"ကျောင်းအုပ်ကြီးဖှေး၏ သင်ကြားမှု ၁"
Vol. 46 Ch. 712
ဘုရားကျောင်းမှ ပြန်လာပြီးသည့်နောက်တွင် ဖှေးသည် ဘုရင်ဟောင်း၏နန်းတော်ဆောင်သို့ ပြန်လာခဲ့သည်။ ဤနေရာသည် ဌာနခြောက်ခု၏ ရုံးများစုပေါင်းဖွင့်သည့်နေရာဖြစ်တော့မည်ဖြစ်သောကြောင့် ပြန်လည်တည်ဆောက်ရေးများလိုအပ်နေသည်။ ဤအခိုက်တန့်တွင် ဆောက်လုပ်ရေးသမားများသည် ဤနန်းတော်ဆောင်ထဲတွင် အလုပ်များနေကြ၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များဖြစ်ကြသည့် တိုးရိစ်တို့ကဲ့သို့သောလူများသည် ကောင်းကင်မြို့တော်ဝွင် ကျင့်ကြံနေကြသည့်အတွက်ကြောင့် ဖှေးသည် သူ၏ ကိုယ်ရံတော်များထဲမှတစ်ယောက်ဖြစ်သည့် ဟူစကီကိုခေါ်လာ၏။ သူတို့အ၀တ်စားများလဲလှည်၍ မြို့တော်ထဲသို့ ပတ်သွားနေသည့်အချိန်တွင် ဘရွတ်နှင့်အတူ မြို့တော်အားလေ့လာနေကြသည့် ဂျက်စီနှင့် အလန်တို့ကိုတွေ့လိုက်ရသည်။ ၀တ်ရုံနက်ကျောင်းတော်၏ ကိုယ်စားပြုနှစ်ယောက်ဖြစ်ကြသည့် ဂျက်စီနှင့်အလန်တို့သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် လှည့်ပတ်ကြည့်ရှုနေကြသည်မှာ ရက်အတန်ပင်ကြာပြီဖြစ်သည်။ သူတို့သည် ၀တ်ရုံနက်ကျောင်းတော်၏ ဌာနချုပ်တည်ဆောက်ရန်အတွက် သင့်လျှော်သည့်နေရာကို လိုက်ရှာနေကြခြင်းပင်။ သို့သော် သူတို့သည် မြို့တော်ထဲတွင် ကောင်းမွန်သည့်နေရာတစ်ခုအား ရှာတွေ့ခြင်းမရှိသေးပေ။
"ငါတို့တွေ ကျောင်းတော်ကို မြို့ထဲမှာမဆောက်လဲရပါတယ်။ ချမ်းဘော့ဒ်အနောက်ဘက်က တောင်တစ်လုံးရှာပြီးတော့ အဲ့တောင်ကို ၀တ်ရုံနက်ကျောင်းတော်ရဲ့မြင့်မြတ်သောတောင်အသစ်လို့ သက်မှတ်လိုက်တာပေါ့..." ဖှေးသည် ချမ်းဘော့ဒ်အနောက်ဘက်တွင်ရှိသည့် တောင်တန်းများ၏ အလှကိုနှစ်သက်သည့်အတွက်ကြောင့် သူတို့နှစ်ယောက်အား အကြံပေးလိုက်သည်။
သို့သော် သူ ပေါ့ပေါ့ပါးပါးပေးလိုက်သည့်အကြံအား ဂျက်စီမှ လေးနက်စွာသဘောကျမိသွားသည်။
ဤငယ်ရွယ်သည့် သူတော်စင်သည် ချက်ချင်းပင် ဘရွတ်နှင့်အလန်တို့ကို ခေါ်ကာ သင့်တော်သည့်နေရာတစ်ခုကို ရှာဖွေရန်အတွက် ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက်သို့ ထွက်ခွာသွားတော့သည်။
