“ခွေးတစ်ကောင်၏ အားထုတ်မှု”
Vol. 45 Ch. 706
“ဟမ် ဘာတွေဖြစ်ကုန်တာလဲ။ ဒီအရှိန်၀ါက ဘလတ်ကီမဟုတ်ဘူး။ မဟုတ်မှလွဲရော...” ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။
ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများပေါ်တွင် လျို့၀ှက်ဆန်းကျယ်သည့် နတ်ဆိုးသားရဲများစွာ နေထိုင်ကြသည်ဟုဆိုကြသည်။ အဆင့်မြင့်နတ်ဆိုးသားရဲများနှင့် ဘုရင်အဆင့်နတ်ဆိုးသားရဲကြိးများပင် နေထိုင်ကျက်စားကြသည်။ ထိုသားရဲကောင်များသည် နယ်မြေပိုင်ဆိုးတတ်သည့် အကျင့်ရှိကြပြီး သူတို့၏ ပိုင်နက်အတွင်းသို့ ရောက်ရှိလာသည့် မည်သည့် သားရဲကောင်ကိုမဆို အညှာတာကင်းမဲ့စွာတိုက်ခိုက်သတ်ဖြတ်ကြမည်ဖြစ်သည်။
“ဘလတ်ကီ လာတဲ့လမ်းမှာ စွမ်းအားမြင့်သားရဲတစ်ကောင်တိုက်ခိုက်တာများခံနေရတာလား...”
ဖှေးလှုပ်ရှားတော့မည့်အချိန်တွင် တောင်ခြေတွင်ရှိနေသည့်အချိန်၀ါသည် ထက်မံ၍ ပြောင်းလဲလာပြန်တော့သည်။
အရှိန်၀ါ၏ စွမ်းအင်မှာ ပို၍ပို၍မြင့်မားလာနေလျှက်ရှိသည်။
ထိုသို့မြင့်တက်လာနေပုံမှာ သိုင်းဆရာများအဆင့်တက်နေသည့်ပုံနှင့်တူလှသည်။ ဒုံးပျံတစ်ခုလိုပင် မြန်ဆန်နေ၏။
ဖှေးအတွက် ထိုအရှိန်၀ါသည် ပို၍ပို၍ ရင်းနှီးလာတော့သည်။ တဖြည်းဖြည်းခြင်းဖြင့် ဘုရင်၏ မျက်နှာပေါ်တွင် အံ့သြသည့် အမူယာတစ်ခုပေါ်ပေါက်လာတော့သည်။
“ဟမ်...ဘလတ်ကီက နောက်ထပ်ဆင့်ကဲပြောင်းလဲနေတာလား...”
......
ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက်တွင် အကန့်သက်မဲ့သော တောင်တန်းများရှိနေ၏။
အမဲရောင်အလင်းတန်းတစ်ခုလိုပင် ဘလတ်ကီသည် ထိုတောင်တန်းများကြားထဲတွင် ပြေးလွှားနေလျှက်ရှိသည်။
သူ၏ ခြေလေးဖက်သည် သံမဏိကဲ့သို့ပင် မာကြောနေသည်။ ခြေထောက်များအောက်တွင်ရှိနေသည့် ကျောက်တုံးများသည် အမှု့န်ဖြစ်သွား၏။
သူတစ်ခါခုန်လိုက်သည့်အချိန်တိုင်းတွင် မြေပေါ်သို့ မီတာ၁၀၀ခန့်မြင့်တက်သွားပြီး အမက်စောက်ဆုံးသော တောင်ကုန်းများ၊ အမြင့်မားဆုံးသော တောင်တန်းများကိုပင် ကျော်လွန်သွားနိုင်သည်။
အလတ်ကီသည် တောတောင်များထဲတွင် လွတ်လွတ်လပ်လပ်ပြေးသန်းနေရသည့်အတွက်ကြောင့် စိတ်ကျေနပ်နေလျှက်ရှိသည်။
ဘလတ်ကီ၏မှတ်ဉာဏ်များသည် ဤနေရာတွင်အစပျိုးခဲ့သည်။ သူမွေးပြီးလျှင်ပြီးခြင်းပင် သူ၏မိဘများကို ဆုံးရှုံးခဲ့ရသည်။ သူသည် တစ်ယောက်ထဲနေထိုင်ရန်အဆင်သင့်မဖြစ်သေးသည့်အတွက်ကြောင့် အမြဲလိုလိုပင် အေးစက်ဆာလောင်နေခဲ့သည်။
