"ကျောင်းအုပ်ကြီးဖှေး၏ သင်ကြားမှု ၂"
Vol. 46 Ch. 713
ဤနေရာတွင် လူသုံးထောင်ခန့်ရပ်လျှက်သော်လည်းကောင်း ထိုင်လျှက်သော်လည်းကောင်းရှိနေသည့်အတွက်ကြောင့် သူရဲကောင်းမြို့တော်ထဲတွင်ရှီသည့် အကြီးဆုံးအခန်းကြီးမှာ လူများဖြင့် ပြွတ်သိပ်နေတော့သည်။ သူတို့တစ်ယောက်ခြင်းစီ၏ မျက်နှာပေါ်တွင် ရူးလောက်ဖွယ်လေးစားမှုများရှိနေပြီး သူတို့သည် အသက်အောင့်ကာ ဘုရင်ပြောသည့်အရာများကို ဂရုတစိုက်နားထောင်နေကြ၏။ သူတို့အသက်ပြင်းထန်စွာရှူလိုက်မိပါက ဘုရင်ပြောသည်ကို ကောင်းစွာမကြားလိုက်ရမည်စိုးသောကြောင့်ပင်။
စာသင်မှုသည် ဆက်သွားနေ၏။
"ဟားဟားဟားဟား..."
ဘုရင်သည် တစ်ခါတစ်ရံတွင် ဟာသတစ်ခုနှစ်ခုလည်းပြောတတ်သည့်အတွက် စာသင်နေသည့်လူများလည်းရယ်မောလိုက်မိကြသည်။
ဖှေးသည် ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနေပြီး လူပေါင်းများစွာကို သင်ကြားပေးရသည်အား နှစ်သက်နေလျှက်ရှိသည်။ သူသည် ဆရာလုပ်ရန်၀ါသနာပါလားဟူ၍ပင် မိမိကိုယ်မိမိသံသယ၀င်လာခဲ့သည်။
ဘုရင်သည် တိုင်းပြည်အပေါ်တွင်၁၀၀ရာခိုင်နှုန်းသစ္စာရှိရန်၊ တိုင်းပြည်အတွက်ဆိုလျှင် ဘယ်အရာကိုမဆိုပေးဆပ်ကြရန်၊ တိုင်းပြည်အတွက်သေဆုံးရခြင်းသည် ဂုဏ်ယူစရာဖြစ်သည် စသည့်အကြောင်းရာများကို ဟောပြော၍သူ၏ တိုင်းသူပြည်သားများကို ဦးနှောက်ဆေးခြင်းမရှိပေ။ ထိုအစားသူသည် ဘ၀အတွက်အဓိကကျသည့်အရာများ၊ အရေးကြီးသည့်အရာများကိုသာ ပြောပြနေလျှက်ရှိသည်။
နားထောင်နေကြသည့်လူများသည်လည်း ဖှေးပြောနေသည့်အရာများကို ခံစားမိသဖြင့် မိုးချုန်းသံကဲ့သို့သော လက်ခုပ်သံများသည် ရန်ဖန်ရံခါတွင် ထွက်ပေါ်လာနေလျှက်ရှိသည်။
လူတိုင်းသည် ဘုရင်ပြောပြနေကြသည့် ဇာတ်လမ်းများကို စိတ်ပါ၀င်စားစွာဖြင့် နားထောင်နေလျှက်ရှိကြပြီး တစ်ချို့ခံစားချက်ပြင်းထန်သည့်ကျောင်းသားများဆိုလျှင် အမဲရောင်ချပ်၀တ်နှင့် ရန်သူများကျူးကျော်တိုက်ခိုက်ခဲ့စဥ်ကစစ်ပွဲ၊ ချမ်းဘော့ဒ်တိုင်းပြည်တပ်ဖွဲ့ ဇီးနစ်အင်ပါယာသို့ ချီတပ်ခဲ့ပုံ၊ ဇီးနစ်အင်ပါယာ၏ အဖွဲ့၀င်တိုင်းပြည်များစစ်ရေးလေ့ကျင့်ရေးပြိုင်ပွဲမှ အကြောင်းများ၊ အလံနှစ်စုံမြို့တော်ထဲတွင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အရာများကို ဖှေးပြောပြသည့်အချိန်တွင် မျက်ရည်များပင် ကျလာခဲ့ကြသည်။
