“သူငယ်ချင်းနှင့် ဖိတ်ကြားမှု”
Vol. 45 Ch. 710
“ဒဏာရီထဲမှာဆိုရင် နတ်ဆိုးတွေ စစ်ပွဲရှုံးသွားတော့။ သူတို့တွေနဲ့ပူးပေါင်းတဲ့မျိုးနွယ်တွေဖြစ်တဲ့ လူပုမျိုးနွယ်၊ နတ်သူငယ်မျိုးနွယ်၊ မှင်စာမျိုးနွယ်နဲ့ လူ့ဘီလူးမျိုးနွယ်တို့တွေကလည်း လူသားတွေနဲ့ နတ်ဘုရားတွေပေါင်းစည်းပြီး သတ်ဖြတ်တာကို ခံခဲ့ရတယ်လေ။ ဆက်လက်ပြီး အသက်ရှင်နိုင်ဖို့အတွက် အဲ့မျိုးနွယ်တွေက တိုက်ရဲ့မြောက်ပိုင်းမှာရှိတဲ့ သစ်တောတွေနဲ့ တောင်တန်းတွေထဲကို ထွက်ပြေးခဲ့ရတယ်။ ကျွန်တော်လည်း သေချာလေ့လာပြီးသွားပြီး အဲ့တာကြောင့်မို့ အဲ့လိုဆုတ်ခွာသွားခဲ့တဲ့နေရာက ချမ်းဘော့ဒ်တိုင်းပြည်နဲ့ နီးကပ်နေတယ်။ အဲ့တာကြောင့် ကျွန်တော်က ဒီကိုလာပြီးတော့ ကျွန်တော့ရဲ့လိုးဘေးတွေ အမှတ်သားတွေ ချန်ထားခဲ့သေးလားဆိုတာကို လာရှာတာပဲ။ တကယ်လို့ ကျွန်တော်သာ ဒဏာရီလာ [သွေးမျက်ရည်လမ်းသွယ်]ကို ရှာနိုင်မယ်ဆိုရင် မြောက်ပိုင်းသစ်တောတွေတောင်တန်းတွေရဲ့ တစ်ဖက်မှာရှိတဲ့ ကျွန်တော့လူတွေဆီကို သွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်...” အာကင်ဖိသည် ဖြေးညှင်းစွာရှင်းပြလိုက်သည်။ “သွေးမျက်ရည်လမ်းသွယ်ဆိုတာက လူပုတွေ၊ နတ်သူငယ်တွေ၊ မင်မှာတွေ၊ လူ့ဘီလူးတွေရဲ့ သွေးတွေမျက်ရည်တွေနဲ့ ပေါင်းစည်းပြီးတော့ ဖောက်လုပ်ခဲ့ရတဲ့ မြောက်ပိုင်းသစ်တောတွေတောင်တန်းတွေကို ဖြတ်သန်းတဲ့လမ်းပဲ။ မြောက်ပိုင်းမှာရှိတဲ့ တောအုပ်တွေ တောင်တန်းတွေထဲမှာ ကြီးမားတဲ့ အန္တရာယ်အမျိုးမျိုးရှိနေတယ်။ မျိုးနွယ်လေးခုရဲ့ လူပေါင်းများစွာကို အဲ့လမ်းကို ဖောက်လုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ကြရတယ်။ အခုချိန်မှာ အဲ့လမ်းက မြောက်ပိုင်းမှာရှိတဲ့ အမည်မသိနယ်မြေတစ်ခုကို သွားနိုင်တဲ့ တစ်ခုတည်းသော လုံခြုံမှုရှိတဲ့လမ်းပဲ။ ဒါပေမယ့် ဒါကလည်း ကောလဟာလတစ်ခုပါ ခရီးသွားကဗျာဆရာတွေနဲ့ သမိုင်းပညာရှင်တစ်ချို့ကလည်း ဒီအရာကိုဖြစ်နိုင်တယ်လို့ မယုံကြည်ကြဘူး...”
