အခန်း (၇၂၁)
Vol. 46 Ch. 721
"မစိုးရိမ်ပါနဲ့..." ဖှေး၏ မျက်နှာပေါ်တွင်တည်ငြိမ်သည့်အပြုံးတစ်ခုဖြင့် သူ၏လက်ကို ညှင်သာစွာ၀ှေ့ရမ်းလိုက်သည်။
ဤအခိုက်တန့်တွင် ဘုရင်အလတ်ဇန္ဒားသည် ကြိုတင်စီစဥ်ပြီးဖြစ်သည်ကို ဂါဂိုနှင့် တစ်ခြားခေါင်းဆောင်များသဘောပေါက်လိုက်ကြ၏။
တစ်ဖက်တွင် သူရဲကောင်းနန်းတော်မှ သိုင်းဆရာသုံးယောက်သည်လည်း သူတို့၏ စွမ်းအင်မီးတောက်များကို ထုတ်လွှတ်လိုက်ကြ၏။
သူတို့အားလုံးသည် ချပ်၀တ်များကို ၀တ်ဆင်ခြင်းမရှိပဲ အမဲရောင်၀တ်ရုံများကိုသာ ၀တ်ဆင်ထားကြပြီးအသက်ငါးဆယ်ခန့်ရှိသည့်ပုံပင်။ သူတို့၏ မျက်လုံးများသည် အေးစက်နေပြီး လူသားခံစားချက်မရှိကြပေ။ သူတို့သည် ပတ်၀န်းကျင်သို့ လူသားများကို သုံးသပ်နေသည့် နတ်ဘုရားများကဲ့သို့ပင်ကြည့်နေကြ၏။ သူတို့သည် အလံနှစ်စုံမြို့တော်မှ စစ်သည်များကိုကြည့်ရင်းဖြင့် သူတို့၏ မျက်လုံးများသည် ဖှေးနှင့် ဂါဂိုတို့ထံသို့ ကျရောက်သွား၏။
ဤလူနှစ်ယောက်သည် ပုန်ကန်မှုအား ဦးဆောင်သူများဖြစ်ကြောင်းကို သူတို့ချက်ချင်းသိလိုက်ကြသည်။
ဂါဂိုနှင့် တစ်ခြားခေါင်းဆောင်များသည် ကြယ်သုံးလုံး လေးလုံးခန့်အစွမ်းသာရှိသည့်အတွက်ကြောင့် သူတို့၏ မျက်လုံးထဲတွင်အားနည်းနေ၏။ ဖှေးထံမှ အတွင်းအားစွမ်းအင်နှ့င် မှော်စွမ်းအင်အရှိန်၀ါတို့ကိုလည်း အာရုံခံနိုင်ခြင်းမရှိသည့်အတွက်ကြောင့် သာမန်စစ်ရေးအကြံပေးတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
"သောက်ပိန်းတွေ အရှေ့ဆုံးမှာရရှိတဲ့ကောင်တွေ မင်းတို့အတွင်းအားစီးကြောင်းတွေနဲ့ အတွင်းအားဗဟိုချက်တွေကို ဖျက်ဆီးပစ်ပြီး ဒူးထောက်စမ်း။ ကျန်တဲ့ကောင်တွေ လက်နက်ချပြီးတော့ စခန်းထဲကို ပြန်၀င်ကြ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတို့အားလုံးကို ဒီနေရာမှာတင် သူရဲကောင်းနန်းတော်က ကွပ်မျက်အပြစ်ပေးလိမ့်မယ်။ ပြီးရင် မင်းတို့ တပ်ဖွဲ့ထဲက စစ်သည်အကုန်လုံးကိုလည်းသတ်ပစ်မယ်..." သိုင်းဆရာသုံးယောက်ထဲမှတစ်ယောက်သည် အေးစက်စွာပြောလိုက်၏။ သူသည် ပိန်ပိန်ရှည်ရှည်နှင့် သူ၏ရှည်လျားသောဆံပင်များနှ့င် ၀တ်ရုံများသည် လေတိုက်နေခြင်းမရှိသော်လည်း လက်ရှိအခိုက်တန့်တွင် လေထဲတွင် လွှင့်ပျံနေ၏။
"သူရဲကောင်းနန်းတော်"
ထိုစကားလုံးများထဲတွင် ပါ၀င်နေသည့် ဖိအားများကပင်ကြီးမားလှ၏။ ဤအဖွဲ့စည်း၏ အရှိန်၀ါသည် ငြင်းဆန်၍မရနိုင်သည့်အတွက် မြို့ခံစစ်သည်များအတွက် အသက်ရှူရန်ပင်ခက်ခဲနေ၏။
