← Chapters

"သည်းခံစရာမလိုတော့ဘူး"

Vol. 46 Ch. 718

"သည်းခံစရာမလိုတော့ဘူး"

Vol. 46 Ch. 718

"ဒါပေမယ့် အဲ့လိုလုပ်မယ်ဆိုရင် မစ်စတာအလတ်ဇန္ဒားအတွက် ဒုက္ခပေးသလိုဖြစ်နေမှာပေါ့..." မေးခွန်းမေးသည့်ခေါင်းဆောင်သည် ဘေးပတ်ပတ်လည်သို့ ကြည့်ကာ ဆက်မေးလိုက်သည်။ "မစ်စတာ အလတ်ဇန္ဒားက သူရဲကောင်းနန်းတော်ကို ကြောက်မယ့်လူမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ ဂရုစိုက်မှရမယ်။ မင်းသားအာရှဗင်နဲ့ ဇီးနစ်အင်ပါယာမှာရှိနေတဲ့ ဆွေကြီးမျိုးကြီးတွေက အရှင်မင်းကြီးကို မတရားစွပ်စွဲဖို့ အကြောင်းပြချက်ရှာနေကြတာ။ မစ်စတာ ရစ်ဘရီကို ကယ်ပြီးတော့ သူ့စီကိုသွားမယ်ဆိုရင် အဲ့ခွေးသားတွေအတွက် အကြောင်းပြချက်ကောင်းကောင်းရသွားမှာပေါ့..."

ထိုလူပြောလိုက်သည့်အရာသည် အဓိပ္ပါယ်ရှိသည်ဟု ဆိုနိုင်၏။

တဲထဲတွင်ရှိနေသည့် လူများအားလုံးခေါင်းငြိမ့်လိုက်ကြသည်။ "မစ်စတာ ရစ်ဘရီကိုကယ်ပြီး ချမ်းဘော့ဒ်ကိုသွားမယ်ဆိုရင် ဘုရင်အလတ်ဇန္ဒားက ငါတို့ကို သေချာပေါက်လက်ခံမှာပဲ။ ဒါပေမယ့် ငါတို့ သူ့ကိုပါ ဒုက္ခရောပေးသလိုဖြစ်နေမယ်။ အရှင်မင်းကြီးကိုရော သူတို့တိုင်းပြည်တစ်ခုလုံးကိုရော ငါတို့ကြောင့် ဒုက္ခရောက်သွားစေနိုင်တယ်..."

ဂါဂို၏ မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုပေါ်လာ၏။

ခနတာ ရပ်တန့်သွားပြီးသည့်နောက်တွင် သူပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ ငါအဲ့ကိစ္စအတွက် စီစဥ်ပြီးသားပါ။ မစ်စတာရစ်ဘရီကို ကယ်ပြီးအလံနှစ်စုံမြို့တော်အပြင်ကို ထွက်သွားတာနဲ့ ငါတို့လမ်းခွဲလိုက်ကြတာပေါ့။ မင်းတို့က မစ်စတာရစ်ဘရီနဲ့အတူ ချမ်းဘော့ဒ်တိုင်းပြည်ကို သွားလိုက်။ ငါကတော့ ပါးကွပ်သားသူရဲကောင်းတွေကို ဂျက်အင်ပါယာဘက်ကို မြှားခေါ်သွားလိုက်မယ်။ သူတို့င့ါကို မှီလာပြီဆိုရင်ငါက အလောင်းနည်းနည်းလောက်ရှာပြီးတော့ သူတို့မျက်နှာတွေကို ဖျက်ဆီးပစ်မယ်။ နောက်ပြီးမင်းတို့ရဲ့အလောင်းတွေပါလို့ ညာပြောလိုက်တာပေါ့..."