ဖှေးသည် ဤဆံပင်ရွှေရောင်နှင့်လူငယ်ပြောလိုက်သည့်အရာကြောင့် ထိတ်လန့်အံ့သြသွား၏။
နတ်ဆိုးဘက်မှ မျိုးနွယ်စုလေးခုတို့ နယ်မြေရွေ့ပြောင်းသွားခဲ့ကြသည့်နေရာသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် နီးကပ်သည်ကို ဖှေးပထမဆုံးအနေဖြင့် ကြားဖူးလိုက်ခြင်းပင်။ သူသည် လူပုမျိုးနွယ်များ၏အင်ပါယာအရှင်သခင် ဂါရက်-ဘေးလ်၏ ဒိုင်ယာရီစာအုပ်မှတဆင့် မြုပ်နှံထားခဲ့သည့် သမိုင်းများစွာကို သိခဲ့ရသော်လည်း ထိုမျိုးနွယ်လေးစု နယ်မြေရွေ့ပြောင်းသွားခဲ့သည့် သတင်းသည် စိတ်ကူးယဥ်ဆန်နေခြင်းမဟုတ်ပေ...”
ဆန့်ကျင်နေသည့် အမှန်တရားနှစ်ခုကြားထဲတွင် တူညီသည့်အရာများရှိနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်သည် ထိုခေတ်က မည်သည့်နေရာမှ ပါ၀င်ခဲ့လဲ...
“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ဒီနှစ်ထဲမှာ ဘာမှလေ့လာလို့မရခဲ့ဘူး။ ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ လူပုမျိုးနွယ်တွေချန်ထားခဲ့တဲ့ ခြေရာလက်ရာတွေရှိပေမယ့်။ အဲ့ခြေရာလက်ရာတွေကလည်း တစ်ကွဲတပြားဖြစ်နေတယ်။ ဟီးဟီး နောက်ပြီးတော့ အရှင်မင်းကြီးက ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းကို ကန့်သက်နယ်မြေအဖြစ်ပြောင်းလဲပစ်လိုက်တော့ ကျွန်တော့လက်ရှိစွမ်းအားနဲ့ ခိုး၀င်ဖို့မဖြစ်နိုင်တော့ဘူးလေ။ ကျွန်တော် မြောက်ပိုင်းက တောအုပ်တွေ၊ တောင်တန်းတွေထဲတော့ ၀င်ကြည့်ဖို့ကြိုးစားသေးပါတယ်။ ဒါပေမယ့် ကျွန်တော် လျှောက်သွားနေရုံပဲတက်နိုင်ပြီးတော့ ဘာမှရှာမတွေ့ခဲ့ဘူး။ အဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ လက်သည်းအောက်မှာ သေမလိုတောင်ဖြစ်ခဲ့သေးတယ်။ သွေးမျက်ရည်လမ်းသွယ်ဆိုတာက ပုံပြင်တစ်ခုပဲနေရာမှာပါ တကယ်မရှိလောက်ပါဘူး...” အာကင်ဖိ၏ မျက်နှာပေါ်တွင် အထီးကျန်ဆန်သည့်အမူယာတစ်ခုပေါ်လာ၏။
ဖှေး သူ၏ခေါင်းကို ငုံ့လိုက်သည်။ ဤလူငယ်၏ ခံစားချက်ကို သူနားလည်နိုင်သည့်အတွက်ပင်။ ကမ္ဘာပေါ်တွင် မိမိမျိုးနွယ်စု၌ တစ်ယောက်တည်းသာ ကျန်ခဲ့သည့်ခံစားချက်သည် အလွန်ဆိုး၀ါးမည်ဖြစ်သည်။
သို့သော် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အနောက်ဘက်တောင်တန်းများထဲတွင်ရှာဖွေတွေ့ရှိခဲ့မှုများ၊ လူပုအင်ပါယာအရှင်သခင်၏ ဒိုင်ယာရီစာအုပ်၊ လူပုများ၏ နောက်ဆုံး ဘိုးဘေးနန်းတော် စသည်တို့ကိုမူ ပြောပြနိုင်ခြင်းမရှိပေ။
သူသည် စမ်းလန်းနေသည့် ဥယျာဥ်ကိုကြည့်ရင်းဖြင့် လေထဲတွင်ရှိနေသည့် သစ်တောစွမ်းအင်များကို အာရုံခံလိုက်သည်။ ထို့နောက်တွင် သူစဥ်းစားကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။ “မင်းက မင်းရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ကြိုးစားနေတာမလား။ ဒါဆိုရင်ဘာလို့ ဒီလို သစ်တောစွမ်းအားတွေပြည့်နှက်နေတဲ့ နေရာတစ်ခုကို ဖန်တီးထားတာလဲ။ ဒါတွေအကုန်ုလုံးက နတ်သူငယ်တွေရဲ့ ဂုဏ်သတ္တိတွေပဲလေ။ တစ်ခြားလူတွေ ပိုပြီးသတိမထားမိသွားနိုင်ဘူးလား...”