သူတို့သည် သွေးများဆူပွက်စေသည့် တိုက်ပွဲများအကြောင်းကို ကြားဖူးပြီးဖြစ်သော်လည်း ဘုရင်ကိုယ်တိုင်ပြောပြသည်ကို နားထောင်ရသည်မှာ ပို၍စိတ်၀င်စားဖွယ်ဖြစ်နေ၏။
ဖှေးသည် သူ၏ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းမှ ဒိုင်ဗီတလင်းကျောက်များကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင်တင်ကာ မှော်စွမ်းအင်အနည်းငယ်စီး၀င်စေလိုက်သည်။
ထို့နောက်တွင် မြင်ကွင်းတစ်ချို့ပေါ်လာတော့၏။ တိုးရိစ်နှင့် ဒရော့ဂ်ဘာတို့သည် လေ့ကျင့်ရေးကွင်းတွင် စွမ်းအားမြင့်မားသည့် ပြိုင်ဘက်များနှင့်တိုက်ခိုက်ခဲ့စဥ်က နောက်မဆုတ်ခဲ့ပုံများ၊ ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တော်များသည် နှင်းတောင်သိုင်းဆရာနှင့် သူ၏စွမ်းအားမြင့်မားသော တပည့်များနှင့် ရင်ဆိုင်ခဲ့ပုံ၊ စစ်သည်များသည် ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းအား မကြောက်မရွံ့၀င်ရောက်တိုက်ခိုက်ခဲ့ပုံ။
စသည့်အဖြစ်ပျက်များအားလုံးကို ဖှေးကိုယ်တိုင်ဒိုင်ဗီတလင်းကျောက်များအသုံးပြု၍ ဖန်တီးထားခြင်းဖြစ်ပြီး ထိုမှတ်တမ်းများသည် ချမ်းဘော့ဒ်တိုင်းပြည်၏ သမိုင်းကြောင်းအတွက် အရေးပါသည့်အရာများဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့အပြင် ဘုရင်၏ အစီစဥ်အရ ဤမှတ်တမ်းများကို သင်ကြားရေးတွင်လည်း အသုံးပြုရန်အတွက် စီစဥ်ထား၏။
ဤသည်မှာ ပထမဆုံးအနေဖြင့် ဖှေးဤမှတ်တမ်းရုပ်ရှင်များကို ပြသဖူးခြင်းပင်။ သက်ရောက်မှုသည် ဖှေးထင်ထားသည်ထက်ပင်များစွာပို၍ ကောင်းမွန်နေ၏။
ချမ်းဘော့ဒ်မှစစ်သည်များ၏ ရဲရင့်စွာပြတ်သားစွာတိုက်ခိုက်နေသည့်မြင်ကွင်းများသည် နားထောင်နေကြည့်ကျောင်းသားများ၏ သွေးကို ဆူပွက်စေ၏။
သူတို့သည် ရှေ့တွင်ရှိနေသည့် မြင်ကွင်းပုံရိပ်များကို ကြည့်နေရင်းဖြင့် သူတို့၏ ရင်ထဲတွင် တစ်စုံတစ်ခုလောင်ကျွမ်းနေသလိုခံစားနေရသည်။
ကျောင်းသားတစ်ယောက်ခြင်းစီတိုင်းသည် သူတို့၏လက်သီးများကို ဆုပ်၍ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေကြသည်။ သူတို့၏ နှလုံးသားနက်ရှိုင်းသောနေရာများတွင် သူရဲကောင်းမျိုုးစေ့များသည် စတင်၍ အမြစ်တွယ်နေပြီဖြစ်သည်။
ဖှေးပြုံးလိုက်သည် သူ၏ ရည်ရွယ်ချက်အောင်မြင်သွားပြီဖြစ်သည်။
