← Chapters

"ရူးသွပ်သည့် ဆုံးဖြတ်ချက်"

Vol. 46 Ch. 717

"ရူးသွပ်သည့် ဆုံးဖြတ်ချက်"

Vol. 46 Ch. 717

ညအချိန်သို့ ရောက်ရှိလာ၏။ အမှောင်ထုသည် အလံနှစ်စုံမြို့တော်အား လွှမ်းခြုံထားပြီး အထဲတွင်ရှိနေသည့်လူများကို မွမ်းးကြပ်နေစေသည်။

အခြေအနေသည် အနည်းငယ်ထူးဆန်းနေသလိုဖြစ်နေ၏။

ဂျက်အင်ပါယာတပ်ဖွဲ့များသည် လွန်ခဲ့သည့်လ၀က်ခန့်က ထွက်ခွာသွားကြပြီဖြစ်ပြီး ရက်စက်ကြမ်းကြုပ်သည့် စစ်ပွဲကြီးသည်အဆုံးသတ်သွားပြီဖြစ်သည်။ ခြိမ်းခြောက်မှုမရှိတော့သည့်အတွက် အလံနှစ်စုံမြို့တော်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သင့်နေပြီဖြစ်သည်။ မှော်စွမ်းအင်နည်းပညာများဖြင့် ပြည့်နှက်နေသည့် ချမ်းဘော့ဒ်တိုင်းပြည်လောက်မတိုးတတ်သော်လည်း ဤကဲ့သို့သောအချိန်တွင် လူစည်ကားကာ အနည်းငယ်ဆူညံနေသင့်သည်။

အလံနှစ်စုံမြို့တော်သည် ဇီးနစ်အင်ပါယာအနောက်မြောက်ပိုင်းတွင် အကြီးကျယ်အခမ်းနားဆုံးမြို့တော်ဖြစ်သည့်အတွက်ပင်။

ဖှေးသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် အောက်သို့ ငုံ့ကြည့်ကာ အနည်းငယ်နားမလည်နိုင်ဖြစ်သွား၏။

အလံနှစ်စုံမြို့တော်သည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ၈၀၀ကီလိုမီတာခန့်ကွာ၀ေး၏။ သာမန်လူများအတွက် ဤအကွာ၀ေးကို ဆယ်ရက်ခန့်ခရီးဆက်ရမည်ဖြစ်သည်။ သို့သော် ဖှေးကဲ့သို့သော သိုင်းဆရာများအတွက် မိနစ်အနည်းငယ်ခန့်ဖြင့်ပင် အရောက်သွားနိုင်၏။ ဖှေးသည် ကစဥ့်ကလျားပုလ္လင်၏ တစ်နေရာမှတစ်နေရာသို့ချက်ချင်းသွားနိုင်သည့် အစွမ်းကိုအသုံးပြုခဲ့ခြင်းမရှိသော်လည်း သူ၏ ငွေရောင်အတောင်ပံများသည်လည်း အလင်းကဲ့သို့ပင် လျှင်မြန်စွာပျံသန်းနိုင်၏။ သူသည် ဓားသွားတောင်တန်းငါးသွယ်မှ စတင်၍ ပျံသန်းလာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အလံနှစ်စုံမြို့တော်သို့ ချက်ချင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဖှေးအချိန်အား တွက်ဆကြည့်လိုက်သည့်အချိန်တွင် ဆယ်နာရီခန့်ရှိပြီဖြစ်ကြောင်းသိလိုက်ရသည်။

ဖှေးသည် ဤမြို့တော်အကြောင်းကို ကောင်းကောင်းမွန်မွန်သိသည့်အတွက်ကြောင့် သူသည် လူများစွာဖြင့်ပြည့်နှက်နေမည့် မြို့တော်ကြီးတစ်ခုကို မြင်ရလိမ့်မည်ဟု စိတ်ထဲမှထင်ထားမိခဲ့သည်။ သို့သော် မြို့တော်ထဲတွင်မှောင်မဲတိတ်ဆိတ်နေလေရာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အတွက်ကြောင့်ဖြစ်သည့်ပုံပင်။

