← Chapters

ချင်လင်ရဲ့အစီအစဉ်! ဘယ်လိုရှင်းပြရမလဲ? ၂

Vol. 22 Ch. 330

ချင်လင်ရဲ့အစီအစဉ်! ဘယ်လိုရှင်းပြရမလဲ? ၂

Vol. 22 Ch. 330

သို့သော် အရင်တစ်ခါလယ်ကွက်ဟောင်းကိုပုံချလိုက်ပြီး အကြောင်းပြချက်ကသိပ်မခိုင်လုံသလိုခံစားနေရသည်။

နောင်မှာ ဒါကိုဖုံးကွယ်နိုင်ဖို့ ဓာတ်ခွဲခန်းတစ်ခုသူဆောက်သင့်သလား?

ဒါဆိုရင် မြေကြီးကိုဓာတ်ခွဲခန်းယူလာပြီး တစ်ခုခုလုပ်မည်။ ဓာတ်ခွဲခန်းမှာလုပ်လေ့ရှိသလို မျိုးစေ့တွေကို မြေကြီးအဖြစ်ပြောင်းနိုင်မည်။

ဓာတ်ခွဲခန်းရှိရင် သုတေသနသမားရှိရမည်။ ဒါကရှာဖို့အခက်ဆုံး။

အကြောင်းတချို့ကြောင့် ချင်လင်က လီခိုင်ကိုတွေးမိသည်။

အစ်ကိုလီက လောင်ထျန်းနှင့်မြေကြီးကိုလက်ခံယုံကြည်သူဖြစ်သည်။

သို့သော် သူ့မိသားစုကိုဖိတ်ကြားနိုင်ပါ့မလား သူမသိ။

သူ့ကိုဆွဲဆောင်ဖို့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းတချို့ပေးပြီး အခွင့်အရေးရှာကြည့်ရမည်။

ထိုအတွေးနှင့် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ဆက်တူးစေလိုက်သည်။

(အရည်အသွေး ၂ ဖရဲသားကျောက်မျက်သတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်)

…

(အထူးမြေကြီးတူးဖော်ရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)

ချင်လင်က နွေဦးသတ္တုတွင်းပဉ္စမအလွှာကိုတူးဖော်ပြီးသွားသောအခါ နောက်ထပ်ကျောက်မျက်သတ္တုနှင့်အထူးမြေကြီးရလိုက်သည်။

ဆဋ္ဌမအလွှာဝင်ပေါက်ကိုလည်း တူးရင်းရောက်သွားသည်။

ဖြစ်ချင်တော့ ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးခိုင်းသောအခါ ဆဋ္ဌမအဆင့်ထဲလုံးဝမဝင်နိုင်ပေ။ နောက်ထပ်အဆင့်ကန့်သတ်ထားသည်။

ထိုအချိန်တွင် ချင်လင်လည်း ဂိမ်းထဲမှ TV စျေးဝယ်အစီအစဉ်၏ပစ္စည်းပို့ရောက်လာကြောင်းအသိပေးစာကိုရလိုက်သည်။

သူက သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံအမြန်ပြန်ပြီး ပစ္စည်းလက်ခံစေလိုက်သည်။ ထို့နောက် ချက်ချင်းထရပ်ပြီး ရုံးခန်းတံခါးလော့ချလိုက်၏။ အတွေးနှင့်ဂိမ်းထဲဝင်လိုက်ရာ မြေပေါ်ပြန့်ကျဲနေသောပစ္စည်းထုပ်များကိုမြင်ရသည်။

မှ: သံလွင်မြို့တော်။

ထုတ်ကုန်: သံလွင်မြို့တော်မှ ဆွဲဆောင်မှုရှိသောအထူးညအိပ်ဝတ်စုံ + စတော့ကင်အစုံ။

တကယ် သံလွင်မြို့တော်ကထပ်လာပြန်ပြီ။

စီးပွားရေးလိုအပ်ချက်လက္ခဏာများဖွံ့ဖြိုးလာပြီးနောက် သံလွင်မြို့တော်ဖွံ့ဖြိုးမှုတစ်ခုခုမှားနေပုံရ၏။ အမှန်ပင်ထူးခြားသည်။

သို့သော် ကောင်းသောကိစ္စပင်။

ချင်လင်ကဓားယူပြီး ပါဆယ်ဖွင့်လိုက်သည်။ အထဲတွင် ပန်းရောင်ညအိပ်ဝတ်စုံနှင့်စတော့ကင်အစုံဖြစ်သည်။

သူက မှတ်ချက်ကိုကြည့်လိုက်သည်:

(ဆက်စီညအိပ်ဝတ်စုံ: အရည်အသွေး ၂)



(အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးအဝတ်အစားဖြစ်သည်။ သံလွင်မြို့တော်တွင် အထူးပြုလုပ်သောထုတ်ကုန်ဖြစ်သည်: အသား +၂၊ သက်သောင့်သက်သာရှိမှု +၂၊ ဆက်စီကျခြင်း +၂၊ ဆွဲဆောင်မှု +၂၊ ညှို့ယူခြင်း +၂၊ ဖြဲနေစဉ်စိတ်လှုပ်ရှားမှု +၂!)

