← Chapters

အခန်း (၆၉၉)

Vol. 45 Ch. 699

အခန်း (၆၉၉)

Vol. 45 Ch. 699

ဖှေးသည် မီဖက်ဆိုထံမှ ထွက်ပေါ်လာသည့် ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်သွားမိသည်။

နာကျင်မှု၏အရှင်သခင် မီဖက်ဆိုသည် ငရဲပြည်နတ်ဆိုးများထဲတွင် စွမ်းအားအမြင့်မားဆုံးနတ်ဆိုးတစ်ယောက်ပင်။ သို့သော် သူသေဆုံးသွားသော်လည်း ဖှေးအား ပစ္စည်းကောင်းများပေးခဲ့ခြင်းမရှိပေေ။ ရရှိလိုက်သည့် ပစ္စည်းများအားလုံးသည် လိမ္မော်ရောင်အဆင့်ပစ္စည်းများသာဖြစ်ပြီး ဖှေးမျှော်လင့်နေသည့် အစိမ်းရောင်စုံလိုက်ပစ္စည်းမျာကိုတွေ့ရခြင်းမရှိပေ။

“အရင်တစ်ခေါက် မသေမျိုးဘုရင်ရဲ့တူရလိုက်ကတည်းက င့ါရဲ့ကံကောင်းခြင်းတွေကုန်ဆုံးသွားတာများလား...” ဘုရင်တွေးလိုက်မိသည်။

ပစ္စည်းများကို ဖှေးစိတ်၀င်စားခြင်းမရှိသည့်အတွက် စစ်ဆေးခြင်းစာလိပ်ကိုပင်အသုံးပြုခြင်းမရှိတော့ပဲ ထိုပစ္စည်းများအားလုံးကို သူ၏ ထားသိုရာအကန့်အတွင်းသို့သာ ပစ်ထည့်လိုက်သည်။ သူသည် ထိုပစ္စည်းများကို ရွှေဒင်္ဂါးပြားများရရန်အတွက် ရောင်းစားရန်အတွက်သာစီစဥ်ထားသောကြောင့်ပင်။

ဤအခိုက်တန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်။

ဖှေး၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ရွှေရောင်အရည်များ ပြည့်သွားပြီဖြစ်သောကြောင့် လူရိုင်းဇာတ်ကောင်သည် ထက်မံ၍ လယ်ဗယ်မြင့်တက်တော့မည်ဖြစ်သည်။ လယ်ဗယ်၇၁သို့ရောက်သွားသည့်အချိန်တွင် ရွှေရောင်စွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်ပြီး အလွန်သက်တောင့်သက်သာဖြစ်စေ၏။ မကောင်းဆိုး၀ါးများနှင့်တိုက်ခိုက်ခဲ့ရာမှ ရရှိခဲ့သည့် ဒဏ်ရာများလည်းပြန်လည်ကာ ပျောက်ကင်းသွားသည်။ သူ၏ အ၀တ်စားများပေါ်တွင် ပေကျံနေသည့် သွေးစက်များလည်းမရှိတော့ပေ။

ဖှေးသည် စွမ်းအားအမြင့်မားဆုံးအခြေအနေသို့ ပြန်လည်ကာရောက်ရှိသွား၏။

ကျွမ်းကျင်မှုဆိုင်ရာအမှတ်များနှင့် ဂုဏ်သတ္တိဆိုင်ရာအမှတ်များကို စီစဥ်ထားသည့်အတိုင်း အသုံးချပြီးသည့်နောက်တွင် ဖှေးနှင့် အယ်လီနာတို့သည် ထိုနေရာမှ လျှင်မြန်စွာ ထွက်ခွာလာခဲ့တော့သည်။

ထို့နောက်တွင် သူတို့သည် အမုန်းတရားနယ်မြေထဲတွင်ရှိသည့် ရေကန်တစ်ကန်စီသို့ရောက်ရှိလာခဲ့ကြသည်။ ဖှေး၏ အကာကွယ်အောက်တွင် အယ်လီနာသည် သူမ၏ ချပ်၀တ်ကို ချွတ်လိုက်ပြီး ခန္ဓာကိုယ်တွင်ပေကျံနေသည့် သွေးများကို ဆေးကြောနေတော့သည်။

ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှ ဒဏ်ရာများစွာကိုရရှိခဲ့သော်လည်း ထိုဒဏ်ရာများကို အယ်လီနာအား ကာကွယ်ပေးရန်ကြိုးစားရင်းဖြင့် ရရှိခဲ့ခြင်းပင်။ အယ်လီနာသည် အ၀ေးမှ လေးမြှားဖြင့်တိုက်ခိုက်ခြင်းကိုသာ ကျွမ်းကျင်သူဖြစ်သည့်အတွက်ကြောင့် အနီးကပ်တိုက်ပွဲအတွေ့ကြုံမရှိပေ။ ထို့ကြောင့် မကောင်းဆိုး၀ါးများသူမအနီးသို့ရောက်ရှိလာပါက အန္တရာယ်မြင့်မားသွားနိုင်၏။ ထို့ကြောင့် ဖှေးသည် မကောင်းဆိုး၀ါးများ အယ်လီနာအနီးသို့ ကပ်မလာနိုင်စေရန်အတွက် အစွမ်းကုန်ကာကွယ်ပေးထားခြင်းပင်။

ဖှေးသည် ရေကန်အား တင်းကြပ်စွာဖြင့် စောင့်ကြပ်နေ၏။ သူသည် ရေချိုးသံများကို နားထောင်နေရင်းဖြင့် အယ်လီနာ၏ ဖြူဖွေးချောမွေ့သောခန္ဓာကိုယ်ကို ကြည့်လိုက်မိကာ စိတ်လှုပ်ရှားသွားမိသည်။ သူသည် အယ်လီနာနှင့် တစ်ကြိမ်အတူနေဖူးပြီးဖြစ်သော်လည်း ထိုအချိန်က သူမ၏ အသက်ကို ကယ်တင်ရန်သာဖြစ်သည်။ ဖှေးသည်လည်း ကယ်တင်နေသည့်အချိန်တွင် သတိလစ်မေ့မျောသွားခဲ့ရသေးသည်။ ထို့ကြောင့် အယ်လီနာ၏ ပြီးပြည့်စုံသောခန္ဓာကိုယ်သည် ဖှေး၏မျက်လုံးများထဲတွင် ဆွဲဆောင်မှုရှိနေဆဲပင်။

အာရုံလွှဲရန်အတွက် ဖှေးပတ်၀န်းကျင်သို့ ပြောင်းကြည့်လိုက်သည်။

ရုတ်တရက်ပင် သူ၏မျက်လုံးများသည် သိပ်မ၀ေးသည့်နေရာတွင်ရှိသည့် တစ်စုံတစ်ခုပေါ်သို့ ရောက်ရှိသွား၏။

[သက်လုံစွမ်းအင် နတ်ဘုရားကျောင်း]

နတ်ဘုရားကျောင်းဟုခေါ်သည့် အရာများသည် တိုက်ပေါ်တွင်ရှေးကျသည့် အဆောက်ဦးများပင်။ သူတို့သည် ကျောက်တုံးရုပ်တုများ၊ ကျောက်တုံးထောက်တိုင်ကြီးများ၊ သစ်သားရုပ်တုများ စသည်ဖြင့် ကျကျနနတည်ဆောက်ထားပြီး မှော်စွမ်းအင်များလည်း စီရင်ထားသည့်အတွက် စွမ်းအင်အရှိန်၀ါများလည်းထွက်ပေါ်နေတတ်သည်။

ဥပမာအားဖြင့် ဆိုပါက ဖှေး၏ ရှေ့တွင်ရှိနေသည့် နတ်ဘုရားကျောင်းသည်ငါးမီတာခန့်မြင့်မားသည့် ထုလုံးရှည်ပုံကျောက်တိုင်ကြီးတစ်ခုဖြစ်သည်။