ဤအခိုက်တန့်တွင် မီးရောက်အနည်းငယ်သာရှိနေပြီး မြို့တော်ထဲတွင်ရှိသည့် စစ်စခန်းများနှင့် အဓိကအဆောက်ဦးများကပင်။ လမ်းပေါ်တွင်လူတစ်မှမရှိချေ။ ခြုံပြောရပါက ဤမြို့တော်ကြီးတစ်ခုလုံးသည် လူသူကင်းမဲ့နေသည့် တစ္ဆေမြို့တော်ကြီးတစ်ခုလိုပင်။

လေထဲတွင် သွေးအနံ့သက် အနည်းငယ်ကိုလည်းရနေ၏။

ဖှေးသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် မကောင်းဆိုး၀ါးစွမ်းအင်များ မြို့တော်အားလှည့်လည်စီးဆင်းနေသည်ကို အာရုံခံလိုက်မိသည်။ ထိုစွမ်းအင်များသည် အမြစ်တွယ်ချင်နေသည့်ပုံပင်။

"ဘာတွေဖြစ်ကုန်တာလဲ...မဟုတ်မှလွဲရော..." ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

စဥ်းစားပြီးနောက်တွင် သူသည် မြို့တော်၏တပ်ဖွဲ့၏ စခန်းထံသို့ ဆင်းလာခဲ့သည်။ သူသည် ရစ်ဘရီကဲ့သို့သောလူများအား မြို့တော်ထဲတွင်ဘာဖြစ်နေသည်ကို မေးလိုသည့်အတွက်ပင်။

......

အလံနှစ်စုံမြို့တော် တပ်ဖွဲ့၏ စခန်းထဲတွင်ဖြစ်သည်။

အေးစက်သည့်လေညှင်းတစ်ခုတိုက်ခတ်သွားပြီး အမဲရောင်မီးခိုးငွေ့များသည် လေပေါ်တွင် လွှင့်မြောနေလျှက်ရှိသည်။

ဂိတ်တံခါးအ၀င်၀တွင်ထောင်ထားသည့် မီးတုတ်နှစ်ခုသည် တိုက်ခတ်နေသည့်လေကြောင့် အချိန်မရွေး ငြိမ်းသက်သွားတော့မည့်ပုံပင်။

ထိုအလင်းရောင်တစ်ခုခြင်းစီတိုင်းသည် အနည်းငယ်မှေးမှိန်နေသော်လည်း ဖှေးအား ပတ်၀န်းကျင်ကို ကောင်းမွန်စွာမြင်နိုင်စေသည်။ စခန်း၏အပြင်တွင် ၁၀မီတာခန့်မြင့်မားသည့် သစ်သားတိုင်၂၀ရှိပြီး ထိုတိုင်တစ်ခုခြင်းစီတိုင်းတွင် မျက်နှာများမဲမှောင်နေသည့် အလောင်းသုံးလောင်း လေးလောင်းခန့်ကို ချိတ်ဆွဲထား၏။ ထိုအလောင်းများသည် လေထဲတွင် ကြိုးတွဲလောင်းနှင့်၀ှေ့ရမ်းနေကြပြီး လျှာများလည်းထွက်နေလျှက်ရှိကြသည်။ သူတို့အား ဆွဲကြိုးချကွပ်မျက်ထားသည်မှာ ထင်ရှားလှ၏။

ထိုအလောင်းများအားလုံးသည် စစ်သည်ယူနီဖောင်းများကို ၀တ်ဆင်ထားကြပြီး ပုပ်သိုးခြင်းမရှိသေးပေ။ သူတို့အသတ်ခံထားရသည်မှာ လွန်ခဲ့သည့် ၅ရက်ခန့်က ဖြစ်သည့်ပုံပင်။

စခန်း၏အပြင်တွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်များစွာရှိနေပြီး သတ်ဖြတ်လိုသည့် ဆန္ဒများနှင့်အတူ ကင်းလှည့်နေကြသည့် စစ်သည်များကိုလည်း တွေ့နေရသည်။ သူတို့အားလုံးသည် ဤစခန်းကို စောင့်ကြည့်နေကြခြင်းပင်။

စခန်းထဲတွင် အလံနှစ်စုံမြို့တော်မှ စစ်သည်များကို အနားယူခိုင်းထားပြီး မီးတုတ်များ၊ မီးပုံများကိုပင် ထွန်းလင်းခွင့်မပေးပေ။

