← Chapters

“အန္တရာယ်”

Vol. 45 Ch. 702

“အန္တရာယ်”

Vol. 45 Ch. 702

အခြေအနေသည် အလွန်အန္တရာယ်များနေသည်။

သို့သော် ဖှေးသည် ကြိုတင်ခန့်မှန်းထားပြီးသည့်အတိုင်းပင် သူ၏ မျက်နှာအမူယာပြောင်းလဲခြင်းမရှိပေ။

ကစဥ့်ကလျားခြင်းပုလ္လင်သည် အကြိမ်ပေါင်းများစွာတောက်ပနေပြီး ပုံရိပ်ယောင်များစွာထွက်ပေါ်လာ၏။ ဖှေးသည် ကိုယ်၃ကိုယ်ခွဲသွားသည့်အတိုင်းပင် နေရာသုံးနေရာတွင်ရှိနေသည့် ဓားသွားစွမ်းအင်မျးကို လျှင်မြန်စွာဖျက်ဆီးပစ်လိုက်သည်။

“ဟီးဟီး အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုမှာ ဒီလိုသိုင်းဆရာတစ်ယောက်ရှိနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဟားဟားဟား...” ယခင်က ကြားလိုက်ရသည့်အသံအား မတူညီသည့်နေရာတစ်ခုထံမှ ထက်မံ၍ကြားလိုက်ရသည်။

“ဒီလိုဆိုရင်တော့ ငါမင်းကို ညှာတာပေးလိုက်ပါ့မယ်။ ဟီးဟီး ဒါပေမယ့် မင်းနောက်တစ်ကြိမ်တော့ ထပ်ပြီးကံကောင်းနိုင်မှာမဟုတ်ဘူး...” အသံသည် နေရာအနှံ့မှကြားနေရပြီး အသံနေအသံထားသည်လည်း အကြိမ်ပေါင်းများစွာပြောင်းလဲနေလျှက်ရှိသည်။

မကြာမှီတွင်အသံပျောက်ကွယ်သွားပြီး ချောင်းမြောင်းတိုက်ခိုက်သည့်လူသည် ဆုတ်ခွာသွားသည့်ပုံပင်။

ဤအခိုက်တန့်တွင် ဖှေးသူ၏မျက်ခုံးများကို ပင့်ကာပြောလိုက်သည်။ “မင်းပြန်တော့မယ်ဆိုရင် ငါလဲလက်ဆောင်ပေးလိုက်မယ်။ အဲ့လိုမှမဟုတ်ရင် င့ါကို လူမှုရေးမသိတတ်ဘူးလို့ ပြောနေကြတော့မယ်...”

စကားမဆုံးသေးခင်မှာပင် ဖှေးသူ၏လက်သီးများကို ဆုပ်လိုက်သည်။

ကြီးမားသည့် ငွေရောင်လက်ကြီးတစ်ဖက်သည် ဖှေးနှင့်တစ်မီတာခန့်၀ေးသည့်နေရာတွင်ပေါ်လာ၏။ ထိုလက်ကြီးအား သန့်စင်သည့်စွမ်းအင်များဖြင့် ဖန်တီးထားခြင်းမဖြစ်ပြီး အလွန်ပင်အနုစိတ်ဆန်လှသည်။ လက်ပေါ်တွင်ရှိနေသည့် မွေးညှင်းပေါက်များနှင့် သွေးးကြောများကိုပင် မြင်နေရ၏။ ဖှေးသူ၏လက်သီးဆုတ်လိုက်သည့်အချိန်တွင် စွမ်းအင်များဖြင့် ပြုလုပ်ထားသည့် လက်ဖ၀ါးသည်လည်း တင်းကြပ်လာကာ လက်သီးဆုပ်သကဲ့သို့ ပြုမူလိုက်သည်။ လက်ချောင်းများသည် လေထဲတွင် ပုံရိပ်ယောင်များကို ချန်ထားခဲ့၏။ စွမ်းအင်လက်သီးကြီးသည် ပွင့်အာလာနေသည့် ကြာပန်းတစ်ခုကဲ့သို့ပင်။

