← Chapters

"ဆယ်စက္က့န်သာ"

Vol. 46 Ch. 719

"ဆယ်စက္က့န်သာ"

Vol. 46 Ch. 719

မြို့ခံတပ်ဖွဲ့အား ၀ိုင်းထားပြီး ပုန်ကန်လာအောင် ဖိနှိပ်အနိုင်ကျင့်ခြင်းသည် ကြိုတင်ကာ စီစဥ်ထားခဲ့သည့် အကြံစည်တစ်ခုပင်။

ဤအမဲရောင်ချပ်၀တ် ၀တ်ဆင်ထားသည့် ခေါင်းဆောင်သည် ၀ီလီယံဟု အမည်ရပြီး သူသည် မင်းသားအာရှဗင်၏ သွေးသံမဏိတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ပင်။ သူသည် ရက်အနည်းငယ်ကြိုဆင်၍ စီစဥ်ထားခဲ့ပြီး မြို့ခံစစ်သည်များကို အနိုင်ကျင့်ကာ ပုန်ကန်လာခဲ့ပါက သစ္စာဖောက်မှုဖြင့် စွပ်စွဲသတ်ဖြတန်ရန်စီစဥ်ထား၏။

ထို့ကြောင့် မြို့ခံတပ်ဖွဲ့၏ စခန်းအတွင်းမှ အုံကြွလာသည့်အသံများကို ကြားလိုက်ရသည့်အချိန်တွင် သူသည် စိတ်လှုပ်ရှားလာကာ ကင်းထောက်အား စေလွှတ်၍ သူရဲကောင်းနန်းတော်မှ သိုင်းဆရာများကို ဆင့်ခေါ်လိုက်ခြင်းပင်။ တစ်ဖက်တွင် သူနှင့် အစောင့်စစ်သည်များသည် မြို့ခံတပ်ဖွဲ့၏ စခန်းထံသို့ ချီတပ်သွားကြ၏။

ဤအခိုက်တန့်တွင် ဂိတ်တံခါးအရှေ့တွင်ရှိသည့် အခြေအနေသည် တင်းမာလာနေပြီဖြစ်သည်။

အမဲရောင်ချပ်၀တ်များကို ၀တ်ဆင်ထားရင်းဖြင့် ဇီးနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးများထဲမှ တစ်ခုဖြစ်သည့် မိုးကြိုးအရှင်သခင်တပ်ဖွဲ့သည် အဆင်သင့်နေရာယူထားပြီးပြီဖြစ်သည်။ သူတို့၏ အမူယာများသည် အေးစက်နေပြီး ကိုင်ဆောင်ထားသည့် လှံရှည်များသည် အ၀ေးမှကြည့်ပါက သံမဏိသစ်တောကြီးများလိုပင်။ အေးစက်သည့် လရောင်ကို ရောင်ပြန်ဟပ်နေလျှက်ရှိသည်။ ထိုစစ်သည်တပ်ဖွဲ့များ၏အနောက်တွင် လေးသည်တော်များလည်း အဆင်သင့်စောင့်နေကြသည်။ လေးကြိုးများကို အသင့်ပြင်ထားကြပြီး အမိန့်ရသည်နှင့်တပြိုင်နက် အညှာတာကင်းမဲ့စွာစတင်၍ ပစ်လွှတ်ကြတော့မည်ဖြစ်သည်။

မိုးကြိုးသခင်တပ်ဖွဲ့သည် ဇီးနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးဆယ်ခုထဲမှတစ်ခုဖြစ်ပြီး မင်းသားအာရှဗင်ထိန်းချုပ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့လေးခုထဲမှ တစ်ခုပင်။

ထိုတပ်ဖွဲ့အား အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်စွမ်းအားအမြင့်မားဆုံးအချိန်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူစရာကောင်းသည့် နောက်ခံသမိုင်းကြောင်းတစ်ခုရှိနေ၏။ ထို့အပြင် စပါတပ်အင်ပါယာ စစ်မြေပြင် ရှေ့တန်းမှ ပြန်ရောက်လာခဲ့ခြင်ဖြစ်သည့်အတွက်ကြောင့် တိုက်ပွဲအတွေ့ကြုံများစွာလည်း ရရှိထား၏။