တဲထဲတွင်ရှိနေသည့်လူများအားလုံး တုန်လှုပ်သွားကြသည်။

ဂါဂိုပြောလိုက်သည့်ပုံအရ သူသည် လူတိုင်းကိုကယ်တင်ရန်အတွက် မိမိကိုယ်မိမိစတေးတော့မည်ဖြစ်သည်။ သူ၏အစီစဥ်တိုင်းဖြစ်၍ သူရဲကောင်းနန်းတော်မှလူများကို အရူးလုပ်နိုင်ခဲ့စေကာမူ သူသည် ဖမ်းဆီးခြင်းခံရမည်ဖြစ်ပြီး ပြင်းထန်စွာနှိပ်စက်သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ သူရဲကောင်းနန်းတော်၏ ညှင်းပန်းနှိပ်စက်မှုကိုခံနိုင်သည့် လူသားမရှိသေးပေ။

"မဖြစ်နိုင်ဘူး ဂါဂို။ မင်းက ဉာဏ်ကောင်းပြီးတော့ လျှန်မြန်တဲ့လူပဲ။ မစ်စတာ ရစ်ဘရီကို ခင်ဗျားကိုယ်တိုင်စောင့်ရှောက်မှဖြစ်မယ်။ ကျွန်တော်တို့အဖွဲ့က ခင်ဗျားမပါပဲလုပ်နိုင်မှာမဟုတ်ဘူး။ ဟီးဟီး ကျွန်တော်သွားပြီးတော့ သူရဲကောင်းနန်းတော်က လူတွေကို အာရုံလွှဲထားလိုက်ပါမယ်။ ကျွန်တော်က အသုံးမကျတဲ့အတွက်ကြောင့် ခင်ဗျားတို့တွေကို ကယ်တင်ဖို့သေရတာက အကြံကောင်းတစ်ခုပဲ..."

"ထွီ...မင်းက ဒီအခွင့်ရေးကို င့ါစီက ယူသွားဖို့မကြံပါနဲ့။ ငါကပဲ သူတို့ကို အာရုံလွှဲထားသင့်တယ်..."

"လန်ဒို မင်းကအတော်ဆိုးတာပဲ။ ဟားဟား ဂျက်အင်ပါယာကနယ်မြေတွေကို ငါကအကျွမ်းကျင်ဆုံးပဲ။ ဒီအလုပ်က ငါနဲ့ပဲကိုက်ညီတယ်။ ဟားဟား သူရဲကောင်နန်းတော်က ခွေးသားတွေကို တူပုန်းတန်းကစားပေးလိုက်တာပေါ့.."

"ရဲရင့်သည့်ယောက်များအားလုံးသည်အပြိုင်ဆိုင်အော်ဟစ်ကာ စတေးမည့်အခွ့င်ရေးကို ရရှိရဣ်ကြိုးစားနေကြ၏။ သူတို့အားလုံး အသက်စွန့်ရမည်ကို ၀န်လေးခြင်းမရှိပေ။

ဂါဂိုကြည့်လိုက်ပြီး သူ၏ သွေးများဆူပွက်နေသလိုခံစားလိုက်ရသည်။

သူ၏ ခေါင်းထဲတွင်ပြောလိုက်မိသည်။ "မစ်စတာ ရစ်ဘရီခင်ဗျားကြားရလား။ ခင်ဗျား ဒီလိုညီအကိုတွေကို ရထားတဲ့အတွက် ဂုဏ်ယူသင့်တယ်။ သူတို့က ခင်ဗျားအတွက် သေရမှာကိုတောင် တွန့်ဆုတ်ကြတဲ့လူတွေမဟုတ်ဘူး။ သူတို့က စစ်သည်တော်အစစ်မှန်တွေနဲ့ ယောက်ျားအစစ်မှန်တွေပဲ။ သူတို့နဲ့ယှဥ်လိုက်မယ်ဆိုရင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲက ရာထူးအာဏာအတွက်ပဲတိုက်ခိုက်နေကြတဲ့ ဆွေကြီးမျိုးကြီးတွေအကုန်ုလုံးအရှက်ရသင့်တယ်..."

ဤအခိုက်တန့်တွင် ရှင်းလင်းသည့်အသံတစ်ခုကို တဲ၏အပြင်ဘက်မှ ကြားလိုက်ရသည်။ "ဟားဟား အတော်ကောင်းတဲ့အစီစဥ်ပါပဲ။ ဒါပေမယ့် မင်းတို့အကြံက အလုပ်ဖြစ်မှာမဟုတ်ဘူး။ မင်းတို့အားလုံးပဲ သေသွားလိမ့်မယ်..."

