← Chapters

အခန်း (၇၀၈)

Vol. 45 Ch. 708

အခန်း (၇၀၈)

Vol. 45 Ch. 708

“အဲ့တာက ဘုရင်အလတ်ဇန္ဒားပဲ သူကဘာလို့ ဒီကိုရောက်နေတာလဲ...”မြေအောက်ခန်းထဲတွင် တိတ်တဆိတ်ကျင့်ကြံနေကြသည့် သိုင်းဆရာလေးယောက်များထဲမှ တစ်ယောက်သည် ဖှေးအား အရင်ဆုံးအာရုံခံမိသွားကာ ပြောလိုက်သည်။ “သူက ငါတို့ကို ရှာတွေ့သွားတာလား။ မဖြစ်နိုင်ဘူး ဒီနံရံမှာရှိတဲ့အစီရင်တွေက ငါတို့ဆရာကြီးကိုယ်တိုင်လုပ်ထားတာပဲ။ သူကဘယ်လိုဖြစ်ပြီးတော့ ငါတို့ကို အာရုံခံနိုင်မှာလဲ...”

တစ်ချိန်တည်းမှာပင် တစ်ခြားလူများသည်လည်း ထိုအရှိန်၀ါကို အာရုံခံမိသွား၏။

“ငါတို့ဘာလုပ်သင့်လဲ...” ဒစ်စ်ဗော့သည် ပထမဆုံးစတင်၍ သရုပ်ပျက်လာသည့်လူပင်။ သူ၏ ပခုံးပေါ်တွင်ရှိနေသည့် ကြောက်မက်ဖွယ်ဒဏ်ရာကြီးသည် ယခုအချိန်တွင် ပျောက်ကင်းသွားပြီဖြစ်သည်။ သူ၏ အရေပြားပေါ်တွင် အနီရောင်လက်သီးရာတစ်ခုသာကျန်နေတော့၏။ သူ၏မျက်နှာပေါ်တွင်ကြောက်လန့်နေသော်လည်း ရူးသွပ်သည့်အရိပ်ယောင်များဖြင့် သူပြောလိုက်သည် “တစ်ခါထဲ အငိုက်ဖမ်းပြီးတော့ သူ့ကို ၀ိုင်းတိုက်ကြရအောင် တကယ်လို့ အခြေအနေတွေဆိုးကုန်ပြီဆိုရင်လည်း ငါတို့တွေ ထွက်ပြေးလို့ရတာလဲ။ ငါတို့အနည်းဆုံးတော့ လမ်းမှာ ချမ်းဘော့ဒ်တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့လို့ရပါတယ်...”

“မဟုတ်ဘူး ငါတို့လုပ်လို့မရဘူး...” အဖြူရောင်ဆံပင်တိုများနှင့် ရာကန်နစ်သည် သူ၏ ကမူးရှူးထိုးနိုင်သည့် အပေါင်းဖော်အား လျှင်မြန်စွာဟန့်တားကာ ပြောလိုက်သည်။ “ပထမဆုံးအနေနဲ့ ငါတို့သူ့ကို မယှဥ်နိုင်ဘူး။ ငါတို့ ဒီလိုထွက်ပြီးတိုက်ခိုက်မယ်ဆိုရင် ဆရာကြီးရဲ့အကြံတွေပျက်ဆီးကုန်လိမ့်မယ်။ တကယ်လို့ ငါတို့ ချမ်းဘော့ဒ်ဘုရင်လက်ထဲကနေ အသက်ရှင်လျှက် ထွက်ပြေးနိုင်ခဲ့တယ်ဆိုရင်တောင် ငါတို့က ဆရာကြီးရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်။ အဲ့တာက သေရတာထက်တောင် ဆိုးတယ်...”

“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့သူ့ကိုလည်း မတိုက်ခိုက်နိုင်ဘူး။ ငါတို့ ထွက်ပြေးလို့လဲမရဘူး။ ဘာလုပ်ရမလဲ။ ဒီနေရာမှာပဲ အသေခံလိုက်ရမှာလား...” ဒစ်စ်ဗော့သည် တစ်ချိန်တည်းမှာပင် ကြောက်လန့်စိုးရိမ်ကာ ဒေါသဖြစ်နေ၏။

ဤလျို့၀ှက်ခန်းထဲတွင်ရှိနေသည့် လူများအားလုံးသည် စွမ်းအားမြင့်မားသည့်လူများဖြစ်ကြပြီး သူတို့ကိုယ်ပိုင်ရာထူးဂုဏ်ရှိန်များရှိကြ၏။