ထို့နောက်တွင် စာသင်ခန်းထဲတွင်ပြသနေသည့် ရုပ်ရှင်ပုံရိပ်များသည် ပြောင်းလဲသွား၏။ တိုက်ပွဲများအစား ဖှေး၊ ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ တိုးရိစ်တို့ကြားထဲတွင်ဖြစ်ခဲ့သည့် ရယ်စရာအဖြစ်ပျက်များကို ပြသနေ၏။ ထိုမြင်ကွင်းများသည် စွမ်းအားမြင့်မားသည့် သူရဲကောင်းများကို ပို၍အသက်၀င်စေသည်။ သူရဲကောင်းများသည် တိုက်ခိုက်ရေးစက်များသာမဟုတ်ပဲ သာမန်လူများကဲ့သို့ပင် ပျော်ပါးနေထိုင်တတ်ကြောင်းကိုလည်း ကျောင်းသားများအားသိစေလိုသည့်အတွက်ပင်။
ထို့နောက်တွင် လူး၀စ်၊ ပါတိုနှင့် ဘရန်တို့ ကီလွန်မြို့တော်မှ အကျင့်ပျက်ခြစားနေခဲ့သည့် ဆွေကြီးမျိုးကြီးအား အပြစ်ပေးခဲ့ပုံ၊ ချမ်းဘော့ဒ်တိုင်းပြည်မှ ဥပဒေပြုအရာရှိများသည် မြို့တော်လုံခြုံမှုရှိပြီး စည်းကမ်းလိုက်နာရန်အတွက် တာ၀န်ထမ်းဆောင်နေကြပုံ၊ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် မိခင်တစ်ယောက်သူ၏ကလေးငယ်များကို ညစာစားရန်အတွက် ပြန်ခေါ်နေပုံ စသည်နေ့စဥ်ဖြစ်ရပ်များကိုလည်းပြသနေ၏။
စာသင်ခန်းထဲတွင်ရှိနေသည့် လေထုသည် ပြန်လည်အသက်၀င်ကာ ပျော်ရွှင်ဖွယ်ကောင်းလာခဲ့သည်။
ကျောင်းသားများနှင့် လာရောက်နားထောင်ကြသည့်လူများ ဤမြင်ကွင်းများကိုကြည့်နေရင်းဖြင့် ပြုံးနေကြသည်။
နောက်ဆုံးတွင် မြင်ကွင်းများသည် နှစ်နေရာတွင်ရပ်တန့်သွားသည်။
တစ်ခုသည် ဖှေးကိုယ်တိုင်ဦးဆောင်၍ အလံနှစ်စုံမြို့တော်၏ အရှေ့တွင် ဂျက်အင်ပါယာမှ ရန်သူများနှင့် တိုက်ခိုက်နေသည့် စစ်မြေပြင်မှ မြင်ကွင်းတစ်ခုဖြစ်ပြီး နောက်တစ်ခုသည် အဖွားကြီးတစ်ယောက် သူမ၏ မြေးနှင့်ဆော့စကားနေသည့် နလုံးသားနွေးထွေးဖွယ်မြင်ကွင်းပင်။
"ကောင်းပြီလေ နောက်ဆုံးမှာတော့ ငါမင်းတို့ကို တစ်ခုပြောဖို့လိုလိမ့်မယ်။ မင်းတို့က ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အနာဂတ်အတွက် ထောက်တိုင်တွေပဲ။ အဲ့တာကြောင့် မင်းတို့လေးတွေက ဒီပုံရိပ်နှစ်ခုကို မှတ်ထားရမယ်။ ဒီပုံရိပ်နှစ်ခုက အချိန်မရွေးတစ်ခုကနေတစ်ခုပြောင်းလဲသွားနိုင်လို့ပဲ။ စွမ်းအားကပဲ အရာရာကို ထိန်းချုပ်ထားတဲ့ဒီလိုလောကထဲမှာ မင်းတို့တိုက်ခိုက်ရလိမ့်မယ်။ ဘာလို့လဲဆိုရင် တစ်နေ့ပုံမှန်ဖြတ်သန်းလာရင်းနဲ့ နောက်နေ့မင်းနိုးလာရင် ရန်သူတွေက ငါတို့ချစ်တဲ့လူတွေကို ၀င်သတ်နေတာကိုလည်း မင်းတို့မြင်ရင်မြင်ရလိမ့်မယ်။ ငါတို့သာအပျင်ကြီးနေမယ်ဆိုရင် ငါတို့ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာလည်း တစ်နေ့ကျရင်အလောင်းတွေစုပုံသွားနိုင်တယ်..."
ဖှေးပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် စာသင်ခန်းတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။
ကျောင်းသားတိုင်းနှင့် စစ်သည်တစ်ယောက်ချင်းစီတိုင်းသည် ဖှေးပြသည့်ပုံရိပ်နှစ်ခုကို စိုက်ကြည့်နေကြ၏။
လေထုသည် အလွန်တင်းမာနေလျှက်ရှိသည်။
ဖှေးသည် အခန်းထဲတွင်ရှိသည့် လူများ၏ မျက်နှာကိုလိုက်ကြည့်လိုက်သည်။ သူသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး လက်ခုပ်တီးကာပြောလိုက်သည်။ "ကောင်းပြီလေ ပုံပြင်ပြောတဲ့အချိန်ပြီးသွားပြီ။ မင်းတို့တွေမပျင်းကြဘူးလို့ ငါမျှော်လင့်ပါတယ်...အခုဆိုရင် ငါတို့ စာစသင်လို့ရပြီပေါ့။ ငါက တစ်လမှာတစ်ခါ သင်ပေးမယ်။ မနက်ခင်းမှာ အတွင်းအားကျင့်စဥ်၊ မှော်စွမ်းအင်ကျင့်စဥ်နဲ့ ပတ်သက်လို့သင်ပေးမယ်။ နေ့လည်ခင်းကျရင်တော့ မင်းတို့ မေးတဲ့မေးခွန်းတွေကို ဖြေပေးမယ်..."
ဖှေးပြောလိုက်သည့်အရာကြောင့် ပရိသတ်များသည် ပြန်လည်၍ စိတ်လှုပ်ရှားပျော်ရွှင်လာကြတော့သည်။
ဘုရင်သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးသိုင်းဆရာတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်းကို လူတိုင်းသိရှိကြသည်။ သူသည် မြို့တော်စိန့်ပီတာစဘာ့တ်တွင့် ကျင်းပခဲ့သည့်ပြိုင်ပွဲတွင်နာမည်ကြီးနေသည့်သိုင်းဆရာများကို အနိုင်ယူခဲ့သည်။ ယခုအချိန်တွင် သူတို့ဘုရင်သည် အင်ပါယာထဲတွင်ရှိသည့် ထိပ်တန်းသိုင်းဆရာများထဲမှတစ်ယောက်ပင်။ သူ့အား မေးခွန်းများမေးနိုင်သည်မှာ ရှားပါးသည့်အခွ့င်ရေးတစ်ခုပင်။
ဖှေးသည် ဗဟုသုတဆာလောင်နေကြသည့်လူများကို စိတ်ဓာတ်ကျစေခြင်းမရှိပေ။
တက္ကသိုလ်မှ ပရော်ဖက်ဆာများ သင်ကြားပေးပြီးဖြစ်သည့် ကျင့်ကြံမှုနှင့်ပတ်သက်သည့် အခြေခံအချက်လက်မျးဖြစ်သော်လည်း ဖှေးကိုယ်တိုင်ထက်မံရှင်းပြသည့်အချိန်တွင် ပို၍ ရှင်းလင်းကာနားလည်ရလွယ်ကူနေ၏။ လူများစွာသည် သူတို့၏ စိတ်ထဲတွင်ရှိနေသည့် မေးခွန်းများစွာသည် အလိုလိုရှင်းလင်ပြီးဖြစ်သွားကြောင်းကို သိလိုက်ရသည်။ သင်ကြားရသည်မှာ ပို၍ ပျော်စရာကောင်းကာ စိတ်၀င်စားစရာကောင်းလာတော့သည်။
