← Chapters

မိစ္ဆာအရိပ်ပေါ်လာခြင်း။

Vol. 20 Ch. 282

မိစ္ဆာအရိပ်ပေါ်လာခြင်း။

Vol. 20 Ch. 282

ချင်းယွင်ဓား။

လုချန်ရှန်းက ယဲ့ချိုးပိုင်ကို တပည့်အဖြစ်ခေါ်ယူစဉ်က ပေးထားသောလက်ဆောင်ဖြစ်လေသည်။

ထိပ်တန်းအဆင့် သူတော်စင် ရှေးဟောင်းပစ္စည်းဖြစ်လေသည်။

မဟူရာမိစ္ဆာဓားနှင့်စာလျှင် ၎င်းက ပို၍ အဆင့်မြင့်လေသည်။

ယဲ့ချိုးပိုင်က တောင်ပိုင်းဒေသတွင် တခါအသုံးပြုဖူးပေသည်။

သို့သော်လည်း ယဲ့ချိုးပိုင်က ၎င်းကိုဆွဲထုတ်ရန် စွမ်းရည်မရှိခဲ့ပေ။

လက်ရှိ ယဲ့ချိုးပိုင်က လက်တစ်ဖက်ဖြင့် ဓားအိမ်ကိုကိုင်ထားကာ ဓားရိုးကို တစ်ဖက်က ကိုင်ထားလေသည်။

ဓားတာအို နိယာမက ကျယ်ပြန့်စွာ ထိုးထွက်လာသည်။

ယန်ချီနှင့် ယန်ယွိ့ဝမ်တို့နှစ်ဦးစလုံးက ထိတ်လန့်သွားလေသည်။

ဒီဓားက ဘာအမျိုးအစားလဲ။

ဒါက တကယ့်ကို ကြောက်စရာကောင်းတာဘဲ။

ထို့အပြင် ဓားချီကိုကြည့်လိုက်ရုံဖြင့် ဓားဆန္ဒအရှိုန်အဝါနှင့် ခြားနားလေသည်။

သို့သေည်လည်း ၎င်းက ဓားဆန္ဒထက် ပို၍ နက်ရှိုင်းပြီး ထက်ရှလေသည်။

လူအိုကြီးပင် ထိတ်လန့်သွားလေသည်။

ဓားဆန္ဒက ဓားကျင့်ကြံသူ၏ ဓားတာအိုအပေါ်နားလည်မှု့ကို မူတည်၍ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်များကို ထုတ်ဖော်ချိန်တွင် သူ၏ ဓားတာအို၏ နားလည်မှု့ကို ပြသနေသည်။

ထို့ကြောင့် လူတိုင်း၏ ဓားဆန္ဒသည် အမှန်ပင် မတူညီကြပေ။

အချို့လူများ၏ ဓားဆန္ဒက မြစ်တစ်စင်းလိုပင်။ ၎င်းက ကျဉ်းမြောင်းပေမဲ့ ရှည်လျှားသည်။

အတူတကွစုဝေးသွားသည့်အခါတွင် ၎င်းက မြစ်တစ်စင်း သို့ ပင်လယ်တစ်ခုအသွင်သို့ ပြောင်းလဲသွားနိုင်သည်။

အချို့လူများ၏ ဓားဆန္ဒက ချွန်ထက်သော လှံတစ်ချောင်းလို သေးငယ်သော်လည်း ထက်ရှကာ မျက်နှာပြင်များကို ထိုးဖောက်နိုင်သည်။

ယခု ယဲ့ချိုးပိုင်လက်ထဲရှိ ဓားအိမ်ထဲတွင် ဖုံးကွယ်နေသော ရှေးဟောင်းဓားက ဓားချီများကို သယ်ဆောင်ထားလေသည်။

သို့သော်လည်း ၎င်းက သာမန် ဓားဆန္ဒနှင့် ခြားနားနေသည်။

၎င်းက တစ်ဦးချင်း ဓားတာအိုအပေါ်နားလည်မှု့မဟုတ်ပေ။

 ယင်းက ကြီးမြတ်သော ဓားလမ်း‌စဉ်၏ စည်းမျဉ်းဖြစ်လေသည်။

သူက မကြားဖူးသလို မမြင်ဖူးပေ။

ဘယ်လိုစွမ်းအားမျိုးလဲ။

၎င်းက ဆန္ဒနယ်ပယ်များအားလုံးထက် ကျော်လွန်နေပေသည်။

ကောင်းကင်ဘုံတာအိုလို ဖြစ်နေလေသည်။

ယဲ့ချိုးပိုင်က ချင်းယွင်ဓားကို လက်ဖြင့် ထိတွေ့လိုက်သည်။

သူ့မျက်လုံးထဲတွင် အရူးအမူးဖြစ်ခြင်း၊ လေးစားခြင်းနှင့် သတိရခြင်းများရှိနေလေသည်။

“ငါမင်းကို အခု ဆွဲထုတ်နိုင်ပါ့မလား၊ ဘယ်လောက်ဆွဲထုတ်နိုင်မလဲ၊ ငါမင်းရဲ့ ခွန်အားကို တောင့်ခံနိုင်ပါ့မလာ…”

