← Chapters

"အလံနှစ်စုံမြို့တော်သို့ ဦးတည်ခြင်း"

Vol. 46 Ch. 716

"အလံနှစ်စုံမြို့တော်သို့ ဦးတည်ခြင်း"

Vol. 46 Ch. 716

စာချွန်လွှာရုံးမှ တင်ပြသည့်စာများထဲတွင် တစ်ခြားအကြောင်းရာများကိုလည်း ဖော်ပြထားသည်။

ထိုအရာများထဲမှ တစ်ခုသည် ဖှေးဒဏာရီလာနန်းတော်ထဲတွင် ကယ်တင်ခဲ့သည့်အဖိုးကြီးများ၏ ဖြစ်ရပ်ပင်။ သူတို့၏ မိသားစုများ အလံနှစ်စုံမြို့တော်သို့ ရောက်လာခဲ့ပြီးသည့်နောက် အိမ်ပြန်သည့် လမ်းတွင် လျို့၀ှက်သောအဖွဲ့စည်းများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အဖိုးကြီးများထဲမှ နှစ်ယောကခန့်သည် တိုက်ပွဲများကြားထဲတွင် သေဆုံးသွားခဲ့၏။ သူတို့၏ မိသားစုများလည်း သတ်ဖြတ်ခြင်းခံလိုက်ရသည်။ တစ်ခြားလူများသည် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့သော်လည်း သူတို့ အိမ်သို့ ရောက်အောင်ပြန်နိုင်ခဲ့ကြသည်။ တစ်ချို့လူများဆိုလျှင် ဒဏ်ရာပင်ရခဲ့ခြင်းမရှိသော်လည်း တစ်ချို့လူများသည် ရတနာပစ္စည်းများနှင့် မိသားစု၀င်များ ဆုံးရှုံးခဲ့၏။

ဖှေးသက်ပြင်းချလိုက်သည်။

ရတနာပစ္စည်းများစွာရှိသော်လည်း ကာကွယ်နိုင်သည့် ခွန်အားမရှိသည့်လူသည် ဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ အဖိုကြီးများ ဒဏာရီလာနန်းတော်ထဲမှရခဲ့ကြသည့် ရတနာပစ္စည်းများသည် လအဆင့်စစ်သည်များစွာကို ပြုစုပျိုးထောင်ရန်အတွက်လုံလောက်၏။ လအဆင့်အမြင့်ဆုံးသို့ ရောက်ရှိနေသည့် စစ်သည်များဆိုလျှင် နေအဆင့်သို့ပင်ရောက်ရှိသွားနိုင်၏။

သတင်းများပြန့်သွားသည့်အချိန်တွင် သူတို့သည် လောဘကြီးသည့်လူများစွာ၏ ပစ်မှတ်များဖြစ်လာကြတော့သည်။ ဤကမ္ဘာကြီးသည် ရက်စက်ကာ မျှတမှုမရှိပေ။ ပြန်လည်တိုက်ခိုက်နိုင်သည့်စွမ်းအားမျိုးမရှိပါက တစ်ယောက်ယောက်သည် အရှင်လတ်လတ်အစားခံနိုင်အောင် ပြင်ဆင်ထားရမည်ဖြစ်သည်။

တင်ပြသည့်စာများထဲတွင် ဇီးနစ်အင်ပါယာပတ်ပတ်လည်တွင်ရှိနေသည့် အင်ပါယာများ၏ အခြေအနေများကိုလည်း ဖော်ပြထားသည်။

ဇီးနစ်အင်ပါယာသည် ပြန်လည်အင်အားကောင်းလာပြီး မဟာရန်သူဖြစ်သော စပါတပ်အင်ပါယာကို သိမ်းပိုက်ကာ အိုက်ဟိုဗင်အင်ပါယာကိုလည်း ၀ိုင်ထားနိုင်လိုက်သည့်အတွက် ဘေးနားတွင်ရှိနေကြသည့် အင်ပါယာများသည် ချက်ချင်းပင် အန္တရာယ်အရိပ်ယောင်များကို ခံစားနေရသည်။ အထူးသဖြင့် ဇီးနစ်အင်ပါယာနှင့် ရန်ညိုးရန်စများရှိနေခဲ့သည့် လီယွန်အင်ပါယာပင်။ လီယွန်အင်ပါယာသည် ဒေသတစ်ခုလုံးတွင် အရှိန်၀ါကြီးမားသည့် အင်ပါယာတစ်ခုဖြစ်သည့်အတွက်ကြောင့် ဇီးနစ်အင်ပါယာကို ၀ိုင်း၀န်းဖိနှိပ်ရန်အတွက် တစ်ခြားအင်ပါယာများနှင့်လည်း မဟာမိတ်ကြိုတင်ကာ ဖွဲ့ထားနေပြီဖြစ်သည်။

