← Chapters

"ချည်းကပ်လာနေသည့် ပျက်သုဥ်းခြင်းများ"

Vol. 46 Ch. 711

"ချည်းကပ်လာနေသည့် ပျက်သုဥ်းခြင်းများ"

Vol. 46 Ch. 711

"အရှင့်သား ဒီနေ့ အန္တရာယ်ဖြစ်လာနိုင်ချေတွေကို အတော်လေးယူလိုက်မိတယ်ထင်တယ်..."

ဖှေးထွက်သွားပြီးသည့်နောက်တွင် နတ်သူငယ်သွေးတစ်ပိုင်းပါသည့် အစေခံကောင်မလေးနှစ်ယောက်တို့သည် ကျောက်တုံးအိမ်ထဲမှ ထွက်လာကာ မက်တပ်ရပ်ရန်အတွက် မောပန်းနေသည့် အာကင်ဖိအား တွဲပေးလိုက်ကြသည်။

သူတို့ထဲမှ တစ်ယောက်သည် မျက်မှောင်ကြုံ့ကာပြောလိုက်သည်။ "အဲ့လူသာ အရှင်ပြောလိုက်တဲ့အရာတွေကို တစ်ြခားလူပြန်ပြောလိုက်ရင် မဟာဘုရားကျောင်းရဲ့ ကွပ်မျက်ရေးဌာနက ဒီကို ညမရောက်ခင်ရောက်လာလိမ့်မယ်..."

"မဟုတ်ဘူး သူက အဲ့လိုပြောမှာမဟုတ်ဘူး..."

အာကင်ဖိသည် မက်တပ်ရပ်နေခဲ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် ကျောက်တုံးအိမ်၏ ဘေးတွင်ရှိနေသည့် ခုံတစ်ခုပေါ်တွင်ထိုင်လိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် တော်၀င်နတ်သူငယ်သွေးမျိုးစက်သည် ပို၍အားကောင်းလာသလို သူ၏ ခန္ဓာကိုယ်အခြေအနေသည်လည်း ပို၍ ဆိုး၀ါးလာခဲ့သည်။ တော်၀င်နတ်သူငယ်များ၏ စွမ်းအားမြင့်မားသည့်သိုင်းပညာရပ်တစ်ချို့ကိုပင် သူ၏ စိတ်ထဲတွင် စတင်၍ မြင်နိုင်နေပြီဖြစ်သည်။ သို့သော် လက်ရှိပတ်၀န်းကျင်တွင် သူနေထိုင်ရန်အတွက် သစ်တောစွမ်းအင်လုံလုံလောက်လောက်မရှိပေ။ သူသည် မြောက်ပိုင်းအစွန်ဆုံးတွင်ရှိသော ရှေးကျသည့် သစ်တောကြီးများနှင့် နှီးစပ်သည့် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်နေထိုင်နေခြင်းဖြစ်သော်လည်း ရှေးကျသည့် နတ်သူ၍ယ်သိုင်းပညာများကို လေ့ကျင့်ရန်အတွက် သင်လျော်သည့်ပတ်၀န်းကျင်တစ်ခုကို ယခုအချိန်ထိရှာတွေ့နိုင်ခြင်းမရှိသေးပေ။ ဤကဲ့သို့သာ ဆက်လက်ဖြစ်ပေါ်နေပါက သူသေဆုံးသွားနိုင်၏။

သူ၏ အစေခံကောင်မလေးနှစ်ယောက်တို့၏ ခန္ဓာကိုယ်ထဲတွင် နတ်သူငယ်သွေးအနည်းငယ်သာရှိကြသည်။ ထို့အပြင် သူတို့၏ နတ်သူငယ်မျိုးဆက်သည် တော်၀င်မျိုးဆက်မဟုတ်ပေ။ ထို့ကြောင့် သူမတို့အား နတ်သူငယ်ကပြားများဟူ၍သာ ခေါ်နိုင်၏။ သူမတို့သည် သွေးမျိုးဆက်၏ ရှေးကျနက်နဲ့သည့် သိုင်းပညာများကို အမွေ့ဆက်ခံနိုင်ခြင်းမရှိသလို အာကင်ဖိလက်ရှိကြုံတွေ့နေရသလိုလည်း ဒုက္ခရောက်နေခြင်းမရှိပေ။