ထိုလူငယ်သည် အဆင့်မြင့်လခြမ်းသိုင်းဆရာတစ်ယောက်ဖြစ်ပြီး လမ်းပါ့ဒ်ထက်ပင်ပို၍စွမ်းအားမြင့်မား၏။ ထို့ကြောင့် သူနှင့်တစ်ခြားနှစ်ယောက်တို့သည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထဲသို့ သွားစေကာမူ အန္တရာယ်သိပ်ရှိလှမည်မဟုတ်ပေ။ ထို့ကြော့င် ဖှေးသူတို့အား ခွင့်ပြုလိုက်ခြင်းပင်။
တစ်ဖက်တွင် အသားမဲမဲနှင့်ဟူစကီသည်လည်း ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် အတွေ့ကြုံများစွာရရှိခဲ့သည်။ သူသည် ဖှေးအား သူ၏ စိတ်၀င်စားဖွယ်ကောင်းသောအတွေ့ကြုံများကို ပြောပြနေလျှက်ရှိသည်။
ဥပမာအားဖြင့် သူသည် ပထမဆုံးနေဖြင့် ပြည်သူပိုင်သန့်စင်ခန်းအား အသုံးပြုခဲ့စဥ်က အမျိုးသမီးသုံးဘက်သို့ မှား၀င်ခဲ့မိသည့်အတွက်ကြောင့် ဥပဒေပြုစစ်သည်တစ်ယောက်သည် သူ့အား ဟန့်တားကာ ဆုံးမပေးခဲ့သည်။ ဘုရင်အရှက်မကွဲစေရန်အတွက် အစောင့်စစ်သည်သည် သူ၏ သရုပ်မှန်ကို လူများအားပြောပြခဲ့ခြင်းမရှိပေ။ ထို့အပြင် သူသည် မှော်ရေပန်းအား အသုံးပြုခဲ့သည့်အချိန်တွင်လညး် ပြန်ပိတ်ရန်မေ့ခဲ့သည့်အတွက်ကြောင့် ဥပဒေပြုအရာရှိတစ်ယောက်၏ ဆူပူခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် မီးနီပြထားသည်ကို မသိပဲဖြတ်သွားမိသည့်အတွက်ကြောင့် ထိုဥပဒေပြုစစ်သည်၏ ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
ဤအသားမဲမဲနှင့်ဘုရင်၏ ကိုယ်ရံတော်သည် ဖှေးအား သူ၏အတွေ့ကြုံများကို ပျော်ရွှင်စွာပြောပြနေလျှက်ရှိသည်။ အနည်းငယ်ရှက်စရာကောင်းသည့် ဇာတ်လမ်းများဖြစ်သောလည်း ဖှေးနားထောင်ရသည်ကို ပျော်ရွှင်နှစ်သက်နေ၏။ ၏
သူ၏ အစီစဥ်များအောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ ပြည်သူများလည်း ဖှေးလုပ်လိုက်သည့်အသစ်ဆန်းများကြောင့် အစပိုင်းတွင် ဟူစကီကြုံတွေ့သလိုမျိုးကြုံတွေ့ခဲ့ရသည်။ သို့သော် အချိန်နှင့်အမျှသူတို့သည် ပစ္စည်းအသစ်များ၊ စနစ်အသစ်များနှင့် ရင်းနှီးကျွမ်း၀င်လာခဲ့ကြ၏။ ဤသေးငယ်သည့်အရာလေးများကပင် ချမ်းဘော့ဒ်သားများအတွက် ဂုဏ်ယူစရာပင်။ ဖှေးသည် တနည်းအားဖြင့် ချမ်းဘော့ဒ်သားများကို ပို၍စည်းလုံးသန်မာလာအောင်ဆောင်ရွက်ပေးခဲ့ခြင်းပင်။
