← Chapters

အခန်း (၆၉၆)

Vol. 45 Ch. 696

အခန်း (၆၉၆)

Vol. 45 Ch. 696

ရေစက်တစ်ပေါက်သည် ပင်လယ်ပြင်ထဲသို့ ကျဆင်းသွားသည့်အတိုင်းပင် ညအမှောင်ထုထဲတွင် လှိုင်းများပေါ်လာတော့၏။ တစ်စုံတစ်ခုသည် အာကာသအားဖြတ်ကျော်ကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသကဲ့သို့ပင်။ အံ့သြဖွယ်မြင်ကွင်းတစ်ခုပင်။

အဖြူရောင်လှိုင်းများကြားထဲတွင် ကြီးမားသည့် မြို့တော်ကြီးတစ်ခုသည် ဤကမ္ဘာပေါ်သို့ ရောက်ရှိလာတော့၏။

ကောင်းကင်မြို့တော်ကြီးပင်။

ဖှေးသည် ဒဏာရီလာကောင်းကင်မြို့တော်ကြီးကို ဆင့်ခေါ်နေခြင်းဖြစ်သည်။ ဒဏာရီလာနန်းတော်တွင် သူရှာတွေ့ခဲ့သည့် ကောင်းကင်မြို့တော်ကြီးကိုပင်။

ခမ်းနားသည့် နန်းတော်၊ မြို့တော်၏ အောက်တွင်ရှိနေသည့် ပြောင်းပြန်လှန်ထားသော တောင်တန်းများနှင့် မြင့်မားသော ငွေရောင်နံရံများ။

ဤမယုံနိုင်စရာလွှင့်မြောနေသည့် မြို့တော်ကြီးသည် ရေတံခွန်တစ်ခုအတွင်းမှ ထွက်ပေါ်လာနေသည့်အတိုင်းပင်ဖြေးညှင်းစွာ ရောက်ရှိလာ၏။ နတ်ဘုရားတစ်ပါးကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အတိုင်းပင်။

မကြာမှီတွင် ကောင်းကင်မြို့တော်ကြီးသည် ဤကမ္ဘာပေါ်သို့ ဖြေးညှင်းစွာဖြင့် ရောက်ရှိလာကာ တောက်ပသည့် လရောင်ကို ဖုံးကာလိုက်သည်။ ကြီးမားသည့် အရိပ်ကြီးသည် ကုန်းမြေအား လွှမ်းခြုံသွားပြီး လူများကို မွမ်းကြပ်စေသည့်ခံစား

ချက်တစ်ခုကို ပေးနေလျှက်ရှိသည်။

ဖှေးသည် ကောင်းကင်မြို့တော်အား ယခင်ကတည်းက မြင်ဖူးပြီးဖြစ်သော်လည်း ယခုအချိန်တွင် ထက်မံ၍ ရင်သပ်ရှုမောရပြန်သည်။

ဖှေး၏ ခန္ဓာကိုယ်ထဲတွင် လျို့၀ှက်ဆန်းကျယ်သည့် ကျောက်တိုင်ကြီးရှိနေ၍လားမသိ။ သို့မဟုတ် ဖှေး၏ သွေးများသည် လျို့၀ှက်ဆန်းကျယ်သည့် နတ်စင်နှင့် ကျောက်တိုင်တို့ပေါ်တွင် စွန်းထင်ခဲ့သည့်အတွက်ကြောင့်လားမသိပေ။ သူနှင့် ကောင်းကင်မြို့တော်ကြီးတို့သည် သွေးခြင်းဆက်နွယ်နေသည်ဟု ဖှေးခံစားနေရသည်။ တစ်နည်းတစ်ဖုံဖြင့် ဖှေးသည် ဤဒဏာရီလာမြို့တော်ကြီးကို ထိန်းချုပ်နိုင်နေ၏။

သို့သော် ဤမြို့တော်ကြီးသည် ကြီးမားသည့်အတွက် တစ်နေရာမှတစ်နေရာသို့ ရွေ့ပြောင်းရန်အတွက် ၀ိဉာဥ်စွမ်းအားများစွာလိုအပ်သည်။