"ဘယ်သူလဲကွ..." ဂါဂိုတုန်လှုပ်သွားသည်။

"ချွင်.." သူ၏ ဓားကိုဆွဲထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ဓားမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အသံလာရာအရပ်ထံသို့ ပြေးသွားလိုက်၏။

"ချွင် ချွင် ချွင် ချွင်..."

သတ္တုခြင်းပွတ်တိုက်သည့်အသံများစွာထွက်ပေါ်လာခဲ့သည်။

တဲထဲတွင်ရှိနေသည့်လူတိုင်းသည် စစ်မြေပြင်တွင် သေခြင်းတရားကို တွေ့ကြု့ခဲ့ဖူးသည့် စစ်ရေးခေါင်းဆောင်များဖြစ်သောကြောင့် သူတို့အားလုံးသည် အတွေ့ကြုံရှိကြ၏။ ထို့ကြော့င် တစ်ချိန်တည်းမှာပင် အတူတကွတုန့်ပြန်လိုက်မိကြသည်။

ဤအစည်း၀ေးမစခင်က သူတို့သည် ကျွမ်းကျင်စစ်သည်များကို တဲပတ်ပတ်လည်တွင် အစောင့်ချထားခဲ့သည်။ သို့သော် ဤအမည်မသိလူသည် တဲအနီးသို့ ချည်းကပ်လာနိုင်ခဲ့သောကြောင့် သူသည်စွမ်းအားအလွန်မြင့်မားသည်မှာ ထင်ရှားနေ၏။

ဤအသံသည် ရင်းနှီးသလိုခံစားနေရသော်လည်း အရေးကြီးကိစ္စဖြစ်သည့်အတွက်ကြော့င် ဤလူကို လက်ရှိတွင် ဖမ်းဆီးလိုက်ခြင်းကသာလျှင်အကောင်းဆုံးဖြစ်သည့်အတွက်ပင်။ သူတို့သည် အလွန်အရေးကြီးသည့် အင်ပါယာအား ပုန်ကန်ခြင်းဖြင့်ပင် ဆက်နွယ်နေသည့် ကိစ္စကို ဆွေးနွေးနေခြင်းဖြစ်သောကြောင့် ဤသတင်းပြန့်သွားပါက ဖြစ်ရပ်ဆိုးများထွက်ပေါ်လာနိုင်သောကြောင့်ပင်။

သို့သော် သူတို့ တဲအပြင်သို့ ပြေးထွက်လိုက်သည့်အချိန်တွင် ခုခံ၍မရနိုင်သည့် စွမ်းအင်အရှိန်၀ါတစ်ခုကို ခံစားလိုက်ရ၏။ သူတို့ မည်မျှပင်ခုခံစေကာမူ အရှေ့သို့ ဆက်သွားနိုင်ခြင်းမရှိပဲဖြစ်နေ၏။

သူတို့အားလုံဂ တုန်လှုပ်သွား၏။ ဤလျို့၀ှက်သည့်သိုင်းဆရာကို မယှဥ်နိုင်သည်အား သိသွားသည့်အတွက်ပင်။

"ခင်ဗျားတို့တွေ ကျွန်တော့ကို ခုနကမှကောင်းကြောင်းပြောနေတာ။ အခုပြန်လဲတွေ့ရော ကျွန်တော့ကို ဓားနဲ့ရွယ်ဖို့လုပ်နေကြတာလား..." လရောင်အောက်တွင် လူတစ်ယောက်၏ ပုံရိပ်ကိုမြင်လိုက်ရသည်။

မျက်နှာပေါ်တွင် အပြုံးခုတစ်ခုနှင့် သူ၏ ပုံရိပ်သည် ထူးခြားကာ တုနှိုင်း၍မရပေ။

လူတိုင်းအံ့သြသွား၏။

တစ်ချို့လူများဆိုလျှင် သူတို့၏ မျက်လုံးများကို ပွတ်သပ်ကာ မြင်နေသည့်အရာများကို မယုံနိုင်ဖြစ်နေကြသည်။

"ဘုရင်...ဘုရင်အလတ်ဇန္ဒားပါလား..."