ချင်လင်ကမှတ်ချက်ကိုဖတ်ပြီး အမှတ်တမဲ့တံတွေးမြိုချလိုက်မိသည်။

ဒီဝတ်စုံက တကယ်အရည်အသွေး ၂ ရှိလား?

အရင်အရည်အသွေး ၁ က လူကိုအရမ်းစိတ်လှုပ်ရှားအောင်လုပ်နိုင်သည်။ အရည်အသွေး ၂ ဆို ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ?

အကြောင်းတချို့ကြောင့် သူမျှော်လင့်စောင့်စားမိသည်။

ထို့နောက်…

ချင်လင်က ထိုပါဆယ်များပေါ်မှအချက်အလက်ကို တစ်ထုပ်ချင်းခြစ်ပစ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာ သံလွင်မြို့တော်လိုနေရာမျိုးမရှိ။ လက်ခံသည့်လိပ်စာက ချင်းလင်စံအိမ်မဟုတ်။ ဘယ်သူမှမြင်လို့မဖြစ်ပေ။

ထို့နောက် ချင်လင်က ထိုပါဆယ်များအားလုံးကို ဂိမ်းထဲမှထုတ်လိုက်သည်။

နောက်ဆုံးညနေပိုင်းအလုပ်ဆင်းချိန်ရောက်သောအခါ ကျောက်မိုချင်းကိုဖုန်းဆက်ပြီး လှမ်းခေါ်လိုက်သည်။

ပါဆယ်အထုပ် ၂၀ ကျော်ကို သူတစ်ယောက်တည်းမနိုင်။

ညအိပ်ဝတ်စုံနှင့်စတော့ကင်ပါဆယ်အိတ်က သိပ်မကြီး၍သာတော်တော့၏။ သူတို့နှစ်ယောက်ပြန်သယ်သွားနိုင်သေးသည်။

''ယောက်ျား... ဘာလို့ခေါ်လိုက်တာလဲ?'' ကျောက်မိုချင်းကဇဝေဇဝါနှင့် ရုံးခန်းထဲလျှောက်လာပြီး ပါဆယ်တစ်ထပ်ကြီးကိုမြင်သွားသည်။

ရုတ်တရက် ဒီနေ့ချင်လင်ပြောတာသတိရပြီး သူ့ကိုမျက်စောင်းထိုးကြည့်လိုက်၏။

ဒီလူက ဒီအဝတ်အစားတွေဝယ်ပြီး သူမကိုနှိပ်စက်မှာ။ ဒါပေမဲ့ သူမကိုယ်တိုင်လာပြီး ယူရသတဲ့လား။ လွန်လွန်းအားကြီးတယ်။

ချင်လင်က အပြုံးနှင့်နှုတ်ဆက်လိုက်သည်_ ''မြန်မြန်.. ကူဦး... မင်းအတွက်ဝယ်ထားတာလေ... ကိုယ်မင်းအပေါ်ကောင်းတယ်မလား?''

''ကျွန်မကိုအနိုင်ကျင့်ချင်တာများ... ကျွန်မအပေါ်ကောင်းတယ်ပြောနေသေးတယ်... ယောက်ျား.. အခုတော့ရှင်က ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောတတ်နေပြီပဲ'' ကျောက်မိုချင်းက မကျေမနပ်ပြောလိုက်သော်လည်း ချင်လင်၏ဆန္ဒကိုမငြင်းပေ။

ချင်လင်နှင့်ကျောက်မိုချင်းက ပါဆယ်အထပ်လိုက်ကိုရုံးခန်းအပြင်သယ်ရင်း သတိတရမေးလိုက်သေး၏_ ''အရောင်တွေအများကြီးပဲ... ဘယ်အရောင်ဝတ်ချင်လဲ? ပန်းရောင် အနက်ရောင် ခရမ်းဖျော့...''