သူသေတော့မည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ မိဘုရားလောင်းအန်ဂျယ်လာသည်တောင်တန်းများပေါ်သို့ အလတ်ဇန္ဒားအတွက် ဆေးပင်များလာရောက်သည့်အချိန်တွင် ဆုံတွေ့ခဲ့သည်။
ဘလတ်ကီအား ဤချောမောလှပကာ ကြင်နာတတ်သည့် ကောင်မလေးက ကယ်တင်ခဲ့ခြင်းပင်။ ဘလတ်ကီသည် ချစ်စရာလည်းမကောင်း ရှားပါးသည့် သားရဲကောင်လည်းမဟုတ်သော်လည်း ထိုကောင်မလေးသည် သူ့အား ကယ်တင်ခဲ့ပြီး ဘုရင့်နန်းတော်ဆောင်သို့ ခေါ်သွားခဲ့သည်။ ထိုအချိန်မှ စ၍ ဘုရင်သည် အစားသောက်အတွက် ပူလောင်စရာမလိုတော့ပေ။
ထိုအချိန်တွင် ဘလတ်ကီသည် သာမန်ခွေးတစ်ကောင်လိုပင် ရိုးရိုရှင်းရှင်းနှင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့သည်။
သို့သော် တစ်နေ့တွင် သူ၏သခင်ဖြစ်သူ အလတ်ဇန္ဒားသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် သူ့အား ထူးဆန်းသည့်အစိမ်းရောင် ဆေးပုလင်းတစ်ခုတိုက်ခဲ့သည့်အတွက်ကြောင့် သတိလစမေ့မြောသွားခဲ့သည်။ ကြောက်မက်ဖွယ်နာကျင်မှုနှင့် လ၀က်ခန့်အိပ်စက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် ပြန်လည်မွေးဖွားလာခဲ့သည်။
ထိုအချိန်မှစ၍ ဘလတ်ကီသည် လူသားတစ်ယောက်လိုပင် ဉာဏ်ရည်မြင့်မားလာခဲ့သည်။
စကားပြောနိုင်ခြင်းမရှိသော်လည်း တစ်ရက်ထက်တစ်ရက်ပို၍ ဉာဏ်ရည်မြင့်မားလာသည်။ လူသားစကားကိုလည်း နာလည်နိုင်လာသည်။ သူယခင်က နားမလည်နိုင်ခဲ့သည့်အရာများကိုလည်း နားလည်လာခဲ့၏။
အချိန်များကြာမြင့်လာသည်နှင့်အမျှ သူ၏ စွမ်းအားများသည်လည်း ဆင့်ကဲပြောင်းလဲလာသည့်အတွက်ကြောင့် ပို၍မြင့်မားလာခဲ့သည်။ သူ၏ သခင်ကိုလည်း သခင်မကဲ့သို့ပင်ချစ်ခင်လာသည်။ သူ၏ သခင်အား ကြောပေါ်တွင် တင်ကာ ရန်သူသောင်းနှင့်ချီထဲသို့ ၀င်ပြေးကာတိုက်ခိုက်ခဲ့သည်။ သူ၏ သခင်ဖြစ်သူနှင့်တိုက်ခိုက်ရင်းဖြင့် သူ၏ နေထိုင်မှုပုံစံအသစ်ကိုလည်း သဘောကျလာခဲ့သည်။
ထို့နောက် သူ၏ တပည့်များဖြစ်ကြသည့် နဂါးသုံးကောင်ကိုကြည့်ရင်းဖြင့် ဘလတ်ကီ၏ အကြီးမားဆုံးသော ဆန္ဒမှာ ကောင်းကင်ပေါ်သို့ ပျံသန်းရန်အတွက် အတောင်ပံများရရှိလိုခြင်းပင်။
ခွေးတစ်ကောင်သည် အတောင်ပံတစ်စုံကို လိုချင်နေခြင်းမှာ မဖြစ်နိုင်သည်ထက်ပင်ပိုနေ၏။
သို့သော် ဘလတ်ကီသည် အရှုံးပေးခဲ့ခြင်းမရှိပေ။ ကြိုးစားပါကဖြစ်နိုင်သည်ဟုပင် ယုံကြည်လာခဲ့၏။