ဘုရင်အား အမြဲတလေးတစားဆက်ဆံကာ ဘုရင်၏ ဆုံးဖြတ်ချက်များကို မည်သည့်အချိန်မှ သံမယ၀င်ခြင်းမရှိတတ်သည့် တိုးရိစ်နှင့် နှိုင်းယှဥ်ကြည့်ပါက ဟူစကီသည် ကိုယ်ရံတော်တစ်ယောက်မပြီသသလိုဖြစ်နေ၏။ ရိုးသားပွင့်လင်းသော သူ၏အကျင့်အတိုင်းပင် စိတ်ထဲရှိသည့်အရာများကို မစဥ်းစားပဲပြောချတတ်၏။ ထို့အပြင် သူသည် ဂရုမစိုက်တတ်ပဲ သေးငယ်သည့် အမှားများကိုလည်း လုပ်တတ်သေးသည်။
သို့သော် ဖှေးသည် ဤကဲ့သို့ သူ၏ ထူးခြားသည့်စရိုက်ကို နှစ်သက်သည်။
သူသည် ဟူစကီနှင့်အတူရှိနေပါက သူ၏ ဘ၀သည် ပို၍ ပျော်စရာကောင်းသလိုခံစားမိသည်။ သူသည် ဘုရင်တစ်ပါးကဲ့သို့ပြုမူရန်မလိုပဲ ဟူစကီနှင့်အတူ လုပ်ချင်တာလုပ်နိုင်သောကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ပျော်ရွှင်စွာလှည့်လည်နေရင်းဖြင့် နေ့တစ်၀က်ခန့်သည် သတိပင်မထားလိုက်မိပဲ ကုန်ဆုံးသွားတော့သည်။ မကြာမှီတွင် သူတို့နှစ်ယောက်လုံးသည် ပြန်လည်တည်ဆောက်နေဆဲဖြစ်သည့် လမ်းမဘေးတွင်ရှိသော အဆောက်ဦးတစ်ခုနားသို့ ရောက်လာခဲ့ကြသည်။
"ဒါက ဆိုရိုကုန်သွယ်ရေးအဖွဲ့ရဲ့အမှတ်သားပဲ..." ဟူစကီသည်ဆိုင်းပုဒ်ပေါ်တွင်ရှိနေသည့် ကြီးမားသော တံဆိပ်ကြီးအား ညွှန်ပြရင်းဖြင့် ပြောလိုက်သည်။
ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် အမှန်ပင်အရှိန်၀ါကြီးမားလှသည်။ သူတို့သည် ချမ်းဘောဒ်တိုင်းပြည်၏ အရေးပါသောနေရာများတွင်ဆိုင်များကို လျှင်မြန်စွာဖွင့်လှစ်ထားသည်။ မြို့တော်ထဲသို့ ရောက်သည်မှာ သုံးလေးရက်ခန့်သာရှိသေးသော်လည်း ဆိုင်ခန်းလေးငါးခန်းကို ၀ယ်ယူ၍ ပြန်လည်ပြုပြင်တည်ဆောက်နေသည်မှာ ပြီးတော့မည်ပင်ဖြစ်သည်။
ဤနေရာတွင်ရှိနေသည့် အလုပ်ရများနေကြသောလူများထဲတွင် ဖှေးသည် ချစ်စရာကောင်းပြီး လှပသောကိုယ်လုံးကိုယ်ပေါက်ရှိသည့် ဂျက်စီကာကို လျှင်မြန်စွာပင်မြင်လိုက်မိသည်။
အလံနှစ်စုံမြို့တော်၏ ဆင်းရဲသားရက်ကွက်တွင်နေထိုင်ခဲ့သည့် ဂျက်စီကာသည် ယခုအချိန်တွင် အလွန်အဖိုးတန်သည့် ကျောက်တစ်လုံးကဲ့သို့ပင် တောက်ပနေသည်။ သူမဤနေရာသို့ ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သူမကို ခန့်ညားသည့် ယောက်ျားသားများမှ လုရောက်ပိုးပန်းနေကြသည်။ သူတို့အားလုံးသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ၀င်ရောက်ကူညီပေးနေကြပြီး ကောင်မလေး၏ အာရုံစိုက်မှုရအောင်ကြိုးစားနေကြ၏။
"ဟေး ညီမလေး ငါလေ။ ငါတို့ရောက်နေတာ..." ဟူစကီသည် လှမ်းအော်လိုက်၏။