သူ့ဆရာက တစ်ခါပြောဖူးသည်။ မလိုအပ်ဘဲနဲ့ မလုပ်ပါနဲ့။

သူက ချင်းယွင်ဓားကို အတင်းအကျပ်ဆွဲထုတ်လိုက်ပါက သေချာပေါက် အတွင်းရှိ ဓားတာအိုနိယာမက သူ့ကို ပြန်ဒဏ်ဖြစ်စေလိမ့်မည်။

အကျိုးဆက်က သူသေပင်သေသွားနိုင်မည်။

သို့သော်လည်း ထိုအချိန်က ယဲ့ချိုးပိုင်၏ နယ်ပယ်အဆင့်က နိမ့်ပါးနေကာ သူ၏ ဓားတာအိုအပေါ်နားလည်မှု့က အလွန်နိမ့်ကျ၏။

ယခုတော့…

သူက ချန်းယွမ်နယ်ပယ် အထွတ်အထိပ်နှင့် ဓားဘိုးဘေးနယ်ပယ်ကိုရောက်နေပြီဖြစ်နေပြီဖြစ်လေသည်။

သူက တချက်ကြိုးစားကြည့်ချင်နေသည်။

ထိုဓားအိမ်အတွင်းရှိ ချင်းယွင်ဓားက ဘယ်လိုလဲဆိုတာကို သိချင်နေသည်။

ယဲ့ချိုးပိုင်၏ စွဲလမ်းမှု့ကို ထိုဓားက ခံစားနေမိသလိုပင်။

ဓားအိမ်အတွင်းရှိ ချင်းယွင်ဓားက ဓားငိုကြွေးသံလို အသံများထွက်ပေါ်လာသည်။

 ယဲ့ချိုးပိုင်အနားတွင် တာအိုနိယာမ အမျှင်တန်းများက ဝန်းရံနေပြီး သူ့ခန္ဓာကိုယ်အတွင်းရော အပြင်ပါ ဓားဆန္ဒများက ဖြစ်ပေါ်လာသည်။

၎င်းတို့က ယဲ့ချိုးပိုင် တုံ့ပြန်နေသလိုပင်။

လူအိုကြီး၏ အမူအရာကလည်း လေးနက်လာသည်။

ယဲ့ချိုးပိုင်လက်ထဲရှိ ချင်းယွင်ဓားနှင့် ရင်ဆိုင်ရချိန်တွင် သူက ရှင်းပြမရသော အန္တရယ်တစ်ခုကို ခံစားနေရသည်။

ထိုခံစားချက်က သူ့ဘဝတွင် ၂ ခါသာရှိခဲ့ဖူးသည်။

ပထမအကြိမ်က တားမြစ်နယ်မြေတွင် အသက်အန္တရာယ်ရင်ဆိုင်ခဲ့ရတုန်းကဖြစ်၏။

ဒုတိယအကြိမ်က ယခုအခါတွင်ဖြစ်လေသည်။

‘ဒါကို ဆက်လုပ်ခွင့်ပေးလို့မရဘူး…’

လူအိုကြီး၏ အမူအရာက လုံးဝနက်မှောင်နေသည်။ သူ၏ မျက်နှာက လုံးဝဖြူဖွေးကာ သူ၏ မျက်ခုံးများကိုပင် တင်းကြပ်နေသော မျက်မှောင်ကြုတ်ထားသည်။

သူက ရထားလုံးအပြင်ဘက်ရှိ ယန်ယွိ့ဝမ်ကို ကြည့်လိုက်လေသည်။

သူမကို ရှင်းထုတ်ပြစ်ရမည်ဖြစ်သည်။

ထိုမှသာ သူက မြန်မြန်ထွက်သွားနိုင်မည်ဖြစ်သည်။

ထိုသို့ဖြင့် လူအိုကြီးက ကျင့်ကြံသူတစ်ဦး၏ ကျင့်ဝတ်ကိုပင် စောင့်ထိန်းမနိုင်တော့ပေ။

ယန်ယွိဝမ်၏ နှဖူးသို့ လက်ညိုးဖြင့် ထိုးလိုက်လေသည်။

သူက အမြန်ဆုံး ယန်ယွိဝမ်ကို ရှင်းထုတ်မှရမည်။

မဟုတ်ပါက ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှု့ကို ရင်ဆိုင်ရပါက သူသေသွားနိုင်လေသည်။

