အခန်း (၇၀၉)
Vol. 45 Ch. 709
အစေခံကောင်မလေးတစ်ယောက် ပြောလိုက်သည်ကို ကြားရအပြီးတွင် ဆံပင်ရွှေရောင်နှ့င်လူငယ်၏ အပြုံးသည် မှေးမှိန်သွားခြင်းမရှိပေ။
သူတစ်ဖက်သို့ လှည့်ကာ လျို့၀ှက်ကာ နားထောင်ရကောင်းသည့် ဘာသာစကားနှင့်ပြန်ပြောလိုက်သည်။ ကျောက်တုံးအိမ်ထဲတွင်ရှိနေသည့် ကောင်မလေးနှစ်ယောက်လုံး တိတ်ဆိတ်သွား၏။ သူမတို့သည် ဆက်လက်၍ ဟန့်တားတော့မသည်မဟုတ်တေ့သည့်ပုံပေါက်နေ၏။
“၀ှစ် ၀ှစ် ၀ှစ်...”
ရုတ်တရက် စူးရှသည့် အသံငါးချက်ထွက်ပေါ်လာ၏။
အစိမ်းရောင်မြှားငါးချောင်းသည် ကျောက်တုံးအိမ်အတွင်းမှ ပျံသန်းထွက်ခွာလာပြီး ပုံရိပ်ယောင်ငါးခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဒုတ် ဒုတ် ဒုတ်...”
မြှားငါးချောင်းသည် မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်ပြီး ငါးထောင့်ပုံသဏာန်တစ်ခုအား ဖန်တီးလိုက်သည်။ မြှားတစ်ချောင်းနှင့်တစ်ချောင်းကြားတွင်ရှိနေသည့် အကွာ၀ေးမှာ အတိကျတူညီနေသည်။ တစ်စုံတစ်ယောက်သည် အကွာ၀ေးအား ကြိုတင်တိုင်းတာ တွက်ချက်ထားသည့်အတိုင်းပင်။ မကြာမှီတွင် အစိမ်းရောင်စွမ်းအင်များသည် မြှားများပေါ်မှ တောက်ပလာပြီး မိုးရေများကဲ့သို့ပင် မြေပြင်အတွင်းသို့ စိမ့်၀င်သွားတော့သည်။
ရှေးကျသည့် သစ်တောစွမ်းအင်များသည် မြေပြင်မှတဆင့်ပတ်၀န်းကျင်တွင်ရှိနေသော လေထုနှင့် ဆက်နွယ်လိုက်သည်ကို ဖှေးရှင်းလင်းစွာအာရုံခံလိုက်မိသည်။ ထို့နောက်တွင် ထိုစွမ်းအင်များသည် လှည့်လည်ကာ နေရာတွင်ရှိနေသည့် အရှိန်၀ါများ၊ အာရုံခံစားမှုများကို ပိုင်းခြားကန့်သက်လိုက်၏။
ထိုအရာသည် သစ်တောစွမ်းအင်ဂုဏ်သတ္တိရှိသည့် မှော်အစီရင်တစ်ခုပင်။
မှော်မြှားများကို အသုံးပြု၍ စီရင်ထားခြင်းဖြစ်သောကြောင့် ဖှေးအတွက်အသစ်ဆန်းဖြစ်နေ၏။
ရှင်းလင်းစွာပင် ကျောက်တုံးအိမ်ထဲတွင်ရှိနေသည့် ကောင်မလေးနှစ်ယောက်တို့သည် စိုးရိမ်နေဆဲဖြစ်သောကြောင့် မှော်အစီရင်တစ်ခုကို ဖန်တီးကာ အပြင်လောကနှင့် ပိုင်းခြားကန့်သက်လိုက်ခြင်းပင်။ ဖှေးနှ့င် ထိုလူငယ်တို့ပြောနေသည့်စကားများကို အပြင်လူတစ်ယောက်ယောက်ကြားသွားမည်ကို စိုးရိမ်သည့်အတွက်ပင်။