မိုးကြိုးသခင်တပ်ဖွဲ့ထဲတွင်ရှိနေသည့် စစ်သည်များအားလုံးသည် အမဲရောင်ချပ်၀တ်များကို ၀တ်ဆင်ထားကြသည်။ တပ်စိတ်တစ်ခုခြင်းစီတိုင်းတွင် စစ်သည်၁၀၀ခန့်ပါပြီး ထိုတပ်စိတ်ထဲတွင် ကာကွယ်ကုသပေးနိုင်သည့် မှော်ဆရာတစ်ယောက်လည်းပါနေသေး၏။ ထို့ကြော့င် ဤစစ်သည်များသည် အလံနှစ်စုံမြို့တော် မြို့ခံတပ်ဖွဲ့များထက်များစွာသာလွန်နေသလိုပင်။

အမိန့်များပေးပြီးသည့်နောက်တွင် သူတို့သည် မြို့ခံတပ်ဖွဲ့၏ စခန်းဂိတ်တံခါးအရှေ့မှ ပိတ်လိုက်ကြပြီး မြို့ခံစစ်သည်များကို အလောင်းများပြန်မယူနိုင်အောင် တားဆီးလိုက်ကြသည်။

ဤပင်မတပ်ဖွဲ့ထဲတွင်ရှိနေသည့် စစ်သည်များသည် ညီညာစွာလှုပ်ရှားပြီး သူတို့၏ မျက်နှာအသွင်ပြင်များသည် လူသတ်ယန္ဒယားများကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်နေကြ၏။

တစ်ဖက်တွင် မြို့ခံတပ်ဖွဲ့မှစစ်သည်များသည်လည်း စခန်းအတွင်းမျ ပြေးထွက်လာနေလျှက်ရှိသည်။

သူတို့သည် ဂျက်အင်ပါယာမှ ရန်သူများနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက်ကြောင့် စုတ်ပြတ်နေသည့် ချပ်၀တ်များကို ၀တ်ဆင်ထားဆဲဖြစ်ပြီး သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသည့် လက်နက်များသည် စစ်ပွဲအားဖြတ်သန်းခဲ့ရသဖြင့် ပဲ့ရွဲ့နေ၏။ ရန်သူများကို ခုခံပေးခဲ့သည့် သူရဲကောင်းများဖြစ်သော်လည်း သူတို့အား လက်နက်ချပ်၀တ်အသစ်များ တပ်ဆင်ပေးထားခြင်းမရှိပေ။

မိုးကြိုးသခင်တပ်ဖွဲ့မှစစ်သည်များနှင့် ရင်ဆိုင်နေရသော်လည်း မြို့ခံတပ်ဖွဲ့မှစစ်သည်များသည် သူတို့၏အကြောက်တရားကို ပြသခြင်းမရှိပေ။ သူတို့၏မျက်နှာပေါ်တွင် ၀မ်းနည်းကြေကွဲကာ ဒေါသဖြစ်နေသည့်အမူယာများဖြင့် စခန်းအတွင်းမှ ပြေးထွက်လာနေလျှက်ရှိသည်။

သူတို့သည် စခန်းအပြင်တွင်ရှိနေသည့် သစ်သားတိုင်များစီသို့ ပြေးလာနေကြခြင်းပင်။ ထိုသစ်သားတိုင်များပေါ်တွင် သူတို့၏ ညီအကိုများကို ကြိုးဆွဲချကာ သတ်ဖြတ်ထား၏။ ထိုအလောင်းများသည် အေးစက်သည့်လေညှင်းနှင့်အတူ ၀ှေ့ရမ်းနေပြီး မျက်လုံးများပွင့်လျှက်သေဆုံးနေကြ၏။

သူရဲကောင်းအစစ်မှန်များသည် ဤကဲ့သို့ဆက်ဆံခြင်းခံခဲ့ရသဖြင့် သေဆုံးသည်အထိ မျက်လုံးမှိတ်သွားခဲ့ခြင်းမရှိပေ။

"အလံနှစ်စုံမြို့တော်က မြို့ခံစစ်သည်တွေ မင်းတို့ လက်နက်တွေကို ချပြီးတော့ အညံ့ခံလိုက်ပါ။ မင်းတို့ အခုလုပ်နေတာက သစ္စာဖောက်နေတာနဲ့အတူတူပဲ။ ရှေ့ဆက်တိုးလာမယ်ဆိုရင် နေရာမှာ တင်အသက်ခံရလိမ့်မယ်။၊ အခုလက်နက်ချလိုက်မယ်ဆိုရင် ဒီပုန်ကန်မှုအတွက် ခေါင်းဆာင်တွေကိုပဲအရေးယူမယ်။ သာမန်စစ်သည်တွေကို အပြစ်ကကင်းလွှတ်ပေးမယ်..."

