"မုန်တိုင်းမ၀င်ခင်အစ"
Vol. 46 Ch. 715
ဤအတန်းသည် အလွန်အချိန်ကြာသွားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ သူမြေအောက်လိုဏ်ဂူအတွင်းမှ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် ကောင်းကင်ပေါ်တွင် ကြယ်များနှင့် လမင်းကြီးတို့ပင် တောက်ပနေပြီဖြစ်သည်။ ညခင်း ရှစ်နာရီကျော် ကိုးနာရီခန့်ရှိပြီဖြစ်သည့်အတွက်ကြောင့် အနည်းငယ်ပင် ဗိုက်ဆာလာနေပြီဖြစ်သည်။ သို့သော် အန်ဂျယ်လာသည် သူမ၏ အိမ်ဖြစ်သည့် မစ်စတာဘတ်စ်၏ စံအိမ်တွင်သာနေထိုင်နေ၏။ ထုံတမ်းစဥ်လာများအရ ဘုရင်သည် လက်ထပ်ပွဲမတိုင်မှီတွင် သူ၏ ဇနီးလောင်းနှင့်တွေ့ခွင့်ရဦးမည်မဟုတ်ပေ။ ထို့ကြောင့် ကိုယ်တိုင်အစားသောက်ကိစ္စအား ဖြေရှင်းနေရ၏။
ဖှေးသည် အမဲရောင်၀တ်ရုံကြီးတစ်ခုနင့် မိမိကိုယ်မိမိရုပ်ဖျက်လိုက်ပြီး ချမ်းဘော့ဒ်မြိုတော်ထဲတွင် စားသောက်ဆိုင်တစ်ခုကိုရှာဖွေလိုက်သည်။ သို့သော် ဟူစကီ၏ ခေါ်ဆောင်မှုကြောင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့ပိုင်သည့်ဆိုင်များရှေ့သို့ ရောက်လာခဲ့သည်။
အလုပ်များသည့် နေခင်းပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်လမ်းမဘေးတွင်ရှိသည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့ဆိုင်ခန်းများသည် ပြန်လည်ပြုပြင်ခြင်းအား ပြီးမြောက်အောင်မြင်သွားပြီဖြစ်သည်။ နောက်တစ်ရက်တွင် ဆိုင်စတင်၍ ဖွင့်လစ်ရန်အတွက် စောင့်စားနေ၏။
ချမ်းဘော့ဒ်တိုင်းပြည် ဌာနခွဲ၏ ဥက္ကထဖြစ်သူ ဂျက်စီကာသည် ဆိုင်များ၏အလည်ခေါ်တွင်ရှိသည့် ဆိုင်တစ်ခုထဲတွင်နေထိုင်၏။ ထိုဆိုင်သည် လေးထပ်ပါရှိသည့် ကျောက်တုံးအဆောက်ဦးတစ်ခုဖြစ်ပြီး ဂျက်စီကာသည် လေးထပ်မြောက်တွင်နေထိုင်သည်။
ဟူစကီသည် အထဲသို့ ၀င်သွားကာအော်ဟစ်လိုက်သည်။
ကုန်သွယ်ရေးအဖွဲ့၏ အစောင့်စစ်သည်များအားလုံးသည် သူတို့ဆိုင်ရှင်၏ အကိုကို သိသည့်အတွက်ကြောင့် အနည်းငယ်စစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် ဂျက်စီကာ ထံသို့ သွားရောက်ကာ သတင်းပို့လိုက်ကြသည်။
မကြာမှီတွင် ရိုးရှင်းသည့် ဂါ၀န်တစ်ခုကို ၀တ်ဆင်ထားသည့် ဂျက်စီကာသည် လှေကားများပေါ်မှ ပြေးဆင်းလာတော့သည်။
"အီမိုင်း...အာ အရှင်...အရှင်မင်းကြီးရောရောက်နေတာလား..."