“ဟားဟား ဘယ်သူမှ ဒီနေရာကို မလာပါဘူး။ နောက်ပြီးတော့ ဒီနေရာကို စီမံခန့်ခွဲနေတဲ့ သူတော်စင်ဇိုလာကလည်း လောဘကြီးပြီး အသုံးမကျတဲ့လူတစ်ယောက်ပဲလေ။ ကျွန်တော်က သူ့ကို မှော်တလင်းကျောက်တလအနည်းငယ်ပေးထားလို့ သူလည်း ကျွန်တော့ကို အနှောင့်ယှက်မပေးပါဘူး...”
ဖှေးသည် မေးခွန်းများစွာကို မေးနေသော်လည်း နတ်သူငယ်သွေးပါသည့် လူငယ်သည် စိတ်ရှည်လက်ရှည်ဖြင့် ဖြေပေးနေ၏။ သူသည် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်းစကားမပြောရသည်မှာ ကြာသောကြောင့်ဖြစ်ပေလိမ့်မည်ဖြစ်သည်။
“ကျွန်တော့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နတ်သူငယ်သွေးတွေက ပိုပြီးတော့ အားကောင်းလာနေတယ်။ ကျွန်တော် ဆက်ပြီးတော့ ထိန်းချုပ်မထားနိုင်တော့ဘူး။ ကျွန်တော်တစ်ခြားနေရာမှာ ခနနေတယ်ဆိုရင်တောင် အဲ့နေရာကလည်း ဒီလိုနေရာပဲဖြစ်လာလိမ့်မယ်။ ကျွန်တော်က သစ်တောစွမ်းအင်မရှိတဲ့နေရာမှာနေမယ်ဆိုရင်တော့ သောင်တင်နေတဲ့ငါးတစ်ကောင်လိုဖြစ်နေပြီးတော့ ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး...”
နတ်သူငယ်များသည် သစ်တောများထဲတွင်နေထိုင်သူများဖြစ်ပြီး သူတို့သည် သစ်တောစွမ်းအင်များနှင့် ရှင်သန်ခြင်းစွမ်းအင်များအပေါ်တွင်အမှီပြုကြ၏၊ သစ်တောစွမ်းအင်များနှင့် ရှင်သန်ခြင်းစွမ်းအင်များသည်လည်း နတ်သူငယ်များကို နှစ်သက်ကြသည်။ သူတို့သည် သစ်တောစွမ်းအင်များမရှိသည့်နေရာတွင်နေထိုင်ပါက အောက်စီဂျင်မရသည့် သစ်ပင်များကဲ့သို့ပင် ညိုးခြောက်သွားကြ၏။
အာကင်ဖိ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် နတ်သူငယ်သွေးသည် ပို၍ပို၍ အားကောင်းလာနေလျှက်ရှိသည်။ အာကင်ဖိသည် ဆယ်နှစ်ခန့်က လူသားတစ်ယောက်သာဖြစ်သေး၏။ သို့သော် ယခုအချိန်တွင် သူသည် လူသားတစ်၀က် နတ်သူငယ်တစ်၀က်ဖြစ်နေပြီဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင်ရှိသည့် သွေးဆက်များပို၍ အစွမ်းထက်လာပါက အာကင်ဖိသည် တစ်နေ့နေ့တွင် နတ်သူငယ်အစစ်မှန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ်ဖြစ်သည်။ နတ်ဘုရားများခေတ် နတ်သူငယ်များကဲ့သို့ပင် သူသည် သစ်တောမှော်စွမ်းအင်များရရှိလာမည်ဖြစ်ပြီး သွေးမျိုးဆက်နှ့င်သက်ဆိုင်သည့် ထူးခြားဆန်းပြားသည့်စွမ်းအင်များကိုပါ ပိုင်ဆိုင်လာနိုင်သည်။