တစ်ဖက်တွင် ယဲ့ချိုးပိုင်က ဓားရိုးအပေါ် လက်တင်ထားလေသည်။

သူက ချင်းယွင်ဓားကို ဆွဲထုတ်ချင်နေသည်။

သို့သော်လည်း ဘယ်လိုကြောင့် ချင်းယွင်ဓားကို အလွယ်တကူ ဆွဲထုတ်၍ ရမည်လဲ။

သူက အစွမ်းကုန်သုံး၍ ဆွဲထုတ်လိုက်သောအခါ သူက အလွန်ပြင်းထန်သော ခုခံအားကို ခံစားလိုက်ရသည်။

ဓားတာအိုနိယာမ အမျှင်တန်းတစ်ခုက သူ့လက်ဝါးမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်လာ၏။

ထိုအရာက သူ့ခန္ဓာကိုယ်ကို အကြီးအကျယ် ပျက်ဆီးစေသည်။

နာကျင်မှု့က တောင့်မခံနိုင်ပေ။

ယဲ့ချိုးပိုင်၏ နှဖူးနှင့် နားထင်ရှိ သွေးကြောများထောင်ထလာသည်။

၎င်းက အလွန်အမင်း ကြမ်းတမ်းလှပေသည်။

တစ်ဖက်တွင် လူအိုကြီးက သူ့ပြစ်မှတ်ကို ယန်ယွိဝမ်ဆီသို့ ပြောင်းလိုက်သည်ကို မြင်သော် ရှောင်ဟေး၏ မျက်လုံးများက ကျဉ်းမြှောင်းသွားလေသည်။

သူတို့၏ တာဝန်က ယန်ယွိ့ဝမ်ကို ဉာဏ်အလင်းနဂါးမြို့သို့ လုံခြုံစွာ ပို့ဆောင်ပေးရန်ဖြစ်လေသည်။

သူမသာ ဤနေရာတွင် သေသွားခဲ့လျှင် သူတို့ တာဝန်လည်း ကျရှုံးပြီဖြစ်သည်။

သူတို့လုပ်ခဲ့သည်များက အရာထင်တော့မည်မဟုတ်ပေ။

မဖြစ်ဘူး။

ဒီလိုလုပ်လို့မရဘူးလေ။

ရှောင်ဟေးက ဟိန်းဟောက်လိုက်ကာ လေဟာနယ်အတွင်းသို့ ဝင်ရောက်လာသည်။

လေထုက တုန်ခါသွား၏။

ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်ခဲပြစ်ချလိုက်သလိုပင် ရှောင်ဟေး၏ ခြေအောက်တွင် ချိုင့်ခွက်ရာများပေါ်လာသည်။

ထိုကြောင့် ရှောင်ဟေးက တဟုန်ထိုးပြေးလွှားနေသည့် ခန္ဓာကိုယ်ကို အတင်းအကျပ်ရပ်တန့်လိုက်လေသည်။

နောက်ထပ်ခြေလှမ်းတစ်ခုဖြင့် သူက ယန်ယွိဝမ်ဆီသို့ ပြေးဝင်သွားလိုက်၏။

အသားညိုညိုနှင့် ကြီးမားသော နောက်ကျောကို မြင်လိုက်သောအခါ ယန်ယိဝမ်က အတန်ငယ် မှင်သက်သွားလေသည်။

သူမက တစ်ခုခုပြောချင်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပေ။

သို့သော်လည်း ထိုအခိုက်တွင် သူမ နှလုံးသားထဲတွင် ရှင်းပြမရသော ခံစားချက်တစ်ခုပေါ်လာခဲ့လေသည်။ သူမက ဘာကိုမှ လက်လွတ်မပေးနိုင်တော့ပေ။

ဉာဏ်အလင်းနဂါးမြိုတော်တာဝန်အပါ၊

သူမအကိုကြီး ယန်ချီ၊

ယန်မိသားစု၏ အကျိုးအမြတ်များအပါဝင်ဖြစ်လေသည်။

ယန်ချီလည်း ခံစားသွားရသည်။

သူတို့က ကြေးစားများသာဖြစ်လေသည်။

သို့သော်လည်း သူတို့က တာဝန်ကြောင့် ထိုအရာကို လုပ်နိုင်ချင်ဖြစ်သည်။

လူအိုကြီးက ရှောင်ဟေးကိုမြင်သော် အေးစက်စွာ နှာမှုတ်လိုက်ပြီး “မင်းရဲ့ ကိုယ်ကာယက သန်မာတယ်ဆိုပေမဲ့ နယ်ပယ်ကွာခြားမှု့ကို တော်ရုံနဲ့ ဖြည့်ဖို့ မလွယ်ကူဘူး”