ဂျက်စီကာသည် ဖှေးပြန်ရောက်လာလိမ့်မည်ဟုထင်မထားခဲ့ချေ။
သူမ၏ အစောင့်များလာရောက်သတင်းပို့သည့်အချိန်တွင် အီမိုင်းလ်လာသည်ဟူ၍သာ ပြောသွားခဲ့သည်။ ဖှေးသည် ၀တ်ရုံအနက်ရောင်ဖြင့် ရုပ်ဖျက်သွားသည့်အတွက်ကြောင့် ဖှေးပါသည်ကိုမူ ပြော၍ပင်မသွားခဲ့ချေ။
ထို့ကြောင့် ဂျက်စီကာဆင်းလာသည့်အချိန်တွင် သူမ၏ အ၀တ်စားများသည် အိမ်နေရင်းရိုးရိုးရှင်းရှင်းအ၀တ်စားများသာဖြစ်နေခြင်းပင်။
သူမ၏ ပါးလွှာသည့် ဂါ၀န်သည် ဒူးထိသာဖုံးလွှမ်းထားပြီး သူမ၏ လှပသော ခန္ဓာကိုယ်အား ပေါ်လွင်စေသည်။ ထို့အပြင် သူမသည် ပန်းရောင်အမွေးဖွဖိနပ်တစ်ရံကို စီးထားသည့်အတွက်ကြောင့် သူမ၏ နူးညံ့သော ခြေချောင်းလေးများကိုလည်းမြင်နေရသည်။ ဂါ၀င်၏ ဒီဇိုင်းကြောင့် သူမ၏ လည်ပင်းရိုးများနှင့် ရင်သားအထက်ပိုင်းအနည်းသည်လည်း ပေါ်လွင်နေ၏။
ဖှေးသည် သူမအား တစ်ချက်ကြည့်လိုက်မိပြီး ချက်ချင်းပင် မျက်လုံးလွှဲလိုက်မိသည်။
သူတွေးလိုက်မိသည်။ "ဒီကောင်မလေး အရင်က ဒီလောက်ဆွဲဆောင်မှုမရှိပါဘူး။ အခုမှ ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားလေးတွေအားလုံးကို ဆွဲဆောင်နေနိုင်တဲ့ပုံပဲ။ သေစမ်း အတော်လှတယ်ဟ အလံနှစ်စုံမြို့တော်မှာတုန်းက သူ့ကို ဆယ်ယောက်မှာ ၁၁ယောက်လောက်က လိုချင်နေကြတယ်ဆိုတာ အဆန်းမဟုတ်ပါဘူး..."
တကယ်တန်းတွင် သူမ၏ ကိုယ်ရံတော်စစ်သည်များပင် သူမ၏ အလှကြောင့် မင်သက်နေ၏။
"အာ...အကိုတို့...အပေါ်တက်ခဲ့ကြလေ..." ဂျက်စီကာသည် ချက်ချင်းပင် ရှက်ရွံ့သွားပြီး ဘာပြောရမလဲမသိအောင်ဖြစ်သွားသည်။ သူမသည် အပေါ်သို့ ပြန်တက်ကာ အ၀တ်လဲလို၏။ သို့သော် သူမ၏ အရှေ့တွင်ရှိနေသည့်လူသည် ချမ်းဘော့ဒ်ဘုရင်ဖြစ်သည့်အတွက်ကြောင့် ထိုကဲ့သို့ထားခဲ့ပါက ရိုင်းပြသလိုဖြစ်မည်စိုးသောကြောင့်ပင်။ ထို့ကြောင့် နီရဲနေသည့် ပါးပြင်များ၊ မြန်ဆန်နေသည့် နှလုံးခုန်သံများနှင့် သူမသည် ဖှေးအား အပေါ်ထပ်သို့ ဖိတ်ခေါ်လိုက်သည်။
"ဟီးဟီး ငါတို့ ဒီနေရာကို ညစာစားဖို့လာခဲ့တာလေ။ ချမ်းဘော့ဒ်တက္ကသိုလ်မှာ စာတစ်ခေါက်၀င်သင်ကတည်းက ငါတို့ဘာမှမစားခဲ့ရသေးဘူး..." ဟူစကီသည် အနည်းငယ်ရိုးအသူဖြစ်သော်လည်း ဖှေး၏ သရုပ်မှန်ကို ဖော်ပြခြင်းမရှိပေ။ ထို့အပြင် သူ၏ ညီမဖြစ်သူကိုလည်းဖြစ်နေသည့်အရာများကို ပြောပြလိုက်၏။