သို့သော် သူမတို့ထံတွင် နတ်သူငယ်များ၏ ဂုဏ်သတ္တိတစ်ချို့ရှိနေဆဲပင်။ ချွန်ထက်သည့် နားရွက်များ၊ လှပသည့်မျက်နှာ၊ ကြော့ရှင်းသည့် ခန္ဓာကိုယ်၊ မြင့်မားသည့် လေးပညာနှင့် သစ်တောဂုဏ်သတ္တိစွမ်းအင်များကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းတို့ပင်။

"ကျွန်မစိတ်၀င်စားတာ တစ်ခုရှိတယ်။ အရှင့်သားက ဘာလို့ ချမ်းဘော့ဒ်ဘုရင်ကို အခုလောက်ယုံကြည်ရတာလဲ။ သူကလူသားတစ်ယောက်မဟုတ်ဘူးလား..." တစ်ခြားအစေခံကောင်မလေးမှ မေးလိုက်သည်။

"နင်တို့နှစ်ယောက်က လက်ရှိအဖွဲ့ထဲမှာ စွမ်းအားအမြင့်ဆုံးစစ်သည်တော်နှစ်ယောက်ဖြစ်ပြီးတော့ နှစ်ပေါင်း၂၀၀ကျော်အသက်ရှင်ခဲ့ပြီးပြီ။ ဒါပေမယ့် နင်တို့က အစိမ်းရောင်နှင်းစက်တောင်ကြားထဲမှာပဲနေလာခဲ့ပြီးတော့ အပြင်လူတွေနဲ့မဆက်ဆံခဲ့ဖူးဘူးလေ။ လူသားတွေနဲ့လဲ မဆက်ဆံခဲ့ဖူးဘူး မဟုတ်ဘူး။ လူသားတွေမှာလည်း ငါတို့အဖွဲ့စည်းလိုပါပဲ ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူဆိုပြီးတော့ ရှိနေကြတာပဲ။ အခုအချိန်မှာ ဒီတိုက်ကြီးပေါ်မှာ နတ်သူငယ်ကပြားတွေကို ထည့်ပြီးတော့ ရေတွက်မယ်ဆိုရင်တောင် နတ်သူငယ်သွေးမျိုးဆက်တစ်ရာတောင်မပြည့်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ကူညီရိုင်းပင်းပြီးတော့ နေသင့်တယ်လေ။ ဒါတောင်မှာ တစ်ချို့နတ်သူငယ်တွေက င့ါအဖေကို နားမလည်နိုင်ပဲနဲ့ ရာထူးအာဏာအတွက် တိုက်ခိုက်ဖို့ကြိုးစားလာခဲ့ကြသေးတာပဲ..."

"င့ါမျက်လုံးထဲမှာဆိုရင် ချမ်းဘော့ဒ်ဘုရင်က တစ်ခြားလူတွေနဲ့မတူဘူး။ ငါတို့ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ နေထိုင်လာတာ တစ်နှစ်ရှိပြီ။ ငါတို့အားလုံးဒီနေရာမှာရှိတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တိုင်မြင်ခဲ့ဖူးတာပဲ။ ငါတို့တွေက ချမ်းဘော့ဒ်ဘုရင်လို မိတ်ဆွေတစ်ယောက်ရလိုက်တာ ကံကောင်းတယ်လို့ ဆိုရမယ်..."