ဖှေးတွင်ရှိနေသည့် လက်ရှိ၀ိဉာဥ်စွမ်းအားဖြင့် သူသည် ဤမြို့တော်ကြီးအား ရွေ့သည်ဆိုရုံသာ ရွေ့ပြောင်းနိုင်၏။

လွန်ခဲ့သည့် ကာလများတွင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ကျောက်တိုင်ကြီးသည်ဖှေးအား ထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။ ထိုခံစားချက်သည် ကောင်းကင်မြို့တော်ကြီးမှ လာရောက်နေခြင်းဖြစ်သည်ဟုလည်းဖှေးခံစားနေရသည်။ ထိုခံစားချက်သည် ဘုရင်အား ကောင်းကင်မြို့တော်ကို ဆက်လက်၍ လျို့၀ှက်ထားရန်မဖြစ်နိုင်တော့ကြောင်းကို ဖော်ပြနေသည်။ စွမ်းအားများစွာကို စားသုံးနေသည်အတွက် ကောင်းကင်မြို့တော်အား ဆက်လက်၍ ဖုံးကွယ်လျို့၀ှက်ထားပါက ပျောက်ဆုံးသွားတော့မည်ဖြစ်ပြီး တစ်နေ့တွင် ဆက်လက်၍ အာရုံခံနိုင်စွမ်းရှိတော့မည်မဟုတ်ကပေ။

ထိုရှင်းပြ၍ မရနိုင်သည့် ခံစားချက်သည် ဖှေးအား တွေ၀ေစေနေလျှက်ရှိပြီး သူသည် ကောင်းကင်မြို့တော်ကြီးအား မကြာမှီတွင် ဤကမ္ဘာပေါ်သို့ ပြန်လည်ဆင့်ခေါ်မှဖြစ်တော့မည်ဖြစ်ကြောင်းကို သိနေ၏။

ထို့အပြင် ဤမြို့တော်ကြီးသည် ဤကမ္ဘာပေါ်သို့ ရောက်ရှိလာပါက လူများစွာစိတ်၀င်စားလာကြမည်ဖြစ်သည်။ ထိုအချိန်တွင် စွမ်းအားမြင့်သိုင်းဆရာများ၊ မှော်ဆရာများစွာတို့သည် ဖှေးထံမှ လုယူရန်အတွက် ကြိုးစားကြတော့မည်ဖြစ်ပြီး ဖှေး၏ လက်ရှိစွမ်းအားအရဆိုပါက ကာကွယ်နိုင်ဦးမည်မဟုတ်ပေ။

ထို့ကြောင့် သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က တွန့်ဆုတ်နေခဲ့ပြီး လူပုမျိုးနွယ်များ၏ နောက်ဆုံးမျိုးနွယ်စုနန်းတော်ကို တွေ့လိုက်ရသည့်အချိန်တွင် အကြံတစ်ခုရရှိလိုက်သည်။

ထို့ကြောင့် ဖှေးသည် မည်သူမှ မသိစေပဲ ကောင်းကင်နန်းတော်ကြီးအား ဆင့်ခေါ်လိုက်ပြီး တောင်များကြားထဲတွင် အောက်သို့ ညှင်သာစွာနိမ့်ဆင်းစေလိုက်သည်။ သူသည် လူပုမျိုးနွယ်များ၏ နောက်ဆုံးနန်းတော်၏ အပေါ်တွင်ရှိသည့် လက်ဖ၀ါးပုံအပေါက်ထဲမှတဆင့် ကောင်းကင်မြို့တော်အား အောက်သို့ ချရန်အတွက် ချိန်ရွယ်နေခြင်းပင်။

"ဖုန်း..."