နတ်ဘုရားသွေးကဲ့သို့သော အနီရောင်ဆေးစက်တစ်ခုဖြင့် မှော်အစီရင်များကို ရေးထိုးထားရာ ထိုအစီရင်များသည် ဖော်ပြနိုင်ခြင်းမရှိသည့် စွမ်းအင်အရှိန်၀ါတစ်ခုကို ထုတ်လွှတ်ပေးနေလျှက်ရှိသည်။ လူတစ်ယောက်သည် မည်မျှပင်မောပန်းနွမ်းနယ်နေစေကာမူ ဤတိုင်လုံး၏အရှေ့တွင်ရပ်လိုက်ပါက ချက်ချင်းပင် စွမ်းအားများပြည့်ဖြိုးလာကာ လန်းဆန်တက်ကြွလာမည်ဖြစ်သည်။ သူတို့သည် ပင်ပန်းမှုများပျောက်ကွယ်သွားပြီး သက်လုံစွမ်းအင်သည်လည်း ပြန်လည်ပြည့်၀လာမည်ဖြစ်သည်။

ယခင်က ဖှေးတတိယမြေပုံသို့ ရောက်ရှိလာခဲ့သည့်အချိန်တွင် ဤမှော်အစီရင်များကို လေ့လာကြည့်ရန်ကြိုးစားခဲ့ဖူးသော်လည်း နားလည်နိုင်ခြင်းမရှိပေ။

သို့သော် ယခုအချိန်တွင်မူ တစ်ချိန်က သူ၏ စိတ်ထဲတွင် ရှုပ်ထွေးပွေလီကာ ခက်ခဲနက်နဲသည်ဟုထင်ခဲ့သည့်မှော်အစီရင်များသည် ယခုအချိန် သူ၏မျက်လုံးထဲတွင် ရိုးရှင်းနေ၏။ သူ့အား တစ်ချိန်လုံးငြင်းဆန်နေခဲ့သည့်ကောင်မလေးတစ်ယောက်သည် ရုတ်တရက် သူ၏ အိပ်ယာပေါ်သို့ ခုန်တက်လာသလိုဖှေးခံစားလိုက်ရသည်။

ထိုကျောက်တိုင်သည် ချက်ချင်းပင် ဖှေး၏ အာရုံကို ဖမ်းစားသွား၏။

အယ်လီနာရေချိုးကာ အ၀တ်စားများပြန်၀တ်၍ သူ၏အနောက်သို့ ပြန်ရောက်လာသည်ကိုပင် ဖှေးသတိမထားလိုက်မိပေ။

......

မနက်ခင်းနေမင်းကြီးသည် ကောင်းကင်ပေါ်သို့ ဖြေးညှင်းစွာဖြင့် မြင့်တက်လာနေလျှက်ရှိပြီး ငွေရောင်ချမ်းဘော့ဒ်တိုင်းပြည်အား ရွှေရောင်အလွှာတစ်ခုဖြင့် လွှမ်းခြုံပေးနေလျှက်ရှိသည်။

ရုတ်တရက် ဘုရင့်နန်းတော်ဆောင်ထဲတွင် အပြာရောင်ပေါ်တယ်တစ်ခုရောက်ရှိလာပြီး ဖှေးသည်အထဲမှ လမ်းလျှောက်ထွက်လာ၏။

သူအပြင်သို့ ရောက်သည့်အချိန်တွင် ပေါ်တယ်သည် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။

“ကျွီ ကျွီ ကျွီ...” ရက်ကွန်းကောင်လေးသည် ချက်ချင်းပင် ပြတင်းပေါက်မှ ကျော်တက်လာပြီး ဖှေး၏ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ဖှေး၏ ပခုံးအား သူ၏ပန်းရောင်လျှာလေးဖြင့် ယက်နေ၏။ ဤကောင်လေးသည် ဖှေးနှင့်အတူနေရသည်ကို နှစ်သက်သည့်အတွက်ကြောင့် သူ့အား တစ်ယောက်တည်းထားခဲ့သည့်အတွက်ကြောင့် ဘုရင်ကို အပြစ်ပြောနေသည့်အတိုင်းပင်။