ထိုအချိန်တွင် ကြီးမားသည့် ကောလဟာလကြီးတစ်ခုလည်းရှိနေ၏။

လွန်ခဲ့သည့် တစ်လခန့်က လီယွန်အင်ပါယာမှ နံပါတ်၁မှော်ဆရာဖြစ်သည့် ဒိုမိန်းသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည်ဟူသည့်သတင်းပင်။ စွမ်းအားမြင့်သိုင်းဆ၇ာတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်ဟုလည်း တစ်ချို့လူများမှ ခန့်မှန်းထားကြသည်။ လီယွန်အင်ပါယာထဲတွင် သူတည်ဆောက်ထားခဲ့သည့် မှော်မျှော်စင်ကြီးတစ်ခုသည် ရုတ်တရက်စွမ်းအင်များကင်းမဲ့ကာ ပြိုလဲပျက်ဆီးသွားသည့်အတွက်ပင်။ မျှော်စင်၏ ပိုင်ရှင်သေဆုံးသွားသည် ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ တစ်ချို့လူများပြောကြသည်မှာ ဒိုမိန်းသည် လီယွန်အင်ပါယာအား သစ္စာဖောက်သွားခဲ့ပြီး တစ်ခြားတော်၀င်သိုင်းဆရာများ လိုက်လံသတ်ဖြတ်သည့်အတွက်ကြောင့် ပြေးနေရသည်ဟုလည်းဆိုကြသည်။

ဖှေးသည် စာချွန်လွှာရုံး၏ ထိရောက်မှုနှင့် တိကျမှုတို့ကြောင့် ကျေနပ်နေလျှက်ရှိသည်။

တည်ထောင်ပြီး တစ်နှစ်ကြာသည့်အချိန်တွင် ဖှေး မဟူရာတိုင်းပြည် မိုင်းတွင်းများမှ ကယ်တင်လာခဲ့သည့် ဇိုလာရစ်နှင့် မိုဒရစ်တို့သည် သူတို့၏ ထူးခြားသောအရည်ချင်းများကို ပြသနေကြသည်။

တစ်နှစ်အတွင်းမှာပင် အဖိုးကြီးနှင့် ကောင်လေးဟူသည့် လျို့၀ှက်သောနာမည်များသည် မြေအောက်လောကတွင်နာမည်ကြီးနေပြီးဖြစ်၏။ သူတို့သည် အဖွဲ့စည်းတစ်ခုအားကိုယ်စားပြုနေပြီး မြေအောက်သတင်းစုံစမ်းရေး လောကတွင် နာမည်ကြီးကျော်ကြားလာကြ၏။

အမှန်ပင် ဤကဲ့သို့ဖြစ်လာရခြင်းသည် ဖှေး၏ ၁၀၀ရာခိုင်နှုန်းအထောက်ပံ့များကြောင့်လည်းပါသည်။

သင်၏ ရန်သူများအကြောင်းကိုသိပါက တိုက်ပွဲများအားလုံးကို အောင်နိုင်မည်ဟူသောစကားပုံရှိသည်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်သည် ဤကဲ့သို့သော လောကထဲတွင်ရှင်သန်လိုပါက တိကျခိုင်မာသည့် သတင်းကွန်ယက်တစ်ခုရှိနေရမည်ဖြစ်သည်။ ဖှေးသည် ထိုကွန်ယက်အား ဖန်တီးရန်အတွက် ငွေကြေးများစွာကိုလည်း အသုံးပြုခဲ့သည်။ ထိုကုန်ကျသွားခဲ့သည့် ငွေကြေးများသည် တကယ်တန်းတွင် ပင်မတပ်ဖွဲ့ကြီးနှစ်ဖွဲ့ကိုပင် ၀ယ်ယူနိုင်၏။