''ချင်လင်... သေချင်လို့လား? သူများကြားသွားမှာ မကြောက်ဘူးလား?'' ကျောက်မိုချင်းက ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး ခပ်မြန်မြန်လျှောက်သွားသည်။ ဒီမဟုတ်တရုတ်ကောင်ကို အိမ်မရောက်ခင်အထိ လျစ်လျူရှုထားရမည်။

သူမက ပါဆယ်ပေါ်မှအချက်အလက်များခြစ်ထားသည်ကိုမြင်သွား၏။

ဘယ်လိုဖုံးကွယ်ရမယ်ဆိုတာတော့ သိသေးသားပဲ၊ ဒါပေမဲ့ အိမ်ကိုပို့ခိုင်းလို့မရဘူးလား?

ကားပါကင်ရောက်သောအခါ လင်းဖန်၏အံ့ဩနေသောအကြည့်အောက်တွင် မြန်မြန်ဆန်ဆန်ကားပေါ်ပါဆယ်ထုပ်များသွားတင်လိုက်၏။

အိမ်ပြန်ရောက်လျှင် သူတို့နှစ်ယောက်အခန်းထဲဝင်ဝင်ချင်း ကျောက်မိုချင်းက သူမလက်ထဲမှအိတ်ကိုချလိုက်ပြီး ရုတ်တရက်ငြင်ငြင်သာသာရှေ့တိုးသွားသည်။ ချင်လင်၏လည်ပင်းကိုသိုင်းဖက်လိုက်ကာ_ ''ယောက်ျား... ရှင်ဝတ်စုံတွေအများကြီးဝယ်လာတာ... သေချာလေးရွေးလိုက်... ဘယ်ဟာဝတ်ချင်လဲ?''

“ဘယ်လို?” ချင်လင်ကြောင်သွားသည်။

သူဝတ်ရမှာလား?

တစ်ခုခုမှားနေပြီနော်?

…

နောက်တစ်နေ့၌_

ချင်လင်နိုးလာသောအခါ ကျောက်မိုချင်းကအိပ်နေဆဲ။

မနေ့ညကအရူးထခဲ့တာတွေသတိရပြီး သူ့နှုတ်ခမ်းကပြုံးလာသည်။

ဂိမ်းထဲက TV အင်တာနက်ကဝယ်တဲ့အဝတ်အစားတွေရဲ့ဖျော်ဖြေနိုင်စွမ်း တကယ်ကောင်းတာပဲ။

ကျောက်မိုချင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုကြည့်ရင်း မနေ့ညကသူဘယ်လောက်အရူးထခဲ့ကြောင်း သူသိသည်။

ကျောက်မိုချင်းက သူ့လိုစွမ်းအားပင်အသီးစားထားသူမဟုတ်။ ဒီနေ့သူမအိပ်ရာထဲမှာပဲနေရတော့မည့်ပုံရှိနေသည်။

သို့သော် ကျောက်မိုချင်း၏စိတ်ကျေနပ်သော တော်ရိလျော်ရိချစ်စရာကောင်းသောအကြည့်လေးက အလွန်နှစ်လိုဖွယ်ကောင်းနေဆဲ။





မိန်းကလေးဆိုတာ နှလုံးသားနဲ့ရေလောင်းပေးရမယ့် ပန်းလေးတစ်ပွင့်တဲ့။ ဒီစကားသိပ်မှန်တယ်။

ချင်လင်က အိပ်ရာထ၊ ကိုယ်လက်သန့်စင်ကာ မနက်စာစားပြီးနောက် ဂိုဒေါင်သွားပြီး ဒီနေ့ပစ္စည်းများကိုဂိမ်းထဲမှထုတ်၍ စံအိမ်ပို့လိုက်သည်။ ဒီမနက် အရေးတကြီးလုပ်စရာမရှိသောကြောင့် သူ့ရုံးခန်းထဲပြန်ရောက်ရောက်ချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းကစားလိုက်သည်။

သို့သော် ဒီနေ့နိုထရီဒိန်းတောင်တွင် အထူးသစ်ပင်မရှိ၊ တောင်တန်းထွက်ကုန်မရ။ သတ္တုမြို့တော်ဝင်ပြီး မည်သည့်ဇာတ်ကွက်တာဝန်မှမတွေ့ခဲ့ရချေ။