“ကောင်းပြီလေ ဒါဆိုကျွန်တော်တို့စလိုက်ရအောင်။ ကျွန်တော့နာမည်ကတော့ အာကင်ဖိပါ။ ဆစ်-အာကင်ဖိ။ ပျောက်ဆုံးသွားပြီဖြစ်တဲ့ မျိုးနွယ်တစ်ခုကနေ ဆင်းသက်လာတဲ့လူတစ်ယောက်ပေါ့။ နတ်သူငယ်မျိုးနွယ်တွေလေ...” လူငယ်သည် ဖှေးအား လွှမ်းခြုံနေသည့် မှော်အစီရင်နှ့င် ထွက်လာတော့မည်ဖြစ်သည့် နေမင်းကြီးအား ငေးကြည့်ရင်းဖြင့် ပြောလိုက်သည်။
ဤရွှေရောင်ဆံပင်နှင့် လူငယ်သည် အလွန်ရိုးရှင်းသည်ဟုဆိုရမည်ဖြစ်သည်။ သူသည် ယခုအချိန်မှစတွေ့ဖူးသည့်ဖှေးအား သူ၏ လျို့၀ှက်ချက်ကို တွန့်ဆုတ်ခြင်းမရှိပဲ ပြောလိုက်သည်။
ထိုအချက်သည် ၁၀၀ရာခိုင်နှုန်းယုံကြည်မှုနှင့် လေးစားမှုတို့ကို ပြသနေသည်။
“နတ်သူငယ်တွေပဲ...” ဖှေးခေါင်းငြိမ့်လိုက်သည်။ သူထင်ထားသည်မှာ မှားခြင်းမရှိပေ။
အေဇာရုတိုက်မှ ဒဏာရီများထဲတွင် နတ်သူငယ်များနှင့် လူပုမျိုးနွယ်များသည် နတ်ဘုရားများခေတ်က နေထိုင်ခဲ့သည့်မျိုးနွယ်များဖြစ်ကြပြီး ယနေ့ခေတ်တွင် မျိုးသုဥ်းသွားခဲ့ကြပြီဖြစ်သည်။ သို့သော် နတ်သူငယ်မျိုးနွယ်များသည် ယနေ့ခေတ်တိုင်အောင် ရှိနေဆဲဆိုသည်မှာ အံ့သြစရာကောင်းလှ၏။
တကယ်တန်းတွင် ဖှေးသည် ဤဥယျာဥ်ငယ်ထဲသို့ ရောက်လျှင်ရောက်ခြင်းပင် သဲလွန်စများကို တွေ့ခဲ့ရ၏။
ဤနေရာတွင် တစ်ခြားနေရာများထက် သစ်တောစွမ်းအင်များပို၍ ပေါများနေ၏။ ပန်းပင်များ၊ မြက်ပင်များနှင့် နွယ်ပင်များသည်လည်း တစ်ခြားနေရာများထက်ပို၍ လန်းဆန်းရှင်သန်နေကြသည်။ ထို့အပြင် ရှင်သန်ခြင်းစွမ်းအင်များဖြစ်သည့် အစိမ်းရောင်အလင်းစက်များ၊ ဤလူငယ်နှင့် သူ၏ အစေခံကောင်မလေးတို့၏ သာမန်ထက်ထူးခြားကာ ချွန်ထက်နေသည့် နားများတို့သည် သဲလွန်စများပင်။
ထို့အပြင် ဖှေးသည် ကောင်မလေးများ၏ ရင်သပ်ရှုမောဖွယ်လေးအတတ်ကိုလည်း မှော်အစီကို ဖန်တီးလိုက်စဥ်ကတွေ့လိုက်ရသည်။
ထိုအရာများအားလုံးကြောင့် သူ၏ အရှေ့တွင်ရှိနေသည့် ဤရွှေရောင်ဆံပင်နှင့်ကောင်လေးသည် ဒဏာရီများထဲမှ နတ်သူငယ်များနှင့် ဆက်စက်နေလိမ့်မည်ဟုဖှေးကောက်ချက်ချလိုက်မိခြင်းပင်။