စက္ကန့်အနည်းငယ်ကြာသည့်အချိန်တွင် သူတို့အားလုံးအမြင်မှားနေခြင်းမဟုတ်သည်ကို သိလာရ၏။ သူတို့အားလုံး စိတ်လှုပ်ရှားလာကာ သူတို့၏ စိုးရိမ်မှုများနှင့် အကြောက်တရားများ မရှိတော့ချေ။ ရောက်လာသည့်လူသည် သူတို့အား ကူညီပြီး မစ်စတာ ရစ်ဘရီအား ကယ်တင်ပေးတော့မည်ကို သိသောကြောင့်ပင်။ ထို့အပြင် ဤလူတစ်ခုခုကို ဆောင်ရွက်လိုပါက ဖြစ်အောင်လုပ်တတ်သည်ကို သိသောကြောင့်ပင်။ ဤလူအား ရပ်တန့်နိုင်သည့်အရာကို သူတို့အားလုံးမမြင်ဖူးသေးသည့်အတွက်ပင်။

"ခေါင်းဆောင်ကြီး..." ဂါဂိုနှင့် တစ်ခြား ခေါင်းဆောင်များသည် ဒူးတစ်ဖက်ထောက်ကာ နှုတ်ဆက်လိုက်ကြသည်။

ဖှေးသည် ၀ံပုလွေတပ်ဖွဲ့၏ပင်မစစ်ရေးခေါင်းဆောင်ဖြစ်ပြီး ဂျက်အင်ပါယာစစ်မြေပြင်၏ နံပါတ်၁ခေါင်းဆောင်ပင်။ ထို့ကြောင့် သူသည် ဤနေရာတွင်ရှိနေသည့်လူများအားလုံး၏ ဆရာကြီးဖြစ်သောကြောင့် သူတို့သည် သူ့အား ခေါင်းဆောင်ကြီးဟုခေါ်ရသည်ကို အကျင့်ပါနေကြခြင်းပင်။

"ထပါ ထပါ..." ဖှေးသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မမြင်နိင်သည့်စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး လူများကို မြေပြင်ပေါ်မှ ထူပေးလိုက်သည်။

သူမေးလိုက်သည်။ "ခင်ဗျားတို့တွေ ပြေနေကြတာကို ကျွန်တော်ကြားပါတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော့ကို အသေးစိတ်ပြောပြစမ်းပါဦး ဂါဂို..."

"ဟုတ်ကဲ့ပါ..." ဂါဂိုသည် ပြန်ဖြေလိုက်ပြီး ဖှေးအား ဖြစ်ရပ်အားလုံးပြောပြလိုက်တော့သည်။

ဖှေး အလံနှစ်စုံမြို့တော်မှ ပြန်သွားပြီးသည့်နောက်တွင် အင်ပါယာစစ်ဌာနချုပ်မှ အထူးသံတမန်တစ်ယောက်ဖြစ်သလို မင်းသားအာရှဗင်၏ လူယုံတစ်ယောက်ဖြစ်သည့် မတ်၀ပ်ဆန်ဆိုသူရောက်လာကာ "သန့်ရှင်းရေး" လုပ်ငန်းစဥ်ကြီးကို စတင်ခဲ့သည်။ ပထမပိုင်းတွင် ဖှေးနှင့်ရင်းနှီးခဲ့သည့်ခေါင်းဆောင်များကို အစည်း၀ေးခေါ်ခဲ့သည်။ သူသည် ထိုခေါင်းဆောင်များကို ချမ်းဘော့ဒ်ဘုရင်၏ မကောင်းကြောင်းများကို ပြောခဲ့သည်။ ချမ်းဘော့ဒ်ဘုရင်သည် မကောင်းသည့်လူတစ်ယောက်ဖြစ်ကြောင်း၊ ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကို ဇီးနစ်အင်ပါယာကို ကျော်လွန်၍ ချဲ့ထွင်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ချမ်းဘော့ဒ်ဘုရင်သည် သစ္စာဖောက်ရန်အတွက် ကြံစည်နေခြင်းဖြစ်ကြောင်း စသည်တို့ကိုပင်။ သို့သော် ဖှေးသည် အလံနှစ်စုံမြို့တော်ထဲတွင် အရှိန်၀ါကြီးမားပြီး လူချစ်လူခင်များခဲ့သောကြောင့် မတ်၀ပ်ဆန်၏ အစီစဥ်သည် အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူသည် ဒေါသဖြစ်သွားပြီး အလံနှစ်စုံမြို့တော်၏ တပ်ဖွဲ့များကို အင်ပါယာတပ်ဖွဲ့များနှင့်၀ိုင်းကာ စတင်၍ ဖိနှိပ်သတ်ဖြတ်တော့သည်။