မနေ့ကပြန်ပေါ်လာသော TV စျေးဝယ်အစီအစဉ်ကြောင့် ဒီနေ့သူ့ကံတွေပါသွားပုံရလေသည်။

ချင်းလင်စံအိမ်တွင် ဆောက်လုပ်ရေးနေရာများစွာရှိသည်။ မူလခန်းမနှင့်မလှမ်းမကမ်းတွင် ဖြည်းဖြည်းချင်းဆောက်နေသော ရှေးပုံစံခြံဝင်းကြီးရှိသည်။ အပြင်ပန်းကြည့်လျှင် လုပ်ငန်းစဉ်ကအလွန်လျင်မြန်ပြီး ခြံဝင်းမှာမြန်မြန်ဆန်ဆန်ပြီးသွားမည့်ပုံရှိနေသည်။

ခြံဝင်းရှေ့တွင် ကြီးမားသောကျောက်စာကိုမြင်နိုင်သည်။ ကျောက်ပြားပေါ်တွင် ''ရှေးဟောင်းဂင်ဂိုဥယျာဉ်''ဟူ၍ ကမ္ဗည်းထိုးထား၏။

ထိုနေရာမှာ နှစ် ၅၀၀ သက်တမ်းရှိဂင်ဂိုပင်နှစ်ပင်ရှိသောနေရာဖြစ်သည်။ အရင်နှင့်နှိုင်းစာလျှင် ထိုနေရာမှာ အကြီးအကျယ်ပြောင်းလဲသွားလေပြီ။

ခြံဝင်းထဲတွင် ဆောက်လုပ်ရေးလုပ်သားများက အလွန်ကြီးသောကျောက်စာတိုင်ကြီးကို ထောက်ကန်ပေးနေကြသည်။

ကျောက်စာတိုင်ပေါ်တွင် ထွင်းထားသောစာလုံးများရှိ၏။

ထိုစာလုံးများမှာ နှစ် ၅၀၀ သက်တမ်းရှိဂင်ဂိုပင်နှစ်ပင်၏ပုံပြင်ဖြစ်ပေသည်။

ဆရာလင်းကဘေးမှာရပ်ပြီး ထိုလုပ်သားများအလုပ်လုပ်နေသည်ကိုစောင့်ကြည့်နေ၏။ သူကကျောက်စာတိုင်ကြီးပေါ်မှပုံပြင်ကိုကြည့်ရင်း ပြုံးနေသည်။

ထိုပုံပြင်က သူနှင့်ဂင်ဂိုပင်နှစ်ပင်၏ပုံပြင်ဖြစ်သည်လေ။

သူ့အဘိုးနှင့်ပြေးလာသောအချိန်မှစ၍ ဂင်ဂိုပင်နှစ်ပင်ကိုကယ်နိုင်သောအချိန်အထိ။

သူက ဂင်ဂိုပင်နှစ်ပင်ကို ထပ်ပြီးမော့ကြည့်လိုက်သည်။ အရွက်တွေက အလွန်မြန်မြန်ဆန်ဆန်ထွက်နေဆဲ။

နှစ်သစ်မရောက်ခင်က ညှိုးခြောက်ပြီး အရွက်တစ်ရွက်မှမရှိတဲ့အပင်ဂတုံးက အခုတော့ နည်းနည်းခမ်းနားနေပြီတဲ့။

ဒီနှုန်းက ပုံမှန်မဟုတ်။

သူဌေးက ဒီအပင်ဘယ်လိုလုပ်ဒီလောက်မြန်မြန်ဖြစ်နေတာလဲ သေချာပေါက်မေးလိမ့်မည်။ နွားချေး၊ မြေဩဇာနှင့် အထူးမြေကြီးက သူဌေးလက်ခံနိုင်လောက်တဲ့ရှင်းပြချက်ဖြစ်မလား သူစဉ်းစားနေမိသည်။

သူဌေးကိုအရူးလုပ်နိုင်ဖို့ လယ်ကွက်ထဲကမြေကြီးကိုတိတ်တိတ်လေးတူးပြီး ဂင်ဂိုပင်နှစ်ပင်ပတ်ပတ်လည်တွင်သွားသိပ်ထားသေးသည်။

မကြာမီ_

အလုပ်သမားများက ကျောက်စာတိုင်ကြီးကိုထောင်လိုက်သည်။ ဆောက်လုပ်ရေးတာဝန်ခံက ဂင်ဂိုပင်နှစ်ပင်ကိုမော့ကြည့်ရင်း သက်ပြင်းချကာ_ ''ဆရာလင်း... ခင်ဗျားတို့စံအိမ်ထဲက ဒီနှစ်ပင်က အပင်ဖြစ်အရမ်းမြန်ပဲ''

သူကနေ့တိုင်းနီးပါး လူတွေခေါ်လာပြီး အလုပ်လုပ်ခဲ့သည်။ နေ့တိုင်းထူးခြားတာ သိသာသည်။

ဆရာလင်းက ထိုစကားကြားလျှင်ထိတ်လန့်ပြီး ချက်ချင်းလျှောချလိုက်၏_ ''တကယ်တော့ ဒီနှစ်ပင်ကမဖြစ်ပါဘူး... သူတို့မှာ ကိုင်းတွေ အရွက်တွေပဲရှိတာ... သစ်ပင်တွေက အရမ်းကြီးနေလို့... နောက်ပြီး နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်တွေလေ... ကိုင်းနဲ့အရွက်ထွက်တာ အရမ်းမြန်တယ်... နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်မြင်ဖူးလား?''