သို့သော် ဘုရင်အလတ်ဇန္ဒာဟူသည့် နာမည်သည် အလွန်မှော်ဆန်သည့်ပုံပင် ဤစွမ်းအားမြင့်မားသည့်သိုင်းဆရာများကို ကြောက်လန့်ကာ တုန်လှုပ်ခြောက်ခြားစေလျှက်ရှိသည်။

ချမ်းဘော့ဒ်ဘုရင်သည် စွမ်းအားမြင့်မားသည့်လူတစ်ယောက်ဖြစ်သော်လည်း သူတို့အားကြောက်လန့်စေသည့်အရာသည် ဘုရင်၏ သွေးအေးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ပင်။ သူတို့သည် သာမန်ရန်သူနှင့် ရင်ဆိုင်နေရပါက သူတို့အားလုံးကြောက်လန့်မိကြလိမ့်မည်မဟုတ်ပေ။ သူတို့၏ သရုပ်မှန်ကိုဖော်ထုတ်ပြသလိုက်ပါက မည်မျှပင်စွမ်းအားမြင့်မားသည့် ရန်သူမဆိုနောက်သို့ ဆုတ်သွားလိမ့်မည်ဟု ယုံကြည်ချက်ရှိကြသည်။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် ထိုကဲ့သို့မဟုတ်ပေ။ ချမ်းဘော့ဒ်ဘုရင်လက်ချက်ကြောင့် သေဆုံးသွားခဲ့သည့် သူတို့၏လူများသည် ဆယ်ယောက်မကတော့ပေ။

ဤအခိုက်တန့်တွင် ဖှေး၏ အရှိန်၀ါအား ပထမဆုံးအာရုံခံလိုက်မိသည့် လူသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး စိတ်အေးသွားတော့သည်။ “နေဦး သူက ငါတို့စီကိုလာနေတာမဟုတ်ဘူး။ သူက တစ်ယောက်ယောက်ကို လိုက်ရှာနေတဲ့ပုံပဲ...”

“ဟုတ်တယ်...သူက ဒီဘက်ကို ဆက်မလာတော့ဘူး...”

“သူက တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို ရှာနေတာပဲ...”

သူတို့လေးယောက်လုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်၏ နဖူးပေါ်တို့တွင် ချွေးစက်များကို မြင်တွေ့လိုက်ရ၏။

......

ဖှေးသည် ဘုရားကျောင်းအနောက်ဘက်တွင်ရှိသည့် ဥယျာဥ်ထဲသို့ သွားလိုက်သည်။

နွေဦးရာသီဖြစ်သည့်အတွက်ကြောင့် ဥယျာဥ်တစ်ခုလုံး စိမ်းလန်းစိုပြောနေလျှက်ရှိသည်။ မြေပြင်မှ မြက်ပင်အသစ်လေးများ ပေါက်နေလျှက်ရှိပြီး သူတို့သည် ဤထူးဆန်းသည့် ကမ္ဘာကြီးအား သိချင်စိတ်ပြင်းပြသည့်ကလေးငယ်များကဲ့သို့ပင် ခေါင်းပြူထွက်ကာလေ့လာနေကြ၏။ အစိမ်းရောင်နွယ်ပင်များသည် ဥယျာဥ်ထဲတွင်ရှိသည့် အဆောက်ဦးနံရံများပေါ်သို့ တွယ်တက်နေကြသည်။ လိပ်ပြာများသည် ပန်းပင်များကြားထဲတွင် ပျံသန်းကခုန်နေကြ၏။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ သူသည် အပြင်လောကထက်အဆပေါင်းများစွာပို၍မြင့်မားသည့် သစ်ပင်စွမ်းအင်များကို ဤနေရာတွင်အာရုံခံလိုက်မိသည့်အတွက်ပင်။ ဤနေရာတစ်ခုလုံးမှာ သက်၀င်နေ၏။ လေထုသည် နွေးထွေးစိုစွတ်နေသည့်အတွက် သစ်ပင်များပေါက်ရောက်ရန်အတွက် အကောင်းဆုံးအနေထားပင်။ နွေဦးသည် ဤဥယျာဥ်ထဲတွင်ပို၍ စောစောရောက်လာနေသလိုပင်။

ဤအခိုက်တန့်တွင် ခပ်ပိန်ပိန်လူတစ်ယောက်သည် အစေခံကောင်မလေးနှစ်ယောက်၏ အကူညီဖြင့် ကျောက်တုံးအဆောက်ဦးတစ်ခုထဲမှ လမ်းလျှောက်ထွက်လာနေ၏။