ဂါဂိုသည် စကားပြောကောင်းသူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဖှေးအား ဖြစ်ပျက်သမျှကို တိတိကျကျအလျှင်မြန်ရှင်းပြလိုက်သည်။

"အော် ဒါဆိုခင်ဗျားပြောတာက မြို့တော်ဆိုရိုယော့ခ်နဲ့ တစ်ခြားဆွေကြီးမျိုးကြီးတွေက ငါမရှိတော့ အရင်လိုပြန်ဖြစ်သွားပြီးတော့ အကျင့်ပျက်ခြစားတဲ့လူတွေပြန်ဖြစ်သွားကြတာပေါ့။ အဲ့ကောင်တွေက မြို့တော်ကို ကာကွယ်ပေးခဲ့တဲ့ ခေါင်းဆောင်သူရဲကောင်းတွေကို မတရားစွပ်စွဲနေကြတယ်ပေါ့..." ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

"ဟုတ်ပါတယ် ဆာ။ အရှင်အရင်ကလိုသာ ပြန်လုပ်ခဲ့မယ်ဆိုရင် အဲ့ခွေးသားတွေကို ဒီတစ်ခါ အရင်မထားပါနဲ့တော့..." ဆိုရိုယော့ခ်အကြောင်းကို ပြောသည့်အချိန်တွင် ခေါင်းဆောင်များအားလုံး ဒေါသဖြစ်လာကြ၏။

"ရစ်ဘရီကို လွန်ခဲ့တဲ့သုံးရက်လောက်က မတ်၀ပ်ဆန်ဆိုတဲ့ကောင်ဖမ်းသွားတာ မင်းတို့တွေ ဘာတွဖြစ်နေလဲဆိုတာကို မသိကြဘူးလား..." ဖှေးသည် ကြီးမားသည့် ပူးပေါင်းကြံစည်မှုကြီးတစ်ခုကို အာရုံခံလိုက်မိသည်။

"ဟုတ်တယ်ဆရာ မစ်စတာ ရစ်ဘရီရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ၂၀ကိုလည်း ဖမ်းခေါ်သွားခဲ့ပါတယ်..." ဂါဂိုဖြေလိုက်သည်။

ဖှေးခေါင်းငြိမ့်ကာ ခနတာ စဥ်းစားလိုက်ပြီးမေးလိုက်သည်။ "အပြင်မှာ ကြိုးပေးသတ်ခံထားရတဲ့ ငါတို့ရဲ့ သူရဲကောင်းစစ်သည်တော်တွေကရော မစ်စတာ ရစ်ဘရီအကြောင်း စုံစမ်းချင်လို့ အပြင်ကို ခိုးထွက်ခဲ့လို အသတ်ခံရတာပေါ့..."

"ဟုတ်ပါတယ် ဆာ..." ဂါဂိုသည် ၀မ်းနည်းသည့်အမူယာတစ်ခုနှင့်အတူ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်...ဒါပေမယ့် ဒီခွေးသားတွေကို မတားနိုင်ခဲ့ဘူး...ကျွန်တော်တို့ ညီအကိုတွေ မတရားအသတ်ခံခဲ့ရတာကို ဒီတိုင်းထိုင်ကြည့်နေခဲ့ရပါတယ်..."