သူက စကားဆုံးသည်နှင့် သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့် စိတ်ဝိဉာည်ချီများက လူအိုကြီး၏ လက်ညိုးတွင် စုဝေးလာလေသည်။

ထို့နောက် စိတ်ဝိဉာည်ချီအလင်းတန်းငယ်တစ်ခု ရှောင်ဟေးနှင့် နောက်ရှိ ယန်ယွိဝမ်ဆီသို့ တိုးဝင်သွားလေသည်။

၎င်းက စိတ်ဝိဉာည်ချီအစက်ပြောက်လေးတစ်ခုအဖြစ်သိပ်သည်းသွားတော့သည်။

ထိုးဖောက်နိုင်စွမ်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။

ရှောင်ဟေးအတွက် ထိုသို့တိုက်ခိုက်မှု့များက ပို၍ သက်ရောက်မှု့အားကောင်းလေသည်။

ကောင်းကင်ရှိ ရှစ်ရှန်းက ထိုမြင်ကွင်းကို မြင်သော် စိုးရိမ်သွား၏။

သို့သော်လည်း သူထွက်မသွားနိုင်ပေ။

သူ့ ရှစ်ရှုံးက ဓားကို ဆွဲထုတ်နေပြီဖြစ်၏။ သူထွက်သွားလိုက်ပါက စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးပြုတ်ကျလာချိန်တွင် အချိန်ဆွဲပေးမဲ့သူရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း သူမသွားလျှင် စစ်ရှစ်ရှုံးက…

သူက တစ်စုံတစ်ခုကို အာရုံခံမိလိုက်လေသည်။

ရှောင်ဟေးက ဟိန်းဟောက်ကာ “ထားလိုက်၊ ရှစ်တိ၊ တာ့ရှစ်ရှုံးကို ကူညီလိုက်”

သူစကားမဆုံးခင်တွင် စိတ်ဝိဉာည်ချီအလင်းတန်းက အနားသို့ရောက်လာပြီဖြစ်သည်။

ရှောင်ဟေးက ဟိန်းဟောက်လိုက်သည်။

မိစ္ဆာချီများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။

သူ၏ မျက်လုံးများသည်လည်း အရိပ်များဖြင့် ဖုံးလွှမ်းသွားလေသည်။

သူ့ မျက်ခုံးနှစ်ဖက်ကြားတွင် အနက်ရောင်မီးတောက်တစ်ခုက တောက်ပစွာ လောင်ကျွမ်းနေသည်။

မိစ္ဆာနတ်ဘုရားတစ်ပါး သက်ဆင်းလာလေပြီ။

ရှောင်ဟေးက မိစ္ဆာအခြေအနေသို့ရောက်နေချိန်ပင် အသိစိတ်ကို ထိန်းသိန်းထားနိုင်သည်။ မိစ္ဆာချီများက သူ့နောက်တွင် စုဝေးလာပြီး မိစ္ဆာအရိပ်ကြီးတစ်ခုဖြစ်ပေါ်လာသည်။ မိစ္ဆာအရိပ်ကြီးက ပုံရိပ်ယောင်တစ်ခုဖြစ်၍ အနက်ရောင်မြူများဖြင့်ဖုံးကွယ်နေသည်။

 သို့သော်လည်း ထိုအရိပ်ကြီးက ရှောင်ဟေးနှင့် ခပ်ဆင်ဆင်တူသည်ကိုတော့ ဝိုးတဝါးနှင့် မြင်နိုင်လေသည်။

တစ်ချိန်တည်းမှာ ရှောင်ဟေး၏ အနက်ရောင်ခန္ဓာကိုယ်တွင် မျဉ်းကြောင်းသုံးကြောင်းပေါ်လာလေသည်။

မီးစွမ်းအား၊ ရေခဲစွမ်းအားနှင့် သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒတို့ဖြစ်လေသည်။

၎င်းက ထိုမျဉ်းကြောင်းသုံးခုနှင့်အတူ မြင့်တက်လာလေသည်။

ဆန့်ကျင့်ဘက်ဆိုလျှင် ရှောင်ဟေ၏ ခန္ဓာကိုယ်ရှိ သွေးများက တလိမ့်လိမ့်တက်လာလေသည်။

မျဉ်းကြောင်းသုံးကြောင်းဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကျင့်ကြံသူ၏နောက်ရှိ မိစ္ဆာအရိပ်ကြီးကို မြင်သော် လူအိုကြီးမျက်လုံးများက ကျဉ်းမြောင်းသွားသည်။

မိစ္ဆာချီများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။

All Chapters