ဖှေးတွင် အဆင့်နိမ့်မှော်တလင်းကျောက်များကို အဆင့်မြင့်မှော်တလင်းကျောက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ဟိုလာဒရစ်ကုဗတုံးသာမရှိပါက သူသည် ဤကဲ့သို့သောအဖွဲ့စည်းအား ငွေကြေးထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။ တကယ်တန်းတွင် ဇီးနစ်အင်ပါယာပင် ဤကဲ့သို့သောအဖွဲ့စည်းကို တည်ထောင်နိုင်ခြင်းရှိလိမ့်မည်မဟုတ်ပေ။

ငွေကြေးအထောက်ပံ့အပြင် ဖှေးသည် စာချွန်လွှာရုံးအားစွမ်းအားမြင့်သိုင်းဆရာများ၊ စစ်သည်များဖြင့်လည်း ထောက်ပံ့ပေးထားသည်။

သူပုန်စခန်း၏ စစ်ရေးခေါင်းဆောင်ဖြစ်သူ ခက်ရှာသည် အခြေနေများကို ကိုင်တွယ်နေလျှက်ရှိပြီး မြေအောက်လောကတွင်လည်း နာမည်ရလာနေလျှက်ရှိသည်။ ဤအခိုက်တန့်တွင် သူမသည် ထိုလောကထဲတွင်ရှိသည့်အဆင့်မြင့်သိုင်းဆရာအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်နေ၏။ ထို့အပြင် ဖှေး သိုင်းပညာတောင်တန်းမှ ရရှိခဲ့သည့် ဆရာခါဆစ်၏ ပညာသင်တပည့်များကိုလည်း စာချွန်လွှာရုံးတွင် တာ၀န်ထမ်းဆောင်စေလျှက်ရှိသည်။ သူတို့သည် အင်ပါယာများစွာသို့ ကိုယ်တိုင်သွားရောက်ကာ သတင်းများစုံစမ်းပေးနေလျှက်ရှိကြသည်။ သူတို့သည်လည်း အဖွဲ့စည်း၏ သော့ချက်ပင်။

လက်ရှိတွင် စာချွန်လွှာရုံးသည် ဖှေး၏ တတိယမျက်လုံးကဲ့သို့ပင်ဖြစ်နေပြီး ဘုရင်အား ချမ်းဘော့ဒ်တိုင်းပြည်၏ ကီလိုမီတာငါးသိန်းခန့်တွင်ဖြစ်ပျက်နေသည့်လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်အောင် ကူညီပေးနေလျှက်ရှိသည်။

ဇီးနစ်အင်ပါယာ တော်၀င်မိသားစုတွင်လည်း ဤကဲ့သို့သော သတင်းအချက်လက်ကွန်ယက်တစ်ခုရှိနေမရှိနေသည်ကို ဖှေးသေချာမသိသော်လည်း ဇီးနစ်အင်ပါယာ၏ ကီလိုမီတာငါးသိန်းပတ်ပတ်လည်တွင် စာချွန်လွှာရုံးအား ယှဥ်နိုင်သည့် စုံစမ်းရေးအဖွဲ့စည်းရှိနေမည်မဟုတ်ကြောင်းသေချာသိနေ၏။

သူတို့သည် ချမ်းဘော့ဒ်အတွက် မမြင်နိုင်သော်လည်း ခိုင်မာသည့် ခံတပ်နံရံတစ်ခုကို ဖွဲ့စည်းထားပေးနေလျှက်ရှိသည်။

စာများကို ဖတ်ပြီးသည့်နောက်တွင် ဖှေးစဥ်းစားကာ အဖိုးကြီးနှင့် ကောင်လေးတို့အတွက် စာတစ်စောင်ကိုလည်းရေးပေးလိုက်သည်။ ထိုစာများထဲတွင် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထား၏။

စကားနည်းသည့် ခက်ရှာသည် စာကိုယူလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပေါ်တယ်အတွင်းသို့ ၀င်ရန်ပြင်လိုက်သည်။

"အော်ဟုတ်သားပဲ။ နောက်၁၃ရက်လောက်ကြာရင် ကျင်းပတော့မယ့် လက်ထပ်ပွဲကို ခင်ဗျားလာနိုင်မယ်မလား..." ဖှေးသည် အနီရောင်မှော်ဖိတ်စာကတ်တစ်ခုကို ခက်ရှာအား ကမ်းပေးလိုက်ပြီးမေးလိုက်သည်။

"ကျွန်မအချိန်ရရင်လာခဲ့ပါ့မယ်..." ခက်ရှာသည် ပြန်လှည့်မကြည့်ပဲ ဖိတ်စာကတ်ကို လက်ဖြင့်ဖမ်းကာ ဖြေလိုက်ပြီး ပေါ်တယ်အတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

