အခန်း (၇၀၅)
Vol. 45 Ch. 705
ဘုရင့်နန်းတော်ဆောင်ထဲတွင်ဖြစ်သည်။
ရင်ပြင်မှ ပြန်ရောက်ပြီးသည့်နောက်တွင် ဖှေးသည် နန်းတော်ဆောင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေပြီး အငြိမ်းစားယူတော့မည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ တော်၀င်မိသားစုသည် ဤနန်းတော်ထဲတွင် မျိုးရိုးအဆက်ဆက်နေခဲ့ကြသည်။
အလတ်ဇန္ဒား၏ ခမည်းတော် အဖိုးကြီး အလတ်ဇန္ဒားနှင့် ယခင်ဘုရင်များအားလုံးသည် ဤနန်းတော်ထဲတွင် သူတို့နှင့်သက်ဆိုင်သည့် အမှတ်သားများစွာချန်ထားခဲ့ကြသည်။ ဥပမာအားဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ခေတ်အဆက်ဆက်ဘုရင်များ၏ မှော်ရုပ်ပုံကားချပ်များပင်။ တန်ဖိုးကြီးမားခြင်းမရှိသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်တော်၀င်မိသားစုအတွက် အဖိုးမဖြတ်နိုင်သည့် ပစ္စည်းများပင်။
ဖှေးသည် တစ်ခြားကမ္ဘာမှ လာရောက်ခြင်းဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသည့် သွေးများသည် ချမ်းဘော့ဒ်တိုင်းပြည်၏ တော်၀င်မိသားစုနှင့်ဆက်နွယ်နေ၏။ ထို့အပြင် သူသည် နန်းတော်ထဲတွင်နေထိုင်သည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် တစ်ချို့ပစ္စည်းများကို သံယောဇဥ်တွယ်နေလျှက်ရှိသည်။ ထို့ကြောင့် ကောင်းကင်မြို့တော်ထဲတွင်ရှိသည့် နန်းတော်ထဲတွင် သူလိုအပ်သမျှပစ္စည်းများအားလုံးရှိနေသော်လည်း ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည် တော်၀င်မိသားစုနှင့်ဆက်နွယ်နေသည့် တစ်ချို့ပစ္စည်းများကို သူနှင့်ယူဆောင်သွားရန်ဆုံးဖြတ်လိုက်သည်။
ဖှေးလှည့်လည်ကြည့်ရှုနေရင်းဖြင့် သူလိုချင်သည့် ပစ္စည်းများကို သူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းသို့ထည့်လိုက်၏။
ဤချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်အကြီးဆုံးအဆောက်ဦးဖြစ်သည့် ဘုရင့်နန်းတော်သည် ယခုအချိန်တွင် ၀န်ကြီးများနှင့် ဌာနခြောက်ခုလုံးအတွက် အကြီးဆုံးဌာနချုပ်ဖြစ်လတော့မည်ဖြစ်သည်။ ယနေ့မှစ၍ ၀န်ကြီးများအရာရှိများသည် ဤနေရာသို့ လာရောက်ကာ ချမ်းဘော့ဒ်တိုင်းပြည်၏ တိုင်းရေးပြည်ရေးကိစ္စများကို စီမံကွပ်ကဲကြမည်ဖြစ်သည်။
ဖှေးဘုရင့်နန်းတော်ဆောင်ထဲတွင်ရှိနေသည့် အခန်းများထဲသို့၀င်ရောက်ကာ အန်ဂျယ်လာကြိုက်နှစ်သက်သည့် ပစ္စည်းများ၊ အလှဆင်ပစ္စည်းများကိုလည်း သူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းသို့ ထည့်နေလျှက်ရှိသည်။