သူတို့သည် ဒေါသဖြစ်နေသည့်အတွက်ကြောင့် မိုးကြိုးသခင်တပ်ဖွဲ့မှစစ်သည်များကို အကြောက်တရားမရှိရင်ဆိုင်နိုင်ခဲ့ကြသော်လည်း အင်ပါယာထဲတွင် ကြောက်စရာအကောင်းဆုံးအဖွဲ့တစ်ခုမှ သိုင်းဆရာများနှင့် တွေ့လိုက်ရသည့်အချိန်တွင် တစ်ချို့မြို့ခံစစ်သည်များအနည်းငယ်ကြောက်လန့်လာကြ၏။
ဂါဂိုကဲ့သို့သော ခေါင်းဆောင်များပင် မျက်နှာအမူယာပြောင်းလဲကုန်ကြသည်။
"ဒီသိုင်းဆရာသုံးယောက်ရဲ့စွမ်းအားက ငါတို့ ထင်ထားတာထက်အများကြီးသာလွန်နေတယ် တကယ်လို့ ဘုရင်အလတ်ဇန္ဒားသာရောက်မလာခဲ့ဘူးဆိုရင် ငါတို့အစီစဥ်ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ငါတို့ချက်ချင်းပဲ အဖမ်းခံလိုက်ရမှာပဲ..." အထူးသံတမန် မတ်၀ပ်ဆန်နှင့် မြို့တော်၀န်ဆိုရိုယော့ခ်တို့အား လုပ်ကြံရန်ကြံနေခဲ့ကြသည့် ခေါင်းဆောင်များသည် ယခုအချိန်တွင် သူတို့၏ အစီစဥ်မည်မျှ မိုက်မဲသည်ကိုသိလာကြရ၏။
ဤအခိုက်တန့်တွင် လူများအားလုံးသည် ဖှေးကိုသာ ကြည့်နေလျှက်ရှိကြသည်။
"နံပါတ်စဥ် ထပ်ရေကြ သုံးစက္ကန့်ကျန်သေးတယ်..."
ဖှေး၏ အမိန့်သည် စစ်သည်များနှင့် ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ပြန်လည်ကာ မြှင့်တင်ပေးလိုက်သည်။ သူ၏ အသံထဲတွင် မှော်စွမ်းအင်များပါ၀င်နေသလိုပင် စစ်သည်များ၏ စိတ်ထဲတွင်ခံစားနေရသည့် အကြောက်တရာများနှင့် စိုးရိမ်မှုများသည် ချက်ချင်းပင်ပျောက်ကွယ်သွား၏။
"သုံး..." စစ်သည်များ ကြုံး၀ါးလိုက်ကြသည်။
"မင်း...ဟမ်..မင်းက ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားပဲ..." အမိန့်ပေးနေသည့် သိုင်းဆရာသည် လျစ်လျူရှုခံလိုက်ရသည့်အတွက်ကြောင့် ဒေါဖြစ်သွား၏။ သူသည် မျက်မှောင်ကြုံ့လိုက်ကာ စွမ်းအားမြင့်မားသည့် အရှိန်၀ါသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
သူသည် ချက်ချင်းပင် တစ်စုံတစ်ခုအား တွေးလိုက်မိပြီး ရယ်မောလိုက်သည်။ "ငါမင်းကို မှတ်မိသွားပြီ...မင်းက ချမ်းဘော့ဒ်ဘုရင်ပဲ။ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားပဲ ကောင်းတယ် ဟားဟား ငါကိုယ်တိုင်ချမ်းဘော့ဒ်တိုင်းပြည်ကို သွားပြီးတော့ မာနထောင်လွှားနေတဲ့မင်းလိုကောင်ကို ဆုံးမဖို့တွေးနေခဲ့တာ။ ဒါပေမယ့် မင်းကိုယ်တိုင်ရောက်လာခဲ့တာပဲ..."