သို့သော် ထိုခန့်မှန်းချက်သည် မဖြစ်နိုင်သလောက်ပင်။ အဘယ်ကြောင့်ဆိုသော် တိုက်ပေါ်တွင်ရှိနေသည့်လူများအားလုံးမှ နတ်သူငယ်များသည် နတ်ဘုရားများခေတွင် မျိုးသုဥ်းသွားခဲ့ပြီဟု ယုံကြည်ထားသည့်အတွက်ပင်။ ထို့အပြင် ဖှေး လူပုမျိုးနွယ်များ၏ အင်ပါယာအရှင်သခင် ဂါရက်-ဘေးလ်၏ ဒိုင်ယာယီစာအုပ်အရ နတ်သူငယ်မျိုးနွယ်များသည်လည်း နတ်ဘုရားတစ်ပိုင်းများလက်ချက်ဖြင့် မျိုးသုဥ်းသတ်ဖြတ်ခံလိုက်ရသည်ဟု ရေးသားထားသောကြောင့်ပင်။ ထို့ကြောင့် ဖှေးသူ၏ ခန့်မှန်းချက်ကို အပြည့်၀ယုံကြည်နိုင်ခြင်းမရှိပေ။
သို့သော် အာကင်ဖိကိုယ်တိုင်ဖှေးအားပြောလိုက်သည့်အချိန်တွင် ဘုရင်သူ့အား ချက်ချင်းပင်ယုံကြည်သွား၏။
ထိုအရာသည် သူငယ်ချင်းများကြားထဲတွင်ရှိသည့် ယုံကြည်မှုပင်။
ရုတ်တရက်ပင် ဖှေး ဂါရက်-ဘေးလ်၏ စာအုပ်ထဲတွင် ရေးထားသည့်အကြောင်းရာတစ်ခုကို သတိရလိုက်မိသည်။ နတ်သူငယ်မျိုးနွယ်တို့၏ အင်ပါယာကျဆုံးသွားပြီးသည့်အချိန်တွင် တော်၀င်မျိုးနွယ်တစ်ချို့သည် ထွက်ပြေးလွှတ်မြောက်သွားခဲ့ပြီး လူ့ဘီလူးများအင်ပါယာထံသို့ ခိုလုံရန်၀င်ရောက်သွားသည်ကိုပင်။ ထို့နောက်ပိုင်းတွင် နတ်သူငယ်များနှင့် ပတ်သက်သည့်အကြောင်းရာကို ဆက်လက်ရေးသားထားခြင်းမရှိတော့ပေ။ လူ့ဘီလူးမျိုးနွယ်များသည်လည်း နတ်ဘုရားတစ်ပိုင်းကောင်များ၏ လက်ချက်ဖြင့် ကျရှုံးသွားခဲ့ရသည်။ လက်ရှိဖြစ်ရပ်အရ နတ်သူငယ်တစ်ချို့သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမူမှ လွတ်မြောက်လာနိုင်ခဲ့သည့်ပုံပင်။
ထို့အပြင် သူ၏အရှေ့တွင်ရှိသည့် အာာကင်ဖိထံတွင် နတ်သူငယ်များသာရှိသည့် ချွန်ထက်သည့် နားရွက်များ၊ တော်၀င်မျိုးနွယ်များ၏အထိန်းမှတ်ဖြစ်သော ရွှေရောင်ဆံပင်များရှိနေသည့်အတွက် သူ၏ နတ်သူငယ်သွေးသည် အလွန်သန့်စင်သည်ဟု ဆိုနိုင်လိမ့်မည်ဖြစ်သည်။
ယခုအချိန်တွင် ဖှေးသည် တော်၀င်နတ်သူငယ်မျိုးနွယ်တစ်ယောက်ဖြစ်ကြောင်းကို ဖှေးသိရှိသွားပြီဖြစ်သည်။
သူ၏ဘိုးဘေးများသည် နတ်ဘုရားတစ်ပိုင်းများ၏ လက်အောက်မှ လွတ်မြောက်ခဲ့ကြသည့်လူများဖြစ်ပေလိမ့်မည်ဖြစ်သည်။
“အရှင်မင်းကြီးရဲ့ပုံကို ကြည့်ရတာ သိပ်ပြီးတော့ စိတ်၀င်စားတဲ့ပုံမပေါ်ပါလား...” အာကင်ဖိမေးလိုက်သည်။ ဖှေး၏ တည်ငြိမ်သည့်အမူယာကို မြင်လိုက်ရသည့်အတွက် သူအနည်းငယ်စိတ်၀င်စားသွားမိသည့်အတွက်ပင်။