ထိုကဲ့သို့ သိမ်းဆည်းပြီးသည့်နောက်တွင် ဖှေး အပြင်သို့ ထွက်ခြင်းမရှိသေးပေ။ အရံနန်းတော်ဆောင်တစ်ခုထဲသို့ ၀င်၍ အန်ဂျယ်လာနှင့် အယ်လီနာတို့ လက်ထပ်ပွဲ၀င်၀တ်ရန်အတွက် သတို့သမီး၀တ်စုံများကို သူကိုယ်တိုင်ဒီဇိုင်းဆွဲရန်စီစဥ်ထား၏။
ဖှေးသည် တစ်ခြားကမ္ဘာမှ လာရောက်သည့်လူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်လည်းဖြစ်ပေလိမ့်မည်။ ခေတ်ပေါ်သတို့သမီး၀တ်စုံများနှင့် စိန်လက်စွပ်များသည် မင်္ဂလာပွဲတစ်ခုအတွက် မရှိမဖြစ်ပစ္စည်းများဖြစ်သည်ဟု သူ၏ စိတ်ထဲတွင်ယူဆမိနေသည်။
ဖှေးသည် ဤအကြောင်းကို စဥ်းစားနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် အကြမ်းဖျင်းအိုက်ဒီယာတစ်ချို့ရနေပြီဖြစ်သည်။ ချိုသာပြီး နူးညံ့သည့် အယ်လီနာအတွက် အဖြူရောင်သတို့သမီး၀တ်စုံလုပ်ပေးရန်စဥ်းစားထားပြီး ရဲရင့်သော အယ်လီနာအတွက် အနီရောင်သတို့သမီး၀တ်စုံချုပ်ရန်တွေးထား၏။
အရင်ဘ၀က ပုံဆွဲတော်သည့် ဖှေးအတွက် ၀တ်စုံဒီဇိုင်းဆွဲရန်မှာ သိပ်မခက်လှပေ။
သုံးနာရီခန့်ကြာသည့်အချိန်တွင် ဖှေးဒီဇိုင်းဆွဲပြီးပြီဖြစ်ရာ ရရှိလာသည့် ရလဒ်များနှင့် ပတ်သက်၍လည်း စိတ်ကျေနပ်မိသည်။
ထို့နောက်တွင် တိုးရိစ်သည် ဖှေးဒီဇိုင်းဆွဲထားသည့် အင်္ကျီပုံများအား မြို့တော်ထဲတွင် အကောင်းဆုံးအပ်ချုပ်သမဖြစ်သည့် အန်တီမေရီထံသို့ ယူဆောင်သွားလိုက်သည်။
အန်တီမေရီထံတွင်လည်း သူများနှင့်မတူသည့် နောက်ခံဇာတ်လမ်းတစ်ခုကို ပိုင်ဆိုင်ထား၏။ သူမသည် ဆင်းရဲသည့် ပတ်၀န်းကျင်တွင်မွေးဖွားလာခဲ့သည့် အပ်ချုပ်သမတစ်ဦးပင်။ သူမသည် အပ်ချုပ်ပညာရပ်တွင် အရည်ချင်းပြည့်မှီသော်လည်း နာမည်ကျော်ကြားခြင်းမရှိခဲ့ပေ။ ဖှေးဤကမ္ဘာသို့ ရောက်ရှိခဲ့ပြီးသည့်အချိန်တွင် ထူးခြားဆန်းပြားသည့် ၀တ်စုံဒီဇိုင်းအသစ်များကို ရေးဆွဲပေးခဲ့သည်။ ထို့ကြောင့် အန်ဂျယ်လာသည် အန်တီမေရီနှင့် သိသည့်အတွက် ဖှေးဒီဇိုင်းဆွဲထားသည့် ၀တ်စုံများကို အန်တီမေရီအား ချုပ်စေခြင်းပင်။
ဤအခွ့င်ရေးသည် အန်တီမေရီ၏ အရည်ချင်းသည် ပေါ်လွင်လာခဲ့သည်။