ဖှေး ပြုံးကာ သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။

သူပုန်စခန်းမှ တခြားဇာတ်ကောင်များနှင့် နှိုင်းယှဥ်ကြည့်ပါက ခက်ရှာသည်စွမ်းအားအမြင့်မားဆုံးနှင့် စကားအနည်းဆုံးလူတစ်ယောက်ပင်။ သူမသည် အကျင့်အတိုင်းစကားနည်းသည့်လူတစ်ယောက်ဖြစ်ပြီး ဘုရင်အား ရိုင်းပြနေခြင်းမဟုတ်ပေ။

တကယ်တန်းတွင် သူမသည် သစ္စာရှိကာ အားကိုးရသည့်လူတစ်ယောက်ပင်။

အယ်လီနာသည် သူမ၏ ဂုဏ်အယူရဆုံးတပည့်တစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ငယ်စဥ်ကတည်းက သင်ကြားပေးခဲ့သူဖြစ်သည်။

ခက်ရှာသည် အယ်လီနာအား မှော်ဆန်သည့် လေးအတတ်ကိုလည်း သင်ကြားပေးခဲ့သည်။ သူတို့နှစ်ယောက်ကြားထဲတွင်ရှိနေသည့် ဆက်ဆံရေးသည့် အမေနှင့်သမီးကဲ့သို့ပင်။

ခက်ရှာ၏ အဖြေသည် ရှင်းလင်းခြင်းမရှိသော်လည်း သူပုန်စခန်းမှ စွမ်းအားအမြင့်ဆုံးသိုင်းဆရာတစ်ယောက်ဖြစ်သည့် ခက်ရှာသည်လည်း သေချာပေါက်လာရောက်မည်ဖြစ်ကြောင်းကို သိလိုက်သည်။

ခက်ရှာထွက်သွားပြီးသည့်နောက်တွင် ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်သို့ တက်ကာတွေးလိုက်သည်။

စာချွန်လွှာရုံးမှ ရရှိခဲ့သည့် သတင်းများအရ ဖှေးသည် အလွန်ထူးဆန်းပြီး လျို့၀ှက်သည့်အရာတစ်ခုကို အာရုံခံလိုက်မိသည်။

လွန်ခဲ့သည့် တစ်လခန့်က အင်ပါယာအရှင်သခင်ယရှင်းသည် ဒဏာရီလာနန်းတော်၏ ဗဟိုချက်သို့ ရောက်လာခဲ့သည်။ သူသည် စိုးမိုးနိုင်သည့် အရှိန်၀ါများကို ပြသခဲ့ပြီးနေအဆင့်သခင်တစ်ယောက်ဖြစ်သည့် ဒိုမိန်းကိုပင် လွယ်ကူစွာအနိုင်ယူနိုင်ခဲ့သည်။ ထိုအရာကို မြင်တွေ့လိုက်ရသည့်လူများစွာလည်းရှိခဲ့ပြီး ထိုလူများထဲတွင် ဇီးနစ်အင်ပါယာ၏ ရန်သူဖြစ်သည့် ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာတစ်ယောက်လဲပါ၀င်သည်။

ပုံမှန်အားဖြင့်ဆိုပါက ဤထိတ်လန့်ဖွယ်သတင်းသည် နေရာတစ်၀ိုက်တွင် လျှင်မြန်စွာပြန့်နှံ့သွာသင့်သည်။ သို့သော် ထိုသတင်းသည် ထွက်ပေါ်လာခြင်းမရှိပေ။ အင်ပါယာအရှင်သခင်ယရှင်းသည် မည်သည့်အချိန်ကမှ ဒဏာရီလာနန်းတော်ထဲသို့ ရောက်မလာခဲ့သည့်အတိုင်းပင်။

လ၀က်ခန့်ကြာပြီဖြစ်သော်လည်း အင်ပါယာအရှင်သခင်ယရှင်းသည် အချိန်မရွေးသေဆုံးသွားနိုင်သည့် အဖိုးကြီးတစ်ယောက်ကဲ့သို့ ဆက်လက်ဟန်ဆောင်ထားပြီး လျို့၀ှက်ချက်ကို မည်သူမှမသိသေးပေ။