ဤလိမ္မာ ပါးနပ်သည့်ခေါင်းဆောင်သည် ကလေးတစ်ယောက်ကဲ့သို့ စတင်ငိုကြွေးတော့သည်။

အခိုက်တန့်တစ်ခုကြာခန့် နေရာတစ်၀ိုက်တွင်ရှိသည့် ခေါင်းဆောင်များသည်လည်း မျက်ရည်များစို့လာခဲ့ကြ၏။

ဖှေးသည် ဂါဂို၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ဖြေးညှင်းစွာပြောလိုက်သည်။ "မင်းတို့ကောင်တွေအကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ရစ်ဘရီမရှိခင်တုန်းက ခင်ဗျားဒီတပ်ဖွဲ့ကို အကောင်းဆုံးအုပ်ချုပ်ပြီးတော့ ကယ်တင်ခဲ့တာပဲ။ သူတို့က စခန်းအပြင်မှာ သိုင်းဆရာတွေကို နေရာချထားတယ်။ မင်းတို့ တခုခုအမှားလုပ်တာနဲ့ သတ်ဖို့စောင့်နေကြတာပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ငါတို့ ဆက်ပြီးတော့ သည်းခံစရာမလိုတော့ဘူး။ တစ်ယောက်ယောက် အချက်ပေးခရာကို မှုတ်လိုက်တော့။ တပ်ဖွဲ့တွေပြင်ထားကြ။ ငါ့ရဲ့ ဘုရင်အလံကို မြှောက်တင်လိုက်။ ဂိတ်တံခါးကိုဖွင့် သူရဲကောင်းသင်္ဂြလ်တဲ့ ဂီတကို တီးခတ်လိုက်။ ငါတို့ရဲ့ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအလောင်းတွေကို အလေးစားဆုံးနည်းလမ်းနဲ့ သင်္ဂြလ်ပေးရမယ်။ ပြီးကျရင် ငါတို့သူတို့အတွက် လက်စားချေပေးမယ်။ ငါတို့ကို လာတားတဲ့လူတွေအကုန်လုံးကို သတ်ပစ်လိုက်။ ငါ ချမ်းဘော့ဒ်ဘုရင်က အရာအားလုံးကို တာ၀န်ခံပေးသွားမယ်..."

ဖှေး၏ မိန့်ခွန်းသည် ခိုင်မာပြတ်သားသည်။ ကောင်းကင်ပေါ်တွင် ဟိန်းရံနေ၏။

ခနတာခန့်တုန်လှုပ်သွားပြီးသည့်နောက်တွင် ခေါင်းဆောင်များအားလုံး၏သွေးများဆူပွက်လာကြ၏။ သူတို့ လွန်ခဲ့သည့် လ၀က်လုံးတွင် ထိန်းချုပ်ထားခဲ့ရသည့် ဒေါသများနှင့် အညိုးတရားများကို ဖွင့်ချလိုက်ကြသည်။ သူတို့သည် ဖှေးအား အလေးပြုလိုက်ကြပြီး ကျယ်လောင်စွာပြန်ဖြေလိုက်ကြသည်။ "ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး..."

မကြာမှီတွင် ကျွဲချိုမှုတ်သံများထွက်ပေါ်လာ၏။

ဆင့်ခေါ်သည့်အချက်ပေးသံကို ကြားလိုက်ရသည့်အချိန်တွင် မျက်လုံးများနီရဲနေပြီး ညအချိန်တိုင်အောင် ချပ်၀တ်များကို ၀တ်ဆင်ထားဆဲဖြစ်သည့် အလံနှစ်စုံမြို့တော်မှ မြို့ခံစစ်သည်များသည် ပြေးထွက်လာကြ၏။

သူတို့ တဲအပြင်သို့ ရောက်လျှင်ရောက်ခြင်းပင် လွှင့်ထူထားသည့်အလံတိုင်ကို မြင်လိုက်ရ၏။

"အမြန် ကြည့်ကြစမ်း ဒီအလံက မစ်စတာ အလတ်ဇန္ဒားအုပ်ချုပ်ခဲ့တုန်းက တိုက်ပွဲအလံပဲ..."

"အာ ကောင်းတယ် ဘုရင်အလတ်ဇန္ဒားပြန်ရောက်လာပြီလား ငါတို့အတွက် တရားမျှတအောင်လုပ်ပေးမယ့်လူပြန်ရောက်လာခဲ့ပြီပေါ့..."