ဘုရင်သည် ချမ်းဘော့ဒ်တိုင်းပြည်သားများကို ၀တ်စုံအသစ်များ ၀တ်စေချင်တုန်းက အန်တီမေရီသည် ထို၀တ်စုံများအားထုတ်လုပ်ရောင်းချခဲ့သည့် ပထမဆုံးသော အပ်ချုပ်သမဖြစ်သည့်အတွက်ကြောင့် ပိုက်ဆံများစွာရရှိခဲ့သည်။ ထို့နောက်တွင် သူတမတွင် တပည့်များပင်ရှိလာပြီး သူမကိုယ်ပိုင် အပ်ချုပ်ဆိုင်ကြီးတစ်ဆိုင်ကိုပင်ဖွင့်လစ်ကာ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် နာမည်အကြီးဆုံးနှင့်အတော်ဆုံးအပ်ချုပ်သမတစ်ယောက်ဖြစ်လာတော့သည်။ ချမ်းဘော့ဒ်တိုင်းပြည်သားများအတွက် ဘုရင်ကိုယ်တိုင်ဒီဇီုင်းဆွဲထားသည့် အန်တီမေရီချုပ်ထားသော အ၀တ်စားများကို ၀တ်ဆင်ရသည်မှာ ဂုဏ်ယူစရာတစ်ခုပင်။
ဘုရင်သည် လက်ထပ်တော့မည်ဖြစ်သောကြောင့် အန်တီမယ်ရီ၏ ဆိုင်သည် ၀တ်စုံများကို ချုပ်ပေးမည့်ဆိုင်ဖြစ်လာတော့သည်။
မင်္ဂလာ၀တ်စုံများအား ဒီဇိုင်းဆွဲပြီးသည့်နောက်တွင် ဖှေးသည် ပြီးပြည့်စုံသော မှော်တလင်းကျောက်များနှင့်အလှဆင်ထားသည့် လက်စွပ်များကိုလည်း ဒီဇိုင်းဆွဲနေ၏။ တစ်ခြားလူများအတွက် အချိန်ဖြန်းနေသည်ဟု ထင်စရာရှိသော်လည်း ဖှေးအတွက် အလွန်အရေးပါသည့်ကိစ္စတစ်ခုပင်။
ထို့နောက်တွင် ဖှေးသည် သူရဲကောင်းမြို့တော်သို့သွား၍ ၆၆ထပ်မြောက်အထပ်တွင်ရှိသည့် ပေါ်တယ်မှတဆင့် လျို့၀ှက်နေရာသို့သွားကာ ပန်းပဲဆရာမချယ်စီအား ဒီဇိုင်းပုံများကိုပေး၍ လက်စွပ်များကို ဖန်တီးထုတ်လုပ်စေလိုက်သည်။
ဖှေးထိုလျို့၀ှက်နေရာသို့ ရောက်သွားသည့်အချိန်တွင် လေမုန်တိုင်းများနှင့် ကမ္ဘာဗဟိုမီးတောက်များမှာ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။
ပန်ပဲဆရာများသည် ယာယီတဲများကို ပြန်လည်နေရာချ၍ လိုအပ်သည့် ပစ္စည်းများကို ပြန်လည်ထုလုပ်နေကြ၏။
သူတိသည် ဤနေရာတွင်အလုပ်လုပ်နေကြသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း နတ်ရိုးအရိုးတောင်ကြီးသည် လျှော့နည်းသွားခြင်းမရှိသေးပေ။ သို့သော် မဟူရာသတ္တုများပါရှိသည့် တိုင်လုံးကြီးများမှာ တစ်၀က်ခန့်ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ပန်းပဲဆရာများသည် တစ်ခြားအစားထိုးပစ္စည်းများကို ရှာဖွေနေကြ၏။
ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင်ရှိသည့် မှော်တူရရှာရသောအလုပ်ကိုလည်း အောင်မြင်သွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၌ နတ်ဆိုးအကြွင်းကျန်များကို ပုံသွင်းထုလုပ်နိုင်သည့် တူနှစ်လက်ပင်ရှိနေပြီဖြစ်သည်။ ဖှေး အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ရရှိလာခဲ့သည့် တူသည် ပို၍စွမ်းအားမြင့်မားသည့်အတွက်ကြောင့် ချယ်စီတစ်ယောက်ထဲသာလျှင် ကိုင်တွယ်အသုံးပြုနိုင်၏။ ထို့ကြောင့် ယခင်က ချယ်စီအသုံးပြုခဲ့သည့် ပထမဆုံးမှော်တူသည် ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ အတော်ဆုံးပန်ပဲဆရာဖြစ်သည့် ဆာမြူရယ်၏လက်ထဲတွင်ရှိနေ၏။
