အခန်း (၇၀၃)
Vol. 45 Ch. 703
ဘားကော့တ်ထိတ်လန့်နေသည့်အချိန်တွင် တစ်ခြားလူများသည်လည်း ဤသတင်းအား ပြောနေလျှက်ရှိကြသည်။
“ဘာ အဆင့်တက်သွားတဲ့လူက ချမ်းဘော့ဒ်ဘုရင်မဟုတ်ဘူးလား...”
“ဟားဟား ငါထင်ထား ဖရန့်-လမ်းပါ့ဒ်ပဲ။ သေစမ်း အခုဆိုရင်ချမ်းဘော့ဒ်တိုင်းပြည်မှာ လအဆင့်သိုင်းဆရာနှစ်ယောက်တောင်ရှိနေပြီ။ ဒီလိုစွမ်းအားမျိုးနဲ့သာဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်က ဇီးနစ်အင်ပါယာကနေတောင်ခွဲထွက်ပြီးတော့ ကိုယ်ပိုင်အင်ပါယာတည်ထောင်လို့ ရနေပြီ။ ဒီအချိန်မှာ ချမ်းဘော့ဒ်ဘုရင်ကို တားဆီးနိုင်တဲ့လူ ဇီးနစ်အင်ပါယာထဲမှာရှိသေးရဲ့လား...”
“အမြန်လုပ်ကြစမ်း ဒီသတင်းကို ငါတို့ ဘက်ဂ်မိသားစုအကြီးကဲစီကိုသတင်းပို့လိုက်။ ငါတို့ ချမ်းဘော့ဒ်နဲ့ရှိနေတဲ့ ရန်ငြိုးတွေကို အမြန်အဆုံးသက်မှရတော့မယ်။ ငါတို့ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ တိုက်ခိုက်လို့မရဘူး...”
“တစ်တိုင်းပြည်ထဲမှာ လနှစ်စင်းသာနေပါ့လား။ ချမ်းဘော့ဒ်တိုင်းပြည်က ထောင်တက်လာနေပြီ...”
“ချမ်းဘော့ဒ်တိုင်းပြည်က လာမယ့်၁၃ရက်မှာ လက်ထပ်တော့မယ်လို့ သတင်းကြားတယ်။ ဒီသတင်းကို ငါတို့သခင်စီကို ပြန်ပို့လိုက်တော့။ ငါတို့ လက်ဆောင်တွေဆက်သဖို့ ကြိုတင်စီစဥ်ထားရမယ်။ ငါတို့ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ဆက်ဆံရေးကောင်းချင်တယ်ဆိုရင် တစ်ခုခုကိုတော့ လက်လွှတ်ရမှာပဲ။ အဲ့တာကြောင့် ငါတို့တွေသူတို့ဘက်မှာရှိတယ်ဆိုတာကို သူများတွေထက်အရင်ပြထားမှဖြစ်မယ်။ တကယ်လို့နောက်ကျလွန်းသွားမယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး...”
“ဟားဟား ကောင်းတယ် ချမ်းဘော့ဒ်ဘုရင်စွမ်းအားမြင့်မားလာတာက ဇီးနစ်အင်ပါယာအတွက် အကြပ်ရိုက်စရာတစ်ခုဖြစ်နေတော့မှာလဲ။ ဇီးနစ်အင်ပါယာက တော်၀င်မိသားစုကလည်း ဒါကို လက်သင့်ခံမယ့်ပုံတော့မပေါ်ဘူး။ ဇီးနစ်အင်ပါယာထဲမှာ ပြည်တွင်းစစ်ပွဲတစ်ခုဖြစ်တော့မယ်ထင်တယ်။ ငါတို့တွေ ချမ်းဘော့ဒ်ဘုရင်ကိုသာ ကူညီမယ်ဆိုရင် ဇီးနစ်အင်ပါယာတော့ အင်အားနည်းသွားတော့မှာပဲ။ အဲ့လိုသာဆိုရင် ငါတို့စပါတပ်အင်ပါယာကို ပြန်လည်တည်ထောင်လို့ ရပြီလေ...”
“အိုက်ဟိုဗင်အင်ပါယာကို သတင်းပို့လိုက်တော့။ ငါတို့စစ်ရေးခေါင်းဆော်ကို ပြောလိုက်။ ချမ်းဘော့ဒ်ဘုရင်မှာ လအဆင့်စစ်သည်နောက်တစ်ယောက်ထွက်ပေါ်လာပြီလို့။ သူမကို အကုန်အသေးစိတ်ပြောလိုက်ကွာ။ အဲ့တာမှ သူမလည်း ငါတို့ကို ဆက်လက်ညွန်ကြားနိုင်မှာ...”