သူသည် ခန့်ညားသည့် ဆံပင်ရွှေရောင်နှင့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာအသွင်ပြင်မှာ အလွန်အချိုးကျသည့်အတွက် ဘုရားသခင်ကိုယ်တိုင်ထုဆစ်ထားသလိုပင်။ မည်သူမဆိုသူ၏ ကြီးမားတောက်ပသည့်မျက်လုံးများကို စိုက်ကြည့်မိပါက ခင်မင်ရင်းနှီးလိုသည့်စိတ်များပေါ်ပေါက်လာကြမည်ဖြစ်သည်။ သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေပြီး နေမကောင်းဖြစ်ကာ ပင်ပန်းနေသည့်ပုံပင်။ သို့သော် ထိုအချက်များအားလုံးကို စုပေါင်းလိုက်ပါက သူ့အား ပုံမှန်ထက်ထူးကဲကောင်လှပနေစေ၏။

ဤဆံပင်ရွှေရောင်နှင့်လူငယ်သည် ဖှေးတွေ့ဖူးသမျှလူငယ်များထဲတွင် အချောမောအလှပဆုံးလူငယ်တစ်ယောက်ပင်။ အလွန်ချောမောသည်ဟုနာမည်ကြီးသည့် စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားဂါရာနို၊ ဇီးနစ်အင်ပါယာမှ ဒုတိယမင်းသား ဒိုမင်ဂူတို့ပင် ဤလူငယ်နှင့် ယှဥ်နိုင်မည်မဟုတ်ပေ။

ဤလူငယ်အား တစ်နေရာမှ တစ်နေရာသွားနိုင်ရန်အတွက် တွဲပေးနေသည့် ကောင်မလေးနှစ်ယောက်တို့သည် အသက်၁၅နှစ်၁၆နှစ်အရွယ်ကောင်မလေးများပင်။ သူတို့သည် အလွန်လှပကာ လန်းဆန်းတက်ကြွနေကြသည်။ သူတို့သည် အသားရေသည် ချောမွေ့ဖြူဖွေးကာ နုပျိုလန်းဆန်းသည့် ပန်းပွင့်လေးများကဲ့သို့ပင်။

သူတို့နှစ်ယောက်လုံးသည် တင်းကြပ်သည့် အစိမ်းရောင်၀တ်စုံများကို ၀တ်ဆင်ထားကြပြီး ကြီးမားသည့် တိုက်ပွဲသုံးလေးကြီးတစ်လက်ကို ခါးတွင် ချိတ်ထားကြ၏။ သူမတို့၏ မြားကျည်တောက်များထဲတွင် အဖြူရောင်ငှက်မွေးများတပ်ဆင်ထားသည့် မြှားများပါရှိ၏။ ထိုလက်နက်များသည်လည်း အစိမ်းရောင်များဖြစ်ကြပြီး သူမတို့သည် အစိမ်းရောင်မရှိပဲ အသက်မရှင်နိုင်ကြသည့်ပုံပင်။

“မင်းရောက်လာပြီပေါ့...” ထိုရွှေရောင်ဆံပင်နှင့်လူငယ်သည် ဖှေးအား အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်လိုက်သည်။ သူသည် မတွေ့ရတာကြာသည့် သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်နေသည့်အတိုင်းပင်။

“ငါလာမယ်ဆိုတာကို မင်းကြိုသိနေတာလား...” ဖှေးသည် ရှေ့သို့ ဖြတ်ကနဲပျောက်သွားပြီး ချက်ချင်းပင် ကျောက်တုံးအဆောက်ဦး၏ အရှေ့သို့ ရောက်ရှိသွားတော့သည်။

သူ၏လျှင်မြန်သောလျှပ်ရှားမှုများကြောင့် အစေခံကောင်မလေးနှစ်ယောက်တို့သည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူမတို့၏လေးများကို ကောက်ကိုင်လိုက်ကြသည်။

တစ်က္ကန့်အတွင်းမှာပင် သူတို့၏လေးကြိုများကို ဆွဲတင်ကာ မြှားတံများဖြင့် ချိန်ရွယ်ထားကြသည်။

ဖှေးသည် သူ့ထံသို့ လာရောက်နေသည့်စွမ်းအင်အရှိန်၀ါများကို ချက်ချင်းပင်ခံစားလိုက်မိသည်။