“၀ိုး ဒါကဘာကောင်တွေလဲ...အတော်လေးမိုက်တာပဲ...” ဖှေး၏ လက်စွပ်ဒီဇိုင်းတွင် ပါ၀င်နေသည့် တရုတ်နဂါးပုံများကို ချယ်စီစိတ်၀င်စားသဘောကျမိသွားသည်။
သူချယ်စီနှင့် ခနတာစကားပြော၍ သူအလိုရှိသည်များကို မှာကြားပြီးသည့်နောက်တွင် ဖှေး ဤနေရာမှ ထွက်ခဲ့တော့သည်။
သူမပြန်မှီတွင် အဖြူရောင်အရိုးတောင်ကြီးအား တစ်ချက်လှည့်ကြည်လိုက်မိသည်။ တောင်ကြီးအောက်တွင်ရှိနေသည့် နတ်စင်နှင့် လူပုမျိုးနွယ်တို့၏ နောက်ဆုံးမျိုးဆက်နန်းတော်အား ခေါ်သွားပေးသည့် ပေါ်တယ်အကြောင်းကို တွေးလိုက်မိသည်။ ထိုပေါ်တယ်အား ပိတ်ပစ်လျှင်ကောင်းမည်ဟုလည်း စဥ်းစားလိုက်မိ၏။ သို့မဟုတ်ပါက တစ်စုံတစ်ယောက်သည် ပေါ်တယ်အား အမှတ်မထင်ရှာတွေ့သွားခဲ့ပါက လူပုမျိုးနွယ်များ၏ နောက်ဆုံးနန်းတော်ထံသို့ ရောက်ရှိသွားပြီး ပြသနာများရှုပ်ထွေးလာနိုင်၏။ သို့သော် ထက်မံစဥ်းစားကြည့်သည့်အချိန်တွင် နတ်ဆိုးအကြွင်းကျန်များသည် အလွန်မာကြောသည့်အတွက်ကြောင့် သာမန်လူများသည် တောင်အောက်တွင်ရှိသည့် ပေါ်တယ်ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် လက်ရှိအချိန်တွင် ပေါ်တယ်အား ပိတ်ရန်မလိုသေးပေ။ ထို့ကြောင့် နောက်မှသာ ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်လိုက်၏။
သူ ဘုရင့်နန်းတော်သို့ ပြန်ရောက်သည့်အချိန်တွင် တိုးရိစ်လည်းသူ၏ တာ၀န်မှ ပြန်ရောက်လာပြီဖြစ်သည်။
ဖှေးခိုင်းထားသည့်အတိုင်း အစေခံ၁၂ယောက်၊ စားဖိုမှုးတစ်ချို့၊ သန့်ရှင်းရေးအဖွဲ့၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ရော်ဘင်၊ ပီတာ အစ်ဇာနီနှင့် ဖှေးကယ်တင်ပေးခဲ့သည့် တစ်ခြားမိဘမဲ့ကလေးများ၊ ချမ်းဘော့ဒ်တိုင်းပြည်မှ တစ်ခြားသောသိုင်းဆရာများသည် ဘုရင့်နန်းတော်ဆောင်သို့ ရောက်ရှိလာကြ၏။
ဖှေးသည် တစ်ခြားရှင်းပြချက်များမပေးပေ။ သူ၏ ကျောပေါ်တွင် ငွေရောင်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့်အတောင်ပံတစ်စုံထွက်ပေါ်လာကာ စွမ်းအင်များသည် ဘေးပတ်၀န်းကျင်သို့ ပျံ့နှံ့သွားပြီး စွမ်းအင်စက်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုစွမ်းအင်စက်လုံးသည် လူတိုင်းကို လွှမ်းခြုံလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