ငွေရောင်မီးတောက်တစ်ခုတောက်ပသွားပြီး ဖှေးသည် ထိုစခန်း၏ ရှေ့သို့ ရောက်လာခဲ့သည်။

သူသည် သစ်သားတိုင်များပေါ်တွင် ကြိုးပေးသတ်ထားသည့်အလောင်းများကို မော့ကြည့်လိုက်ပြီး ဒေါသနှင့်နားမလည်နိုင်မှုတို့ ပေါင်းစည်းကာ မျက်မှောင်ကြုံ့လိုက်မိ၏။

သူသည် ထိုလူတစ်ချို့ကို သိသည့်အတွက်ပင်။ ခုခံရေးတိုက်ပွဲများတွင် ရဲရင့်ပြီး ပြောင်ပြောင်မြောက်မြောက်တိုက်ခိုက်ခဲ့ကာ အလံနှစ်စုံမြို့တော်အား ကာကွယ်ပေးခဲ့သူများဖြစ်ပြီး သူတို့အား ဖှေးကိုယ်တိုင်ပင် ချီးမွမ်းခဲ့ဖူးသည့်အတွက်ပင်။ ဤလူများအားလုံးသည် ဖှေးသဘောကျနှစ်သက်ခဲ့သည့် စစ်သည်တော်ကောင်းများဖြစ်သော်လည်း ယခုအချိန်တွင် ကြိုးပေးသတ်ဖြတ်ခြင်းကို ခံထားရ၏။

"သူတို့က ဘယ်လိုစည်းကမ်းမျိုးကို ချိုးဖောက်ခဲ့လို့လဲ..." သူ၏ စိတ်ထဲတွင်ဤမေးခွန်းဖြင့် ဖှေးသည် စခန်းအလည်ခေါင်တွင်ရှိသည့် တဲထံသို့ လမ်းလျှောက်ထွက်သွားလိုက်မိသည်။

သတ္တုခြင်းရိုက်ခတ်သံများနှ့င်အတူ ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားကြသည့် စစ်သည်များကင်းလှည့်နေကြသည်။ သူတို့၏ လက်နက်များသည် အေးစက်သည့် အလင်းရောင်ကို ရောက်ပြန်ဟပ်နေလျှက်ရှိကြသည်။ သူတို့သည် ဖှေး အနားသို့ မကြာခနဖြတ်လျှောက်မိသော်လည်း မည်သူမှ ဖှေးကို သတိထားမိခြင်းမရှိကြပေ။ ဘုရင်၏ စွမ်းအားများသည် သာမန်အဆင့်ထက်ကျော်လွန်နေပြီဖြစ်သောကြောင့် ကိုယ်ယောင်ဖျောက်စွမ်းအင်အကာရံတစ်ခုဖြင့် ဖှေးသည် ဤနေရာတွင်ရှိနေသည့်လူများအားလုံး၏ မြင်ကွင်းမှ ပုန်းကွယ်နေနိုင်၏။

သူသည် လမ်းလျှောက်ရင်းဖြင့် သူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြန့်ကျက်ကာ ရစ်ဘရီအား အာရုံခံကြည့်လိုက်သည်။

သို့သော် ခနအကြာခန့်တွင် ဤတပ်ဖွဲ့တွင် ရာထူးအကြီးဆုံးလူဖြစ်သည့် ရစ်ဘရီအား စခန်းထဲတွင်မတွေ့သည့်အတွက်ကြော့င် ဖှေးအံ့သြသွားသည်။

......

စခန်းအလည်တွင်ရှိသည့် တဲထဲတွင်ဖြစ်သည်။

မီးအလင်းရောင်မရှိသည့်အတွက်ကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် အမှောင်ထုကသာလျှင် အရာအားလုံးကို လွှမ်းခြုံထား၏။ ရှည်လျားသည့် အသက်ရှူသံတစ်ချို့ကိုသာလျှင်ကြားနေရသည်။