"အီမိုင်းလ်..." ဂျက်စီကာသည် အော်သံကြားလိုက်ရသည့်အတွက် အံ့သြစွာဖြင့် တစ်ဖက်သို့လှည့်လာ၏။ သူမ၏ အကိုဘေးတွင်ရှိသည့် လူကိုမြင်လိုက်ရသည့်အချိန်တွင် သူမ၏ မျက်လုံးများတောက်ပသွားတော့သည်။ သူမသည် ထိုလူအားရင်းရင်းနှီးနှီးသိသည့်အတွက်ပင်။ ထိုလူသည် သူ၏ စိတ်အာရုံထဲတွင် စွဲကျန်နေသည်ဟုပင် ဆိုနိုင်၏။ ဖှေးသူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရန်အတွက် ကြိုးစားလိုက်သော်လည်း ထိုကောင်မလေးသည် သူ့အား ချက်ချင်းပင် သတိထားမိသွား၏။
ယနေ့တွင် ဂျက်စီကာသည် ခရမ်းရောင်ဂါ၀န်ရှည်ကို ၀တ်ဆင်ထား၏။ ထို၀တ်စုံများသည် အန်တီမေစီ၏ ဆိုင်မှချုပ်လုပ်ထားသည့် ပေါ်ပျူလာဖြစ်သော ဒီဇိုင်းများပင်။ ထို၀တ်စုံများသည် ကောင်းမလေး၏ ခန္ဓာကိုယ်အလှကို ကောင်းမွန်စွာပေါ်လွင်နေစေသည်။ သူမ၏ ရှည်လျားချောမွေ့နေသော ဆံနွယ်များကို ငွေရောင်ကလစ်တစ်ခုဖြင့် စုစည်းချည်နှောင်ထားသည်။
"အရှင်မင်းကြီး...အာ အရှင်ရော ပါလာတာလား..." ဂျက်စီကာသည် စီးပွားရေးလုပ်ရသည်မှာ အသားကျနေပြီဖြစ်ပြီး စကားပြော ပြေပြစ်ချောမွေ့သော်လည်း ရုတ်တရက် ရှက်ရွံ့နေပြီး ဘာပြောရမှန်းမသိဖြစ်သွား၏။
တစ်ဖက်တွင်ဖှေးသည် သူ၏ရှေ့တွင်ရှိနေသောကောင်မလေး၏ ထူးဆန်းသည့်အမူယာကို သတိထားမိခြင်းမရှိပေ။ သူအားတွေ့သွားပြီဖြစ်သောကြောင့် ပုန်းကွယ်ရန်အတွက် ကြိုးစားခြင်းမရှိတော့ပေ။
ဖှေးပြုံးကာ ကောင်မလေးအား နှုတ်ဆက်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် သန့်စင်သောအရှိန်၀ါတို့သည် ပို၍သန့်စင်လာသည်ကို အာရုံခံလိုက်မိသည့်အတွက် အနည်းငယ်အံ့သြမနေ၏။ ယခုအချိန်တွင် ဂျက်စီကာ၏အရှိန်၀ါသည် အန်ဂျယ်လာ၏ အရှိန်၀ါနှင့် ထပ်တူကျနေသလိုပင်။
"ဂျက်စီကာ ငါနင့်အတွက် လက်ဆောင်တစ်ခုယူလာခဲ့တယ်..." ဖှေးသည် သူ၏ ထားသိုရာအကန့်ထဲမှ နတ်ဘုရားလှည့်စားခြင်းတံဆိပ်တစ်ခုကို ထုတ်ယူ၍ဂျက်စီကာကိုပေးလိုက်သည်။
ဖှေးထင်ထားသည်မှာ မမှားပါက ဂျက်စီကာ၏ ကိုယ်ယောင်ရှိန်၀ါနှင့် ၀ိဉာဥ်တို့သည် အန်ဂျယ်လာကဲ့သို့ပင်ဖြစ်နေပြီး သူမထံတွင်လည်း အသန့်ရှင်းဆုံးသော ၀ိဉာဥ်ရှိနေနိုင်၏။ ထို့ကြောင့် သူမနှင့်ပထမဆုံးစတွေ့ခဲ့စဥ်က ရင်းနှီးသလိုခံစားခဲ့ရခြင်းပင်။
ဖှေး၏ လက်ထပ်ပွဲနီးလာပြီဖြစ်သည့်အတွက်ကြောင့် လူပေါင်းစုံသည် ချမ်းဘော့ဒ်တိုင်းပြည်ထဲသို့ ရောက်ရှိနေကြသည်။ တစ်ခြားလူများသည် ဂျက်စီကာအား သတိထားမိသွားပြီးမကောင်းသည့်အကြံစည်များရှိလာမည်ကို ဖှေးစိုးရိမ်မိသည့်အတွက်ပင်။ ထို့ကြောင့် ဖှေးသည် ဂျက်စီကာ၏ ထူးခြားသည့်အရှိန်၀ါကို ဖုံးကွယ်ထားနိုင်ရန်အတွက် နတ်ဘုရားလှည့်စားခြင်းတံဆိပ်များကို ပေးလိုက်ခြင်းပင်။
သို့သော် ဂျက်စီကာသည် ဤမျှသိခြင်းမရှိပေ။
သူမသည် ပထမဆုံးအနေဖြင့် သူမနှစ်သက်သည့်လူထံမှ လက်ဆောင်ရရှိဖူးခြင်းဖြစ်သောကြောင့် သူမအတွက် အိမ်မက်တစ်ခုလိုပင်ဖြစ်နေ၏။ မယုံနိုင်ပင်ဖြစ်နေသောကြောင့် စက္ကန့်အနည်းငယ်ကြာမှသာလျှင်ပြန်လည်တုန့်ပြန်လိုက်မိသည်။ သူမသည် ဖှေးထံမှ နတ်ဘုရားလှည့်စားခြင်းတံဆိပ်အား ယူလိုက်ပြီး ကမ္ဘာပေါ်တွင် အရေးကြီးဆုံးအရာတစ်ခုကဲ့သို့ပင် တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်တော့သည်။
ထို့နောက်တွင် ဖှေးသည် စဥ်းစားကြည့်လိုက်ကာ စိတ်မအေးသေးသဖြင့် ဆက်ပြောလိုက်သည်။ "ဒီတံဆိပ်မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်။ နင်အဲ့တာကို အမြဲတန်း၀တ်ဆင်ထားမယ်ဆိုရင် နင့်အတွက် ကံကောင်းခြင်းတွေယူဆောင်လာလိမ့်မယ်..."
"အော်...တကယ်လား..ကောင်းကောင်းပါပြီ။ ကျွန်မ အမြဲတန်း၀တ်ထားလိုက်ပါ့မယ်..." ဂျက်စီကာသည် စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ ရေရွတ်လိုက်မိသည်။ "အရှင်ပေးထားတာမို့ ကျွန်မနဲ့အတူ ထာ၀ရသိမ်းထားပါ့မယ်..."
ဂျက်စီကာသည် ဖှေး လာမည့်၁၃ရက်တွင်လက်ထပ်တော့မည်ကို သိသော်လည်း ဖှေးအား တစ်ဖက်သက်ချစ်ကျွမ်း၀င်နေဆဲပင်။
"ဟားဟား ကောင်းပြီလေ..ဒါဆိုရင်ဒီလောက်ပါပဲ။ ဆိုင်သစ်တွေဖွင့်နေတာဆိုတော့ နင်လဲအလုပ်များနေမှာပဲ။ နင့်ကိုအနှောင့်ယှက်မပေးတော့ပါဘူး ဟားဟား ကောင်မလေး။ နင်အလံနှစ်စုံမြို့တော်မှာတုန်းက ပြောခဲ့တာကို မှတ်မိတယ်မလား။ ငါတို့တွေက အမြဲသူငယ်ချင်းဖြစ်နေမှာလေ။ နင့်မှာပြသနာတစ်ခုခုရှိတယ်ဆိုရင် ဟူစကီကနေတဆင့်င့ါကို လာရှာလို့ရပါတယ်..." ဖှေးသည် ဤကောင်မလေးကို သဘောကျသည့်အတွက်ကြောင့် ပြုံးကာပြောလိုက်သည်။ ထို့နာက်တွင် သူသည် ဂျက်စီကာအား နှောင့်ယှက်လိုခြင်းမရှိတော့သည့်အတွက်ကြောင့် ထွက်လာခဲ့တော့သည်။