သို့သော် သူပြောလိုက်သည့်အရာကြောင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ လစာများစွာပေးကာ ငှားထားသည့်အစောင့်စစ်သည်များသည် ဖှေးအပေါ်အမြင်များပြောင်းလဲသွားတော့၏။
သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်သို့ ရောက်သည်မှာမကြာသေးသော်လည်း ချမ်းဘော့ဒ်မြို့ပြနှင့်စစ်ဘက်ဆိုင်ရာတက္ကသိုလ်၏ အရေးပါပုံကို သိကြသည်။ ထို့အပြင် ချမ်းဘော့ဒ်တက္ကသိုလ်တွင် သင်ကြားနေသည့်ဆရာများအားလုံးသည်လည်း အပြင်လောကတွင် စွမ်းအားမြင့်သိုင်းဆရာများ၊ ပညာရှင်များဖြစ်ကြသည်ကိုလည်း သိထားကြ၏။ ထိုဆရာများတွင်ရှိနေသည့် ပညာများဖြင့် တိုင်းပြည်တစ်ခုကို ကောင်းကောင်းအထောက်ပံ့ပေးနိုင်ကြ၏။
ထို့အပြင် ချမ်းဘော့ဒ်ဘုရင်သည်လည်း ဆရာများကို ကောင်းမွန်စွာဆက်ဆံသည်ကိုလညး်သိထားကြ၏။ ထို့ကြောင့် ချမ်းဘော့ဒ်တက္ကသိုလ်တွင် သင်ကြားပေးနေကြသည့် ဆရာများသည် အရှိန်၀ါကြီးမားသည့်လူများပင်။
"မဟုတ်မှလွှဲရော အမဲရောင်၀တ်ရုံနဲ့လူက ချမ်းဘော့ဒ်တက္ကသိုလ်က အရှိန်၀ါကြီးမားတဲ့ဆရာတစ်ယောက်များလား။ သူက တိတ်ဆိတ်နေတော့ ငါတို့ဆရာမအကိုရဲ့အစေခံတစ်ယောက်လို့ထင်နေတာ....ဒါပေမယ့် ဆရာမကလည်းသူ့ကို သိတဲ့ပုံပဲ အတော်လေး လေးလေးစားစားဆက်ဆံနေတယ်..."
"သေစမ်း ငါတို့ဆရာမကအတော်လှတာပဲ။ အလံနှစ်စုံမြို့တော်မှာတုန်းက သူမကို ရဖို့အတွက် လူတွေအများကြီးကြိုးစားခဲ့ကြဖူးတယ်။ ချမ်းဘော့ဒ်ဘုရင်ပိုင်မှန်းသိမှ နောက်ဆုတ်သွားကြတာဆိုပဲ။ နောက်ပြီးတော့ ငါတို့ဆရာမက ဆိုရိုကုန်သွယ်ရေးအဖွဲ့မှာ အဆင့်မြင့်အရာရှိတစ်ယောက်ပဲ။ သူက တစ်ခြားလူတွေကို သိပ်ပြီး ဂရုစိုက်တတ်တဲ့လူမဟုတ်ပါဘူး။ ဒီ၀တ်ရုံနဲ့လူက ဘယ်သူမို့လို့လဲ..." အစောင့်စစ်သည်များတွေးလိုက်မိကြသည်။
ဤလူအား လစ်လျူရှုထားမိသည်ကို တွေးလိုက်မိသဖြင့် အစောင့်စစ်သည်များအနည်းငယ်စိုးရိမ်ကာ ချွေးပြန်လာခဲ့ကြတော့သည်။