ဆင့်ကဲပြောင်းလဲလာခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သော်လည်း အာကင်ဖိသည်များစွာပြန်လည်၍ စွန့်လွှတ်ရမည်လည်းဖြစ်သည်။
သူသည် တစ်နေ့နေ့တွင် သစ်တောစွမ်းအင်များအပေါ်တွင် ၁၀၀ရာခိုင်နှုန်းမှီခိုရတော့မည်ဖြစ်သည်။ ငါးများကုန်းပေါ်တွင် အသက်မရှင်နိုင်သလိုပင်ဖြစ်၏။ သူသည် ပတ်၀န်းကျင်တွင် သစ်တောစွမ်းအင်လုံလုံလောက်လောက်မရှိပါက သေဆုံးသွားမည်ဖြစ်သည်။
အာကင်ဖိနေမကောင်သလိုဖြစ်နေရသည့်အကြောင်းရင်းကို ဖှေးနားလည်သွားသည်။ သူသည် နတ်သူငယ်တစ်ကောင်အဖြစ်သို့ ပို၍ပို၍ပြောင်းလဲလာနေပြီဖြစ်သောကြောင့် လက်ရှိပတ်၀န်းကျင်တွင် နေထိုင်နိုင်ခြင်းမရှိဖြစ်နေ၏။ ထို့ကြောင့် သူသည် သင့်လျှော်သည့် သစ်တောစွမ်းအင်ကြွယ်၀သောနေရာတစ်ခုကိုရှာနိုင်ခြင်းမရှိပါက သူ၏ အသက်သည် အချိန်နှင့်အမျှ အန္တရာယ်ရှိလာနိုင်သည်။
နတ်သူငယ်များသည် လှပသည့် အနုပညာလက်ရာများလိုပင်။ စွမ်းအားမြင့်မားကာ ကြီးကျယ်ကြသော်လည်း တစ်ချိန်တည်းမှာပင် ပျက်ဆီးလွယ်ကြ၏။
ခနတာစဥ်းစားပြီးသည့်နောက်တွင် အာကင်ဖိ၏လက်ရှိအခြေအနေတတွက် ဖှေးထံတွင် အဖြေတစ်ခုရှိသလိုခံစားလိုက်ရသည်။ သို့သော် ဤကိစ္စသည် အလွန်ရှုပ်ထွေးနေ၏။ အထူးသဖြင့် တော်၀င်နတ်သူငယ်သွေးမျိုးဆက်နှင့် စွမ်းအားအာဏာကြီးမားသည့် အဖေတစ်ယောက်ရှိသည့် ဤလူငယ်ကြောင့်ပင်။ ထို့ကြောင့် ဖှေးသည် သေချာမလေ့လာရသေးပဲ မစွန့်စားရဲသေးချေ။
သူသည် ခရမ်းရောင် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး အာကင်ဖိအား သူငယ်ချင်းတစ်ယောက်အနေဖြင့် ပေးလိုက်သည်။
“ဒီဆေးပုလင်းက အင်အားတိုးစေပြီးတော့ မကောင်းတဲ့သက်ရောက်မှုတွေအားလုံးကို ဖယ်ရှားပေးတယ်။ မင်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ အကူညီပေးနိုင်မှာပါ...စမ်းသုံးကြည့်ပေါ့...” ဖှေးပြောလိုက်သည်။
“ကျေးဇူးပါ အရှင်မင်းကြီး...” အာကင်ဖိသည် ဖှေးပေးသည့်ဆေးပုလင်းကို ယူလိုက်သည်။
“နောက်ပြီးတစ်ခုရှိသေးတယ် မင်းနာမည်က ဇီးနစ်အင်ပါယာသူရဲကောင်းနန်းတော်က ပါးကွပ်သားသူရဲကောင်းကပ္ပတိန်နာမည်နဲ့တူနေတယ်...”
“ဟုတ်တယ်။ အဲ့လူကို ကျွန်တော်လဲသိပါတယ်။ ကျွန်တော်တို့ကြားထဲမှာ ဘာဆက်နွယ်မှုမှတော့မရှိပါဘူး။ ဒီတိုင်းတိုက်ဆိုင်တာပေါ့....”