တာဝန်ခံပုဂ္ဂိုလ်က အံ့ဩပြီးခေါင်းခါလိုက်သည်။ တကယ်လည်း နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်ကိုမမြင်ဖူး။

ဆရာလင်းက ချက်ချင်းပင်_ ''အရင်ကမမြင်ဖူးတာဆိုရင် မှန်နေပြီ... အဲဒါကြောင့် အခုထူးဆန်းနေတာ... နှစ် ၅၀၀ သက်တမ်းကျော်တဲ့အပင်ကဘယ်လိုအဓိပ္ပါယ်ရှိလဲသိလား? ဆိုရိုးစကားရှိတယ်... နှစ် ၁၀၀ သက်တမ်းအပင်မှာ ဝိဉာဉ်ရှိတယ်တဲ့... ဒါနှစ် ၅၀၀ ရှိနေပြီ... ဝိဉာဉ်နဲ့ဆိုင်တယ်... သူ့ကိုင်းနဲ့အရွက်တွေက အဖြစ်မြန်တယ်''

''ငါ ၈ နှစ်သားတုန်းက ဒီဂင်ဂိုပင်နှစ်ပင်ဆီကို အဘိုးနဲ့ထွက်ပြေးလာခဲ့တာ... အဲဒီတုန်းက ဒီအပင်နှစ်ပင်မှာ သေချာပေါက်ဝိဉာဉ်ရှိမယ်ဆိုတာ ငါသိတယ်''

''ဒီအကြောင်းပြောမှ မင်းမယုံလောက်ဘူး... အဲဒီတုန်းက လူဆိုးတွေငါတို့ကိုလိုက်ရှာနေတာ... ညညဆို ဓာတ်မီးတွေနဲ့လိုက်တာ... အဲဒီတုန်းက ဒီအပင်ကကယ်ခဲ့တာပေါ့... ဒီအပင်က တေးသံတွေထွက်နေသလိုလိုနဲ့ ငါတို့ကိုလိုက်နေတဲ့လူဆိုးတွေကိုခြောက်လှန့်ခဲ့တာလေ''

တဖြည်းဖြည်းနှင့် စိတ်ကူးယဉ်ဆန်ပြီး အဓိပ္ပါယ်မရှိတာတွေဖြစ်လာသည်။ ဆရာလင်းရဲ့အဓိပ္ပါယ်မရှိတာတွေက ဒဏ္ဍာရီနီးနီးဖြစ်နေတာ ကျေးဇူးတင်ရဦးမည်။

တာဝန်ခံပုဂ္ဂိုလ်က ဆရာလင်းကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။

ဒီဘိုးတော်က သူတို့ကိုငတုံးများမှတ်နေလား? ဒီလိုမဟုတ်တရုတ်တွေကို ဘယ်သူယုံမှာလဲ?

သို့သော် ထိုအချိန်တွင် ရုတ်တရက်ဂင်ဂိုပင်နှစ်ပင်မှလေတိုးသံထွက်လာသည်။

တာဝန်ခံပုဂ္ဂိုလ်ကကြောင်သွားပြီး အမှတ်တမဲ့ဂင်ဂိုပင်နှစ်ပင်ကိုကြည့်လိုက်မိသည်။

''???'' ဆရာလင်းက ပိုတောင်ကြောင်သွား၏။ သူကငေးကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်။

သစ်ပင်မှ အမှန်ပင်အသံထွက်လာသည်။

ဒါပေမဲ့သူက အခုမှလုပ်ကြံပြောထားတာလေ။

ဒါသူဌေးကိုဘယ်လိုလုပ်ရှင်းပြမလဲ?

ရှင်းပါတယ်။

ဒီဂင်ဂိုပင်နှစ်ပင်က အပင်ဖြစ်တာအတိုင်းအတာတစ်ခုရောက်ပြီ။ အရင်ချင်လင်သုံးထားတဲ့သံသာပင်က အစွမ်းပြလာတာပေါ့။





All Chapters