ပတ်၀န်းကျင်တွင်ရှိနေသည့် တောင်များတုန်ခါသွားပြီး မြေပြင်သည်လည်း အက်ကွဲသွား၏။

ကောင်းကင်နန်းတော်ကြီးအောက်သို့ ကျဆင်းလာသည့်အချိန်တွင် ပို၍ သေးငယ်သော တောင်တန်းများ တောင်ကုံးများသည် ဖိခြေခြင်းခံလိုက်ရသည်။ မြို့တော်ကြီး၏ အောက်ခြေတွင်ရှိနေသည့် ကျောက်ဆောင်များ၏ မာကြောမှုသည် သာမန်ကျောက်တုံးများထက်ပိုမိုမြင့်မားသည့်အတွက်ပင်။ နောက်ဆုံးတွင် ကောင်းကင်နန်းတော်ကြီးသည် အောက်သို့ ရောက်ရှိလာတော့၏။။

ဖုန်မှု့န်များ ငြိမ်သက်သွားပြီးအခြေအနေသည် ဖှေးထင်ထားသည်ထက်ပင် ပို၍ ကောင်းမွန်နေ၏။

ကောင်းကင်မြို့တော်ကြီးသည် လူပုများ၏ နောက်ဆုံးမျိုးနွယ်စုနန်းတော်နှင့် အံ၀င်ခွင်ကျဖြစ်နေသည့်အတွက်ပင်။ နေရာတစ်၀ိုက်တွင်ရှိနေသည့် တောင်ကုန်းများစွာပျက်ဆီးသွားခဲ့သော်လည်း ဤဒဏာရီလာမြို့တော်ကြီးသည် ပတ်၀န်းကျင်နှင့်လိုက်ရောညီထွေဖြစ်သွား၏။ ဤမြို့တော်ကြီးသည် ဤနေရာတွင်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြမြင့်နေသည့်အတိုင်းပင်။

"ကောင်းကင်မြို့တော်အကြောင်းကို လူတွေအများကြီးက သိတယ်ဆိုပေမယ့် တကယ်မြင်ဖူးတဲ့လူကတော့ သိပ်မရှိဘူး။ သမိုင်းမှာမှတ်တမ်းတင်ထားတာလည်းမရှိဘူး။ နောက်ပြီးတော့ ဒီမြို့တော်က ပတ်၀န်းကျင်နဲ့ အံ၀င်သွားတာပဲ။ တကယ်လို့ တစ်ယောက်ယောက်မြင်သွားတယ်ဆိုရင်တောင် ဒီနန်းတော်ကို သာမန်ရှေးမြို့ဟောင်းတစ်ခုလို့ပဲထင်သွားလောက်တယ်။ ဘယ်သူမှ ကောင်းကင်မြို့တော်မှန်းသိကြမှာမဟုတ်ဘူး။ တစ်ခြားလူတွေကို ဒီမြို့တော်ကလည်း လူပုမျိုးနွယ်တွေရဲ့ လက်ရာလို့ ပြောရင်လည်း သူတို့ယုံကြမှာပဲ။ အဲ့လို လိမ်ထားလိုက်ရင်င့ါအတွက် အချိန်နည်းနည်းတော့ပို၍လိမ့်မယ်။ ငါသာ ဒိုင်ယာဘလိုကမ္ဘာရဲ့ ငရဲခန်းခေတ်ခဲမှုအဆင့်ကို အောင်သွားပြီဆိုရင်တော့ ငါကြောက်တော့မှာမဟုတ်ဘူး..."

ဤမြို့တော်ကြီးထွက်ပေါ်လာခြင်းသည် လူပုမျိုးနွယ်များ၏ နန်းတော်အား ဖုံးလွှမ်းသွားပြီး သူတို့၏ အင်ပါယာအရှင်သခင်၊ အရိုးစုများ၊ ကြောက်မက်ဖွယ်သမိုင်းအမှန်တရားတို့ကို ဖုံးလွှမ်းပြီဖြစ်လိမ့်မည်ဖြစ်သည်။ အချိန်ကြာသည်အထိရှာတွေ့တော့မည်မဟုတ်ပေ။

ထိုအရာသည် ဖှေး၏ အစီစဥ်နှင့် တစ်ထပ်တည်းဖြစ်နေ၏။

အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးသည် ဂါရက်-ဘေးလ်၏ ဒိုင်ယာရီစာအုပ်ထဲတွင် ပါ၀င်သည့် အချက်လက်များကို ဆက်လက်လျို့၀ှက်ထားပါက ပိုကောင်းသည်ဟု ဖှေးခံစားလိုက်မိသည်။

