← Chapters

အခန်း (၇၀၄)

Vol. 45 Ch. 704

အခန်း (၇၀၄)

Vol. 45 Ch. 704

ချမ်းဘော့ဒ်တိုင်းပြည်မှ မြို့သူမြို့သားများသည် နားလည်ကြသော်လည်း ဘုရင်အလတ်ဇန္ဒားကို သတိရနေကြမည်ဟု ခံစားနေရ၏။

သူတို့ထဲတွင် အဆင့်မြင့်အရာရှိများဖြစ်ကြသည့် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ အိုလတ်ဂ်၊ ဘတ်စ်၊ ဘရွတ်၊ အဖိုးကြီးအာရန်းတို့နှင့် ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများသည်လည်း ထိတ်လန့်အံ့သြသွားကြသည်။ သူတို့၏ မျက်နှာအမူယာများလည်း ပြောင်းလဲသွားကြ၏။ သူတို့သည် ဘုရင်အား ဤနေရာ ဤကဲ့သို့သော အချိန်မျိုးတွင် ဤကဲ့သို့သ ဆုံးဖြတ်ချက်ချလိုက်လိမ့်မည်ဟု ထင်မထားသောကြောင့်ပင်။

သူတို့၏ အနောက်တွင်ကျန်ရှိနေသည့် မြို့သူမြို့သားများသည်လည်း အခြင်းခြင်းတီတိုးပြောဆိုနေကြ၏။

သို့သော် ဘုရင်သည် အလွန်ဘုန်းတန်ခိုးကြီးကာ လေးစားမှုများစွာကိုရရှိထားသည့်အတွက်ကြောင့် သူ၏ဆုံးဖြတ်ချက်ကို မည်သူမှ ကန့်ကွက်ခြင်းမရှိကြပေ။

အစပိုင်းအံ့သြသွားကြပြီးသည့်နောက်တွင် ဖှေး၏ဆုံးဖြတ်ချက်သည် အကျိုးကြောင်းသင့်လျော်ကာ လက်ရှိအခြေအနေအတွက် အကောင်းဆုံးဖြစ်သည်ဟု မြင်လာကြ၏။

တစ်နှစ်ကြာ စီစဥ်ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်အား အင်အားနည်းကာ ဆင်းရဲသည့် အဆင့်ခြောက်တိုင်းပြည်ငယ်လေးမှ အရှိန်၀ါကြီးမားကာ စည်းစနစ်ကျပြီး စွမ်းအားမြင့်မားသည့် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။ ချဲ့ကားပြောနေခြင်းမဟုတ်ပဲ ချမ်းဘော့ဒ်တိုင်းပြည်သည် ယခုအချိန်တွင် စစ်အင်အားအရဆိုပါက လယ်ဗယ်၁အင်ပါယာတစ်ခုနှင့်ပင် ယှဥ်နိုင်နေပြီဖြစ်သည်။ အကယ်၍ မြေပိုင်နက်နှင့် လူဦးရေတို့သာ တိုးပွားလာခဲ့ပါက ချမ်းဘော့ဒ်တိုင်းပြည်သည် ဇီးနစ်အင်ပါယာမှ လွယ်ကူစွာခွဲထွက်နိုင်ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုကိုပင် တည်ထောင်နိုင်လိမ့်မည်ဖြစ်သည်။

ဖှေး၏ မျက်လုံးထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် သူ၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် လမ်းလျှောက်တက်ခါစကလေးတစ်ယောက်လိုပင်။ လက်ရှိတွင် အချိန်မရွေးလဲကျနိုင်သော်လည်း ကိုယ်တိုင်ဆက်လက်လျှောက်လမ်းရမည်ဖြစ်ပြီး သူ၏ ကြည့်ရှုစောင့်ရှောက်မှုကို လိုအပ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ဤအချိန်သည်သူ့အတွက် တာ၀န်ကင်းမဲ့သည့် အုပ်ချုပ်သူတစ်ယောက်ဖြစ်လာနိုင်ရန်အတွက် အကောင်းဆုံးအချိန်တစ်ခုပင်။