ဖှေးသည် ရယ်မော၍ ရက်ကွန်းလေး၏ ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“အရှင်မင်းကြီး အရှင်အမိန့်ပေးထားတဲ့အတိုင်း စီစဥ်ပြီးပါပြီ...” တိုးရိစ်၏ အသံကို အခန်းအပြင်မှကြားလိုက်ရသည်။

“အေး ကောင်းတယ် ငါတို့သွားရအောင်...” ဖှေးခေါင်းငြိမ့်လိုက်သည်။

သူတို့သည် ဘုရင့်နန်းတော်ဆောင်မှထွက်လာကြပပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ အလည်တွင်ရှိသည့်အကြီးဆုံးသော ရင်ပြင်ထံသို့ သူတော်စင်စစ်သည်တော်ခြောက်ယောက်၏ ကာကွယ်မှုနှင့်အတူ သွားလိုက်ကြသည်။

ဤနေရာသည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် အကြီးမားဆုံးရင်ပြင်ပင်။ ဖှေး ဤတိုက်ပေါ်သို့ ရောက်လာခါစအချိန်က အန်ဂျယ်လာအား ထိကပါးရိကပါးလုပ်လာခဲ့သည့် တော်၀င်ထီးနန်းတင်မြှောက်ရေးအဖွဲ့မှ မြင်းစစ်သည်၁၄ယောက်နှင့် သူတို့၏ခေါင်းဆောင်ကို ဤနေရာတွင် သတ်ဖြတ်ပစ်ခဲ့ဖူးသည်။ ဤနေရာမှာပင် တိုးရိစ်သည် အန်ဂျယ်လာဘက်မှ သတ္တိရှိရှိဖြင့် ရပ်တည်ပေးခဲ့သည့်အတွက် ဘုရင်၏ သဘောကျခြင်းခံရကာ ကိုယ်ရံတော်အဖြစ်မြှောက်စားခြင်းကို ခံခဲ့ရသည်။

ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ပြီးသည့်နောက်တွင် ဤနေရာသည် ပို၍ပင် ကျယ်ပြန့်ကာ သန့်ရှင်းလာခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ မြို့သူမြို့သား သုံးသောင်းခန့်ကိုပင် ဤနေရာတွင် စု၀ေးနေစေနိုင်၏။ ဤနေရာကို ဘုရင်မှ တီနာမန်ရင်ပြင်ဟုအမည်ပေးထားပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ ရက်ထူးရက်မြတ်ပျော်ပွဲရွှင်ပွဲများ ကျင်းပရာနေရာပင်။

ဖှေးရောက်ရှိလာသည့်အချိန်တွင် ထိုနေရာအား ဥပဒေပြုအရာရှိများ တင်းကြပ်စွာ စောင့်ရှောက်နေကြ၏။

ရင်ပြင်ပတ်ပတ်လည်တွင် ရေဂုဏ်သတ္တိမှော်စွမ်းအင်အကာကွယ်များကို ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားများ စီရင်ထားကြသည်။ ထိုစွမ်းအင်အကာကွယ်များသည် မကြာမှီတွင်ဖြစ်ပေါ်လာနိုင်သည့် စူးရှသော တိုက်ခိုက်ရေးစွမ်းအင်များကို အပြင်သို့ မထွက်အောင်ကာကွယ်ပေးထားမည်ဖြစ်သည်။

ဤအခိုက်တန့်တွင် တိုင်းပြည်၏ အရာရှိ၃၀၀ကျော်၊ သူတော်စင်တပ်ဖွဲ့၀င် အယောက်၅၀ကျော်၊ ဥပဒေပြုစစ်သည်၅၀၀၀ကျော်နှင့် ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသား၁၀၀၀ကျော်ခန့်သည် ရင်ပြင်ပတ်ပတ်လည်တွင် စီတန်းကာ ရပ်နေကြ၏။ သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် မျက်နှာအမူယာများဖြင့် ရင်ပြည်အလည်တွင်ရပ်နေသည့် လူတစ်ယောက်အား ၀ိုင်းကြည့်နေကြ၏။

သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင် နံပါတ်၁စစ်သည်ဖရန့်ခ်-လမ်းပါ့ဒ်ပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လမ်းပါ့ဒ်သည် ကြယ်ကိုးလုံးနောက်ဆုံးအဆင့်ကို ကျော်လွန်ကာ လယ်ဗယ်၁အဆင့်နိမ့်လသစ်သိုင်းဆရာတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် သူတို့တပ်ဖွဲ့သည် ခရီးဆက်နေခြင်းဖြစ်သည့်အတွက်ကြောင့် သူသည် ပြင်ဆင်ရသေးခြင်းမရှိပေ။ ထို့ကြော့င် လမ်းပါ့ဒ်သည် သူ၏ အရှိန်၀ါကို ဖုံးကွယ်ထားခဲ့ပြီး သဘာ၀တရားကြီး၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ခြင်းမရှိသေးပေ။

သူသည် သဘာ၀တရားကြီး၏ စိန်ခေါ်မှုကို မရင်ဆိုင်ရသေးသည့်အတွက်ကြောင့် သူသည် သဘာ၀နိယာမများကို မြင်နိုင်ခြင်းမရှိသေးပေ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည်လည်း ပြောင်းလဲခြင်းမရှိသေးပေ။ ပျံသန်းနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် လမ်းပါ့ဒ်သည် ယနေ့အချိန်တွင် စိန်ခေါ်မှုကို လက်ခံရန်အတွက် ဆုံးဖြတ်လိုက်ပြီး လအဆင့်သိုင်းဆရာလောကထဲသို့ ၀င်ရောက်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။

လအဆင့်သို့ ရောက်ခါစလူတစ်ယောက်အတွက် သဘာ၀တရား၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသည်မှာ အန္တရာယ်များသည့် အလုပ်တစ်ခုပင်။ အရည်ချင်းရှိသောသိုင်းဆရာများနှင့် မှော်ဆရာများစွာတို့သည် ဤအဆင့်တွင်ကျရှုံးကာ သေဆုံးသွားခဲ့ကြဖူးသည်။ ထို့ကြောင့် မှန်ကန်သောအချိန်ကာလကို ရွေး၍ ရင်ဆိုင်ရန်မှာလည်းအလွန်အရေးကြီးလှသေးသည်။

အမှန်ပင် ဘုရင်သည် ချွင်းချက်ဖြစ်ခဲ့၏။

ဖှေးဤစိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရစဥ်က သူသည် သဘာ၀တရားအားပြောင်းလဲပစ်ခဲ့ပြီး လောကဓာတ်ဂုဏ်သတ္တိများကို သူ၏ ခွန်အားဖြင့် အနိုင်ယူခဲ့ပြီး အလံနှစ်စုံမြို့တော်ထဲတွင်ရှိနေသည့် သိုင်းဆရာများစွာကိုပင် ထိတ်လန့်အံ့သြစေခဲ့သည်။

လမ်းပါ့ဒ်သည် လျှပ်စစ်ဂုဏ်သတ္တိစွမ်းအားကို ကျင့်ကြံသူဖြစ်သည်။

မနက်ခင်းနေရောင်ခြည်သည် အပူပြင်းဆုံးမဟုတ်သောလည်း စွမ်းအင်များစွာပါ၀င်၏။ ဤအခိုက်တန့်တွင် လေထဲတွင်ရှိနေသည့် စွမ်းအင်ဓာတ်ဂုဏ်သတ္တိများသည် အသန့်စင်ဆုံးနှင့် အပေါများဆုံးအခြေအနေတွင်ရှိနေသည်။ ထို့ကြော့င် ဤအချိန်တွင် မီးစွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်လေ့ကျင့်သူများအတွက် သဘာ၀တရား၏စိန်ခေါ်မှုအားရင်ဆိုင်ရန်အကောင်းဆုံးအချိန်တစ်ခုပင်။

“ဦးလေး လမ်းပါ့ဒ်...” လမ်းပါ့ဒ်၏အခြေအနေကို ကြည့်ရန်အတွက် လမ်းလျှောက်သွားရင်းဖြင့် ဖှေးအော်ခေါ်လိုက်သည်။ လမ်းပါ့ဒ်အား မြင်လိုက်ရသည့်နောက်တွင် ဖှေးများစွာစိတ်အေးသွား၏။ “ဘယ်လိုလဲ ယုံကြည်ချက်ရှိတယ်မလား...”