“ငါခန့်မှန်းမိပြီးသားပါ...” ဖှေးသည် ဖုံးကွယ်နေခြင်းမရှိပေ။ သူရယ်မောကာမေးလိုက်သည်။ “ငါမင်းကို ပထမဆုံးမြင်ဖူးတဲ့အချိန်က အမဲရောင်ချပ်၀တ်နဲ့ ရန်သူတွေကို နိမ်နင်းပြီးတော့ သူတော်စင်ဇိုလာနဲ့ မြင့်မြတ်သောသူရဲကောင်းလူကာနိုတို့ပြန်ရောက်လာတဲ့အချိန်မှာ မင်းကနောက်ဆုံးရထားလုံးပေါ်မှာ ပါလာခဲ့တယ်လေ။ ငါမင်းကို ပြတင်းပေါက်ကနေမြင်လိုက်မိတယ်။ ငါက အဲ့တုန်းက စိတ်၀င်စားသွားခဲ့တာ မင်းကို မဟာဘုရားကျောင်းက ရာထူးအရှိန်၀ါကြီးမားတဲ့ လူတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်လားလို့တောင်ထင်သွားခဲ့တယ်။ မင်းကို ဒဏာရီထဲက နတ်သူငယ်တွေရဲ့ မျိုးဆက်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”
“အဲ့အချိန်တုန်းက အရှင်မင်းကြီးက အတော်လေးသူရဲကောင်းဆန်ပြီးတော့ ဇိုလာနဲ့ လူကာနိုတို့ကို စကားလုံးအနည်းငယ်နဲ့ စည်းရုံးနိုင်ခဲ့တယ်။ ကျွန်တော် အတော်လေးစားမိခဲ့ပါတယ်...”
အာာကင်ဖိ၏ မျက်နှာပေါ်မှ အပြုံးသည် အမြဲသန့်စင်စစ်မှန်နေ၏။ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် နံရံပေါ်တွင်ရှိနေသည့် နွယ်ပင်တစ်ခုသည် ရုတ်တရက်ကောက်ကွေးကာ ခွက်များအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက်တွင် တစ်ခြားနွယ်ပင်တစ်ခုသည်လည်း ညင်သာစွာလှုပ်ရမ်းသွားပြီး မနက်ခင်းနှုင်းပေါက်များကို ကျဆင်းလာစေခဲ့သည်။ ထိုနှင်းပေါက်နှင်းစက်မျးသည် သစ်ရွက်များမှတဆင့်အောက်သို့ စီးဆင်းကာ အစိမ်းရောင်ခွက်လေးများထဲသို့ ကျဆင်းသွား၏။
အသက်၀င်နေသည့်အတိုင်းပင် နွယ်ပင်များသည် အပြင်သို့ ဆန့်တန်းလာပြီး ခွက်များကို လူနှစ်ယောက်၏အရှေ့သို့ ရောက်သည့်အချိန်တွင် ရပ်တန့်လိုက်၏။
ဖှေးသည် တွန့်ဆုန်နေခြင်းမရှိပဲ ခွက်တစ်ခွက်ကို ယူကာ မော့သောက်ကြည့်လိုက်သည်။ သူသည် ချက်ချင်းပင် အလွန်လန်းဆန်းသွားသလို ခံစားလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် မွှေးညှင်းပေါင်များ ပွင့်သွဦးသလိုခံစားလိုက်မသိသည်။ သူသည် စိတ်ကျေနပ်နေရင်းဖြင့် ဒဏာရီတစ်ခုအကြောင်းကို တွေးလိုက်မိကာ ရယ်မောလိုက်သည်။ “နတ်သူငယ်တွေရဲ့ နှင်းစက်က နတ်ဘုရားတွေတောင် အလိုရှိတဲ့ ရတနာတစ်ခုပဲ။ ငါဒီနေ့မှာ ကိုယ်တိုင်သောက်လိုက်ရတဲ့ထိ ကံကောင်းလိမ့်မယ်လို့မထင်ခဲ့ဘူး...”