ဤအရာများအားလုံးသည် စက္ကန့်၀က်အတွင်းမှာပင်ဖြစ်ပျက်သွားခြင်းပင်။

ထို့နောက်တွင် ဖှေး၏မျက်လုံးများမှ အလင်းတန်းများတောက်ပလာပြီး သူ၏အရှေ့တွင်ရှိနေသည့် နေရာတစ်ခုသို့ကြည့်ကာ လက်သီးဖြင့်ထိုးလိုက်၏။

ကြာပန်းကဲ့သို့သော စွမ်းအင်လက်သီးကြီးသည်လည်း တုန်ခါကာ နေရာမှပျောက်ကွယ်သွားတော့သည်။

“ဖုန်း..”

ထိုစွမ်းအင်လက်သီးသည် ဖှေးစိုက်ကြည့်နေခဲ့သည့်နေရာသို့ အလွန်လျှင်မြန်စွာပျံသန်းသွားလေရာ လူသားမျက်လုံးဖြင့် ကြည့်ရန်မဖြစ်နိုင်ပေ။

“အား အား..ဖွီး..”

နာကျင်စွာအော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး သွေးစက်တစ်ချို့သည် ကောင်းကင်ပေါ်မှကဆင်းလာ၏။ ထို့နောက်တွင် ကွဲအက်သွားသည့်ဖန်သားပြင်တစ်ခုကဲ့သို့ပင် ဖှေး၏လက်သီးဖြင့် ထိုးနှက်ခြင်းခံလိုက်ရသည့် နေရာသည်ကွဲအက်သွား၏။ ထိုကွဲအက်သွားသည့်နေရာတွင် အမဲရောင်၀တ်ရုံနှင့်လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူသည် ဖှေးအား ထိတ်လန့်အံ့သြသည့်အကြည့်ဖြင့် လှမ်းကြည့်၍ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

ဖှေး လိုက်ဖမ်းခြင်းမပြုတော့ပဲ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

“အဲ့လူက င့ါရဲ့ပြိုင်ဘက်ကင်းအင်ပါယာလက်သီးကို ခံနိုင်တာပဲ။ ဒါဆိုရင်တော့ လယ်ဗယ်၁ ဒါမှမဟုတ် လယ်ဗယ်၂ အဆင့်နိမ့်လပြည့်သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မယ်။ အဲ့လူက ဘယ်အဖွဲ့စည်းကလည်း သေစမ်း ငါတို့တွေတော့ ငါးကြီးကြီးတစ်ကောင်မိထားတာပဲ...”

ဖှေးစဥ်းစားကြည့်ရင်းဖြင့် သူ၏ စူးရှသောမျက်လုံးများဖြင့် ဘေးပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။

လအဆင့်စစ်သည်များသာ အာရုံခံနိုင်သည့် စွမ်းအားမြင့်သောစွမ်းအင်အရှိန်၀ါများသည် အနောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွားကြ၏။ ဖှေး၏ စွမ်းအားကို မြင်တွေ့လိုက်ပြီးနောက်တွင် ကိုယ်ယောင်ဖျောက်နေကြသည့် သိုင်းဆရာများသည် ထွက်ပြေးသွားကြခြင်းပင်။ သူတို့သည် အထင်မြင်လွဲမှားမှုများမဖြစ်ပွားလိုကြပေ။

“ဘုန်း ဘုန်း ဘုန်း...”

