← Chapters

အခန်း (၆၉၈)

Vol. 45 Ch. 698

အခန်း (၆၉၈)

Vol. 45 Ch. 698

“အား ရွံစရာကောင်းလိုက်တာ...”

ထွေးထုတ်လိုက်ပြီးသည့်နောက်တွင် ဗစ်တိုးရီးယား၏ ချစ်စရာကောင်းသည့် မျက်နှာလေးသည် ဖြူဖက်ဖြူယော်ဖြစ်သွားတော့၏။ သူမသည် အပြင်သို့ ပြေးထွက်သွားရင်းဖြင့် အော်ဟစ်လိုက်တော့သည်။ “ရေ င့ါကိုရေပေးပါ။ အာလုပ်ကျင်းမှရမယ်...အား...ရေ..”

သူမသည် တစ်ဖက်သို့လှည့်ပြီး ဖှေးအား ကြည့်ကာ ပြောလိုက်သည်။ “ဒီစာရွက်စာတမ်းတွေက ငါလုပ်ပေးထားတဲ့ စာရင်းတွေပဲ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘဏ္ဏာရေးမှတ်တမ်းတွေက အတော်လေး ရှုပ်ယှက်ခက်နေတယ်။ တစ်ချက်ကြည့်လိုက် နင်သဘောကျတယ်ဆိုရင် တံဆိပ်တုံးထုပေးလိုက်...ထွီ...”

ထို့နောက်တွင် သာမန်အားဖြင့် အပျင်းကြီးကာ လောဘကြီးတတ်သည့် မင်းသမီး ဗစ်တိုးရီးယားသည် သွားတိုက်ရန်အတွက် အလျင်စလိုဖြင့် ထွက်ပြေးသွားတော့၏။

“ဟားဟားဟားဟား...” ညစာစားခန်းထဲတွင်ရှိနေသည့် လူများအားလုံးကျယ်လောင်စွာရယ်မောလိုက်မိကြတော့သည်။ ရက်ကွန်းကောင်လေးသည် ဗစ်တိုးရီးယားချသွားခဲ့သည့် အသားကင်ကို ပြန်လည်ကောက်ယူကာ စားနေတော့၏။

ညစာစားပြီးသည့်အချိန်တွင် ညဥ့်နက်လာပြီဖြစ်၏။

၀န်ကြီးချုပ် ဘတ်စ်သည် ဘုရင့်နန်းတော်ဂိတ်တံခါးထံသို့ ရထားလုံးတစ်ခုကို စေလွတ်ထားပြီးဖြစ်သည်။ ထိုရထားလုံးသည် အန်ဂျယ်လာအား အိမ်ပြန်ပို့ရန်အတွက်ဖြစ်၏။ သူတို့အတွက် လက်ထပ်ပွဲမစမှီအချိန်တွင် ပြင်စဥ်စရာရှိသည်များကို ပြင်ဆင်ရမည်ဖြစ်သောကြောင့်ပင်။

ဘုရင်၏ ယောက္ခမကြီးသည်အသတ်လတ်ပိုင်းအရွယ်တွင် သူ၏ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် သူ၏သမီးသည် တစ်ဦးတည်းသော မိသားစု၀င်တစ်ယောက်ပင်။ အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်ပြီးသည့်နောက်တွင် သူ၏ ဘ၀သည် စတင်၍ ပြောင်းလဲလာပြီဖြစ်သည်။ ထို့ကြောင့် သူသည် သမီးဖြစ်သူ၏ မင်္ဂလာပွဲအား အတော်လေးအာရုံစိုက်ကာ ဆွေကြီးမျိုးကြီးထုံးတမ်းစဥ်လာများနှင့်အညီပြင်ဆင်နေ၏။

အန်ဂျယ်လာသည် ဖှေးနှင့်အတူညစာစားပြီးချိန်တွင် သူမအဖေထံသို့ အန်မာနှင့်အစေခံကောင်မလေးလေးယောက်တို့နှ့င်အတူ ပြန်သွား၏။

တိုက်ပေါ်တွင်ရှိသည့် ထုံးတမ်းစဥ်လာများအရ အန်ဂျယ်လာသည် လက်ထပ်ပွဲပြီးမှသာလျှင် နန်းတော်သို့လာရောက်၍ ဘုရင်နှင့်အတူ နေထိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။