ထို့နောက်တွင် ဖှေးသည် မြို့တော်ပတ်လည်တွင်လမ်းလျှောက်ကာ ကောင်းကင်မှ ကျလာခဲ့သည့် သဲလွန်စ၊၊ ခြေရာလက်ရာများကို ဖျောက်ဖျက်ပစ်လိုက်သည်။

သူပြန်တော့မည့်အချိန်တွင် ဖှေး၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဖြူရောင်ကျောက်တိုင်ကြီးသည် ညင်သာစွာဖြင့် တုန်ခါသွား၏။

တစ်ချိန်တည်းမှာပင် အမိန့်ရသွားသည့်အတိုင်းပင်။ တောင်တန်းများထဲတွင်ရှိနေသည့် ကောင်းကင်မြို့တော်ကြီးသည် ရုတ်တရက်အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ထိုအဖြူရောင်အလင်းတန်းများသည် တောက်ပခြင်းမရှိပဲ မြို့တော်ပတ်ပတ်လည်တွင် ပျံ့နံ့သွား၏။ ထို့နောက်တွင် ကြီးမားသည့် ထိုးဖောက်မြင်နိုင်သော စက်လုံးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မြို့တော်ကြီးနှင့်ဘေးပတ်ပတ်လည်တွင်ရှိနေသည့် တောင်တန်း၅၀ခန့်ကို လွှမ်းခြုံသွားသည်။

"ဒါ...ဒါက ကိုယ်ဖျောက်စွမ်းအင်စက်လုံးပဲ..."

ဖှေး ရုတ်တရက် လယ်ဗယ်၃၆ဒေသတွင်ကောင်းကင်မြို့တော်အား စတင်၍ တွေ့ခဲ့ရသည့်အချိန်ကို သတိရလိုက်မိသည်။ ထိုအချိန်တွင် သူသည် တူညီသည့် အရာတစ်ခုနှင့် တွေ့ကြုံခဲ့ရသည်။ သူသည် ဤမြို့တော်ကြီးအား မြင်တွေ့ခဲ့ရခြင်းမရှိပဲ ကိုယ်ယောက်ဖျောက်စွမ်းအင်စက်၀န်းထဲသို့ ၀င်ရောက်လာမိပြီးသည့်အချိန်မှသာလျှင် မြို့တော်ကြီးအား သူ၏မြင်ကွင်းထဲတွင်မြင်တွေ့လိုက်ရခြင်းပင်။

"၀ှစ်..."

ဖှေးသည် ကောင်းကင်ပေါ်သို့ ကီလိုမီတာပေါင်းများစွာပျံသန်းသွားလိုက်သည်။

သူအောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ထင်ထားသည့်အတိုင်းပင်တောင်တန်းများစွာနှင့် တောအုပ်ထဲတွင်ရှိနေသည့် သစ်ပင်များကိုသာ မြင်တွေ့လိုက်ရသည့်။ မြင့်မားသည့် ငွေရောင်နံရံတံတိုင်းများနှင့် ကောင်းကင်မြို့တော်ကြီးကို မြင်တွေ့ရခြင်းမရှိတော့ပေ။

ထိုကိုယ်ယောင်ဖျောက်စွမ်းအင်စက်၀န်းသည် ကောင်းကင်နန်းတော်အား လူမြင်ကွင်းမှ ဖုံးကွယ်ပေးထားခြင်းပင်။