ယခုအချိန်တွင် သဘာ၀တရားစိန်ခေါ်မှု၏ နောက်ဆုံးတိုက်ခိုက်မှုများရောက်ရှိလာတော့မည်ဖြစ်သည်။

ကောင်းကင်ပေါ်တွင်ရှိနေသည့် လျှပ်စီးအလင်းတန်းများအားလုံးသည် စုပေါင်းသွားကြပြီး လူသားတစ်ယောက်ပုံသဏာန်ရှိသည့် လျှပ်စစ်စွမ်းအင်အစု၀ေးကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ ကြီးမားသည့် ဖိအားနှင့် ကောင်းကင်ပေါ်တွင် ခနတာရပ်တန့်ကာ လမ်းပါ့ဒဒ်ထံသို့ ကျဆင်းလာတော့သည်။ ဤတိုက်ခိုက်မှုသည် လျှပ်စီးနတ်ဘုရားကိုယ်တိုင်တိုက်ခိုက်သလိုပင်ဖြစ်နေပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်လမ်းပုါဒ်ရင်ဆိုင်ရမည့် နောက်ဆုံးစိန်ခေါ်မှုပင်။

ချမ်းဘော့ဒ်သားများအားလုံးသည် ဤအခိုက်တန့်တွင်အသက်အောင့်ထားကြ၏။ သူတို့၏ နှလုံးများသည် လည်ပင်းသို့ပင် ရောက်လာနေသလိုပင်။

“ဟားဟား နောက်ဆုံးတိုက်ခိုက်မှုလား ကောင်းတယ်။ မဟူရာမိုးကြိုး...ခြင်္သေ့စွယ်...အလင်းအမြန်နှုန်းသိုင်းကွက်...”

သူ၏ အနီရောင်ဆံပင်ရှည်များသည် လေထဲတွင် လွှင့်မြောနေရင်းဖြင့် လမ်းပါ့ဒ်သည် ရယ်ရင့်စွဦရယ်မောလိုက်သည်။ သူသည် မြေပြင်ပေါ်တွင်ထိုးစိုက်ထားသော လယ်ဗယ်၈လက်စွဲတော်လက်နက်ဖြစ်သည့် မဟူရာမိုးကြိုးကိုဆွဲယူလိုက်ရာ သူ၏ အရှိန်၀ါသည် စတင်၍ ကြီးမားလာပြီး စွမ်းအားများလျှင်မြန်စွာတိုးမြင့်လာတော့သည်။ တဖြည်းဖြည်းခြင်းဖြင့် သူ၏အနောက်တွင် ကြီးမားသည့် ခြင်္သေ့ကြီးတစ်ကောင်၏ ပုံရိပ်တစ်ခုပေါ်လာတော့သည်။

လမ်းပါ့ဒ်သည် ဓားကိုအသုံးပြု၍ စွမ်းအားအမြင့်ဆုံးသိုင်းကွက်ဖြစ်သည့် အလင်းလက်သီးကို အသုံးပြုလိုက်ခြင်းပင်။

“၀ေါင်း ၀ေါင်း ၀ေါင်း...”

ချက်ချင်းပင် ကောင်းကင်ပေါ်တွင် ခြင်္သေ့ဟိန်းဟောက်သံများနှင့် ပြည့်နှက်သွားတော့သည်။ လမ်းပါ့ဒ် ကောင်းကင်သို့ ချိန်ရွယ်ကာ ခုတ်ပိုင်းလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိနေသည့် လျှပ်စစ်စွမ်းအင်များသည် လည်ပတ်စုပေါင်းကာ ခြင်္သေအစွယ်များအသွင်သဏ္ဏာန်သို့ပြောင်းလဲသွား၏။ အကြောက်တရားမရှိပဲ လမ်းပါ့ဒ်သည် သူ့ထံသို့ ကျဆင်းလာနေသည့် လူသားပုံ လျှပ်စစ်စွမ်းအင်များကိုချိန်ရွယ်ကာ သူ၏ ဓားဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။

“ရွီး...” ထွက်ပေါ်လာသည့် အသံကြီးသည် စူးရှသည့်အတွက်ကြောင့် နေရာတွင်ရှိနေသည့်လူများ၏ နားစည်ကို ကွဲအက်စေလုနီးပါးပင်။