မကြာမှီတွင် အန်ဂျယ်လာနှင့် ကောင်မလေးများပြန်သွားကြပြီးသည့်နောက်တွင် ဖှေးသည် တိုးရိစ်အား ခေါ်ပြီးတာ၀န်တစ်ချို့ပေးလိုက်သည်။ ထို့နောက်တွင် ဗိုက်ပြည့်နေသည့် ရက်ကွန်းကောင်လေးနှင့်အတူ အိပ်ယာ၀င်လိုက်တော့သည်။

ညစာစားပြီးချိန်တွင် ရက်ကွန်းကောင်လေးသည် ဘောလုံးတစ်လုံးကဲ့သို့ပင် လုံးကာ ထိုင်ခုံတစ်ခုပေါ်တွင် အိပ်ပျော်နေ၏။

တစ်ဖက်တွင်ဖှေးသည် ကစဥ့်ကလျားပုလ္လင်ကို ဆင့်ခေါ်လိုက်သည်။ လေပေါ်တွင် ပျံသန်းနေသည့် ပုလ္လင်ပေါ်တွင် တက်ထိုင်နေရင်းဖြင့် လျို့၀ှက်သည့် ခရမ်းရောင်စာလိပ်ထဲတွင်ရေးထားသည့် ကျင့်စဥ်များကို စတင်၍ လေ့ကျင့်တော့သည်။ သူ၏ စွမ်းအားများလည်းမြင့်တက်လာခဲ့သည့်အတွက်ကြောင့် သူ၏အမြင်များသည်လည်း ပို၍ ကျယ်ပြန့်လာခဲ့သည်။ ၀ိဉာဥ်စွမ်းအင်သည် ပို၍ပို၍ အရေးကြီးလာသလို ဖှေးခံစားနေရသည်။ ထို့ကြောင့် သူသည် နေ့စဥ်၀ိဉာဥ်စွမ်းအားတိုးမြှင့်အောင်လေ့ကျင့်နေ၏။

လူပေါင်းများစွာသည် ဘုရင်၏ စွမ်းအားများများစွာမြင့်တက်လာသည်ကို သိကြသော်လည်း သူတစ်ရက်တွင် နှစ်နာရီခန့်သာ အိပ်သည်ဆိုသည်ကိုမူ လူအနည်းငယ်သာသိရှိကြ၏။ ထိုအချိန်များတွင် သူသည် ကျင့်ကြံနေလျှက်သာရှိ၏။ သူသည် ဒိုင်ယာဘလိုကမ္ဘာအားပိုင်ဆိုင်ထားသော်လည်း သူ၏ ကြိုးစားအားထုတ်မှုကပင် ဤကမ္ဘာတွင်ရှိနေသည့် လူတော်တော်များများထက်သာလွန်နေပြီဖြစ်သည်။

ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင် ထိုင်၍လေ့ကျင့်ခြင်းသည် ဖှေးရှာတွေ့ခဲ့သည်မှာ မကြာသေးသည့် ဖြတ်လမ်းနည်းတစ်ခုပင်။

ထိုလျို့၀ှက်သည့် ကျောက်ပုလ္လင်သည် ဖှေးအား တယ်လီပေါ့တ်ပြုလုပ်နိုင်သည့်အစွမ်းတစ်ခုတည်းကိုသာ ပေးခြင်းမဟုတ်ပေ။ ပုလ္လင်ပေါ်တွင်ထိုင်၍ ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကို ကျင့်ကြံပါက သူသည် ပိုမို၍ စူးရှစွာအာရုံစိုက်နိုင်သည်ကို တွေ့ရသည်။

ကံမကောင်းစွာပင် ဖှေးထံတွင် မှော်စွမ်းအင်များ၊ အတွင်းအားစွမ်းအင်များမရှိသည့်အတွက်ကြောင့် ဤပုလ္လင်သည် ကျင့်စဥ်များအားလုံးကို ပို၍ အထောက်ပံ့ပေးနိုင်လားမပေးနိုင်လားအပေါ်တွင် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ညအချိန်သည် တိတ်ဆိတ်ခါ အနည်းငယ်လဲအေးစက်နေသလိုပင်။