ဖှေးခေါင်းငြိမ့်လိုက်သည်။ သူ၏ခေါင်းထဲတွင်ရှိနေသည့် မေးခွန်းများအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။
ဘုရင်သည် ယခင်က ဤလျို့၀ှက်ဆန်းကျယ်သည့် မသေချာမရေရာမှုကို ရှင်းထုတ်ရန်အတွက် စီစဥ်ထားခဲ့သော်လည်း အာကင်ဖိနှင့်တွေ့ခဲ့ပြီးသည့်နောက်တွင် သူ၏စိတ်သည် များစွာပြောင်းလဲသွားခဲ့သည်။ သူအာကင်ဖိအား နှစ်သက်မိသည့်အပြင် နတ်ဘုရားများခေတ်က ပေါ်ခဲ့သည့် မှောင်မိုက်မှုကြီးသည် တိုက်ပေါ်သို့ ပြန်လည်ရောက်ရှိလာတော့မည်ဟူ၍လည်း ခံစားမိနေ၏။
ကံကြမ္မာသည် စိတ်၀င်စားစရာကောင်းသည့် အရာတစ်ခုပင်။ အာကင်ဖိထွက်ပေါ်လာခြင်းသည် ဖှေးအတွက် သဲလွန်စတစ်ခုလည်းဖြစ်နေနိုင်၏။ ဤရွှေရောင်ဆံပင်နှင့် လူငယ်သည် ဖှေး၏ စိတ်ထဲတွင်ရှိနေသည့် လျို့၀ှက်ချက်များစွာအတွက် သော့ချက်တစ်ခုလည်းဖြစ်နေနိုင်သည်။
“ဟားဟား ငါတို့ဒီနေ့စကားပြောဖြစ်တာစိတ်၀င်စားစရာကောင်းပါတယ်။ ငါမင်းကို သဘောကျတယ်။ အခုချိန်ကစပြီးတော့ ငါတို့က မိတ်ဆွေတွေပဲ။ ငါက လာမယ့်၁၃ရက်မှာ လက်ထပ်တော့မယ်။ မင်း လက်ထပ်ပွဲကို သူငယ်ချင်းတစ်ယောက်အနေနဲ့ တက်ရောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်...” ဖှေးသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မှော်ပညာဖြင့်ပြုပ်ထားသည့် လက်ထပ်ပွဲဖိတ်စာသည် အနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။
“ကျွန်တော့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်သေချာပေါက်လာခဲ့ပါ့မယ်...” ကလေးတစ်ယောက်ကဲ့သို့သော အပြုံးသည် အာကင်ဖိ၏ မျက်နှာပေါ်တွင်ပေါ်လာပြီး ဖိတ်စာကဒ်ကို ယူလိုက်၏။ “ကျွန်တော်ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ ဆက်နေထိုင်ခွင့်ရသွားတဲ့ပုံပဲ...”
“ဟားဟား ရတာပေါ့။ ချမ်းဘော့ဒ်တိုင်းပြည်က သူငယ်ချင်းကောင်းတွေကို အမြဲကြိုဆိုနေပါတယ်...” ဖှေးသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး နောက်အခိုက်တန့်တွင် ပျောက်ကွယ်သွားတော့သည်။
သို့သော် သူ၏ကျယ်လောင်သောရယ်မောသံသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ညကောင်းကင်ရံပေါ်တွင် ဟိန်းနေတော့၏။
“ချမ်းဘော့ဒ်ဘုရင် သူက ဘုရင်ကောင်းတစ်ယောက်ပဲ...” မင်္ဂလာပွဲဖိတ်စာကဒ်ကို သူ၏လက်ထဲတွင်ကိုင်ထားရင်းဖြင့် အာကင်ဖိသည် စိတ်လှုပ်ရှားနေ၏။ တစ်နှစ်လုံးတွင် ပထမဆုံးအနေဖြင့် သူ၏ စိတ်ထဲတွင် စစ်မှန်သည့်အပြုံးတစ်ခုပေါ်လာတော့သည်။
ဖှေးသည် မေးခွန်းများစွာမေးခဲ့သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ လုံခြုံရေးနှင့် သက်ဆိုင်သည့် မေးခွန်းများကိုသာ မေးခဲ့ခြင်းပင်။ ဤတိုင်းပြည်၏ ဘုရင်တစ်ပါးဖြစ်သည့်အတွက်ကြောင့် သူ့အတွက် ဤကဲ့သို့မေးခွန်းများမေးရန်မှာ လိုအပ်သည်ဖြစ်သည်။
ထို့အပြင် ဘုရင်သည် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့်မေးခွန်းများမမေးခဲ့ခြင်းဖြင့် အာကင်ဖိကိုလည်း လေးစားမှုပြသခဲ့သည်။
ဤဆံပင်ရွှေရောင်နှင့်လူငယ်သည် ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော လူတစ်ယောက်နှင့် သူငယ်ချင်ဖြစ်ခွင့်ရလိုက်သည့်အတွက် ကံကောင်းသလိုခံစားလိုက်ရ၏။