အဖွဲ့စည်းအမျိုးမျိုးမှ စပိုင်များ၊ ထောက်လှမ်းရေးများသည် ချင့်ချိန်တွက်ဆနေကြပြီး ဆက်လက်ဆောင်ရွက်ရမည့်အစီစဥ်များကို ဆုံးဖြတ်လိုက်ကြတော့သည်၊
......
ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့် မြေအောက်လျို့၀ှက်ခန်းတစ်ခုထဲတွင်ဖြစ်သည်။
“မင်းတို့ကောင်တွေ ဘာလို့ငါနဲ့လိုက်ပြီးမလှုပ်ရှားကြတာလဲ။ မင်းတို့ကောင်တွေကွာ...မင်းတို့အားလုံးတစ်ကိုယ်ကောင်းဆန်တဲ့ကောင်တွေပဲ။ င့ါကို တစ်ယောက်ထဲစောက်ရူးဖြစ်တာကို ကြည့်နေကြတယ်ပေါ့။ မင်းတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို မင်းတို့မသိကြဘူးလား။ ချမ်းဘော့ဒ်တိုင်းပြည်နောက်ထပ်လအဆင့်သိုင်းဆရာတစ်ယောက်ရသွားတာကို မင်းတို့အားလုံးဒီတိုင်းကြည့်နေကြတာလား။ ငါတို့ဆရာသာ ဒီကိစ္စကိုသိသွားရင် ဒေါသဖြစ်နေတော့မှာပဲ...”
ထိုလူ၏ ညာဘက်ပခုံးတွင် နက်ရှိုင်းသည့် လက်သီးရာကြီးတစ်ခုရှိနေပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ပင်။ သူ၏ ညာဘက်လက်မောင်းတစ်ခုလုံး ပျက်ဆီးလုနီးနီးပင်ဖြစ်နေ၏။ ငွေရောင်စွမ်းအင်များသည် ထိုဒဏ်ရာထဲတွင်ရှိနေဆဲဖြစ်ပြီး ကုသ၍မရနိုင်အောင် တားဆီးထား၏။
ထိုလူသည် လမ်းပါ့ဒ်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် ကြိုးစားခဲ့သည့်လူဖြစ်ပြီး ဖှေး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့်လူပင်။
“ဟမ် ဒစ်စ်ဗော့ မင်က ငါတို့ဆရာရဲ့အမိန့်ကို ဂရုမစိုက်ပဲ မင်းပါမင်း မျက်နှာရချင်လို့ တစ်ယောက်ထဲ၀င်တိုက်ခဲ့တာလေ။ မင်းကြောင့် ချမ်းဘော့ဒ်ဘုရင်သတိထားမိသွားပြီ အခုဆိုရင် ငါတို့အစီစဥ်ကို ဆက်လက်အကောင်ထည်ဖော်ဖို့အတွက် အတော်လေးခက်ခဲနေပြီ။ ဒါတောင် မင်းက ငါတို့ကို ဆက်ပြီးတော့ အပြစ်တင်နေတုန်းပဲလား။ အဲ့တာအပြင် ချမ်းဘော့ဒ်ဘုရင်ရဲ့အစွမ်းကို မင်းကိုယ်တိုင်သိလိုက်ရတာပဲ။ ငါတို့အားလုံး စုပေါင်းပြီးတော့ တိုက်ခိုက်တယ်ဆိုရင်တောင် ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။ အဲ့အစား သူ့ကို ပိုပြီးသတိထားမိအောင်လုပ်သလိုဖြစ်ပြီး ငါတို့လဲ ဒဏ်ရာတွေရ ငါတို့ဆရာကြီးရဲ့ အစီစဥ်တွေလည်း ပျက်ဆီးသွားတော့မယ်လေ...”
“မင်း...အကြောင်းပြချက်တွေ။ အကြောင်းပြချက်တွေပေးမနေနဲ့ ရာကန်နစ်။ မင်းဘာပြောပြော မင်းက ချမ်းဘော့ဒ်ဘုရင်နဲ့ ရင်ဆိုင်ရမှာကို ကြောက်နေတဲ့လူကြောက်တစ်ယောက်ဆိုတာကို ငြင်းလို့ရမှာမဟုတ်ဘူး...”
“ဟမ် မင်းလို့ ဆင်ခြင်တုံတရားမရှိတဲ့ကောင်ဖြစ်နေတာထက်စာရင် လူကြောက်တစ်ယောက်ဖြစ်နေတာကမှ ပိုကောင်းဦးမယ်...”