နဂါးလေးသုံးကောင်ဖြစ်သည့် လူမိုက်၊ လူဆိုးနှင့် လူရမ်းကားတို့သည် ကောင်းကင်ပေါ်တွင် ပျံသန်းကာ ဖှေး၏ ဘေးမှ လိုက်ပါလာကြ၏။
မြေပြင်ပေါ်တွင်ရှိနေသည့် ဘလတ်ကီသည် ဟိန်းဟောက်လိုက်ပြီး အမဲရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချမ်းဘော့ဒ်အနောက်ဘက်သို့ ဦးတည်ပြေးသွားတော့သည်။ မက်စောက်သည့် တောင်ကုန်းများ၊ ကျယ်ပြန့်သည့်မြစ်များသည်ဆင့်ကဲပြောင်းလဲထားသည့် အမဲရောင်သားရဲကြီးကို တားဆီးနိုင်ခြင်းမရှိပေ။ ဖှေးနှင့် တစ်ခြားလူများကို အမှီလိုက်လာ၏။
ဆယ်ကီလိုမီတာခန့်ကွာ၀ေးသည့် ခရီးကို ချက်ချင်းပင်ရောက်ရှိသွားသည်။
သူတို့သည် ကိုယ်ယောင်ဖျောက်စွမ်းအင်အကာရံအား ကျော်လွန်၍ ကောင်းကင်နန်းတော်အရှေ့သို့ ရောက်ရှိလာကြသည့် အချိန်တွင် ဖှေးမှလွဲ၍ ကျန်သည့်လူများအံ့သြတုန်လှုပ်သွားကြတော့သည်။
“ဒါက...ငါများထင်ယောင်ထင်မှားဖြစ်နေတာလား။ ဒီလိုမြို့တော်ကြီးက ချမ်းဘော့ဒ်အနောက်ဘက်တောင်တွေထဲမှာ ဘယ်အချိန်ကတည်းကရှိနေတာလဲ။ ဒါကထင်ယောင်ထင်မှားဖြစ်စေတဲ့မှော်အစီရင်ပဲဖြစ်ရမယ်။ ငါတော့မှော်အစီရင်တစ်ခုထဲရောက်နေပြီ။ တစ်ယောက်ယောက် င့ါကို ဆွဲစိတ်ပေးကြပါ...” ဒရော့ဂ်ဘာသည် ပါးစပ်အဟောင်းသားဖြစ်နေပြီး သူမြင်နေရသည့်အရာကို မယုံနိုင်ဖြစ်နေ၏။
ပီးရာ့စ်သည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့ကြော့င် သူသည် ချက်ချင်းပင်ဒရော့ဂ်ဘာ၏ ပေါင်အား ဆွဲစိတ်လိုက်သည်။
“အား ဘုရားရေ နာတယ်ဟ။ ငါအိမ်မက်မက်နေတာမဟုတ်ဘူးပဲ။ ဟေ့ကောင် မင်းင့ါကို ဘာလို့ အကြမ်းဆွဲစိတ်လိုက်တာလဲ...” ဒရော့ဂ်ဘာသည် ပီးရာ့စ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။
ပီးရာ့စ် ပခုံးတွန့်ပြကာ “မင်းပဲလုပ်ဆိုလို့လေ...”
“သဘာ၀ဓာတ်ဂုဏ်သတ္တိတွေ ဒီနေရာမှာ စွမ်းအင်တွေပေါတာပဲ။ ဒီနေရာမှာ အပြင်ကထက် ဆယ်ဆလောက်ပိုပြီးတော့ စွမ်းအင်တွေပေါနေတယ်။ ဒီနေရာမှာ အတွင်းအားစွမ်းအင်၊ မှော်စွမ်းအင်လေ့ကျင့်မယ်ဆိုရင် ပိုပြီးတော့ အောင်မြင်လွယ်လိမ့်မယ်။ ဒီနေရာမှာဆိုရင် ငါတစ်နှစ်အတွင်းမှာ လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာနိုင်တယ်...” တိုးရိစ်သည် ဒဏာရီလာမြို့တော်ကြီးကို ငုံ့ကြည့်ကာတွေးလိုက်မိသည်။
ဘုရင်သည် ရင်ပြင်တွင် ရွှေရောင်စစ်သည်တော်၁၂ပါးအကြောင်းကို ကြေငြာသည့်အချိန်တွင် တိုးရိစ်၏ ရည်မှန်းချက်သည်လည်း ပို၍မြင့်မားလာခဲ့သည်။