အလံနှစ်စုံမြို့တော်တပ်ဖွဲ့၏ လက်ထောက်ခေါင်းဆောင်ဖြစ်သူ ဂါဂိုသည် ခေါင်းဆောင်၏ ထိုင်ခုံဘေးတွင်ရှိသည့် ခုံပေါ်တွင်ထိုင်နေရင်းဖြင့် ဘေးပတ်၀န်းကျင်သို့ သူ၏ သိမ်းငှက်ကဲ့သို့သော မျက်လုံးများဖြင့်ကြည့်နေလျှက်ရှိသည်။ ဒေါသအရိပ်ယောင်များကို သူ၏ မျက်လုံးများထဲတွင်မြင်နေရ၏။

လွန်ခဲ့သည့် တစ်လခန့်က သူသည် ချမ်းဘော့ဒ်ဘုရင်ထံမှ စစ်သည်တော်ကျင့်စဥ်စာလိပ်တစ်ခုကို ရရှိခဲ့သည်။ သူသည် ထိုစာလိပ်ပါနည်းလမ်းများအတိုင်း နေ့တိုင်းကြိုးစားကျင့်ကြံခဲ့သည့်အတွက်ကြောင့် ယခုအချိန်တွင် ကြယ်လေးလုံးအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

တစ်ခြားခေါင်းဆောင်များသည်လည်း ကြယ်အဆင့်သိုင်းဆရာများဖြစ်သည့်အတွက်ကြောင့် အမှောင်ထဲတွင်ကောင်းစွာမြင်နိုင်ကြသည်။

ဤအခိုက်တန့်တွင် သူတို့ရဲဘော်များ၏ မျက်လုံးများထဲတွင် ၀မ်းနည်းခြင်းနှင့် ဒေါသတို့ကို မြင်နေရ၏။

"ငါတို့ ဘာလုပ်သင့်လဲ။ မစ်စတာ ရစ်ဘရီကို ခေါ်သွားကြတာ သုံးရက်လောက်ရှိပြီ။ ငါတို့ ဘာသတင်းမှလည်းမကြားရဘူး။ ဒီလိုအချိန်မှာဆိုရင် မျှော်လင့်ချက်က ငါတို့ဘက်မှာမရှိဘူးထင်တယ်။ ဒီခွေးသားတွေက ငါတို့စခန်းကို ၀ိုင်းထားကြတယ်။ အပြင်ထွက်ခွင့်မပေးကြဘူး။ ငါတို့ဒီနေရာမှာပဲ ငါတို့ သေမယ့်အချိန်ကို စောင့်နေရတော့မှာလား။ ဒီနေရာမှာရှိနေတဲ့လူတိုင်းက မစ်စတာရစ်ဘရီနဲ့ ညီအကိုလိုပဲ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါတို့တစ်ခုခုလုပ်မှဖြစ်မယ်..." ဂါဂိုသည် တဲထဲတွင်ရှိနေသည့်လူများကို ကြည့်ကာ သူ၏ နက်ရှိုင်းသည့် အသံဖြင့်ပြောလိုက်သည်။ သူ၏ ဒေါသအား ချုပ်ထိန်းနေရသည်မှာ ထင်ရှားပေါ်လွင်လှသည်။

"အခုချိန်မှာဆိုရင် ငါတို့စခန်းကို ပိတ်ထားကြတယ်။ အင်ပါယာစစ်ရေးဌာနချုပ်က သံတမန်ကလည်း ဘယ်သူ့ကိုမှ ထွက်ခွ့င်မပြုဘူး။ အဲ့တာတွေကို မလိုက်နာရင် သေဒဏ်ပေးလိမ့်မယ်တဲ့။ ကေလွန်နဲ့ ယုလီတို့ သူတို့က တိုက်ပွဲတုန်းက ရဲရင့်ခဲ့တဲ့စစ်သည်ကောင်းတွေပဲ။ သူတို့က အပြင်ခိုးထွက်ပြီး မစ်စတာရစ်ဘရီနဲ့ ပတ်သက်တဲ့သတင်းစုံစမ်းဖို့ ကြိုးစားခဲ့လို့ ဒီခွေးသားတွေကို ကြိုးပေးသတ်တာကို ခံလိုက်ရတယ်။ ဒီလိုအခြေအနေရောက်မှတော့ မထူးတော့ဘူး။ အဆိုးဆုံးဖြစ်ဖြစ်ပေါ့ကွာ။ ပုန်ကန်မှုတစ်ခုစပြီးတော့ ဒီလူမဆန်တဲ့ ခွေးသားတွေကို သတ်ပစ်ရအောင်။ ပြီးကျ မစ်စတာ ရစ်ဘရီကို ကယ်ကြတာပေါ့..."