တစ်ယောက်တည်းသီးခြားနေ၍ သိုင်းပညာကျင့်ကြံရန်ကိုသာ အာရုံစိုက်ခြင်းသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့်အဆက်သွယ်ဖြတ်လိုက်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်တစ်ပါးဖြစ်နေဦးမည်ဖြစ်ပြီး သူ၏စကားများသည် အမိန့်ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် ဖှေးသည် ရာထူးအာဏာအား လိုချင်သူတစ်ယောက်မဟုတ်သည့်အတွက်ကြောင့် အုပ်ချုပ်ရေးနှင့် စီမံကွပ်ကဲရေးတာ၀န်များကို ကြိုက်နှစ်သက်ခြင်းမရှိပေ။ သူသည် ဤအခွင့်ရေးအား အသုံးချ၍ ကိစ္စအသေးဖွဲလေးများကို ဂရုစိုက်စရာမလိုတော့ပဲ စွမ်းအားမြှင့်တင်ရေးကိုသာ ပို၍ အလေးထားဆောင်ရွက်လိုသောကြောင့်ဖြစ်သည်။

ကောင်းကင်ဓားသွားတောင်ငါးသွယ်ပေါ်တွင်နေထိုင်ကာ ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဇီးနစ်အင်ပါယာတို့ကို အပေါ်မှစောင့်ကြည့်နေပြီး အေဇာရုတိုက်ပေါ်တွင်ရှိသည့် ဒေသတစ်ခုကို စိုးမိုးထားခြင်းသည် ဖှေးနေထိုင်လိုသည့် ဘ၀တစ်ခုပင်။

သူသည် မနက်ပိုင်းတွင် တောင်ပတ်ပတ်လည်တွင်ရှိနေသည့် တိမ်တိုက်များကို ငေးမောကြည့်နိုင်၏။ အရက်မူးနေသည့်အချိန်တွင် လှပသည့်ကောင်မလေးများ၏ ပေါင်ပေါ်တွင်လည်း အိပ်စက်နိုင်သည်။ ထို့အပြင် သူနိုးလာသည့်အချိန်တွင် ဒေသတစ်ခုကို စိုးမိုးနေမည်ဖြစ်သည်။ ဤသည်မှာ သူ၏ အကောင်းဆုံးအိမ်မက်ပင်...

ဖှေးသည် ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများ၏ မျက်နှာအမူယာကို ကြည့်လိုက်ရသည့်အချိန်တွင် စိတ်အေးသွား၏။

သူ၏ လက်ထဲတွင်ရှိနေသည့် ဒိုင်ဗီတလင်းကျောက်ကို လှုပ်ရှားလိုက်ပြီး တလင်းကျောက်မှဖော်ပြနေသည့်မြင်ကွင်းသည် ကောင်းကင်ဓားသွားတောင်ငါးသွယ်မှ ချမ်းဘော့ဒ်တိုင်းပြည်နှင့် ကောင်းကင်ဓားသွားတောင်များကြားထဲတွင်ရှိသည့် တောင်၁၂လုံးထံသို့ ပြောင်းလဲသွားတော့သည်။ ထိုတောင်တန်းများသည် ကောင်းကင်ဓားသွားတောင်တန်းများထက် အနည်းငယ်ပို၍ နိမ့်နေသော်လည်း တိမ်များကို ထိုးဖောက်နေဆဲပင်။

ထိုတောင်၁၂လုံးသည် ကောင်းကင်ဓားသွားတောင်တန်းများကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း သူ့ဟာနှင့်သူ အထင်ကြီးလောက်ဖွယ်ပင်။