“အရှင်မင်းကြီးက နောက်နေတာပဲ။ ဒါက နတ်သူငယ်တွေတတ်တဲ့ ပညာသေးသေးလေးတစ်ခုပါ။ ဒီ မနက်ခင်းနှင်းစက်တွေက ဒီအပင်တွေတစ်နှစ်ကြာခန့် စုပ်ယူစုဆောင်းထားတဲ့ သစ်ပင်ဓာတ်ဂုဏ်သတ္တိတွေပေါ့။ ဒါကို သောက်လိုက်မယ်ဆိုရင် လန်းဆန်းသွားပါလိမ့်မယ်။ ဒါပေမယ့် ဒါက နတ်သူငယ်တွေရဲ့ နှင်းစက်အစစ်မှန်မဟုတ်သေးပါဘူး။ နတ်သူငယ်တွေရဲ့ ရွှေခေတ်က ပျောက်ဆုံးသွားခဲ့ပြီလေ။ ဒီနေ့ခေတ်ကမ္ဘာပေါ်မှာ နတ်သူငယ်တွေရဲ့ နှင်းစက်ကို ဖန်တီးနိုင်တဲ့လူဘယ်သူမှ မရှိတော့ပါဘူး...” ပြောနေရင်းဖြင့် အာကင်ဖိ၏မျက်နှာပေါ်တွင် ၀မ်းနည်းသည့်အရိပ်ယောင်တစ်ခုထွက်ပေါ်လာ၏။
သူ၏ သွေးမျိုးဆက်နိုးထလာသည့်အချိန်တွင် သူ၏မျိုးနွယ်များသေဆုံးသွားခဲ့သည့်အတွက်ကြောင့်ခံစားခဲ့ရသည့် နာကျင်မှုပင်။
ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် အာကင်ဖိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပြန်လည်ရောက်ရှိလာ၏။ သူဆက်ပြောလိုက်သည်။ “အရှင်မင်းကြီးပြောတာမှန်ပါတယ်။ ကျွန်တော်က တကယ်ပဲ တိတ်တိတ်ပုန်းသားတစ်ယောက်ပါ။ ကျွန်တော့ရဲ့ နတ်သူငယ်သွေးမျိုးဆက်က ငယ်ငယ်တုန်းကမပေါ်လာခဲ့သေးဘူး။ ကျွန်တော်အသက်၁၅နှစ်ရောက်တဲ့အချိန်မှာ စပြီးတော့ ထင်ရှားလာခဲ့တာပဲ။ ကျွန်တော့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာခဲ့ပြီးတော့ တစ်ချို့လူတွေက သတိထားမိလာခဲ့ကြတယ်လေ...”