"ဟုတ်တယ် ဂါဂို ခင်ဗျားမှန်တယ်။ ငါတို့ ညီအကိုတွေအားလုံးလဲ ဒီလိုပဲ လုပ်ချင်ကြလိမ့်မယ်လို့ ငါထင်တယ်။ ဒီကောင်တွေကို သတ်ပစ်ကြတာပေါ့။ ငါတို့ အလံနှစ်စုံမြို့တော်တပ်ဖွဲ့ကစစ်သည်တွေကို လွယ်လွယ်နဲ့အနိုင်ကျင့်လို့မရဘူးဆိုတာကို ပြပေးကြတာပေါ့..."

"အေး ဟုတ်တယ်။ ငါတို့က မြို့တော်ကိုကာကွယ်ဖို့အတွက် အသက်နဲ့ ရင်းပြီးတိုက်ခိုက်ခဲ့တုန်းက ဒီဆွေကြီးမျိုးကြီးခွေးသားတွေက ဘယ်ရောက်နေခဲ့ကြတာလဲ..."

"ထွီ အေးဟုတ်တယ်။ ဒီကောင်တွေရောက်လာခြင်း ငါတို့ ကြိုးစားထားတဲ့အသီးပွင့်တွေကို ခိုးယူဖို့လုပ်ခဲ့ကြတာပဲ။ နောက်ပြီးတော့ ဘုရင်အလတ်ဇန္ဒားက ဂျက်အင်ပါယာက ရန်သူတွေနဲ့ ပူးပေါင်းတယ်လို့လဲ ငါတို့ကို လိမ်ခိုင်းတယ်။ ငါတို့စစ်သည်တွေကို နှိပ်စက်ပြီးတော့ လိမ်အောင်လဲလုပ်ခဲ့သေးတယ်။ တစ်ချို့ကိုဆို သတ်ပါပစ်ခဲ့တယ်လေ..."

"အတော်ဆိုးတဲ့ဖြစ်ရပ်ပါ ငါတို့ ညီကိုတွေက ရန်သူနဲ့တိုက်ပွဲမှာ မသေခဲ့ပဲ။ အင်ပါယာက လူတွေအခြင်းခြင်းရဲ့လက်ချက်ကြောင့် အသတ်တွေဆုံးရှုံးကုန်ပြီ။ ဒါက ရှက်စရာပါပဲကွာ။ ငါတို့က မြို့တော်ကို ခုခံတိုက်ခိုက်ပေးခဲ့တဲ့သူရဲကောင်းတွေပဲ။ ငါတို့ပြန်ရလိုက်တာက ဒါပဲလား။ မတ်၀က်ဆန်လို့ ခေါ်တဲ့ သံတမန်က ငါတို့ကို အသတ်ရှင်ခွင့်ပေးလိမ့်မယ်လို့ ငါမထင်ဘူး။ ဒီကောင်က ငါတို့အားလုံးကို သတ်ဖို့ကြိုးစားနေတာပဲ။ ငါတို့ ပုန်ကန်ရလိမ့်မယ်။ ဒီတိုက်ပွဲတောင် တစ်ခါမှမတိုက်ဖူးသေးတဲ့ ကောင်တွေအကုန်လုံးကို သတ်ဖို့က ငါတို့ အတွက် နာရီ၀က်လောက်ပဲကြာမှာပါ..."

"အကုန်လုံးကို သတ်ပစ်ကွာ။ ပြီးကျ မြို့တော်၀န်ရဲ့စံအိမ်ကိုလည်း သွားပြီးတော့ ဆိုရိုယော့ခ်တိုတဲ့ ကောင်ကိုပါ သတ်ပစ်ရအောင်။ ပြီးကျရင် မစ်စတာ ရစ်ဘရီကိုလည်း ကယ်တင်ကြတာပေါ့..."