နေရာတစ်ခုအား ရှာဖွေကာ နေ့လည်စာစားအပြီးတွင် ဖှေးနှင့် ဟူစကီတို့သည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွင်ရှိသည့် သူရဲကောင်းမြို့တော်ထံသို့ ထွက်လာခဲ့တော့သည်။
သူရဲကောင်းမြို့တော်၏ ၁၆ထပ်မြောက်တွင်ဖြစ်သည်။
ဖှေးသည် တက္ကသိုလ်နယ်မြေတွင်ရှိသည့် အကြီးမားဆုံးစာသင်ခန်ကြီးတစ်ခုထဲသို့ ၀င်လိုက်သည့်အချိန်တွင် တုန်လှုပ်သွားမိ၏၊ ထိုအခန်းသည် လူများဖြင့် ပြည့်နှက်နေသည့်အတွက်ပင်။ တက္ကသိုလ်ကျောင်းသူကျောင်းသား၂၀အပြင် ဥပဒေပြုအရာရှိများ၊ သူတော်စင်စစ်သည်များပါရောက်နေသည့်အတွက်ပင်။ ထိုလူများသည် အားလပ်သည့်အချိန်တွင် လာရောက်ကာ ဖရော်ဖက်ဆာများ၊ ဆရာဆရာများ၊ သင်ပြပေးသည့် ဟောပြောချက်များကို လာရောက်လေ့လာကြခြင်းပင်။ ယနေ့တွင် ဘုရင်ကိုယ်တိုင် လာရောက်သင်ပြမည်ဟုကြားသည့်အတွက် သူတို့အားလုံးအပြေးလွှားရောက်လာကြခြင်းပင်။
အုပ်ချုပ်ရေး ဌာနမှအရာရှိကြီးများတစ်ချို့ပင်ရောက်လာကြပြီး ဖှေး၏သင်ကြားမှုကို စောင့်ဆိုင်းနေကြ၏။
ယခုအချိန်တွင် ဖှေးသည် တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးသိုင်းဆရာတစ်ယောက်နှင့် ဉာဏ်ရည်အမြင့်မားဆုံး လူတစ်ယောက်အဖြစ်သက်မှတ်ထားခြင်းခံရ၏။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာတွင်သာမကမြို့ပြနှင့်ဆိုင်သည့်လူများပင် လာရောက်နားထောင်နေကြခြင်းပင်။
သူတို့၏ ရွေးချယ်မှုသည်လည်းမှားယွန်းခြင်းမရှိပေ။
ဖှေး၏ အရင်ကမ္ဘာပေါ်တွင်၂၁ရာစု၏ ခေတ်မှီသောအတွေ့ကြုံများ၊ လျို့၀ှက်ဆန်းကြယ်သည့် အခြေနေမျိုးစုံကို ဖြတ်သန်းဖူးသည့်အတွေ့ကြုံများ၊ ဆရာကြီးခါဆစ်၏သင်ပြမှုများ၊ နတ်ဆိုးဘုရင်၏ ဓားစာအုပ်ထဲတွင်ပါသည့် ရှေးကျသောသိုင်းပညာများကျင့်စဥ်များ စသည်တို့ကို စုပေါင်းထားသဖြင့် ဖှေးသည်အကောင်းဆုံးသောဆရာတစ်ယောက်ဟုဆိုပါက မှားလိမ့်မည်မဟုတ်ပေ။
စာသင်ခန်းထဲတွင် ကျောင်းသားများသာရှိသည်မဟုတ်သဖြင့် ဖှေးသည် ချက်ချင်းပင် သူ၏သင်ရိုးကို ပြောင်းလဲလိုက်၏။
ဤသည်မှာ အရေးပါသည့် စာသင်ခန်းတစ်ခုပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှ ကျွမ်းကျင်သူများအတွက် အရေးကြီးသည့်နေ့လည်ခင်းတစ်ခုဖြစ်ပြီး သူတို့တစ်သက်တာလုံးအတွက် သက်ရောက်မှုရှိမည်ဖြစ်သည်။