အစပိုင်းအံ့သြသွားမပြီးသည့်နောက်တွင် ရော်ဘင်နှင့် အစ်ဇာနီကဲ့သို့သောလူများသည် ဤနေရာတွင် ကျင့်ကြံရခြင်း၏ အကျိုးကျေးဇူးများကို သဘောပေါက်လာခဲ့ကြသည်။
“၀ေါင်း ၀ေါင်း ၀ေါင်း...” ဖှေးနှင့် အတူလိုက်ပါလာသည့် နဂါးငယ်သုံးကောင်သည်လည်း ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ သူတို့အိမ်အသစ်အား နှစ်သက်နေကြသည်မှာ ထင်ရှားလှ၏။
“ငါက ဒီနေရာကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မထင်မှတ်ပဲရှာတွေ့ခဲ့တာပဲ။ ဒီနေရာကို စွမ်းအင်အလွှာတစ်ခုဖုံးကာနေလို့ ရှာတွေ့ဖို့ခက်တယ်။ ဒီမြို့တော်က အတော်လေးအကာကွယ်မြင့်မားတယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန်လဲထိန်းသိမ်းထားတယ်။ သဘာ၀စွမ်းအင်တွေလဲ များပြားတယ်ဆိုတော့ ပြီးပြည့်စုံတဲ့မြို့တော်တစ်ခုပဲ။ ချမ်းဘော့ဒ်တိုင်းပြည်တော်၀င်မိသားစုက ဒီနေရာမှာ နေထိုင်လိမ့်မယ်။ မင်းတို့လဲ ဒီနေရာမှာနေထိုင်ပြီးတော့ ကျင့်ကြံနိုင်တယ်။ မင်းတို့လအဆင့်သိုင်းဆရာတွေဖြစ်လာပြီဆိုရင် မင်းတို့လည်း ရွှေရောင်စစ်သည်တော်ရာထူးရပြီးတော့ တောင်တစ်လုံးအပိုင်စားရလိမ့်မယ်...”
ဖှေးသည် လေပေါ်တွင်ရပ်နေရင်းဖြင့် လူတိုင်းကို ကောင်းကင်မြို့တော်နှင့် မိတ်ဆက်ပေးလိုက်သည်။
ဖှေးသည် ဘာမပြောညာမပြောနှင့် သူတို့အား ဤနေရာသို့ခေါ်လာခဲ့ခြင်းဖြစ်သော်လည်း မည်သူမှ ဘုရင်၏ စကားလုံးများကို သံမယ၀င်ခြင်းမရှိကြပေ။
ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့်မြို့တော်ကြီးတွင် ကျင့်ကြံရမည်ဟုကြားလိုက်ရသဖြင့် သိုင်းဆရာများအားလုံး စိတ်လှုပ်ရှားပျော်ရွှင်လာကြသည်။ သူတို့သည် လအဆင့်သို့ အချိန်တိုတိုနှင့် ရောက်နိုင်တော့မည်ဖြစ်သောကြောင့် သူတို့အားလုံးသည် အခုချက်ချင်းပင် သင့်လျော်သည့်နေရာတစ်ခုကို ရှာဖွေကာ ကျင့်ကြံလိုနေကြသည်။
“၀ုတ် ၀ုတ်...”
ဤအခိုက်တန့်တွင် ဘလတ်ကီ၏ ဟောင်သံကို ကြားလိုက်ရ၏။ ဘလတ်ကီဟောင်လိုက်သည့်အသံကြောင့် ကောင်းကင်ပေါ်တွင်ရှိနေသည့် တိမ်တိုက်များပင်ကွဲဖြာသွားသည်။ ဤသားရဲကောင်ကြီးသည် ကောင်းကင်မြို့တော်သို့ လျှင်လျှင်မြန်မြန်ချည်းကပ်လာသည့်ပုံပင်။
“အော်အေး ဘလတ်ကီက မပျံနိုင်ဘူးဆိုတာကို ငါမေ့သွားတယ်။ အဲ့တာကြောင့် သူဒီတောင်ပေါ်ကို တက်နိုင်မှာမဟုတ်ဘူး...” ဖှေးသည် အောက်သို့ ဆင်းပြီး ဘလတ်ကီအား ခေါ်ရန်ပြင်လိုက်သည့်အချိန်တွင် တောင်ခြေမှ ထူးခြားသည့် စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာတော့သည်။