သခင်၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ဘလတ်ကီကိုယ်တိုင်ပင် မည်ကဲ့သို့ဆက်လက်၍ ဆင့်ကဲပြောင်းလဲတော့မည်ကို မသိပဲဖြစ်နေ၏။ သူ၏ ကြောပေါ်တွင်ရှိသည့် အဖုထစ်များသည် နေ့တိုင်းပို၍ပို၍ ပူလောင်လာ၏။ ကြောရိုးများသည် အပြင်သို့ ဖောက်ထွက်ရန်အတွက် ကြိုးစားနေသလိုပင်ခံစားနေရသည်။ သူသည် တစ်နည်းအားဖြင့် သူ၏ ခန္ဓာကိုယ်ထဲတွင်ဖြစ်နေသည့်အရာများကို အာရုံခံနိုင်နေ၏။
ဤအခိုက်တန့်တွင် ဘလတ်ကီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင်နတ်ဘုရားကဲ့သို့ဖြစ်နေသည့် သူ၏ သခင်နှင့်အတူ လူမိုက်၊ လူဆိုးနှင့် လူရမ်းကားတို့ ကောင်းကင်ပေါ်တွင် လွတ်လပ်စွာပျံသန်းနေသည်ကို တွေ့လိုက်ရသည်။
ဘလတ်ကီသည် သူ၏ခွန်အားများကို ခြေထောက်တွင် စုစည်းလိုက်ပြီး ရှေ့သို့ အားစိုက်ကာ ခုန်လိုက်သည်။
သူ၏ ဘေးတွင်ရှိနေသည့် ပတ်၀န်းကျင်မြင်ကွင်းများသည် အဆက်မပြတ်ပြောင်းလဲသွားနေရင်းဖြင့် သူ၏ ခြေထောက်များကို အရှေ့သို့ ဆန့်တန်းကာ ပျံသန်းနေသကဲ့သို့ ပြုမူကာ ပျော်ပါးနေ၏။
ပူလောင်သည့်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ရပ်တန့်၍ မရနိုင်အောင် ဖြတ်သန်းနေလျှက်ရှိသည်။
ကောင်းကင်ပေါ်တွင်ပျံသန်းနေကြသည့်လူများကို ကြည့်ရင်းဖြင့် ဘလတ်ကီ၏ စိတ်ထဲတွင် ပျံသန်းလိုသည့် စိတ်များ ပြင်းထန်သည်ထက်ပြင်းထန်လာ၏။
နောက်ဆုံး သူ၏ရှေ့တွင် မီတာလေးရာခန့်ကျယ်၀န်းသည့် ချောက်ကမ်းပါးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအကျယ်၀န်းသည် ဘလတ်ကီခုန်ကျော်နိုင်ခြင်းမရှိသည့် အကျယ်၀န်းပင်။
ထိုကဲ့သို့ဖြစ်သော်လည်း ဘလတ်ကီသည် တွန့်ဆုတ်နေခြင်းမရှိပေ။
အရှိန်နှေးရမည့်အစားသူသည် ပို၍ပင် မြန်ဆန်စွာပြေးလိုက်သည်။ ဟိန်းဟောက်လိုက်ရင်းဖြင့် သူ၏ခြထောက်များပေါ်သို့ အားပြုကာ မြေပြင်ကိုကွဲအက်စေ၍ ကောင်းကင်ပေါ်သို့ သိမ်းငှက်တစ်ကောင်ကဲ့သို့ပင် ခုန်တက်သွားတော့၏။
သူ၏ ခန္ဓာကိုယ်အား လေညှင်းများဖြန်သန်းတိုက်ခတ်နေသည်ကို ခံစားလိုက်ရသည်။
ထို့နောက်တွင် သူ၏ အပေါ်သို့ တက်နေသည့်အရှိန်နှင့် မြေဆွဲအားတို့အားပြိုင်နေကြရာ မြေဆွဲအား အနိုင်ရသွားပြီး ဘလတ်ကီသည် တောင်ကြားထဲသို့ စတင်၍ ကျဆင်းလာတော့သည်။ အကယ်၍ သူချောက်ကမ်းပါးထဲသို့ကျသွားပါက သူ၏ အရိုးများအစိတ်စိတ်မွှာမွှာဖြစ်ကာ သေဆုံးသွားနိုင်သည်။
ဤအခိုက်တန့်တွင် သူသည် ကြောက်ရွံ့စိုးရိမ်နေခြင်းမရှိပေ။