"အခုချိန်မှာဆိုရင် နောက်ဆုံးနတ်သူငယ်နတ်စင်က ဟောခဲ့တဲ့ ဟောကိန်းက တကယ်ဖြစ်လာတော့မယ်။ မကြာမှီမှာပဲ ဒီတိုက်ကြီးရဲ့အမှောင်ခေတ်ရောက်လာတော့မယ်။ ပျောက်သွားခဲ့ကြတဲ့ မကောင်းဆိုး၀ါးတွေက နောက်တစ်ကြိမ်ပြန်လာနေကြပြီ..."

"ပျက်သုဥ်းခြင်းတွေက အကြောင်းရာအသစ်တွေကို မွေးဖွားပေးလိုက်တာပဲ။ ဒါက မျိုးနွယ်စုတွေအကုန်လုံးရော မြေအောက်ထဲမှာနေနေကြတဲ့ မျိုးနွယ်တွေရောအားလုံးအတွက် အခွင့်ကောင်းတစ်ခုပဲ။ ငါတို့ ဒီအခွင့်ရေးကို မဆုပ်ကိုင်နိုင်ဘူးဆိုရင်တော့ တကယ့်နောက်ဆုံးနေ့ရက်က ငါတို့ကို စောင့်ဆိုင်းနေလိမ့်မယ်..."

"ကံကြမ္မာနတ်သမီးက ငါတို့ကို မြောက်ပိုင်းမှာရှိတဲ့ ဒီရှေးဟောင်းမြို့တော်ကို လမ်းညွှန်ပေးလိုက်တာပဲ။ ငါတို့ရဲ့ အနာဂတ်သော့ချက်တွေက ဒီထူးခြားတဲ့လူတစ်ယောက်ဖြစ်တဲ့ အလတ်ဇန္ဒားပေါ်မှာ မူတည်နေနိုင်တယ်။ ငါတို့ ဒီလူရဲ့ဘေးမှာသာနေမယ်ဆိုရင် ဘယ်လောက်ပဲမှောင်မိုက်နေပါစေ ငါတို့ တစ်ချိန်ကျရင်အလင်းရောင်ကို မြင်နိုင်လိမ့်မယ်..."

အာကင်ဖိ၏ စကားဆုံးလျှင် ဆုံးခြင်းပင် ရွှေရောင်နေရောင်ခြည်သည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။

သူပြောသည်ကို ကြားသည့်အချိန်တွင် နတ်သူငယ်တစ်ပိုင်းကောင်မလေးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဆက်မပြောတော့ပေ။

"အဟွတ်...ဒီချမ်းဘော့ဒ်ဘုရင်င့ါကို လက်ဆောင်ပေးသွားခဲ့တဲ့ ဆေးပုလင်းက ထိရောက်ရဲ့လား..." အာကင်ဖိသည် ခရမ်းရောင်ဆေးပုလင်းကို ဖွ့င်လိုက်ပြီး အနံ့ပင်မခံတော့ပဲ မော့သောက်လိုက်သည်။ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးမြသည့် ခံစားချက်ကို ခံစားလိုက်ရပြီး လန်းဆန်းသွားတော့၏။ ဤဆေးပုလ္င်း၏ အာနိပင်သည် သူ့အတွက် တစ်နှစ်ကြာစုဆောင်းရသည့် အစိမ်းရောင်နှင်းပေါက်ရည်ထက်ပင် ပို၍ကောင်းမွန်လှ၏။

ဆေးပုလင်းအား သောက်လိုက်ပြီးသည့်နောက်တွင် အစိမ်းရောင်အလင်းစက်လေးများသည် ပန်းပင်များ၊ နွယ်ပင်များမှ ထွက်ပေါ်လာပြီး ဤဆံပင်ရွှေရောင်နှင့်လူငယ်၏ ပတ်ပတ်လည်တွင် ကခုန်နေတော့၏။

တဖြည်းဖြည်းခြင်းဖြင့် သူ၏ဖြူဖက်ဖြူယော်မျက်နှာသည် ပြန်၍ အနီရောင်သန်းလာတော့၏။

......

"ဟူး...ဒီသားသတ်သမားက ပြန်သွားပြီ..."