အာကင်ဖိသည် သူ၏နောက်ကြောင်းကို ဖုံးကွယ်ထားခြင်းမရှိပေ။
ဖှေးခေါင်းငြိမ့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ “ဒါပေမယ့် အဲ့တာက မင်းအတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ခဲ့ဘူးထင်တယ်...”
အာကင်ဖိခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ “အရှင်ပြောတာမှန်ပါတယ်။ ဒဏာရီတွေထဲမှာဆိုရင် နတ်သူငယ်တွေက နတ်ဘုရားတွေရဲ့ ရန်သူဖြစ်တဲ့ နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့တယ်လေ။ မဟာဘုရားကျောင်းက နတ်ဘုရားတွေကို ကိုးကွယ်တာဆိုတော့ တကယ်လို့မဟာဘုရားကျောင်းသာ ကျွန်တော့ရဲ့ သရုပ်မှန်ကို သိသွားခဲ့မယ်ဆိုရင် ကျွန်တော်သေသွားမှာပေါ့...”
ဖှေးခေါင်းငြိမ့်ပြကာ အာကင်ဖိ၏ စကားကို ဆက်လက်နားထောင်နေ၏။
“ဒါပေမယ့် ကျွန်တော့အဖေက အရှိန်၀ါကြီးမားပြီးတော့ စွမ်းအားရှိတဲ့လူတစ်ယောက်ပဲ။ အဲ့တာကြောင့် ကျွန်တော့ရဲ့ သရုပ်ကို ပြောင်းလဲပစ်လိုက်တယ်။ ကျွန်တော့ကို မဟာဘုရားကျောင်းရဲ့ပညာသင်သူတော်စင်တစ်ယောက်အဖြစ်ပြောင်းလဲလိုက်တာပေါ့။ နောက်ပြီး ကျွန်တော်က တိုက်ပေါ်မှာလှည့်လည်သွားလာနေခဲ့တယ်။ နောက်ဆုံးမှာတော့ မြောက်ပိုင်းအစွန်ုဆုံးမှာရှိတဲ့ ဇီးနစ်အင်ပါယာကို ရောက်လာပြီး သိပ်ပြီးအရှိန်၀ါမရှိတဲ့ သူတော်စင်ဇိုလာတို့နဲ့အတူ ချမ်းဘော့ဒ်တိုင်းပြည်ကို လိုက်လာခဲ့တယ်လေ...” အာကင်ဖိသည် အတိုချုန်းကာ ရှင်းပြလိုက်၏။ ဖှေးသည် ဤစကားလုံးများ၏နောက်ကွယ်တွင်ရှိနေသည့် အန္တရာယ်တို့ကို အာရုံခံလိုက်မိသည်။ လူငယ်တစ်ယောက်သည် ဖြစ်ရပ်ဆိုးတစ်ခုမှ လွတ်မြောက်ရန်အတွက် သူ၏ အိမ်ကို စွန့်ခွာကာ တိုက်ပေါ်တွင် တိမ်းရှောင်နေခဲ့ရသည်။ သူသည် မိုင်ပေါင်းမည်မျှ ခရီးဆက်ခဲ့ရသည်ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။
“မင်းရဲ့အဖေက အတော်လေးရဲရင့်တဲ့လူတစ်ယောက်ပဲ။ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာပဲ။ ဘုရားကျောင်းအနောက်ဘက် ဥယျာဥ်ထဲမှာနေနေတော့ မင်းရဲ့ သရုပ်မှန်ကို ဘယ်သူမှ သံသယ၀င်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် မင်းချမ်းဘော့ဒ်ကို လာခဲ့ရတဲ့ တစ်ခြားရည်ရွယ်ချက်တစ်ခုရှိနေသေးတယ်မလား...အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းက ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွေထဲကို သွားဖို့အတွက် ကြိုးစားခဲ့မှာမဟုတ်ဘူးလေ...” ဖှေးသည် ဖြေရခက်သည့် မေးခွန်းတစ်ခုကို ဒဲ့တိုးမေးလိုက်၏။