ထိုအစား ထိန်းချုပ်ရန်ခက်ခဲသည့် ဒေါသစိတ်ကိုခံစားလိုက်ရ၏။
ထို့ကြောင့် သူသည် ပါးစပ်ဖွင့်ကာ အစွမ်းကုန်ဟောင်လိုက်တော့သည်။
“၀ုတ် ၀ုတ်...၀ေါင်း...၀ေါင်း...၀ေါင်း...”
ခွေးတစ်ကောင်၏ ဟောင်သံသည် အမည်မသိသားရဲတစ်ကောင်၏ ဟိန်းဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤသည်မှာ ဘလတ်ကီပထမဆုံးအနေဖြင့် သူ၏ပါးစပ်မှ ဖိအားမြင့်မားသည့် အသံတစ်ခုကို ထုတ်လွှတ်ဖူးခြင်းပင်။ ပြင်းထန်သည့် ဆာလဖာနံ့များလည်းထွက်ပေါ်လာတော့သည်။ သူ၏ပါးစပ်ကို ထပ်ဖွင့်လိုက်သည့်အချိန်တွင် မီးတောက်များထွက်ပေါ်လာသည်။
ဤအခိုက်တန့်တွင် ပူလောင်သည့်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်မှ လျှပ်စစ်စီးကြောင်းများကဲ့သို့ ထွက်ပေါ်လာနေ၏။ နှစ်ပေါင်းများစွာကြာမြင့်ပြီး ထပေါက်သည့် မီးတောင်တစ်ခုလိုပင် စွမ်းအင်များသည် သူ၏ကျောပေါ်တွင် အချိန်အတန်ကြာရှိသည့် အဖုများပေါ်သို့ စီး၀င်ရောက်ရှိသွားသည်။
ဘလတ်ကီသည် သူ၏နှလုံးသားပေါက်ကွဲသွားသကဲ့သို့သော နာကျင်မှုကိုခံစားလိုက်ရသည်။
ထို့နောက်တွင် ဘလတ်ကီသည် မြေဆွဲအားကို ကျော်လွန်ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားတော့၏။
သူ၏ကြောပေါ်တွင်ရှိနေသည့် အဖုကြီးနှစ်ခုမှ အတောင်ပံတစ်ဖက်စီထွက်ပေါ်လာ၏။
ထိုအတောင်ပံများသည် ပြောင်လတ်နေပြီး အမဲရောင်ဖြစ်ကာ ကြေးခွံများဖြင့် ပြည့်နှက်နေသည်။ အတောင်ပံတွင်ရှိနေသည့် အရိုးများကို ထင်ထင်ရှားရှားမြင်နေရသည်။ အတောင်ပံများသည် ၃၀မီတာခန့်ရှည်လျားပြီး ထိပ်ဖျားသည် ဓားများကဲ့သို့ပင် ချွန်ထက်နေတော့သည်။
ထို့အပြင် အတောင်ပံများသည် သတ္တုဖြင့် ထုလုပ်ထားသကဲ့သို့ဖြစ်နေပြီး အမဲရောင်ဓားသွားများကို အဆင့်ဆင့်ထပ်ကာပြုလုပ်ထားသည့်ပုံပင်။ အတောင်ပံများပေါ်တွင် မှော်အစီရင်များကဲ့သို့သော အရေးကြောင်းများလည်းရှိနေပြီး သူအတောင်ပံခတ်လိုက်သည့်အချိန်တိုင်း အတောင်အောက်တွင် စွမ်းအင်များထွက်ပေါ်လာပြီး အပေါ်သို့ ပင့်တင်ပေးမည်ဖြစ်သည်။
ဘလတ်ကီသည် သူ၏ခေါင်းကို လှည့်လိုက်ပြီး လိမ္မော်ရောင်မီးတောက်တစ်ခုကို ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုပေါ်သို့ မှုတ်ထုတ်လိုက်သည်။ ထိုကျောက်တုံးကြီးသည် ချက်ချင်းပင် အရည်ပျော်ကျသွားပြီး ချော်ရည်များအဖြစ်သို့ ပြောင်းလဲကာ ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားတော့၏။
“၀ုန်း..”