တဲထဲတွင်ရှိနေကြသည့်လူများအားလုံး အုံကြွလာကြပြီး သူတို့၏ ဓားများကို ကောက်ကိုင်လိုက်ကြသည်။

လွန်ခဲ့သည့်ရက်များတွင်ဖြစ်ခဲ့သည့်အရာများကို တွေးလိုက်ပြီးသည်နောက်တွင် သူတို့၏မျက်နှာများခက်ထန်လာကြ၏။ သူတို့၏နှလုံးသားထဲတွင်ရှိနေသည့် ဒေါသများသည် မြို့တော်ကိုပင် မီးလောက်ပြာကျစေရန်လုံလောက်နေ၏။ မြို့တော်အား ကာကွယ်ပေးခဲ့ကြသည့် သူရဲကောင်းများသည် စစ်ပွဲပြီးသွားသည့်အချိန်တွင် ရာဇ၀တ်သားများကဲ့သို့ ဆက်ဆံခံရလိမ့်မည်ဟုထင်ထားခြင်းမရှိခဲ့သည့်အတွက်ပင်။

သူ၏ လူများ၏ ကြုံး၀ါးသံများကြောင့် ဂါဂို၏ သွေးများသည်လည်း ဆူပွက်လာခဲ့သည်။

ဓားရိုးအား ညာလက်ဖြင့်ကိုင်ကာ ချက်ချင်းကို ဓားကိုဆွဲထုတ်၍ အပြင်သို့ ပြေးထွက်ကာ အချက်ပေးခရာအား မှုတ်လိုသည့်ဆန္ဒများထွက်ပေါ်လာ၏။ စခန်းထဲတွင်ရှိနေသည့် သူတို့၏ စစ်သည်များအားလုံးစုစည်းမိသွားမည်ဖြစ်ပြီး မစ်စတာရစ်ဘရီအား ကယ်တင်နိုင်ကာ လာရောက်အနိုင်ကျင့်နှိပ်စက်နေသည့်လူများကိုလည်း သတ်ဖြတ်နိုင်မည်ဖြစ်သည်။

သို့သော် နောက်ဆုံးအခိုက်တန့်တွင် သူ၏ ဒေါသကို အတင်းထိန်းချုပ်လိုက်ရသည်။

"ငါတို့ မြို့တော်ထဲမှာရှိနေတဲ့ခွေးသားတွေကို သေချာပေါက် သတ်နိုင်ပါတယ်။ ငါတို့တွေ မစ်စတာ ရစ်ဘရီကိုလည်း ကယ်တင်နိုင်မှာပါ။ ဒါပေမယ့် ပြီးသွားရင်ရော ဘာဆက်လုပ်ကြမလဲ။ ငါတို့ အင်ပါယာကနေ တကယ်ပွဲထွက်ပြေးနိုင်လို့လား။ ငါတို့ ပုန်ကန်လို့ ဒီကို ပင်မတပ်ဖွဲ့ကြီးတွေ ပို့လိုက်ရင်ရော။ မဟုတ်ဘူး ပင်မတပ်ဖွဲ့တောင်မဟုတ်ပဲ ပါးကွပ်သားသူရဲကောင်းတွေကိုပို့လိုက်တယ်ဆိုရင်တောင် ငါတို့အားလုံး ရှံးနိမ့်မှာပဲ။ ငါသေရမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ငါတို့ရဲ့ဆုံးဖြတ်ချက်ကြောင့် ငါတို့ ညီအကိုတွေထောင်နဲ့ချီပြီးအသတ်ခံရရင်ရော..." ဂါဂိုသည် ခါးသက်သည့် အမူယာတစ်ခုနှင့်အတူမေးလိုက်သည်။

သူပြောလိုက်သည့်အရာကြောင့် ကျန်ရှိနေသည့်လူများလည်းငြိမ်သက်သွားကြသည်။ သူရဲကောင်းနန်းတော်တွင်ရှိသည့် အင်အားသည် ခုခံ၍ မရနိုင်သည့်အတွက်ကြောင့် သူတို့အားလုံးအနည်းငယ်မျှော်လင့်ချက်ကင်းမဲ့ကာ ရှက်မိနေကြ၏။

"ဒါဆိုရင်ရော ငါတို့ဘာလုပ်ရမှာလဲ။ ဒီမှာပဲနေနေပြီးတော့ ဘာမှမလုပ်ပဲနေရမှာလား...မစ်စတာ ရစ်ဘရီကရော..."