ဖှေးအံ့သြသွား၏။

ဖှေး ဤမြို့တော်ကြီးအား အေဇာရုတိုက်ပေါ်သို့ ဆင်ခေါ်ခဲ့စဥ္က အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ လူပေါင်းများစွာသည် မြို့တော်ကြီးတစ်ခု ရုတ်တရက်ရောက်ရှိလာခြင်းအပေါ်တွင် သံသယ၀င်ကြတော့မည်ဟုထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ စိုးရိမ်စရာမလိုတော့ပေ။ ဤကိုယ်ယောက်ဖျောက်စွမ်းအင်စက်၀န်းသည် မြင်ကွင်းများ၊ အရှိန်၀ါများနှင့် ခံစားချက်များကို ကွယ်၀ှက်ပေးထားနိုင်သည့်အတွက် နေအဆင့်သခင်များပင် ဤမြို့တော်ကြီးအား အနီးသို့ ၀င်ရောက်လာခြင်းမရှိပဲ ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်အဖြူရောင်ကျောက်တိုင်ကြီးသည်လည်း ကောင်းကင်မြို့တော်နှင့်တင်းကြပ်စွာဆက်စက်နေသည်ကို ဖှေးသေချာပေါက် သိရှိသွား၏။ အ၀ေးထိန်းခလုပ်တစ်ခုကဲ့သို့ပင် မြို့တော်ကြီးအား လိုသလိုထိန်းချုပ်နိုင်၏။

သူ့အား စောင့်ဆိုင်းနေသည့် ထူးခြားဆန်းပြားသည့်အရာများသည် ကောင်းကင်မြို့တော်ထဲတွင်ရှိနေသည်မှာလည်း သေချာသလောက်ပင်။

ဒဏာရီများထဲတွင် မမြင်နိုင်သည့် ခံတပ်ကြီးသည် ကောင်းကင်ပေါ်ပျံသန်းခြင်းနှင့် ကိုယ်ဖျောက်ခြင်းတို့ထက်ပိုမိုသည့် စွမ်းအင်ထူးများကို ပိုင်ဆိုင်ထားသည်ဟုလည်းဖောာ်ပြထား၏။

ဖှေးအချိန်အတန်ကြာ ကောင်းကင်မြို့တော်တစ်၀ိုက်တွင်ရှိနေသည့် နေရာများ၏ အခြေအနေကို လေ့လာပြီးသည့်နောက်တွင် အချိန်ကိုတွက်ကြည့်လိုက်ပြီး သူပျောက်သွားသည်မှာ ကြာပြီဖြစ်သောကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှလူများစိတ်ပူနေကြတော့မည်ကို သိရှိလိုက်မိသည်။ ထို့ကြောင့် သူသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ ပျံသန်းကာထွက်ခွာလာခဲ့တော့သည်။

ပျံသန်းနေရင်းဖြင့် ဘုရင်၏ အမဲရောင်ဆံပင်များသည် လေထဲတွင် လွှင့်ပျံနေလျှက်ရှိပြီး သူသည် ဆက်လက်အကောင်ထည်ဖော်ရမည့်အစီစဥ်များအကြောင်းကို စဥ်းစားကြည့်နေလျှက်ရှိသည်။

သူသည် အောက်သို့ ငုံ့ကြည့်လိုက်မိသည့်အချိန်တွင် တောင်တန်းများစွာကို တွေ့လိုက်မိ၏။

"ဟမ် ဒီတောင်တန်းတွေက...." ကောင်းကင်နန်းတော်နှင့် ချမ်းဘော့ဒ်တိုင်းပြည်တို့ကြားထဲတွင် တောင်တန်းများရှိနေသည်ကို ဖှေးသတိထားလိုက်မိသည်။ ထိုတောင်တန်းများသည် နေရာတစ်၀ိုက်တွင်ရှိနေသည့် တောင်တန်းများထက်များစွာပိုမိုမြင့်မလားလှပြီး ကောင်းကင်ပေါ်သို့ ထိုးဖောက်နေသည့် ဓားများကဲ့သို့ပင်။

ဖှေး ထိုတောင်များကို ရေတွက်ကြည့်လိုက်သည့်အချိန်တွင် တောင်တန်း၁၂ခုခန့်ရှိသည်ကို တွေ့လိုက်ရပြီး ဖှေး၏ ဆက်လက်အကောင်ထည်ဖော်မည့်အစီစဥ်များနှင့် ကိုက်ညီသည့် နံပါတ်တစ်ခုပင်။

[Adminလဲ အရင်ရက်ပိုင်းတွေတုန်းက သင်တန်းအတွက် အဆောင်ပြောင်းရတော့Laptopသုံးလို့မရတဲ့စီမာ ဆယ်ရက်လောက်နေနေလိုက်ရလို့ပါဗျ။]

All Chapters