ထို့နောက်တွင် သူ၏အတောင်ပံများကို ခတ်ကာ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့၏။
......
ဖှေးမြေပြင်ပေါ်သို့ ရောက်လျှင်ရောက်ခြင်းပင် မော့ကြည့်လိုက်ပြီး ကြီးမားသည့်အမဲရောင်သားရဲကြီးတစ်ကောင်သည် သူ့ထံသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
“အဲ့တာ ဘလတ်ကီပဲ။ သူက ထပ်ပြီဆင့်ကဲပြောင်းလဲသွားပြန်ပြီထင်တယ်။ အခုဆိုပျံနိုင်ပြီးတော့ မီးလဲမှုတ်နိုင်နေပြီ။ နဂါးတစ်ကောင်လိုပဲ။ သာမန်ခွေးတစ်ကောင်ကနေ ဒီလိုဖြစ်သွားတာပဲဟ။ ဒီလိုဆိုရင်တော့ သူ့ရဲအနာဂတ်က အကန့်သက်မရှိတော့ဘူး...”
ဘလတ်ကီ၏ စွမ်းအားသည် ယခုအချိန်တွင် ကြယ်ကိုးလုံးနောက်ဆုံးအဆင့်စစ်သည်တစ်ယောက်နှင့် ညီမျှနေသည်ကို ရှင်းလင်းစွာအာရုံခံလိုက်မိသည်။ ဤသားရဲကောင်ကြီးသည် မကြာမှီအချိန်တွင် လအဆ့င်နှင့်ညီမျှသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်လိမ့်မည်ဟုလည်း ဖှေးယုံကြည်ချက်ရှိနေသည်။ သူသည် တစ်ချိန်တွင် မဟာဘုရင်အဆင့်သားရဲတစ်ကောင်ဖြစ်လာမည်မှာ မလွှဲမသွေပင်။
“ဟီးဟီး ငါ့ရဲ့ခွေးက နဂါးတစ်ကောင်လိုဖြစ်နေပြီးတော့။ ငါ့ရဲ့နဂါးသုံးကောင်ကတော့ လျှာတန်းလန်းအမီးတနှံ့နှံ့နဲ့ ခွေးတွေလိုဖြစ်နေတယ်။ သေစမ်း...” ဖှေး ဘလတ်ကီနှင့် နဂါးငယ်သုံးကောင် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသည်ကိုကြည့်ရင်းဖြင့် ကျေနပ်စွာတွေးလိုက်မိသည်။
ထိုသားရဲကောင်များသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် တိုင်းပြည်အား ကာကွယ်စောင့်ရှောက်ပေးသည့် မြင့်မြတ်သော အစောင့်ရှောက်သားရဲကောင်ကြီးများဖြစ်လာလိမ့်မည်ဖြစ်ပြီး ချမ်းဘော့ဒ်အား ရန်လာစသည့်လူများသည် သူတို့၏ အစွယ်အောက်တွင် ကျဆုံးရလိမ့်မည်ဖြစ်သည်။