"မဟုတ်ဘူး ငါတို့ တစ်ခုခုတော့ လုပ်ရလိမ့်မယ်..." ဂါဂိုသည် သူ၏အသံကို နိမ့်ကာ ပြောလိုက်သည်။ "ငါတို့ မြို့တော်တပ်ဖွဲ့က စစ်သည်တွေအားလုံးကို ဆွဲသွင်းစရာမလိုပါဘူး။ ငါတို့အနည်းငယ်လောက်ပါရင်လုံလောက်ပါပြီ။ သန်းခေါင်အချိန်ရောက်ရင် ဒီခွေးသားတွေ နည်းနည်း ပေါ့လျှော့လာကြလိမ့်မယ်။ အဲ့အချိန်ကျရင် ငါတို့ခိုးထွက်ပြီးတော့ မြို့တော်၀င်စံအိမ်ကို သွားမယ်။ သောက်သံတမန်နဲ့ မြို့တော်၀န် ဆိုရိုယော့ခ်ကို သတ်ပြီးတော့ မစ်စတာ ရစ်ဘရီကို ကယ်တင်ကြတာပေါ့။ ပြီးကျငါတို့တွေအလံနှစ်စုံမြို့တော်ထဲက ထွက်သွားကြမယ်။ ဒီမစ်ရှင်က ငါတို့အတွက် ပိုပြီးတော့ အန္တရာယ်များနိုင်တယ်။ မင်းတို့အားလုံး လုပ်ရဲကြလား..."

"ကောင်းတဲ့အကြံပဲ ကျွန်တော်တို့လုပ်မယ်..."

"ဒါက ပိုကောင်းတဲ့အစီစဥ်ပဲ ငါက မစ်စတာ ရစ်ဘရီအတွက်ဆိုရင် ဘာမဆို လုပ်ရဲပါတယ်..."

"ပြသနာမရှိဘူး ငါ့ဓားက ဒီလိုအချိန်ကိုစောင့်နေတာကြာပြီ..."

သို့သော် တစ်ချို့လူများသည် မေးခွန်းအနည်းငယ်ရှိနေကြသည်။

"ဒါပေမယ့် ငါတို့ မစ်စတာ ရစ်ဘရီကို ကယ်ပြီးရင်ရော ဘာဆက်လုပ်ကြမလဲ။ သူရဲကောင်းနန်းတော်က ဒီကိစ္စကို ကိုင်တွယ်မှာပဲ။ ငါတို့ ပါးကွပ်သားသူရဲကောင်းတွေရှာမတွေ့အောင်ပုန်းနိုင်မှာမဟုတ်ဘူး။ ငါတို့ ဘယ်ကိုထွက်ပြေးကြမှာလဲ။ မစဥ်းစားပဲမလုပ်သင့်ဘူး..."

ဂါဂို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။

"ငါစဥ်းစားပြီးပါပြီ။ မစ်စတာ ရစ်ဘရီကို ကယ်ပြီးတာနဲ့ ငါတို့က အမြန်ဆုံးမြင်းတွေနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကို သွားကြတာပေါ့။ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားက သူရဲကောင်းအစစ်မှန်တစ်ယောက်ဖြစ်ပြီးတော့ မစ်စတာ ရစ်ဘရီနဲ့လဲမိတ်ဆွေကောင်းတွေပဲ။ ငါတို့ ချမ်းဘော့ဒ်တိုင်းပြည်မှာ ခိုလုံခွင့်ရမှာပါ။ ချမ်းဘော့ဒ်တိုင်းပြည်ထဲရောက်သွားရင် ပါးကွပ်သားသူရဲကောင်းတွေကိုလည်း ကြောက်စရာမလိုတော့ဘူး..."

သူပြောလိုက်သည့်အချိန်တွင် တဲထဲတွင်ရှိနေသည့်လူများအားလုံးခေါင်းငြိမ့်လိုက်ကြသည်။

အမှန်ပင် ဤအခိုက်တန့်တွင် ထိုလူသာလျှင် သူတို့အား လုံခြုံမှုပေးနိုင်မည်ဖြစ်သည်။

All Chapters