အတွင်းအားစွမ်းအင်ကိုအသုံးပြုသည့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

ကျယ်လောင်သည့် မြင်းခွာသံများထွက်ပေါ်လာပြီး အမဲရောင်ချပ်၀တ်နှင့်စစ်သည်များသည် ဘေးသို့ နှစ်ခြမ်းခွဲကာ လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးလိုက်ကြသည်။ ထို့နောက်တွင် သွေးသံမဏိစခန်း၏ အဆင့်မြင့်အရာရှိချပ်၀တ်ကို ၀တ်ဆင်ထားသည့် ၀ီလီယံသည် သူ၏ အစောင့်စစ်သည်၂၀၀နှင့်အတူ အရှေ့သို့ ထွက်လာခဲ့သည်။

အခြေအနေသည် ပို၍တင်းမာလာတော့သည်။

သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနီရောင်စွမ်းအင်မီးတောက်များတောက်ပနေရင်းဖြင့် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် ၀ီလီယံသည် ညသန်းခေါင်တွင် နတ်ဆိုးတစ်ပါးကဲ့သို့ပင်။ သူသည် ပတ်၀န်းကျင်သို့ ရက်စက်ကြမ်းကြုတ်စွာ လှည့်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်တွင် ရက်စက်ကြမ်းကြုတ်သည့် အသံနေအသံထားဖြင့် ပြောလိုက်၏။ "ဟမ် စစ်သည်ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်တဲ့ သူပုန်ကောင်တွေပါလား။ မင်းသားအာရှဗင်က ဒီလိုဖြစ်လာမှာကို ကြိုတွက်ခဲ့ပြီးသားပဲ။ မင်းတို့ကောင်တွေက နောက်ဆုံးတော့ သစ္စာဖောက်ခဲ့ပြီပေါ့။ မင်းတို့ကောင်တွေက အင်ပါယာရဲ့ ပိုက်ဆံကို ဖြုန်းတီးနေကြတဲ့ ဆန်ကုန်မြေလေးတွေပဲ။ မင်းတို့ ဘာလို့ လက်နက်မချသေးတာလဲ။ မင်းတို့က ဇီးနစ်အင်ပါယာရဲ့ စစ်ပွဲနတ်ဘုရားကို ရင်ဆိုင်နိုင်မယ်ထင်နေတာလား..."

"ချွင် ချွင် ချွင်..."

၀ီလီယံ၏ အော်သံနှင့်အတူ မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များသည် သူတို့၏ ချပ်၀တ်များနှင့် လက်နက်များကို ရိုက်ခတ်လိုက်ကြသည်။ ထို့နောက်တွင် တပ်ဖွဲ့ကြီးတစ်ခုလုံးထံမှ သတ်ဖြတ်လိုသည့်အရှိန်၀ါများ ထွက်ပေါ်လာတော့၏။

၀ီလီယံ၏ မျက်နှာပေါ်တွင် ထီမမြင်သည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး သူတွေးလိုက်မိသည်။ "ဒီအသုံးမကျတဲ့ကောင်တွေက အင်ပါယာရဲ့ ပင်မတပ်ဖွဲ့ကြီးတစ်ခုကို ရင်ဆိုင်နိုင်မယ်များထင်နေတာလား။ မိုးကြိုးသခင်တပ်ဖွဲ့က စစ်သည်တွေကို မင်းသားအာရှဗင်ကိုယ်တိုင်လေ့ကျင့်ပေးထားတာ။ အရှိန်၀ါဟိတ်ဟန်တွေနဲ့တင် ဒီကောင်တွေကို အမှုန့်ခြေပစ်လို့ရမယ်..."