တစ်ချိန်တည်းမှာပင် သဘာ၀တရား၏နောက်ဆုံးစိန်ခေါ်မှုဖြစ်သည့် လူသားပုံလျှပ်စစ်စွမ်းအင်စုများသည် လမ်းပါ့ဒ်၏ ခြင်င်္သေ့စွယ်ပုံစွမ်းအင်များကြောင့် ပျက်စီးသွားတော့၏။

ထို့နောက်တွင် လမ်းပါ့ဒ်၏ သိုင်းကွက်အတွင်းတွင်စွမ်းအင်များစွာကျန်ရှိနေသေးသည့်အတွက်ကြောင့် လူသားပုံလျှပ်စစ်စွမ်းအင်စုအား ဖျက်ဆီးပြီးသည့်နောက်တွင် ကောင်းကင်ပေါ်သို့ ဆက်လက်ပျံတက်သွားပြီး တိမ်တိုက်များကိုပါ ဖျက်ဆီးပစ်လိုက်သည်။

တိမ်မဲများထဲတွင် ၂၀ကီလိုမီတာခန့်အကျယ်၀န်းကြီးရှိသည့် အပေါက်ကြီးတစ်ခုပေါ်ပေါက်လာပြီး အပြာရောင်ကောင်းကင်ကြီးကို ပြန်လည်မြင်နိုင်နေပြီဖြစ်သည်။

ကောင်းကင်ပေါ်တွင်ရှိနေသည့် အပေါက်မှတဆင့် ရွှေရောင်နေရောင်ခြည်သည်ချမ်းဘော့ဒ်တိုင်းပြည်ပေါ်တွင် ထွန်းလင်းလိုက်သည်။ အ၀ေးမှကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်မှ လွဲ၍ ကျန်ရှိနေသည့် နေရာများမှာ မဲမှောင်နေ၏။ နတ်ဘုရားများသည် ချမ်းဘော့ဒ်တိုင်းပြည်အား ကောင်းချီးပေးနေသလိုပင်။

လမ်းပါ့ဒ်သည် သဘာ၀တရားကြီး၏ စိန်ခေါ်မှုကို အောင်မြင်သွားပြီဖြစ်ပြီး လအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။ ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်အတွက် စွမ်းအားမြင့်သိုင်းဆရာနောက်တစ်ယောက်တိုးမြှင့်လာခဲ့ပြီဖြစ်သည်။

ရင်ပြင်၏ဘေးပတ်ပတ်လည်မှ အော်ဟစ်အားပေးသံများသည် ကောင်းကင်ပေါ်တွင် ဟိန်းနေသောကြောင့် ကျန်ရှိနေသေးသည့် တိမ်တိုက်များကိုပင် ကွဲဖြာသွားစေသည်။

လမ်းပါ့ဒ်သည် ရင်ပြင်၏ အလည်တွင် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေရင်းဖြင့် သူ၏ စွမ်းအင်အရှိန်၀ါသည်လည်း မြင့်တက်လာနေလျှက်ရှိသည်။

လယ်ဗယ်၁ အဆင့်နိမ့်လသစ်...

လယ်ဗယ်၂ အဆင့်နိမ့်လသစ်...

လယ်ဗယ်၅ အဆင့်နိမ့်လသစ်...

လယ်ဗယ်၃ အလယ်လတ်အဆင့်လသစ်...