“ဒီအားနည်းတယ်လို့ ထင်ရတဲ့ကောင်မလေးနှစ်ယောက်ကအတော်စွမ်းအားမြင့်မားကြတာပဲ။ သူတို့ရဲ့လေးအစွမ်းက ချမ်းဘော့ဒ်တိုင်းပြည်က အတော်ဆုံးလေးသမားတွေဖြစ်တဲ့ အယ်လီနာနဲ့ တိုးရီစ်တို့ကိုတောင်ယှဥ်နိုင်လောက်တယ်...” ဖှေးခန့်မှန်းကြည့်လိုက်သည်။

ဖှေးသည် အနည်းငယ်အံ့သြသွားသော်လည်း သူပြုံးလိုက်သည်။

ဤနေမကောင်းသည့်ပုံနှင့် ဆံပင်ရွှေရောင်နှင့်အမျိုးသားသည် သူ၏ အစေခံကောင်မလေးနှစ်ယောက်အား ချိုသာသောအသံဖြင့် ဖှေးတစ်ခါမှမကြားဖူးသေးသည့် ဘာသာစကားတစ်ခုဖြင့် ပြောလိုက်၏။ ထို့နောက်တွင် ကောင်မလေးနှစ်ယောက်သည် သူမတို့၏ လက်နက်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်သည်။ ဖှေးအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့သည် တစ်ဖက်သို့လှည့်ကာ ကျောက်တုံးအိမ်ထဲသို့ ပြန်၀င်သွားကြ၏။ သို့သော် ဖှေးသည် သူ့အား အိမ်ထဲမှ ဆက်လက်စောင့်ကြည့်နေသည်ကို အာရုံခံလိုက်မိသည်။

“မင်းစောစော မလာခဲ့ဘူးလား။ ငါဒီနေရာမှာနေနေတာ တစ်နှစ်ရှိပြီ။ မင်းင့ါကို သတိထားခဲ့မိတာလဲ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ဒါပေမယ့် အခုမှ လာခဲ့တာပဲ။ ဒါပေမယ့် င့ါကို ဒီနေရာမှာနေခွင့်ပေးထားတာ ကျေးဇူးပါပဲ...” ဆံပင်ရွှေရောင်နှင့် လူငယ်မှပြောလိုက်သည်။

သူသည် အလွန်အားနည်းသည့် ပုံပေါက်နေသည့်အတွက် လေတိုက်သည်နှင့်ပင် လဲကျတော့မည်ပုံပင်။ သို့သော် သူသည် အလွန်တည်ငြိမ်နေ၏။ ထိုနေရာတွင်ရပ်နေရုံဖြင့်ပင် သူ့ထံမှ မြင့်မြတ်ထည်၀ါသည့် အရှိန်၀ါတစ်ခုရနေလျှက်ရှိသည်။ သူသည် ကျန်းမာရေးကောင်းသည့်ပုံမရှိသော်လည်း သူ၏ ပုံပန်းသွင်ပြင်သည် ခမ်းနားထည်၀ါနေဆဲပင်။

ဖှေး၏ မျက်လုံးများသည် ထိုလူငယ်၏နားများထံသို့ ရောက်ရှိသွားပြီး အလွန်တုန်လှုပ်သွားမိ၏။ သို့သော် သူသည် အပြင်ပန်းတွင် အမူယာပြောင်းလဲခြင်းမရှိပေ။ သူမေးလိုက်၏။ “လွန်ခဲ့တဲ့ တစ်နှစ်လောက်က ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းထဲကို ခိုး၀င်ပြီး ငါနဲ့တိုက်ခိုက်ခဲ့တာမင်းမလား...”

“ဟုတ်တယ် အဲ့တာငါပဲ...”

“လွန်ခဲ့တဲ့ ဆယ့်တစ်လလောက်တုန်းက သူရဲကောင်းနန်းတော်က ဒီနေရာကို သိုင်းဆရာတွေပိုပြီးတိုက်ခိုက်တုန်းက ရုတ်တရက်ရောက်လာပြီး ကြယ်သုံးလုံးအဆင့်သိုင်းဆရာတစ်ယောက်ကို သတ်ဖြတ်ပြီးတော့ ချမ်းဘော့ဒ်ကို ကယ်တင်ခဲ့တာကရော မင်းပဲမလား...”

“ဟုတ်တယ် အဲ့တာလဲ ငါပါပဲ..”