ထို့အပြင် အင်ပါယာအရှင်သခင်ယရှင်း၏ အနိုင်ယူခြင်းကိုခံလိုက်ရသည့် ဒိုမိန်းနှင့်ပတ်သက်၍လည်း တိကျမှုမရှိသည့် ကောလဟာလများသာထွက်နေလျှက်ရှိသည်။ ဤသည်မှာ ဖှေးကို ရှုပ်ထွေးစေနေလျှက်ရှိသည်။

မမြင်နိုင်သည့် လက်ကြီးတစ်စုံသည် အင်ပါယာအရှင်သခင်ယှရှင်းထွက်ပေါ်လာခဲ့သည့် သတင်းပြန့်မသွားနိုင်အောင် သဲလွန်စများဖျောက်ထားပေးသည့်အတိုင်းပင်။

ဖုံးကွယ်ထားသည့်ဖြစ်ရပ်များစွာလည်း ဖြစ်ပျက်နေလျှက်ရှိပြီး ဖှေးသည် နက်ရှိုင်းသော ပူးပေါင်းကြံစည်မှုကြီးများနှင့် စစ်ပွဲအရိပ်ယောင်များကိုလည်း အာရုံခံမိနေလျှက်ရှိသည်။

အင်ပါယာကြီးများ တစ်ခုနှင့်တစ်ခုတိုက်ခိုက်သည့် စစ်ပွဲကြီးများရှိလာနိုင်၏။

ထို့ကြောင့် ဖှေးသည် ဂျက်အင်ပါယာစစ်မြေပြင်ခေါင်းဆောင်ဟူသည့် ရာထူးကို စွန့်လွှတ်လိုက်ခြင်းပင်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်အား ဖြစ်လာတော့မည့် အရှုပ်ထွေးများထဲမှ ဆွဲထုတ်ရန်အတွက် ကြိုးစားနေခြင်းပင်။ ချမ်းဘော့ဒ်တိုင်းပြည်သည် လက်ရှိတွင် တိုးတက်လာနေသော်လည်း ဤတိုက်ပေါ်တွင် အားနည်းနေသေး၏။

ဇီးနစ်အင်ပါယာပျက်ဆီးသွားပါက ချမ်းဘော့ဒ်တိုင်းပြည်လည်း ပျက်ဆီးသွားနိုင်သော်လည်း သူသည် ချမ်းဘော့ဒ်တိုင်းပြည်အား ဇိးနစ်အင်ပါယာ၏ အသုံးချခံတစ်ခုလည်းဖြစ်စေလိုခြင်းမရှိပေ။

ဖှေးကိုယ်တိုင်ပင် ဖြစ်လာတော့မည့် အရှုပ်ထွေးများထဲမှ ရုန်းထွက်နိုင်ခြင်းမရှိပေ။

သူ၏ဆရာဖြစ်သူ အင်ပါယာကာကွယ်စောင့်ရှောက်သူခါဆစ်ကိုလည်း ဇီးနစ်အင်ပါယာအား ကာကွယ်ပေးမည်ဟု ကတိပေးထား၏။ ဤအခိုက်တန့်မှစ၍ ဖှေး၏ ခရီးလမ်းသည် အန္တရာယ်များ၊ ထောင်ချောက်များဖြင့် ပြည့်နှက်နေသည်။

ဥပမာအားဖြင့် ဖှေးသည် ယခုအချိန်တွင် အလံနှစ်စုံမြို့တော်သို့ သွားရတော့မည်ဖြစ်သည်။

ရန်သူများအား သူနှင့်အတူတိုက်ခိုက်ခဲ့သည့် ရဲဘော်များသည် အလံနှစ်စုံမြို့တော်ထဲတွင် မတရားစွပ်စွဲကာ အပြစ်ပေးခြင်းခံနေရ၏။ ထို့ကြောင့် ဖှေးရပ်ကြည့်နေ၍ မဖြစ်ပေ။

တိုးရိစ်အား ဘုရင့်နန်းတော်ဆောင်သို့ ဆင့်ခေါ်ပြီးနောက်တွင် သူ့အား အမိန့်တစ်ချို့ပေးလိုက်သည်။ ထို့နောက်တွင် ကစဥ့်ကလျားခြင်းပုလ္လင်အား သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်ပြီး သူ၏ ငွေရောင်အတောင်ပံများကို ဖြန့်ကာ အလံနှစ်စုံမြို့တော်ထံသို့ အလင်းတန်းတစ်ခုလိုပင် ပျံသန်းလာခဲ့တော့သည်။

All Chapters