအနိုင်ကျင့်တဲ့သူရှိသေးလား?
ထိုစဉ် တံခါးခေါက်သံကြားရသည်။
ချင်လင်က ကျောက်မိုချင်းကိုလွှတ်ပေးလိုက်ရ၏။
ကျောက်မိုချင်းက သူမပုံစံကိုသပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်ပြီး ရုံးထိုင်ခုံတွင်ပြန်ထိုင်ကာ လှမ်းအော်လိုက်သည်_ ''ဝင်ခဲ့ပါ''
ဘဏ္ဍာရေးမှမိန်းကလေးတချို့ဝင်လာပြီး ချင်လင်ကိုမြင်သောအခါ နှုတ်ဆက်ကြ၏_ ''သူဌေး''
ချင်လင်လည်း ဘဏ္ဍာရေးမိန်းကလေးများကိုခေါင်းညိမ့်ပြပြီး ထွက်လာခဲ့သည်။
သူ့ရုံးခန်းထဲပြန်ရောက်သောအခါ သူ့စိတ်ထဲမှဖန်သားပြင်ကိုထပ်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေလိုက်၏။
မကြာမီ အနက်ရောင်ပြောင်းသွားသဖြင့် သူလည်းမျှော်လင့်စောင့်စားမိသည်။
(အထူးမြေကြီးတူးဖော်ရသည့်အတွက် ဂုဏ်ယူပါတယ်!)
ကျောပိုးအိတ်ထဲတွင် နောက်ထပ်မီးခိုးရောင်မြေကြီးအပြည့်နှင့်အိတ်ပုံစံလေးပေါ်လာသည်။
ရှင်သန်နှုန်း +၂ ရှိပြီး မျိုးစိတ်တိုးတက်စေသော မြေကြီးနှင့်အတူတူပင်။
ဒါပစ္စည်းကောင်းပဲ။ များနေပြီလို့ သူညည်းမှာမဟုတ်။ နောင်မှာ မျိုးစေ့ကောင်းကောင်းကိုအပြင်ထုတ်ချင်ရင် ဒီမြေကြီးကိုပုံချလိုက်ရုံပင်။