ဖှေး၏ အံ့သြ၀မ်းသာနေသည့်အကြည့်များအောက်တွင် လမ်းပါ့ဒ်၏ စွမ်းအားများမြင့်တက်သည့်နှုန်းသည် တဖြည်းဖြည်းအရှိန်နှေးသွားပြီး လယ်ဗယ်၅အလယ်လတ်လသစ်အဆင့်တွင် တည်ငြိမ်သွား၏။

“လသစ်အလယ်လတ်အဆင့်ကိုတောင် တန်းပြီးရောက်သွားတာပဲ။ ဒါက လန့်စရာပဲ။ ဦးလေးလမ်းပါ့ဒ်ရဲ့ လျို့၀ှက်ချက်တွေက ငါထင်ထားတာထက်တောင်ပိုပြီးတော့ ကျော်လွန်နေတဲ့ပုံပဲ...” ဖှေးတွေးလိုက်မိသည်။

သာမန်သိုင်းဆရာများအတွက် သူတို့၏ စွမ်းအားသည် လယ်ဗယ်၁အဆင့်နိမ့်လသစ်အဆင့်သို့ရောက်ရှိအောင်ဆောက်ရွက်နိုင်ပါက အောင်မြင်မှုတစ်ခုပင်။ လယ်ဗယ်၃အဆင့်နိမ့်လသစ်အဆင့်သို့ တန်းရောက်သွားပါက ပါရမီရှင်ဟုသက်မှတ်ကြမည်ဖြစ်သည်။ လယ်ဗယ်၅အဆင့်နိမ့်လသစ်အဆင့်ကို ကျော်လွန်သွားသည့်လူသည် ပါရမီရှင်များထက်ထူးခြားသည့် ပါရမီရှင်တစ်ယောက်ပင်။

လမ်းပါ့ဒ်သည် လယ်ဗယ်၅အလယ်လတ်လသစ်အဆင့်သို့ပင်ရောက်ရှိသွားခဲ့ခြင်းသည် ထူးခြားသည် ထိုသည်ထက်ပင် ပိုနေ၏။

ထို့အပြင် လမ်းပါ့ဒ်၏ နောက်ဆုံးသိုင်းကွက်သည် သဘာ၀တရား၏နောက်ဆုံးစိန်ခေါ်မှုကို ဖျက်ဆီးနိုင်လိုက်သည့်အပြင် တိမ်တိုက်များပေါ်တွင် အပေါက်ကြီးတစ်ပေါက်ကိုသာ ထင်ကျန်စေခဲ့လိုက်ခြင်းသည် လူများစွာအား ကြောချမ်းသွားစေခဲ့သည်။

ချမ်းဘော့ဒ်တိုင်းပြည်သည် သာမန်လအဆင့်သိုင်းဆရာတစ်ဦးကို ရရှိလိုက်ရုံသာမကပဲ ဤတိုင်းပြည်သည် သိုင်းဆရာအစစ်မှန်တစ်ယောက်ကိုရရှိလိုက်ခြင်းပင်။ ဖြစ်နိုင်ချေအကန့်သက်မရှိသည့် သိုင်းဆရာတစ်ယောက်ပင်။

တိမ်မဲများပျောက်ကွယ်သွားသည့်အချိန်တွင် ကြည်လင်သည့်ကောင်းကင်ရံသည် နီလာကျောက်တစ်လုံးကဲ့သို့သော ပြာလဲ့ကာလှပေနေ၏။ နေမင်းကြီးသည် ကောင်းကင်ပေါ်သို့ ပို၍ပို၍မြင့်တက်လာရင်းဖြင့် စိုစွတ်သည့် လေထုသည် ပို၍ပို၍နွေးထွေးလာတော့၏။

ကျယ်လောင်သည့်အော်ဟစ်အားပေးသံများသည် ရပ်တန့်သွားခြင်းမရှိသေးပေ။

မကြာမှီတွင် ချမ်းဘော့ဒ်တိုင်းပြည်မှ မြို့သူမြို့သားများအားလုံးသည် လမ်းပါ့ဒ်လအဆင့်သို့ ရောက်ရှိသွားပြီဟူသည့် သတင်းကို သိရှိကုန်ကြပြီး တစ်တိုင်းပြည်လုံးစိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြ၏။

.....