ဖှေးသည် သုံးနာရီကြာပြီးသွားသည့်နောက်တွင် သူ၏မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်သည်။

“ဟမ် င့ါရဲ့၀ိဉာဥ်စွမ်းအားက လယ်ဗယ်၈၀၀တောင်ကျော်သွားပါလား။ ဒီလိုဆိုရင် ငါက ဒိုင်ယာဘလိုကမ္ဘာထဲမှာ တစ်ရက်ကို ရှစ်နာရီနေလို့ရပြီ။ ဒိုင်ယာဘလိုကမ္ဘာကလူတွေကလည်း အပြင်ကမ္ဘာမှာ တစ်ရက်ကို ရှစ်နာရီနေနိုင်သွားမှာပဲ။ အဲ့လိုဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကလည်း ပိုပြီးတော့ တောင်မြန်ဆန်သွားတော့မှာပဲ...”

ဖှေးသည် သူ၏ ၀ိဉာဥ်စွမ်းအားများကို တိတ်ဆိတ်စွာပင် ဖြန့်ကျက်ကြည့်လိုက်သည်။ ၀ိဉာဥ်စွမ်းအား လယ်ဗယ်၈၀၀သို့ရောက်ရှိသွားသည့်အချိန်တွင် ဖှေးသည် သူနှင့်ပတ်ပတ်လည်၂ကီလိုမီတာခန့်တွင်ရှိနေသည့် အရာများအားလုံးကို သိရှိကြည့်မြင်နိုင်၏။ ချမ်းဘော့ဒ်မြို့တစ်၀က်ခန့်ကိုပင်။ နည်းပညာမြင့်ရေဒါတစ်ခုကဲ့သို့ပင် ဖှေးသည် ပတ်ပတ်လည်တွင်ရှိနေသည့် စွမ်းအင်အရှိန်၀ါများ၊ လူများကို အာရုံခံနိုင်စွမ်းရှိနေပြီဖြစ်ပြီး မည်သည့်အရာမှ ပုန်းအောင်နေနိုင်ခြင်းမရှိပေ။

“တစ်နေ့ကျ ငါလဲ၀ိဉာဥ်စွမ်းအား လယ်ဗယ်၆၀၀၀ရောက်သွားရင် ငါက ဒိုင်ယာဘလိုကမ္ဘာထဲကို အချိန်အကန့်သက်မရှိသွားလာနိုင်လိမ့်မယ်။ ဒိုင်ယာဘလိုကမ္ဘာက လူတွေကလည်း အပြင်ကမ္ဘာမှ အချိန်အကန့်သက်မရှိနေနိုင်သွားတော့မှာပဲ....”

သူ၏ ၀ိဉာဥ်စွမ်းအားများကို ပြန်လည်ကာ ရုတ်သိမ်းပြီးသည့်အချိန်တွင် ဖှေးသည် ကျေနပ်နေ၏။

“ဒွီ...”

သူ၏အရှေ့တွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး ကစဥ့်ကလျားခြင်းပုလ္လင်ကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်သိမ်းလိုက်ကာ အထဲသို့ လမ်းလျှောက်၀င်သွားတော့သည်။

......

ဒိုင်ယာဘလိုကမ္ဘာ အမုန်းတရားနယ်မြေထဲတွင်ဖြစ်သည်။

“ဟားဟားဟား မိုက်မဲတဲ့လူသားတွေ မင်းတို့ရဲ့ အသွေးတွေ အသားတွေကို လာပြီးတော့ အလှူပေးနေကြတာလား။ ဟားဟား ငါမစောင့်နိုင်တော့ဘူး။ သွားကြကွာ သူတို့ကို သတ်လိုက်ကြစမ်း...”