ဖှေးသည် သူ့အား လုံး၀ပင်လျစ်လျူရှုထားလိုက်သည်။
"နှစ်..." အလံနှစ်စုံမြို့တော်မှစစ်သည်များသည် ဆက်လက်၍ ရေတွက်နေကြဆဲပင်။
"ငါတို့ ဘယ်သူလဲဆိုတာကို မင်းသိလား..." သူရဲကောင်းနန်းတော်မှ သိုင်းဆရာသုံးယောက်သည် ဖှေးကို မြင်လိုက်ရသည့်အချိန်တွင် စိတ်လှုပ်ရှားပျော်ရွှင်လာကြ၏။ ထိုပိန်ပိန်ရှည်ရှည်နှင့်သိုင်းဆရာသည် သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး ဆက်လက်ရယ်မောနေ၏။ "ခွေးသားလေး သူရဲကောင်းနန်းတော်ထဲမှာ ပါးကွပ်သားသူရဲကောင်းဆယ်ယောက်ပဲရှိတယ်ထင်နေတာလား။ ဟားဟား အဲ့ဆယ်ယောက်ထဲမှာ လေးယောက်က ငါ့တပည့်တွေကွ။ ငါက ဆိုပရို့ ပါးကွပ်သားသူရဲကောင်းတွေရဲ့အပေါ်မှာရှိတဲ့ တရားစီရင်ခြင်းသူရဲကောင်းငါးယောက်ထဲက တစ်ယောက်ပဲ ဟားဟား အံ့သြစရာပဲ။ ငါမင်းကို ဖမ်းပြီးတော့ သူရဲကောင်းနန်းတော်ကို အရှက်ခွဲခဲ့တဲ့ကောင်ကို ဆုံးမပေးရမယ်..."
"တစ်..." ရေတွက်ခြင်းအဆုံးသက်သွားပြီဖြစ်သည်။
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့်ဖှေးသည် ရုတ်တရက်အပေါ်သို့ မော့ကြည့်လိုက်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျားက အတော်စကားများပါလား။ ဘာကိုတရားစီရင်ခြင်းသူရဲကောင်းလဲ။ ခင်ဗျားတို့အားလုံး င့ါမျက်လုံးထဲမှာ အမှိုက်သရိုက်တွေပဲ..."
သူ၏ ကားမဆုံးသေးခင်မှာပင် ဖှေးသူ၏လက်ညိုးကို တောက်လောက်သည်။
ငွေရောင်ဓားသွားစွမ်းအင်တစ်ခုသည် ကောင်းကင်အား မီးရှူးမီးပန်းဖောက်လိုက်သလိုပင် လင်းထိန်သွားစေ၏။
"မင်း....အား အတော်မြန်တာပဲ။ အတော်မြန်တဲ့ ဓားသွားစွမ်းအင်ပဲ...."
ထိုသိုင်းဆရာမတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏ခန္ဓာကိုယ်သည် ဓားသွားစွမ်းအင်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရတော့၏။
သူ၏မျက်နှာပေါ်တွင်ရှိနေသည့် ပျော်ရွှင်မှုသည် ထိတ်လန့်ခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး အကြောက်တရားများလွှမ်းမိုးသွားတော့သည်။ အခိုက်တန့်တစ်ခုကြာခန့် သူ၏မျက်နှာပေါ်တွင် မကောင်းသည့် ခံစားချက်အရိပ်ယောင်များကို ပြသနေလျှက်ရှိသည်။
သူ၏ပါးစပ်ကို ဖွင့်၍ တစ်ခုခုပြောရန်ကြိုးစားလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားတော့၏။
"ဖုန်း..."