“ဒီတောင်၁၂လုံးက စွမ်းအားအမြင့်ဆုံးရွှေရောင်သူတော်စင် စစ်သည်တော်တွေနေထိုင်တဲ့နေရာဖြစ်လိမ့်မယ်။ ငါက ဒီတောင်တွေပေါ်မှာ ရွှေရောင်သူတော်စင်စစ်သည်တော်တွေကို ထားမယ်။ သူတို့တွေက ကောင်းကင်ဓားသွားတောင်ငါးသွယ်နဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကို ကာကွယ်ပေးလိမ့်မယ်။ ရွှေရောင်သူတော်စင်စစ်သည်တော် ၁၂ယောက်က ဒီတောင်တန်းတွေပေါ်မှာ နေထိုင်လေ့ကျင့်ပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးရလိမ့်မယ်။ သူတို့အတွက် အတော်လေးသာလွန်တဲ့ ဂုဏ်ယူစရာအလုပ်တစ်ခုပဲ...”

ဖှေးစကားပြောပြီး လျှင်ပြီးခြင်းပင် ဖြစ်စဥ်တစ်ခုစတင်၍ ပေါ်ပေါက်လာ၏။

ကြည်လင်နေသည့်အပြာရောင်ကောင်းကင်ကြီးကို ကြယ်တာရာအလင်းရောင်များဖြင့် ဖုံးလွှမ်းသွား၏။ နေ့ဘက်တွင် ကြယ်တာရာများကို မြင်တွေ့ရရန်မှာ ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။ သို့သော် ဖှေးစကားပြောရပ်လိုက်သည့်အချိန်တွင် ကြယ်တာရာများသည် ကောင်းကင်ပေါ်တွင် တောက်လာပြီး သူတို့၏ ထူးခြားသည့်စွမ်းအားသည် နေအလင်းရောင်ကိုပင် ဖုံးလွှမ်းသွား၏။

ကြယ်များသည် တစ်ခုပြီးတစ်ခုတောက်ပလာပြီး ကြယ်တာရာ၁၂ခုတို့ကို ကောင်းကင်ပေါ်တွင်ဖန်တီးလိုက်သည်။ နတ်ဘုရားတစ်ပါးသည် ကောင်းကင်ပေါ်တွင်ရေးဆွဲနေသလိုပင်။

“အာ ဒါက...”

“အရှင်မင်းကြီးရဲ့ စကားကြောင့် ကောင်းကင်ပေါ်မှာနေ့ဘက်ကြီး ကြယ်တာရာတွေပေါ်လာတာလား...”

“ဒါက ရွှေသူတော်စစ်သည်တော်၁၂ယောက်ကို ကိုယ်စားပြုတဲ့ ကြယ်တာရာတွေပဲ...”

“ဒါ...ဒါက ကြယ်တာရာစွမ်းအားပဲ...အတော်ကြောက်စရာပဲ...”

ရင်ပြင်နှင့် ရင်ပြင်ပတ်ပတ်လည်တွင်ရှိနေကြသည့်လူများအားလုံး တုန်လှုပ်သွားကြသည်။ ဘုရင်၏ မိန့်ခွန်းကြောင့် ကောင်းကင်ပေါ်တွင် ကြယ်တာရာများထွက်ပေါ်လာခြင်းပင်။

သူတို့မြင်နေရသည့် အရာသည် မှော်ဆန်လှ၏။

ထိုအရာသည် ငြင်းဆန်၍ မရနိုင်ပေ။

ဖှေးကိုယ်တိုင်ပင်ဖြစ်ပေါ်လာသည့် အရာများကြောင့် အံ့သြသွားမိသည်။ သူစကားပြောနေသည့်အချိန်တွင် ဤကဲ့သို့အဖြစ်ပျက်တစ်ခုဖြစ်လာလိမ့်မည်ဟုထင်မထားခဲ့ပေ။

နောက်အခိုက်တန့်တွင် ဤကဲ့သို့ဖြစ်လာရခြင်းသည် နတ်ဘုရားပေးသည့် အစွမ်းသုံးခုထဲမှ [ပေး၀ေခြင်း]အစွမ်းကြောင့်ဖြစ်ပေလိမ့်မည်ဟု ဖှေးယူဆလိုက်မိ၏။ သူသည် လမ်းပါ့ဒ်နှင့် ဒရော့ဂ်ဘာတို့ကို ကြယ်တာရာချပ်၀တ်များပေးခဲ့စဥ်က ဖြစ်ခဲ့သလိုပင်။ ထိုကြယ်တာရာချပ်၀တ်များသည်လည်း ကောင်းကင်ပေါ်မှ ကြယ်တာရာများနှင့် စွမ်းအင်ခြင်းဆက်သွယ်နိုင်ခဲ့သည်။