“ဘာ လအဆင့်ကို ရောက်သွားတာ ချမ်းဘော့ဒ်ဘုရင်မဟုတ်ပဲ နောက်တစ်ယောက်ဟုတ်လား...”

ဟိုတယ်ရှေ့တွင် သတင်းစောင့်နေသည့် ဘားကော့တ်သည် သတင်းကို ကြားလိုက်ရပြီးနောက်တွင် စိတ်အေးသွား၏။ ထို့နောက်တွင် သူတစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး သူ၏ အခန်းထဲသို့၀င်ကာ စာရွက်စာတမ်းများကို ထုတ်ကာ ရှာဖွေတော့သည်။ ရှာဖွေအပြီးတွင် သူသည် လမ်းပါ့ဒ်နှင့်ပတ်သက်သည့် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

“ဖရန့်ခ်-လမ်းပါ့ဒ်၊ ၃၇နှစ် ရေဂုဏ်သတ္တိနှင့် လျှပ်စစ်ဂုဏ်သတ္တိအတွင်းအားစွမ်းအင်သုံးစစ်သည်တော်၊ ကြယ်ရှစ်လုံးအမြင့်ဆုံးအဆင့်၊ တိတ်ဆိတ်ပြီးတော့ တည်တည်ငြိမ်ငြိမ်နေလေ့ရှိတယ်၊ ဇာတိသမိုင်း မသိရှိရ...”

မသိရှိရ ဟူသည့် စကားလုံးသည် ဘားကော့တ်အား အေးစက်သွားစေသည်။

“အင်ပါယာရဲ့ စစ်ဘက်ဆိုင်ရာဌာနချုပ်ကတောင် ဒီလူရဲ့နောက်ကြောင်းကို မသိရဘူးလား။ သူကချမ်းဘော့ဒ်တိုင်းပြည်မှာရှိနေတာ အတော်ကြာနေပြီ။ သူ့နောက်ခံကိုလိုက်ရတာ မခက်လောက်ပါဘူး။ ဘာလို့မသိကြတာလဲ။ မဟုတ်မှလွဲရော ဒီလူရဲ့နောက်ကြောင်းက အတော်လေးထူးခြားနေလို့လား...သေစမ်း ချမ်းဘော့ဒ်ဘုရင်ပတ်ပတ်လည်မှာ ဘယ်လိုလူတွေရှိနေတာလဲ...” ဘားကော့တ် စိုးရိမ်တုန်လှုပ်လာတော့သည်။

“နေဦး မဟုတ်သေးဘူး...” သူသည် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ “ငါတို့စုံစမ်းထားသလောက်ဆိုရင် ချမ်းဘော့ဒ်ဘုရင်က တိုင်းပြည်ထဲမှာနံပါတ်၁စစ်သည်တော်ပဲ...ဒါဆိုရင် ဒီဘုရင်ရဲ့အစွမ်းက လမ်းပါ့ဒ်ထက်ပိုပြီးတော့ မြင့်မားနေလိမ့်...ဒါဒါဆို ချမ်းဘော့ဒ်ဘုရင်က လအဆင့်ကို ရောက်နေနှင့်ပြီဆိုတဲ့သဘောပေါ့...ဒါပေမယ့်...”

ဘားကော့တ်သည် ဆက်လက်စဥ်းစားရင်းဖြင့် တုန်လှုပ်နေလျှက်ရှိသည်။ “ဒါပေမယ့် မင်းသားင့ါကို ပေးလိုက်တဲ့အချက်လက်တွေထဲမှာ ချမ်းဘော့ဒ်ဘုရင်က အလွန်ဆုံးခန့်မှန်းမှ ကြယ်ကိုးလုံးအဆင့်လောက်ပဲရှိလိမ့်မယ်လို့ ရေးထားတယ်လေ...”

“မင်းသားအာရှဗင်က မသိတာလား...မဖြစ်နိုင်ဘူး သူဘာလို့ငါ့ကိုမပြောခဲ့တာလဲ...”

All Chapters