"အနှောင့်ယှက်ပေးမိတာ တောင်းပန်ပါတယ်။ ဒီရက်တွေက မတူဘူးလေ။ ငါစားလို့ရတဲ့နေရာတွေကလည်း များများစားစားမရှိဘူး။ အဲ့တာကြောင့် အီမိုင်းနဲ့ ငါက ဒီမှာ ညစာလာစားနေရတာ..." ဘုရင်သည် ဆွဲဆောင်မှုရှိသည့် မြင်ကွင်းများကို မျှော်လင့်ထားခြင်းမရှိသော်လည်း ဤနေရာတွင်ရောက်နေပြီဖြစ်သောကြောင့် စိတ်အေးအေးထားကာ ဂျက်စီကာအား နှုတ်ဆက်လိုက်သည်။ သူသည် ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် အခြေအနေများစွာကို မြင်ဖူးပြီးဖြစ်သောကြောင့်ပင်။ သို့သော် သူသည် အနည်းငယ်အလိုက်မသိသလိုဖြစ်နေပြီး ဂျက်စီကာ၏ ထူးဆန်းနေသည့်အပြုမူများကို သတိထားမိခြင်းမရှိပေ။
သူတို့၏ ဆရာမသည် ချမ်းဘော့ဒ်တက္ကသိုလ်မှ ဆရာဆိုသူအား အပေါ်ထပ်သို့ ခေါ်သွားပြီးသည့်နောက်တွင် အစောင့်စစ်သည်များသည် တစ်ယောက်မျက်နှာတစ်ယောက်ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိကြသည်။ သူတို့မြင်နေရသည့် အရာကို ယုံနိုင်ခြင်းမရှိသောကြောင့်ပင်။
"အတော်လေးတောင်နောက်ကျနေပြီ...ဒါပေမယ့်...ငါတို့ ဆရာမက ချမ်းဘော့ဒ်ဘုရင်မသိပဲ နောက်ထပ်ချစ်သူတစ်ယောက်များရနေတာလား။ ဒီသတင်းသာပြန့်သွားရင်တော့ မလွယ်ဘူး..."
အစောင့်စစ်သည်များသည် ချက်ချင်းပင် အခြေအနေအားနားလည်သွားကြပြီး သူတို့အားလုံးသည် တစ်ယောက်နှစ်တစ်ယောက်အချက်ပြကာ အဆောက်ဦးပတ်ပတ်လည်အား ကာကွယ်ကင်းစောင့်လိုက်ကြသည်။ မဖြစ်သင့်သည့်အရာများဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ပင်။
တစ်နာရီခန့်ကြာပြီးသည့်နောက် ထိုချမ်းဘော့ဒ်တက္ကသိုလ်မှ ဆရာဖြစ်သူ ပြန်သွားသည့်အချိန်မှသာလျှင် သူတို့ သက်ပြင်းချကာ စိတ်အေးသွားကြ၏။
သူတို့ထဲတွင် စပ်စုတတ်သည့် အစောင့်စစ်သည်တစ်ယောက်လဲပါရှိ၏။ သူသည် ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် အပေါင်းဖော်များမှ ကန့်ကွက်နေသော်လည်း ထိုဆရာငယ်အား လိုက်လံ၍ နောက်ယောင်ခံကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။
သို့သော် မီတာ၅၀၀ခန့်လိုက်သွားပြီးသည့်နောက်တွင် မျက်ခြေပျက်သွားခဲ့ကာ ထိတ်လန့်တုန်လှုပ်သွား၏။ ဤအချိန်မှသာလျှင် ထိုတက္ကသိုလ်ဆရာဟုဆိုသော လူငယ်သည် အလွန်စွမ်းအားမြင့်မားသည်ကို သိလိုက်ရ၏။
"သူက ချမ်းဘော့ဒ်ဘုရင်ကောင်မလေးကို လုရဲတာ အံ့သြစရာမရှိတော့ပါဘူး..." ထိုအစောင့်စစ်သည်မှ တွေးလိုက်မိသည်။
.....