ဖှေးသည် ဇီးနစ်အင်ပါယာထဲတွင် စွမ်းအားအမြင့်မားဆုံးသော သိုင်းဆရာတစ်ယောက်ဖြစ်ပြီး တိုက်ပွဲအတွေ့ကြုံများစွာရှိသည်။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီး ခါဆစ်ထံမှလည်း သင်ကြားခဲ့ဖူးသည်။ နတ်ဆိုးဘုရင်၏ ဓားစာအုပ်ထဲမှ ရှေးကျသည့် သိုင်းကွက်များစွာကိုလည်း လေ့လာခဲ့ဖူးသည်။ ထို့ကြော့င် သူသည် ကျင့်စဥ်နှင့်ပတ်သက်၍ ကောင်းစွာနားလည်ထားသည့်လူဟုဆိုနိုင်၏။
ထို့ကြောင့် ဘုရင်ရှင်းပြလိုက်သည့်အချိန်တွင် ကျောင်းသားများသည် ချက်ချင်းလိုလိုပင် နားလည်သွားတော့သည်။
ဖှေး ကျောင်းသားများကို ရှင်းပြရင်းဖြင့် သူကိုယ်တိုင်လည်း ပိုမိုကျွမ်း၀င်နားလည်လာသလိုခံစားနေရသည်။
သူ၏အသံသည် ကြီးမားသည့် စာသင်ခန်းထဲတွင်သာမကပဲ သူရဲကောင်းမြို့တော်တစ်ခုလုံးတွင်ပါဟိန်းနေတော့သည်။
"၀ှစ် ၀ှစ် ၀ှစ်.."
ရုတ်တရက် နားထောင်နေကြသည့်လူများကြားထဲတွင် အတွင်းအားစွမ်းအင်မီးတောက်များတောက်ပသွားသည်။
ထိုလူများသည် ဘုရင်သင်ကြားသည်များကို နားထောင်ရင်းဖြင့်ပင် အဆ့င်တက်သွားကြခြင်းပင်။
ဖှေးသည် ဤကဲ့သို့ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
ဖှေးသည် ဂျက်အင်ပါယာစစ်မြေပြင်တွင်အလောင်းများစွာရခဲ့သည့်အတွက်ကြောင့် ဆေးပုလင်းရှာဖွေခြင်းအစွမ်းဖြင့် ဟော့ခ်ဆေးပုလင်းများစွာကိုလည်းရရှိခဲ့သည်။ ထို့ကြော့င် တက္ကသိုလ်ကျောင်းသားများအားလုံးနီးပါးနှင့် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များအားလုံးသည် ဟော့ခ်ဆေးပုလင်းအနည်းငယ်စီရထားပြီး သူတို့၏ခန္ဓာကိုယ်များသည် ပြောင်းလဲနေကြ၏။
ဆေးပုလင်းကြောင့်ရရှိလာခဲ့သည့် အကျိုးကျေးဇူးများ၊ ကြိုးစားမှု၊ သူပုန်စခန်းမှ အတွေ့ကြုံရှိ ဆရာများ၏ သင်ကြားပြသပေးမှုတို့ကြောင့် ကျောင်းသားတော်တော်များများသည် အခြေခံအုတ်မြစ်ခိုင်နေကြပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန်ဖှေးကိုယ်တိုင်သင်ပြသည်ကို နားထောင်လိုက်အပြီးတွင် ချက်ချင်းအဆင့်တက်သွားကြခြင်းပင်။
ဖှေးသည် အတန်းတစ်၀က်သင်ပြီးသည့်နောက်တွင် နှစ်နာရီခန့်ကုန်ဆုံးသွား၏။
ဤနှစ်နာရီအတွင်းမှာပင် စစ်သည်များနှင့် ကျောင်းသူကျောင်းသား၁၄၀ခန့်အဆင့်တက်သွားကာ ပို၍ပင်စွမ်းအားမြင့်မားလာကြသည်။