ဖှေး၏ ကြီးကျယ်ခမ်းနားသည့်အရှိန်၀ါ အ၀ေးသို့ ထွက်ခွာသွားသည်ကို အာရုံခံစားလိုက်မိပြီးသည့်နောက်တွင် လျို့၀ှက်သောအခန်းထဲတွင်ရှိသည့် လူများသည် သက်ပြင်းချကာ စိတ်အေးသွားကြသည်။ သူတို့၏ နှလုံးခုန်သံများသည်လည်း ငြိမ်သက်သွားတော့၏။ သူတို့၏ ခန္ဓာကိုယ်သည် အလွန်ကြောက်လန့်နေသည့်အတွက်ကြောင့် ချွေးအသီးသီးဖြစ်နေ၏။

သူတို့သည် တရားမျှတမှုအတွက် တိုက်ခိုက်သည့်လူများဟု မိမိကိုယ်မိမိယူဆထားသည့်အတွက်ကြောင့် မကောင်းဆိုး၀ါးများကို ကြောက်လန့်ခြင်းမရှိဟုထင်ထားကြသည်။ သူတို့သည် လိုအပ်လာပါက အသက်ပင်ပေးမည်ဟုပင် ခံယူထားကြ၏။ သူတို့၏ စွမ်းအားနှင့် ရာထူးအရှိန်၀ါများပေါ်တွင် ဂုဏ်ယူကြပြီး သူတို့သည်တစ်ခြားလူများနှင့် နှိုင်းယှဥ်ကြည့်ပါက သာလွန်သည်ဟုလည်း မိမိကိုယ်မိမိယုံကြည်ထားကြသည်။ သို့သော် ဤအခိုက်တန့်တွင် အလွန်အန္တရာယ်များနေသည့်အတွက် သူတို့သည် ရဲရင့်နိုင်ခြင်းမရှိကြတော့ပေ။

ထို့ကြောင့် သူတို့သည် ရှက်လဲရှက်မိသလို ဒေါသလဲဖြစ်မိကြ၏။

"သူက ငါတို့စီကို လာတာမဟုတ်ဘူးထင်တယ်။ ငါတို့ကိုလည်း တွေ့မသွားဘူး..." ဒစ်စ်ဗော့သည် အေးစက်စွာဖြင့် ပြောလိုက်၏။ သူသည် ဖှေးကြောင့် ဒဏ်ရာရသွားသည့် သူ၏ ညာဘက်လက်မောင်းကို ပွတ်လိုက်သည်။ ယခုအချိန်တွင် ပျောက်ကင်းသွားပြီဖြစ်သော်လည်း အနည်းငယ်နာကျင်သလိုခံစားနေရဆဲပင်။ စိတ်ထင်ယောင်ထင်မှားဖြစ်နေခြင်းလည်းဖြစ်နိုင်၏။

"ထူးဆန်းတယ် သူကဘာလို့ ဘုရားကျောင်းကိုလာတာလဲ..." မန်ဇိုသည် မျက်မှောင်ကြုံ့ကာပြောလိုက်သည်။

"သူက ဇိုလာကို တွေ့ဖို့လာတာထင်တယ်။ ငါတို့ စုံစမ်းထားသလောက်ဆိုရင် ချမ်းဘော့ဒ်ဘုရင်နဲံ သူတော်စင်ဇိုလာတို့ကြားမှာ လျို့၀ှက်ဆက်ဆံရေးတစ်ခုရှိနေတယ်..." လူလေးယောက်ထဲတွင် စွမ်းအားအမြင့်မားဆုံးနှင့် အတည်ငြိမ်ဆုံးဖြစ်သည့် ကာဒီဘိုမှ ခန့်မှန်းလိုက်သည်။ "ငါတို့တွေ အစိုးရိမ်လွန်စရာမလိုဘူး။ ငါတို့လူတွေ သတင်းရပြီဆိုရင် ဒီကိစ္စကို သိရမှာပါ။ အခုချိန်မှာဆိုရင် ချမ်းဘော့ဒ်ဘုရင်က အပြင်မှာ ငါတို့တွေက အရိပ်ထဲမှာပုန်းနေတယ်။ ငါတို့အတွက် ပိုပြီးတော့ လွယ်ကူသွားမှာပေါ့။ ငါတို့ဆရာကြီး ဒီကိစ္စတွေအားလုံးကို ရှင်းပြီးတဲ့အထိစောင့်နေရုံပဲ..."