သောင်းနှင့်ချီသည့် မြို့ခံစစ်သည်များသည် စခန်း၏ အလယ်သို့ ပြေးလာကြ၏။ လူတိုင်းသည် အလံ၏ အောက်တွင်ရပ်နေသည့်လူကို ကြည့်နေကြ၏။ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် မြောက်ပိုင်းတွင်ရှိနေသည့် ဂျက်အင်ပါယာမှ ရန်သူများကို ဦးဆောင်တိုက်ခိုက်ခဲ့သူပင်။

ဤအခိုက်တန့်တွင် သူတို့အားလုံး စိတ်အေးသွားကြ၏။

စစ်သည်များ၏ ယုံကြည်ချက်သည်လည်း ကောင်းကင်သို့ ရောက်လောက်သည်အထိပင် မြင့်တက်သွားတော့၏။

......

စခန်း၏ အပြင်တွင်ဖြစ်သည်။

"ဘာတွေဖြစ်ကုန်တာပဲ ဒီအလံနှစ်စုံမြို့တော်က ကောင်တွေက အချက်ပေးခရာမှုတ်ပြီးတော့ မစ်စတာ မတ်၀ပ်ဆန်ရဲ့ အမိန့်မပါပဲ အလံလွှင့်ရဲကြတယ်ပေါ့။ သေစမ်း ဒီကောင်တွေက စစ်သည်တွကိုတောင်စု၀ေးနေတာပဲ။ ဘယ်ကောင်အမိန့်ပေးတာလဲ စုံစမ်းပြီးတော့ အဲ့ကောင်ကို အရေခွံနွှာပစ်ကြစမ်း..."

ဤအခိုက်တန့် တွင် စခန်းအတွင်းမှ မြို့ခံစစ်သည်များ၏ အော်ဟစ်အားပေးသံများကိုလည်း ကြားနေရသည်။

"ဆာ ဆာ သတင်းဆိုးပဲ။ မြို့ခံစစ်သည်တွေက ပုန်ကန်ဖို့လုပ်နေကြတဲ့ပုံပဲ။ ဒီကောင်တွေက အမိန့်မနာခံကြတော့ဘူး။ တဲတွေထဲကနေပြေးထွက်လာပြီး ကွပ်မျက်ထားတဲ့ စစ်သည်အလောင်းတွေကိုလည်း ပြန်ယူနေကြတယ်..." ကင်းထောက်တစ်ယောက်ရောက်လာကာ စိုးရိမ်စွာဖြင့် သတင်းပေးလိုက်သည်။

"ဟားဟားဟား ဒီကောင်တွေကများ ပုန်ကန်ရဲတယ်ပေါ့။ ဒီကောင်တွေ သေကြောင်းကြံနေကြတာပဲ။ မစ်စတာ မတ်၀ပ်ဆန်က ဒီလိုဖြစ်လာမှာကို ကြိုတွက်ပြီးသားပါ။ ဒီကောင်တွေ စလှုပ်ရှားတာနဲ့ ငါတို့ကို အကုန်သတ်ပစ်ဖို့အမိန့်ပေးထားတယ်။ ဟားဟား ဒါက ငါအစွမ်းပြဖို့ အချိန်ကောင်းပဲ။ ငါ့အမိန့်ကို ပြောလိုက်ကြ။၊ စစ်သည်တွေအားလုံး သတိထားနေကြ။ မင်းက သူရဲကောင်းနန်းတော်က သိုင်းဆရာတွေကို သွားခေါ်လိုက်။ ဘယ်လိုကောင်က သစ္စာဖောက်ရဲတာလဲဆိုတာကို ငါကြည့်ရမယ့်..." ထိုခေါင်းဆောင်မှ အမိန့်ပေးလိုက်သည်။

သူသည် စိုးရိမ်နေခြင်းမရှိပဲ စိတ်လှုပ်ရှားနေ၏။ သူသည် ဤအခိုက်တန့်ကို စောင့်နေခြင်းပင်။ သူ၏ တပ်ဖွဲ့၏အင်အားအပေါ်တွင်လည်း ယုံကြည်ချက်ရှိနေ၏

All Chapters