နာကျင်မှုအရှင်သခင် မီဖက်ဆို၏ ကြုံး၀ါးသံထွက်ပေါ်လာကာ နံရံများ၊ ကြမ်းပြင်များကို တုန်ခါသွားစေ၏။

သူ၏အမိန့်အောက်တွင် လက်နက်များ ချပ်၀တ်များကိုင်ဆောင်ထားသည့် စွမ်းအားမြင့်မကောင်းဆိုး၀ါးများသည် ဖှေးနှင့်အယ်လီနာတို့ထံသို့ အကြောက်တရားကင်းမဲ့စွာဖြင့် ပြေး၀င်လာကြ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖှေးသည် သူ၏ မစ်ရှင်များလုပ်သည့်အမြန်နှုန်းကို မြှင့်တင်ခဲ့သညည်။ ဒုတိယမြေပုံဖြစ်သည့် လူ့တ်ဂိုလိမ်မှ အလုပ်များအားလုံးကို ပြီးမြောက်ပြီးသည့်နောက်တွင် သူသည် တတိယမြေပုံရှိသည့် ကူရက်စ် ဆိပ်ကမ်းသို့ လာကာ အလုပ်များစွာကို ပြီးမြောက်ပြီးပြီဖြစ်သည်။ သူသည် ထိုအလုပ်များလုပ်ရင်းဖြင့် သူ၏ သွေးအားကို၄၀ထိမြှင့်တင်ပေးသည့် ဆေးပုလင်းတစ်ပုလင်း၊ ငရဲပြည်မှမကောင်းဆိုး၀ါးများအားလုံး၏ အားနည်းချက်များကို ဖော်ပြထားသည့် လန်-အက်ဆန်ဟုခေါ်သည့် စာအုပ်တစ်အုပ်တို့ကိုလည်း ဆုလာဘ်အနေဖြင့် ရရှိခဲ့သည်။

ယခုအချိန်တွင် ဖှေး၏ လူရိုင်းဇာတ်ကောင်သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်လယ်ဗယ်၇၀သို့ ရောက်ရှိသွားပြီဖြစ်ပြီး အယ်လီနာသည် ယခုအချိန်တွင် လယ်ဗယ်၆၀မှော်လေးသည်တော်ဖြစ်နေပြီဖြစ်သည်။ သို့သော် အယ်လီနာ၏ လက်တွေ့တိုက်ခိုက်နိုင်စွမ်းသည် လယ်ဗယ်၄၀ခန့်သာရှိသေးသည်ဟုဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကျွမ်းကျင်မှုဆိုင်ရာအမှတ်အများစုကို ပါလာဒင်ဇာတ်ကောင်၏ ခုခံခြင်းနှင့် ထောက်ပံ့ပေးခြင်းအစွမ်းများအတွင် အသုံးပြုလိုက်သောကြောင့်ဖြစ်သည်။

ဖှေးနှင့် အယ်လီနာတို့သည် ဤမြေပုံ၏ ခေါင်းဆောင်ကြီးဖြစ်သည့် မီဖက်ဆိုအား ရင်ဆိုင်နေရ၏။

သူတို့ဤခေါင်းဆောင်ကြီးကို သတ်နိုင်သွားပါက သူတို့သည် တတိယမြောက်မြေပုံအား အောင်နိုင်သွားပြီဖြစ်သည်။

ဖှေးသည် ညှာတာနေခြင်းမရှိပေ။ သူ၏လက်ထဲတွင် မသေမျိုးဘုရင်၏ တူကိုကိုင်လျှက်၊ ခန္ဓာကိုယ်ပေါ်တွင် မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်ကို ၀တ်ဆင်ကာ သူ၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်၍ ရှေ့သို့ တိုက်ခိုက်လိုက်သည်။ သူရှေ့သို့ တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် ဤတူကြီးပတ်လည်မှ မီးများတောက်ပနေသည့်အတိုင်းပင်။

မသေမျိုးဘုရင်၏ စုံလိုက်ပစ္စည်းနှစ်ခုကို တပ်ဆင်ထားသည့်အတွက် အပိုရရှိသည့် မီးစွမ်းအင်နှင့်တိုက်ခိုက်မှုများသည် နတ်ဆိုးများ၊ မကောင်းဆိုး၀ါးများ၏ အသက်ကို ခြွေယူနေလျှက်ရှိသည်။

“၀ှစ် ၀ှစ် ၀ှစ်...”