ဖှေးသည် သူ့အား ချမ်းဘော့ဒ်ဘုရင်ထံမှ ကောင်မလေးလုရန်အတွက် ကြိုးစားနေသည့်လူဟု အထင်ခံရမည်မှန်း မည်သည့်အခါမှ တွေးမိမည်မဟုတ်ပေ။
ထိုအစောင့်စစ်သည်သည် သူ့အား နောက်ယောင်ခံလိုက်ရန်အတွက် ကြိုးစားနေခဲ့သည်ကို သူသိသော်လည်း ထိုကဲ့သို့လုပ်သည်မှာ လုံခြုံရေးကြောင့်ဟု ယူဆလိုက်သည်။ ထို့ကြောင့် စိတ်ရှိခြင်းမရှိပေ။
သူသည် အလွယ်တကူပင် မျက်ခြေဖြတ်ကာ ဓားသွားတောင်တန်းငါးသွယ်ပေါ်တွင်တည်ရှိသည့် ကောင်းကင်နန်းတော်သို့ ပြန်လာခဲ့တော့သည်။
ဘုရင်ပြန်ရောက်လာသည့်အတွက်ကြောင့် နန်းတော်ထဲတွင်ရှိနေသည့် အစေခံကောင်မလေးများသည် ညစာပြင်ရန်လုပ်ကြသော်လည်း ဘုရင်သည် စားလာခဲ့ပြီးဖြစ်ကြောင်းတားလိုက်ပြီး အနားပေးလိုက်၏။
ဖှေးသည် မကောင်းဆိုး၀ါးများကို သတ်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာထဲသို့ သွားရန်ပြင်လိုက်သည်။ သို့သော်...
"ဒွီ..."
အပြာရောင်ပေါ်တယ်တစ်ခုသည် သူ၏အရှေ့တွင်ပေါ်လာကာ အထဲမှ ခက်ရှာထွက်လာခဲ့သည်။
စာချွန်လွှာရုံးသည် သတင်းအသစ်များရထားသည့်အတွက်ကြောင့် ခက်ရှာမှ လာရောက်တင်ပြခြင်းပင်။ ခက်ရှာကိုယ်တိုင်ရောက်လာသည့်အတွက်ကြောင့် အရေးကြီးကိစ္စများဖြစ်ပျက်သွားခဲ့သည့်ပုံပင်။
ပေးလိုက်သည့်စာများစွာကို ဖတ်ပြီးသည့်နောက်တွင် ဖှေး၏ အတွေးများ နက်ရှိုင်းသွားတော့၏။
အိုက်ဟိုဗင်အင်ပါယာတွင် အပြောင်းလဲများစွာဖြစ်ပေါ်ခဲ့သည်။ အိုက်ဟိုဗင်အင်ပါယာအရှင်သခင် ခရွန်ကန့်သေဆုံးသွားသည့်အတွက်ကြော့င် အိုက်ဟိုဗင်အင်ပါယာ၏ မြို့တော်တစ်ခုတည်းသာကျန်ရှိတော့သည်။ အိုက်ဟိုဗင်အင်ပါယာသည် စပါတပ်အင်ပါယာကဲ့သို့ပင် အသိမ်းပိုက်ခံရတော့မည်ဖြစ်သည်။ သို့သော် မင်းသားအာရှဗင်သည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ ပြန်သွားသည့်အတွက်ကြောင့် အိုက်ဟိုဗင်အင်ပါယာမှ လူများအသက်ရှူချောင်သွားခဲ့သည်ဟု ပြောရမည်ဖြစ်သည်။ လန်ဂျီဟု အမည်ရသည့် အမျိုးသမီးစစ်ရေးခေါင်းဆောင်တစ်ယောက်သည်လည်း အိုက်ဟိုဗင်အင်ပါယာထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူမသည် စိတ်ဓာတ်ကျနေသည့် အိုက်ဟိုဗင်အင်ပါယာမှ စစ်သည်များကို ဦးဆောင်ကာ ဇီးနစ်အင်ပါယာမှ စစ်သည်များကို တစ်လကြာခန့်ခုခံပေးထားခဲ့သည်။ ထို့နောက်တွင် သူမသည် ရုတ်တရက် တန်ပြန်တိုက်ခိုက်ခဲ့ပြီး အိုက်ဟိုဗင်အင်ပါယာ၏ မြို့တော်ကို ၀ိုင်းထားသည့် ဇီးနစ်အင်ပါယာပင်မတပ်ဖွဲ့ကြီးနှစ်ခုကို တိုက်ထုတ်ကာ အိုက်ဟိုဗင်အင်ပါယာ၏ အခြေအနေကို ပြန်လည်ကာ တည်ငြိမ်သွားစေသည်။
လန်ဂျီဟုအမည်ရသည့် အမျိုးသမီးစစ်ရေးခေါင်းဆောင်သည် အသက်၂၀ခန့်ရှိသော အမျိုးသမီးပျိုတစ်ယောက်ဖြစ်သည်ဟုလည်းသိရသည်။ သူမသည် အိုက်ဟိုဗင်အင်ပါယာ၏ နာမည်ကြီးစစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သော ကွန်စတာကာတာ၏ သမီးပင်။ သူမ၏ အဖေအား သတ်ခဲ့သည့်အတွက် ချမ်းဘော့ဒ်ဘုရင်ကို ပြန်လည်သတ်ဖြတ်ကာ ကလဲ့စားချေမည်ဟုလည်း အတိလင်းကြေငြာထား၏။
သို့သော် ဖှေးသည် ထိုကိစ္စကို စိုးရိမ်ခြင်းမရှိပေ။ သူ့အာ စိုးရိမ်စေသည်မှာ ဂျက်အင်ပါယာစစ်မြေပြင်တွင် ဖြစ်ပျက်နေသည့်အပြောင်းလဲများပင်။
သူသည် စစ်မြေပြင် နံပါတ်၁ခေါင်းဆောင်ရာထူးမှ ပြုတ်သွားခဲ့သည့်အတွက် အာရှဗင်၏ လူယုံတစ်ယောက်သည် သူ၏ရာထူးကို ယူထား၏။ ဖှေး၏ ကြိုးစားမှုများကြောင့် ရလာခဲ့သည့် အသီးပွင့်များဖြစ်သည့် ဂျက်အင်ပါယာမှ စစ်ရှုံးကြောင်းကြေငြာသည့် သတင်းလဲထွက်လာခဲ့သည်။
စစ်ပွဲဖိအားများမရှိတော့သည့်အတွက်ကြောင့် မင်းသားအာရှဗင်၏ လူယုံသည် စတင်၍ အာဏာပြလာတော့သည်။ အလံနှစ်စုံမြို့တော်၏ စစ်ရေးခေါင်းဆောင်ဖြစ်သည့် ရစ်ဘရီကိုလည်း ရာထူးမှ ထုတ်ပယ်ကာ ဖမ်းဆီးထား၏။ သူသည် လာဘတ်စားခြင်း၊ ပူးပေါင်းကြံစည်ခြင်း စသည့် ပြစ်မှုများဖြင့် စွပ်စွဲခံထားရကာ စစ်ခုံရုံးတွင် ထောင်ဒဏ်နှစ်ပေါင်းများစွာ ကျခံနိုင်ချေရှိနေ၏။
ထို့အပြင် အဖွဲ့၀င်တိုင်းပြည်များမှ ဖှေးနှင့်ရင်းနှီးခဲ့သော သိုင်းဆရာများဖြစ်ကြသည့် ရှိဗ်ချန်ကို၊ စင်ဒီနှင့် ရီရဲတို့ကိုလည်း စစ်မေးရန်အတွက် မြို့တော်စိန့်ပီတာစဘာ့တ်သို့ ဆင့်ခေါ်ထားခဲ့သည်။
ထိုအရာများအားလုံးသည် ဖှေးအား ရည်ရွယ်နေခြင်းပင်။