“ပြသနာမရှိပါဘူး...” လမ်းပါ့ဒ်သည် ကောင်းကင်ပေါ်တွင်သာနေသည့် နေမင်းကြီးကို မော့ကြည့်လိုက်ရင်းဖြင့် ဖြေလိုက်သည်။ ရွှေရောင် နေရောင်ခြည်သည် သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံထား၏။ ရွှေရောင်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် နတ်ဘုရားတစ်ပါးလိုပင်။

“ဟုတ်လား ကောင်းတာပေါ့။ ကျွန်တော်ဦးလေးအတွက် လက်ဆောင်တစ်ခုယူလာတယ်။ ဒီလက်ဆောင်က ဦးလေးအတွက် လာမည့်စိန်ခေါ်မှုမှာ အသုံးပြုဖို့အတွက် လုံလောက်လောက်ပါတယ်...” ဖှေးသည် သူ၏ ထားသိုရာအကန့်ထဲမှ အမဲရောင်ဓားရှည်ကြီးတစ်လက်ကို ထုတ်ယူကာပြောလိုက်သည်။ သူသည် လမ်းပါ့ဒ်အတွက် အနည်းငယ်စိုးရိမ်နေဆဲပင်။

ထို့နောက်တွင် သူဓားကို မြေပြင်ပေါ်သို့ စိုက်လိုက်၏။

မြေပြင်အတွင်းသို့ တော်တော်များများစိုက်၀င်နေသော်လည်း ထိုဓားကြီးသည် သာမန်လူတစ်ယောက်အရပ်ထက်ပို၍ မြင့်မားနေဆဲပင်။ ဓားကြီး၏ အကျယ်မှာတံခါးရွက်တစ်ခုလိုပင်။ ထို့အပြင် သိုင်းဆရာများသာ အာရုံခံနိုင်သည့် ထူးခြားသည့်စွမ်းအင်အရှိန်၀ါတစ်ခုကိုလည်း ထုတ်လွှတ်နေ၏။

ထိုဓားသည် လမ်းပါ့ဒ်လက်ရှိအသုံးပြုနေသည့်ဓားထက်များစွာပိုကောင်းသည်။

“ဟေ...” လမ်းပါ့ဒ်၏ မျက်လုံးများလင်းလတ်သွားသည်။ သူသည် အံ့သြသွားသည့်အမူယာတစ်ခုဖြင့် မေးလိုက်သည်။ “အတော်လေး ၀ိဉာဥ်စွမ်းအားမြင့်မားတာပဲ။ လက်စွဲတော်လက်နက်လား။ လယ်ဗယ်၅ မဟုတ်ဘူး လယ်ဗယ်၆လား...”

ဖှေးပြုံး၍ ပြောလိုက်သည်။ “လယ်ဗယ်၈...”

“လယ်ဗယ်၈ ဟုတ်လား...” လမ်းပါ့ဒ် မင်သက်သွားသည်။

ဤသည်မှာ သူပထမဆုံးအနေဖြင့် ဖှေး၏အရှေ့တွင် အကြီးကျယ်အံ့သြသွားခြင်းပင်။

လယ်ဗယ်၈ လက်စွဲတော်လက်နက်များသည် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များထက်တစ်ဆင့်သာနိမ့်သည့် လက်နက်များဖြစ်သောကြောင့်ပင်။

“အလတ်ဇန္ဒားက ဒီလောက်အရေးကြီးတဲ့လက်နက်ကို ဘာမှမဟုတ်သလိုပိုင်ဆိုင်ထားတာပဲ...သေစမ်း အံ့သြလောက်စရာပဲ...” သူတွေးလိုက်မိသည်။

All Chapters