"ဟားဟားဟား ကောင်းတယ်။ စောက်ပိန်းချမ်းဘော့ဒ်ဘုရင်က အိမ်မက်မက်နေတုန်းပဲ။ သူက သူ့ကိုယ်သူပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာပဲ။ ဟီးဟီး ငါတို့ဆရာကြီးဦးဆောင်ပြီးတော့ သူ့နန်းတော်ကို၀င်တိုက်တဲ့အချိန်ကျရင် သူ့မျက်နှာကို မြင်ရဖို့ မစောင့်နနိုင်တော့ဘူး။ သူ့လူတွေအကုန်လုံးကို သတ်ပစ်ပြီး သူ့ဇနီးလောင်းကို ဖမ်းခေါ်မယ်။ ငါသူ့ကို ရစရာမရှိအောင်ကို အရှက်ခွဲခံစားစေပြီးမှ သတ်ဖြတ်ပစ်မယ်..." ဒစ်စ်ဗော့သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်သည်။

"ငါနားမလည်တာက ငါတို့ဘာလို့ ၁၃ရက်စောင့်ဖို့လိုနေတာလဲ။ ငါတို့ဆရာကြီး ဘာတွေးနေတာလဲ..." ရာကန်နစ်မှ ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း မင်းသေချင်လို့လား။ ငါတို့ဆရာကြီးရဲ့ ဆုံးဖြတ်ချက်ကို သံသယ၀င်လို့မရဘူး။ ဆရာကြီးမှာ ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စတွေရှိနေသေးတယ်။ သူက ဆယ်ရက်ပြီးမှ အားမှာ။ နောက်ပြီး ချမ်းဘော့ဒ်ဘုရင်က ငါတို့လူတွေအများကြီးကို သတ်ဖြတ်ပစ်ခဲ့တယ်။ အဲ့တာကြောင့် ဆရာကြီးက သူအပျော်ရွှင်ဆုံး ဂုဏ်အယူဆုံးဖြစ်နေတဲ့အချိန်မှာ သတ်ချင်လို့လေ..."

"မစိုးရိမ်ပါနဲ့ ချမ်းဘော့ဒ်ဘုရင်မှာ အသက်ရှင်ဖို့ ဆယ်ရက်လောက်ပဲရှိပါတော့တယ်။ အဲ့အချိန်ကျရင် သူ့အတွင်းအားစွမ်းအင်တွေကို ဖျက်ဆီးပစ်လိုက်ပြီးတော့ မင်းသူ့ကို လုပ်ချင်တာလုပ်လို့ရပြီ..."

"ဟမ် ငါအဲ့ကောင်ရဲ့အသားကို လှီးပြီးတော့ သူ့ကို ပြန်စားခိုင်းရမယ်..."

......

ဥယျာဥ်မှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ဖှေးသည် သူတော်စင်ဇိုလာနှင့်သွားတွေ့ခဲ့သည်။

သူတော်စင်ဇိုလာသည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ကောင်းမွန်စွာဆောင်ရွက်နေသည်ဟုပြောနိုင်၏။