ထိုဖြစ်စဥ်သည် တစ်မိနစ်ခန့်သာကြာလိုက်၏။ ထို့နောက်တွင် ကြယ်များသည် အရောင်ပြန်မှိန်သွားပြီးကောင်းကင်သည် ပုံမှန်အတိုင်ဖြစ်သွားတော့သည်။

ဖှေးတွေးနေသည်ကို ရပ်လိုက်ပြိး သူတော်စင်တပ်ဖွဲ့၀င်များ၊ ဥပဒေပြုစစ်သည်များကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများသည် လမ်းပါ့ဒ်ထံသို့ ရောက်ရှိသွားတော့၏။

“မင်းတို့တွေအားလုံး လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာချင်ကြတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေယ့် လအဆင့်သိုင်းဆရာတွေကပဲ တောင်၁၂လုံးက ရွှေရောင်သူတော်စင်နန်းတော်မှာ နေထိုင်တဲ့ ကာကွယ်စောင့်ရှောက်သူတွေဖြစ်ခွင့်ရှိတယ်။ မင်းတို့တွေ တိုင်းပြည်ထဲမှာ စွမ်းအားအမြင့်မားဆုံး သူတော်စင်စစ်သည်တော်တွေဖြစ်ချင်တယ်ဆိုရင် ကြိုးစားမှရမယ်။ ဒီနေ့ ဦးလေးလမ်းပါ့ဒ်က ပထမဆုံးရှေ့သို့ ခြေလှမ်းလိုက်တာပဲ။ ဒီနေ့ကစပြီး ဦးလေးလမ်းပါ့ဒ်က ရွှေရောင်လီရီုတောင်တန်းရဲ့ ကာကွယ်စောင့်ရှောက်သူဖြစ်လိမ့်မယ်...”

ဖှေးစကားပြောနေခြင်းဖြင့် ပေး၀ေခြင်း၏ အစွမ်းများ ထက်မံ၍ပေါ်လာတော့သည်။

ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်များ ပြန်လည်တောင်ပလာ၏။ ဤတစ်ကြိမ်တွင် လီရိုကြယ်တာရာအစု၀ေးတွင်ရှိသည့် ကြယ်များသာလျှင် တောင်ပလာ၏။ ကောင်းကင်ပေါ်မှ ကြယ်၉၆လုံး၏ အလင်းရောင်များကျဆင်းလာပြီး ချမ်းဘော့ဒ်အနောက်ဘက်တွင်ရှိသည့် တောင်၁၂လုံးမှ တစ်လုံးပေါ်သို့ ကျဆင်းသွားတော့သည်။

ထို့နောက်တွင် ထိုတောင်ပေါ်တွင် ဆန်းပြားသည့်အလင်းရောင်တစ်ခုတောက်ပလာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

လူတိုင်း ထက်မံ၍ တုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် လမ်းပ့ါဒ်သည် ထိုတောင်ပေါ်မှ ထူးခြားသည့်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူနှင့် ထိုတောင်သည် သွေးခြင်းဆက်နွယ်နေသည့်အတိုင်းပင်။ သူ့အား ဆင့်ခေါ်နေ၏။

“ကျွန်တော့အတွက် ဂုဏ်ယူစရာပါ အရှင်မင်းကြီး...”

လမ်းပါ့ဒ်သည် ဒူးတစ်ဖက်ထောက်ကာ အရိုသေပေးလိုက်သည်။ ထို့နောက်တွင် သူသည် ရင်ပြင်မှ ပျောက်ကွယ်သွားပြီး ရွှေရောင်လီရီုတောင်ထံသို့ လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းသွားတော့၏။

All Chapters