“မင်းတို့နှစ်ကောင် ရန်ဖြစ်မနေကြနဲ့...” နက်ရှိုင်းသည့် အသံတစ်ခုထွက်ပေါ်လာသည်။ “ရာကန်နစ်ပြောတာမှန်တယ်။ ချမ်းဘော့ဒ်ဘုရင်က ကြောက်စရာကောင်းလွန်းနေတယ်...ငါတို့ လေးယောက်လုံးပေါင်းတိုက်မယ်ဆိုရင်တောင် သူ့ကို နိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အစွမ်းတွေမြင့်မားလာပုံက ကြောက်စရာပဲ...ငါတို့တွေ လျို့၀ှက်လှုပ်ရှားပြီးတော့ ဆရာကြီးစီစဥ်ထားတဲ့အတိုင်းဆက်လုပ်မှရမယ်။ ဆရာကိုယ်တိုင်ဒီနေရာကို ရောက်လာတဲ့အချိန်ကျရင်တော့ အားလုံးရှင်းလင်းသွားပါလိမ့်မယ်...”
“ဒါပေမယ့် ဒစ်စ်ဗော့ မင်းဒီနေ့လုပ်ခဲ့တဲ့အရာက အကျိုးမရှိတာတော့မဟုတ်ပါဘူး။ ငါတို့ ချမ်းဘော့ဒ်ဘုရင်ရဲ့စွမ်းအားနဲ့ တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်က သိုင်းဆရာတွေရဲ့စွမ်းအားကို သိလိုက်ရတာပေါ့။ ဟီးဟီး ချမ်းဘော့ဒ်ဘုရင်နဲ့ ဒီနေအဆင့်တက်သွားတဲ့သိုင်းဆရာကလွဲပြီးတော့ ငါတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတစ်ယောက်မှမရှိဘူး...”
“ဒါမယ့် မင်းတို့မှတ်ထားဖို့က ငါတို့နောက်နေ့တွေမှာ ဂရုစိုက်မှရမယ်။ အကြောင်းမရှိပဲနဲံအပြင်မထွက်ကြနဲ့။ ငါတို့အောက်မှာရှိတဲ့လူတွေက အစီစဥ်တွေကို ဆက်လုပ်သွားကြလိမ့်မယ်။ ငါတို့ကို ချမ်းဘော့ဒ်ဘုရင်သတိထားမိသွားလို့မရဘူး...”
ငွေရောင်မှော်အစီရင်များအား နံရံများပေါ်တွင် ရေးထိုးထားပြီး ဤလျို့၀ှက်အခန်းသည် သူတို့၏အရှိန်၀ါကို ဖုံးကွယ်ထားပေးနေ၏။
ထိုလျို့၀ှက်သည့် သိုင်းဆရာလေးယောက်တို့သည် သူတို့၏ အစီစဥ်များအကြံစည်များကိုဆက်လက်၍ စီစဥ်နေကြ၏။
......
ချမ်းဘော့ဒ်တိုင်းပြည် တီနာမန်ရင်ပြင်တွင်ဖြစ်သည်။
လျှပ်စီးအလင်းတန်းများ တိမ်ညိုတိမ်တန်းများပျောက်ကွယ်သွားပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ မြို့သူမြို့သားများသည် ရင်ပြင်သို့ အသီးသီးပြေးထွက်လာကြ၏။ ရင်ပြင်ပတ်ပတ်လည်တွင်ရှိနေသည့် အကာကွယ်မှော်အစီရင်များကို ရုပ်သိမ်းလိုက်ပြီး ဤနေရာအားစောင့်ကြပ်နေကြသည့် ဥပဒေပြုအရာရှိများသည်လည်း ဖယ်ပေးကာ ပြည်သူများကို ရင်ပြင်အတွင်းသို့ ၀င်ခွင့်ပေးလိုက်သည်။
နိုင်ရာစားနိယာမကြီးစိုးနေသည့် ဤလောကထဲတွင် လအဆင့်သိုင်းဆရာတစ်ယောက်မွေးဖွားလာခြင်းသည် အင်ပါယာတိုင်း တိုင်းပြည်တိုင်းအတွက် ကြီးမားသညု့် အောင်မြင်မှုကြီးတစ်ခုပင်။ ထို့ကြောင့် အောင်ပွဲခံကျင်းပမှုတိုင်းသည် လွန်ကျူးသည်ဟုဆိုနိုင်မည်မဟုတ်ပေ။
အော်ဟစ်အားပေးသံများထွက်ပေါ်နေကြပြီး လမ်းပါ့ဒ်အား ဒဏာရီလာသူရဲကောင်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေကြ၏။
ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် ရင်ပြင်၏ အလည်ခေါင်တွင်ရှိသည့် ကျောက်တိုင်ကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် ပျော်ရွှင်နေကြသည့်လူအုပ်ကြီးကို ကြည့်ကာ ဂုဏ်ယူ၀င့်ကြွားမိသည်။
ထို့နောက်တွင် သူ၏ လက်ကို ၀ှေ့ရမ်းပြလိုက်၏။
အော်ဟစ်အားပေးသံများ ရပ်တန့်သွားပြီး သောင်းနှင့်ချီသည့်လူများသည် သူ့အား ၀ိုင်းကြည့်နေကြသည်။ လူတိုင်းသည် သူ၏မိန့်ခွန်းကို စော့င်မျှော်နေကြခြင်းပင်။
“ဒီနေ့က ချမ်းဘော့ဒ်တိုင်းပြည်အတွက် သမိုင်း၀င်မယ့်နေ့ရက်တစ်ခုပဲ။ ဒီနေ့ငါတို့က စွမ်းအားမြင့်မားတဲ့ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကို ရလိုက်တာပဲ။ ဒီနေ့က ငါတို့ အနိုင်ကျင့်လာတဲ့လူတွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အင်အားတစ်ခုကို ရလိုက်တာပဲ။ ဒီနေ့က ချမ်းဘော့ဒ်သမိုင်းမှာ စွမ်းအားအမြင့်ဆုံးစစ်သည်တော်တွေကို ရရှိလိုက်တဲ့နေ့ရက်တစ်ခုပဲ...”
ဖှေး၏ အသံဆုံးသွားပြီးသည့်နောက်တွင် ကျယ်လောင်သည့် အော်ဟစ်အားပေးသံများ၊ လက်ခုပ်သံများထွက်ပေါ်လာ၏။
အော်ဟစ်အားပေးသံများအနည်းငယ်တိတ်ဆိတ်သွားသည့်အချိန်တွင် ဖှေးဆက်ပြောလိုက်သည်။ “ဒီနေ့က ချမ်းဘော့ဒ်ဘုရင်တစ်ယောက်အနေနဲ့ မင်းတို့အားလုံးကို အရေးကြီး ကြေငြာစရာတစ်ခုရှိတယ်...”
သူ၏ ထားသိုရာအကန့်အတွင်းမှ ဒိုင်ဗွီသလင်းကျောက်တစ်လုံဂကို ထုတ်ယူလိုက်ပြီး တလင်းကျောက်အတွင်းသို့ မှော်စွမ်းအင်အနည်းငယ်စီး၀င်စေလိုက်သည်။ တလင်းကျောက်ထံမှ ရောင်စုံအလင်းတန်းများစွာထွက်ပေါ်လာပြီး ကောင်းကင်ပေါ်တွင် ရုပ်ရှင်ပြနေသကဲ့သို့သော မြင်ကွင်းတစ်ခုထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းသည် ချမ်းဘော့ဒ်သားများရင်းနှီးပြီးဖြစ်သည့် မြင်ကွင်းတစ်ခုဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်၏အနောက်ဘက်တွင်ရှိသည့် တောင်တန်းများ သစ်တောများကို ပြသနေ၏။ သို့သော် ကောင်းကင်ပေါ်မှ ရိုက်ထားသည့် မြင်ကွင်းဖြစ်သောကြောင့် ကြည့်ရသည်မှာ ရင်သပ်ရှုမောဖွယ်ပင်။
ဖှေး၏ ထိန်းချုပ်မှုအောက်တွင် ရုပ်ရှင်သည် ပြောင်းလဲသွား၏။
ကောင်းကင်တိမ်တိုက်များပေါ်သို့ ရောက်သည်အထိပင်မြင့်မားနေသည့် တောင်ကြီးလေးတောင်ကိုတွေ့လိုက်ရသည်။ ကြီးမားသည့်ကျောက်တန်းကြီးများ၊ ရှေးကျသည့် သစ်ပင်များ၊ မနက်ခင်းမြူခိုးများ၊ အဖြူရောင်တိမ်တိုက်များနှင့် ကြည့်ရသည်မှာ ကောင်းကင်ဘုံတစ်ခုလိုပင်။
ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများနှင့် ဆက်နွယ်နေသည့် တောင်တန်းများစွာရှိရာ ထိုတောင်တန်းများတွင် နတ်ဆိုးသားရဲများနေထိုင်ကြသည်ဟု ဆိုကြ၏။ ထို့အပြင် မြေမျက်နှာသွင်ပြင်များသည် ကြမ်းတမ်းသောကြောင့် လူသွားလမ်းများမရှိပေ။ ထို့ကြောင့် ဤနေရာတွင် မျိုးဆက်များစွာနေခဲ့ကြသည့် ချမ်းဘော့ဒ်သားများပင် ထိုနေရာသို့ သိပ်သွားလေ့သွားထမရှိကြပေ။ ချမ်းဘော့ဒ်သားများအတွက် ဤနေရာသည် လျို့၀ှက်သည့်နေရာတစ်ခုပင်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီးသည့်နောက်တွင် ချမ်းဘော့ဒ်သားများ စိတ်၀င်စားလာကြ၏။
“ငါတို့ဘုရင်က ချမ်းဘော့ဒ်အနောက်ဘက်က လျို့၀ှက်တဲ့ မြေရိုင်းတွေကို သိမ်းပိုက်ချင်တာလား...” သူတို့တွေးလိုက်မိကြသည်။
“ငါဒီတောင်ငါးလုံးကို နာမည်ပေးထားတယ်။ ကောင်းကင်ဓားသွား တောင်ငါးသွယ်လို့ပေါ့။ ဒီနေ့ကစပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့တော်၀င်မိသားစုက အဲ့နေရာမှာ နေထိုင်ကြမယ်။ ဘုရင်တစ်ပါးအနေနဲ့ ငါက ဘုရင့်နန်းတော်ကို ကောင်းကင်ဓားသွား တောင်ငါးသွယ်ကို ရွှေ့ပြောင်းမယ်လို့ ဆုံးဖြတ်ထားတယ်။ ငါက အဲ့နေရာမှာ စွမ်းအားကိုဆက်လက်ကျင့်ကြံမယ်...” သူ၏လူများ မျက်နှာပေါ်မှ ၀မ်းနည်းအံ့သြသည့်အမူယာများကို မြင်လိုက်ရပြီးသည့်နောက်တွင် ဖှေးခနတာခန့်ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူဆက်ပြောလိုက်သည်။ “တစ်နှစ်လောက်အချိန်ယူပြီးတဲ့နောက်မှာ ငါတို့ရဲ့ ဌာနခြောက်ခုကလည်း အတော်လေးကောင်းမွန်စွာဆောင်ရွက်နိုင်နေပြီ။ နောက်ပြီး ဥပဒေဇယား၁၂ခုကလည်း ပြောစရာမလိုတော့ဘူး။ အရာအားလုံးက ကောင်းကောင်းမွန်မွန်ဆက်လက်လည်ပတ်နေတယ်။ မစ်စရာဘတ်စ်နဲ့ မစ်စတာ ဘရွတ်တို့ကလည်း ယုံကြည်ရတဲ့လူတွေ။ ဌာနခြောက်ခုက အရာရှိတွေကိုလည်း ပြည်သူတွေဆန္ဒနဲ့ရွေးချယ်ထားတာ။ အဲ့တာကြောင့် အုပ်ချုပ်ကွပ်ကဲရေးအပိုင်းမှာ ဘုရင်တစ်ပါးမလိုတော့ဘူးလို့ ငါစိတ်ချတယ်...”
ဤအချိန်တွင် လူများသည် အခြေအနေကို နားလည်လာကြသည်။
အေဇာရုတိုက်ပေါ်တွင် ဘုရင်များ၊ အင်ပါယာအရှင်သခင်များသည် အုပ်ချုပ်ရေးအပိုင်းတွင် ၀င်ရောက်ဆောင်ရွက်ခြင်းမပြုကြသည်မှာ အဆန်းမဟုတ်ပေ။
ဤလောကအား စွမ်းအားက ထိန်းချုပ်ထားသည့်အတွက် ဆွေကြီးမျိုးကြီးများ တော်၀င်မျိုးနွယ်များသည် ပိုင်ဆိုင်မှုများစွာရရှိသည့်အတွက် သိုင်းပညာများ၊ မှော်ပညာများကို ရလွယ်ကာ ကျင့်ကြံနိုင်ကြ၏။
ထို့ကြောင့် အုပ်ချုပ်သူများ၊ ဆွေကြီးမျိုးကြီးများသည် စွမ်းအားကျင့်ကြံရန်ကိုသာ အာရုံစိုက်ကြပြီး သီးခြားနေလေ့ရှိကြသည်။ တိုင်းပြည်အုပ်ချုပ်ရေးကိစ္စများကို ယုံကြည်ရသည့်လူများဖြင့်သာ လွှဲထားလေ့ရှိကြ၏။