ချမ်းဘော့ဒ်တိုင်းပြည်အား ပြန်လည်တည်ဆောက်သည့် ပရော့ဂျက်သည် ငွေကြေးများစွာလိုအပ်၏။ ထိုလိုအပ်သောငွေကြေးအများစုသည် ဖှေး၏ အဆင့်မြင့်တလင်းကျောက်များကို ဟိုလာဒရစ်ကုဗတုံးအသုံးပြု၍ အဆင့်မြင့်တလင်းကျောက်များအဖြစ်ပြောင်းလဲပြီး ထိုတလင်းကျောက်များကို ရောင်းချရာမှရရှိလာခြင်းပင်။ သူတော်စင်ဇိုလာသည် ထိုတလင်းကျောက်များကို မဟာဘုရားကျောင်း၏အဆက်သွယ်များမှတဆင့် ရောင်းချပေးပြီး အဆင့်နိမ့်တလင်းကျောက်များကို ပိုမို၍ရရှိစေသည်။ ရလဒ်အနေဖြင့် သူတော်စင်ဇိုလာသည်လည်း ဤအရောင်း၀ယ်မှတဆင့်အကျိုးမြတ်များစွာရရှိနေ၏။ ထို့ကြောင့် သူ၏ဘ၀သည် ပို၍ အဆင်ပြေလာခဲ့သည်။ သူသည် ပိုက်ဆံလွယ်လွယ်ကူကူရှာနိုင်နေသည့်အတွက်ပင်။

ဖှေးသူတော်စင်ဇိုလာထံမှ အဆင့်နိမ့်တလင်းကျောက် ၁၀၀၀၀ခန့်မှာယူပြီးနောက်တွင် ဘုရားကျောင်းထဲသို့ ဇိုလာ၊ လူစီရာနိုတို့နှင့်အတူ လှည့်ပတ်ကြည့်ရှုလိုက်သည်။

ချမ်းဘော့ဒ်ဘုရားကျောင်းမှ သူတော်စင်အရာရှိနှစ်ယောက်သည် ဖှေးထွက်သွားသည့်အချိန်မှသာလျှင် တစ်ယောက်မျက်နှာတစ်ယောက် ထိတ်လန့်တုန်လှုပ်သည့် မျက်လုံးများဖြင့် ကြည့်ကာ နဖူးပေါ်မှ စီးကျနေသည့်ချွေးများကို သုတ်လိုက်တော့သည်။

အရိုးသားဆုံးပင်ပြောရပါက သူသည် ချမ်းဘော့ဒ်တိုင်းပြည်ထဲ၌ ယခုအနှစ်အဆင်ပြေပြေနေနိုင်ခဲ့ကြသည်။ သူတို့သည် လက်ရှိနေရသည့်ဘ၀ကို နှစ်သက်ကြပြီး ချမ်းဘော့ဒ်တိုင်းပြည်အား ဆန့်ကျင်လိုခြင်းမရှိပေ။

သို့သော် ဘုရားကျောင်းမြေအောက်ခန်းထဲတွင်ရှိနေသည့် လူများ၏ ရာထူးအရှိန်၀ါအကြောင်းကို တွေးကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့သည် ချမ်းဘော့ဒ်ဘုရင်အား ဆန့်ကျင်ရတော့မည်ဖြစ်၏။ ထိုလူများသည် အလွန်စွမ်းအားမြင့်မားကြပြီး သူတို့အားလည်း ရတနာပစ္စည်းများစွာကတိပြုထားသည်။ ထို့အပြင် ငြင်းဆန်ခွင့်လဲမပေးကြပေ။

"သူတို့ရဲ့ကတိစကားတွေမှန်ကန်ပါစေလို့ပဲ ငါဆုတောင်းပါတယ်။ နောက်ပြီးတော့ သူတို့ တကယ်ပဲ ချမ်းဘော့ဒ်ဘုရင်ကို လွယ်လွယ်ကူကူသတ်နိုင်ပါစေပေါ့...အဲ့လိုမှမဟုတ်ဘူးဆိုရင် ချမ်းဘော့ဒ်ဘုရင်ရဲ့ ကလဲ့စားကို ဘယ်သူကခံနိုင်မှာမဟုတ်ဘူး..." ဇိုလာ သူ၏စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။

All Chapters