သို့သော် ထိုအပြုံးသည် သူ၏မျက်နှာပေါ်တွင် ရပ်တန့်သွား၏။

၀ီလီယံသည် ယုံနိုင်ဖွယ်မရှိသည့်အရာတစ်ခုကို မြင်လိုက်ရသည့်အတွက်ပင်။ သူ၏မျက်လုံးထဲတွင်အသုံးမကျသည့် အရှိန်၀ါများဟုထင်ထားခဲ့သည့် စစ်သည်များသည် မိုးကြိုးသခင်တပ်ဖွဲ့၏ ဖိအားကြောင့် ပြိုလဲသွားခြင်းမရှိပေ။ ထို့အပြင် သူတို့ထံမှ ပို၍ အားကောင်းသည့် ဖိအားတစ်ခုကိုပါ ထုတ်လွှတ်ပေးနေလျှက်ရှိ၏။ သူတို့၏ လက်နက်များကို ထုရိုက်နေခြင်းမရှိပေ။ သူတို့၏ ဒေါသဖြစ်နေသည့််မျက်လုံးများဖြင့်သာ စိုက်ကြည့်နေပြီး မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များကိုပင် အနည်းငယ်ထိတ်လန့်သွားစေ၏။

"နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့ငယ်လေးက ဒီလောက်စွမ်းအားမြင့်မားမနေသင့်ဘူး။ ဘာလို့လဲ...မဟုတ်မှလွဲရော..." ၀ီလီယံသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။ "ဒီမြို့တော်ကို မင်းသားအာရှဗင်ကိုတောင် စိုးရိမ်အောင်လုပ်နိုင်ခဲ့တဲ့လူတစ်ယောက်က အုပ်ချုပ်ခဲ့ဖူးတာပဲ။ အဲ့လူက လအနည်းငယ်အတွင်းမှာ မြို့ခံတပ်ဖွဲ့ကို ကျွမ်းကျင်တပ်ဖွဲ့ဖြစ်လာအောင် ပြောင်းလဲပေးခဲ့တာလား။ အဲ့အဖွဲ့၀င်တိုင်းပြည်ငယ်လေးက ဘုရင်က ဒီလောက်တောင်ကြောက်စရာကောင်းတာလား..."

သူတစ်စုံတစ်ခုကိုမှားယွန်းနေသည်ကို သတိထားမိလာသည့်အချိန်တွင် တွန့်ဆုတ်နေခြင်းမရှိပေ။ သူ၏ ဓားကို ထုတ်ယူ၍ အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

"၀ှစ်.."

သူ၏ မီးအတွင်းအားစွမ်းအင်ဓားသွားသည် ရှေ့သို့ ပျံသန်းသွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသည့် အရာတစ်ခုကိုပင် ထင်ကျန်သွားစေသည်။ ထိုဓားချက်သည် အုပ်စုနှစ်ခုကြားထဲတွင် မျဥ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်၏။ ထိုမျဥ်းကြောင်းပေါ်တွင် မီးတောက်များဆက်လက်လောင်ကျွမ်းနေဆဲပင်။ ထိုဓားချက်သည် သွေးသံမဏိတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ၀ီလီယံ၏ စွမ်းအားကို ပြသနေ၏။

မြို့ခံတပ်ဖွဲ့တွင် သူနှင့် ရင်ဆိုင်နိုင်သည့် စွမ်းအားရှိသည့်လူမရှိပေ။

"နားထောင်ကြစမ်း ငါloeမသားတွေ? မင်းတို့ ဒီမျဥ်းကို ကျော်လာတာနဲ့ မြှားနဲ့ပစ်အသတ်ခံရမယ်။ မင်းတို့သေသွားရင်တောင် သစ္စာဖောက်မှုနဲ့ မင်းတို့ရဲ့မိသားစု၀င်တွေရော သူငယ်ချင်းတွေကိုရော ကွပ်မျက်မယ်။ ဒီသစ်သားတိုင်တွေမှာ ရှိနေတဲ့အလောင်းတွေက မင်းတို့အတွက် ဥပမာပဲ..." ၀ီလီယံသည် သူ၏ ဓားကို ကိုင်မြှောက်ကာ အော်ဟစ်လိုက်၏။

All Chapters