“ဒါဆို ငါတို့တွေက မိတ်ဆွေတွေပေါ့...” ဖှေးသည် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးသည် ဤလူငယ်အား မိတ်ဆွေတစ်ယောက်အနေဖြင့်ပင် မြင်နေပြီဖြစ်သည်။ လူရိုင်းဇာတ်ကောင်၏ မသိစိတ်သည် အလွန်စွမ်းအားမြင့်မားသည့်အတွက်ကြောင့် ရန်သူမိတ်ဆွေအား ထိရောက်စွာ ခွဲခြားနိုင်၏။

“ချမ်းဘော့ဒ်တိုင်းပြည်နဲ့ မိတ်ဆွေဖြစ်ခွ့င်ရမယ်ဆိုရင်တော့ အတော်လေးကောင်းပါတယ်...” ရွှေရောင်ဆံပင်နှင့်လူငယ်သည် ခေါင်းငြိမ့်ကာပြုံးလိုက်သည်။ သူ၏ အသံသည် ကြည်လင်အေးမြသည့်ရေများစီးဆင်းနေသလိုပင်။

“ငါတို့တွေက မိတ်ဆွေတွေဆိုတော့ မင်းကိုယ်မင်းမိတ်ဆက်သင့်တယ်...” ဖှေးသည် ပေါ့ပါးသည့်အသံနေအသံထားဖြင့်မေးလိုက်သည်။

ပထမပိုင်းအံ့သြသွားပြီးနောက်တွင် လူငယ်၏ မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုပေါ်လာကာဖြေလိုက်သည်။ “လူတွေရဲ့စိတ်ထဲမှ နတ်ဘုရားတစ်ပါးလိုဖြစ်နေတဲ့ချမ်းဘော့ဒ်ဘုရင်က ဒီလောက်ဉာဏ်များလိမ့်မယ်လို့ ငါထင်မထားဘူး။ မင်းက င့ါသရုပ်မှန်ကို သိပြီးသားပဲ။ ဘာလို့ မေးနေသေးတာလဲ...”

ဖှေးရိုးရိုးသားသားပြန်ဖြေလိုက်သည်။ “ငါထင်ထားတာက ၉၉ရာခိုင်နှုန်းလောက်သေချာတယ်ဆိုပေမယ့် ငါခန့်မှန်းတာထက် သူငယ်ချင်းတစ်ယောက်ရဲ့အဖြေက ပိုမှန်လိမ့်မယ်လို့ ငါယူဆလို့ပါ...”

ရွှေရောင်ဆံပင်နှင့်လူငယ် မင်သက်သွားသည် သူ၏မျက်လုံးများထဲတွင် အရောင်လင်းလတ်လာ၏။ သူသည် ဖှေး၏ ရိုးသားသည့်အမူယာကို လေးလေးနက်နက်ကြည့်လိုက်ပြီး ခိုင်မာစွာခေါင်းငြိမ့်လိုက်သည်။ သူသည် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချလိုက်သည့်ပုံပင်။

သူပြုံးကာပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က ကြီးမြတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ။ ဒါကငါတို့တွေ့ဖူးတာ ပထမဆုံးအကြိမ်ဆိုပေမယ့် မင်းက ယုံကြည်ရလောက်တဲ့ သူငယ်ချင်းတစ်ယောက်လို့ င့ါမသိစိတ်က ပြောနေတယ်။ ဒါပေမယ့် ငါ့ရဲ့သရုပ်မှန်ကို မပြောခင်မှာ င့ါနောက်ကြောင်းက မင်းကို ဒုက္ခရောက်စေနိုင်တယ်ဆိုတာကို ကြိုပြီး သတိပေးပါရစေ။ အဲ့လိုဆိုရင်တောင် မင်းသိချင်နေတုန်းပဲလား...”

“ငါက သူငယ်ချင်းရှာနေတဲ့အချိန်မှာ ဒုက္ခရောက်မှာကို ကြောက်နေမယ့်လူမဟုတ်ဘူးလေ...”

“ဟားဟား ကောင်းတယ် အရှင်မင်းကြီး အရှင်မှန်ပါတယ်...ကျွန်တော်က..”

ထိုလူငယ် သူ၏ သရုပ်မှန်ကို ပြောတော့မည့်အချိန်တင် သူ၏အနောက်တွင်ရှိသည့်် ကျောက်တုံးအိမ်ထဲမှ ကောင်မလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ ထိုအသံသည် ထိုထူးဆန်းသည့် ဘာသာစကားဖြင့် ပြောနေဆဲပင်။ သူသည် ဤလူငယ်အား စကားဆက်မပြောစေရန်အတွက် ဟန့်တားနေသည့်ပုံပင်။

All Chapters