သူမ၏လက်ထဲတွင် မက်ထရွန်လေးကို ကိုင်လျှက် အယ်လီနာသည် ငွေရောင်စွမ်းအင်များလွှမ်းခြုံထားနေလျှက်ရှိသည်။ လေးကြိုးများ တုန်ခါနေရင်းဖြင့် မြှားများသည် မကောင်းဆိုး၀ါးများ၏ အသက်ကို ခြွေယူနေလျှက်ရှိသည်။

ဤလက်မထပ်ရသေးသည့် စုံတွဲသည် ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်နေသည့်အတွက် သူတို့သည် သေမင်းတမန်များကဲ့သို့ပင်။

သို့သော် သူတို့ထံသို့ ပြေး၀င်လာနေသည့်မကောင်းဆိုး၀ါးများသည် များပြားလွန်းလှ၏။ ထိုမကောင်းဆိုး၀ါးများသည် ပင်လယ်ပြင်ထဲမှ ရေလှိုင်းများကဲ့သို့ပင်။

ထိုမကောင်းဆိုး၀ါးများထဲတွင် မှော်ဆရာအမျိုးစားများပါရှိနေပြီး အ၀ေးတစ်နေရာမှ ရပ်ကာ မှော်တိုက်ခိုက်မှုများ ပြုလုပ်နေလျှက်ရှိသည်။ ထိုမှော်စွမ်းအင်တိုက်ခိုက်မှုများသည် ဖှေးနှင့် အယ်လီနာတို့အား လွှမ်းခြုံနေလျှက်ရှိသည်။

မကြာမှီတွင် သူတို့နှစ်ယောက်လုံးသည် ခက်ခဲသည့်အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိလာတော့၏။

ဤသည်မှာ အိမ်မက်ဆိုးခက်ခဲမှုအဆင့်ဖြစ်သည့်အတွက်ကြောင့် လွယ်ကူလိမ့်မည်မဟုတ်ပေ။

ထို့အပြင် နာကျင်မှုအရှင်သခင် မီဖက်ဆိုသည်လည်း ဘေးမှနေ၍ အခြေအနေကြည့်ကာ အ၀ေးမှတိုက်ခိုက်မှုများကို ပြုလုပ်နေလျှက်ရှိသည်။ အလွန်ဉာဏ်များသည့် မကောင်းဆိုး၀ါးပင်။

အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ မကောင်း၀ါးများနှင့် အချိန်အတန်ကြာတိုက်ခိုက်ပြီးသည့်နောက်တွင် ဖှေး တစ်စုံတစ်ခုကို သတိထားမိလာခဲ့သည်။ မကောင်းဆိုး၀ါးများအားလုံးသည် ကိုယ်ပိုင်စိတ်ရှိပြီး ကလေးတစ်ယောက်၏ အသိဉာဏ်မျိုးကို ပိုင်ဆိုင်ထားသည်ဆိုသည်ကိုပင်။ သူတို့သည် ရေးသားထားသည့် ဇာတ်ညွှန်းအတိုင်းသာတိုက်ခိုက်ကြခြင်းမဟုတ်တော့ပေ။ သာမန်ခက်ခဲမှုအဆင့်မှ ခေါင်းဆောင်ကြီးများနှင့် နှိုင်းယှဥ်ကြည့်ပါက အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ခေါင်းဆောင်ကြီးများနှင့် တိုက်ခိုက်ရသည်မှာ များစွာပို၍ ခက်ခဲလှပြီး အန္တရာယ်ကြီးမားလှသည်။

ဤတိုက်ပွဲကြောင့် ဖှေးနှင့်အယ်လီနာတို့ အချိန်သုံးနာရီခန့်ကုန်ဆုံးသွားခဲ့သည်။

မီဖက်ဆို သူ၏ သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားသည်ကို မြင်ရသည့်အချိန်မှသာ ဖှေးအသက်ကောင်းကောင်းရှူလိုက်နိုင်တော့သည်။ မသေမျိုးဘုရင်၏တူကို ကိုင်ထားရသည့်သူ၏လက်များပင် ယောင်ကိုင်းနေသလိုပင်။ သူနှင့် အယ်လီနာတို့နှစ်ယောက်လုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေကြပြီး ထိုသွေးများသည် မကောင်းဆိုး၀ါးများ၏ သွေးများလား၊ သူတို့၏သွေးများလားဖြစ်သည်ကိုပင် မသဲကွဲကြပေ။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင်ရှိနေသည့် မှော်ပစ္စည်းများထံမှ တောက်ပသည့်အလင်းရောင်များထွက်ပေါ်နေလျှက်ရှိသည်။

All Chapters