တူဖြင့် ထုခံလိုက်ရသည့် ဖရဲသီးတစ်လုံးလိုပင် သူ၏ အသားများနှင့်အရိုးစများသည် နေရာအနှံ့သိ့ ပြန့်ကျဲသွားတော့၏။
ဤနေရာတွင်ရှိနေသည့်လူများအားလုံး တုန်လှုပ်သွာကြသည်။ သူတို့မြင်နေရသည့် အရာကို ယုံနိုင်ခြင်းမရှိကြပေ။
သူတို့မြင်တွေ့ခဲ့ရသည့် မြင်ကွင်းသည် စိတ်ကူးပင်ယဥ်နိုင်ခြင်းမရှိပေ။
ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။
ထိုသိုင်းဆရာသည် တရားစီရင်ခြင်း သူရဲကောင်းငါးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်းပြောခဲ့သည်။ အထင်ကြီးလောက်ဖွယ်ပင်။ ထို့အပြင် မတိုင်ခင်က သူပြသခဲ့သည့်စွမ်းအားသည်လည်း ကြီးမားလှသည်။ သို့သော် သူသည် ခုခံရန်ပင် အခွင့်ရေးမခရခဲ့ပေ။ သူသည် ကြက်တစ်ကောင်လိုပင် သတ်ဖြတ်ခြင်းခံလိုက်ရပြီး ချမ်းဘော့ဒ်ဘုရင်သည် လက်ကိုသာတောက်လိုက်ခြင်းဖြစ်၏။
စွမ်းအားမြင့်မားသည့်သိုင်းဆရာတစ်ယောက်ကို လက်ချောင်းတစ်ချောင်းထဲဖြင့် သတ်ဖြတ်လိုက်ခြင်းပင်။
ဤကဲ့သို့သောစွမ်းအားအဆင့်သည် ရူးလောက်ဖွယ်ပင်။ လက်ရှိအချိန်တွင် ဖှေးသည် စစ်သည်များအားလုံး၏ မျက်လုံးများထဲတွင်နတ်ဘုရားတစ်ပါးလိုပင်ဖြစ်နေ၏။
အအံ့သြဆုံးဖြစ်သွားသည့်လူများသည် ဂါဂိုတို့ကဲ့သို့သော ခေါင်းဆောင်များပင်။ သူတို့သည် ကြယ်သုံးလုံး လေးလုံးအဆင့်စွမ်းရည်ရှိသည့်အတွက်ကြောင့် သာမန်စစ်သည်များထက်ပို၍ သုံးသပ်တတ်ကြသည်။ အသတ်ခံလိုက်ရသည့် တရားစီရင်ခြင်းသူရဲကောင်းဆိုသူသည် အနည်းဆုံးကြယ်၇လုံးအခန့်စွမ်းအင်ရှိသည့်လူတစ်ယောက်ဖြစ်ကြောင်း သူတို့သိကြ၏။
"အဲ့လိုစွမ်းအားရှိတဲ့လူတွေက ဇီးနစ်အင်ပါယာမှာဆိုရင်တော့ ထိပ်တန်းကပဲ။ ဒါပေမယ့် သူက ချမ်းဘော့ဒ်ဘုရင်ရဲ့ လွယ်လွယ်ကူကူသတ်ဖြတ်တာကို ခံလိုက်ရတာ။ အရှင်မင်းကြီးက လက်ရှိမှာဆိုရင် ဘယ်လောက်တောင်စွမ်းအားမြင့်မားနေပြီလဲ..." ဂါဂိုတွေးလိုက်မိသည်။
တစ်ဖက်တွင်ရပ်နေရင်းဖြင့် တစ်ခြားကျန်ရှိနေသည့်သိုင်းဆရာနှစ်ယောက်သည် တုန်ခါသွား၏။
"မင်း...မင်းသူ့ကို သတ်လိုက်တာလား။ မင်းလုပ်နေတာကို မင်းရောသိရဲ့လား။ မိုက်မဲတဲ့ဘုရင်ငယ်ပဲ။ မင်းသတ်လိုက်တဲ့လူက သူရဲကောင်းနန်းတော်မှာ ဂုဏ်သရေရှိသိုင်းဆရာတစ်ယောက်ပဲ။ ဇီးနစ်အင်ပါယာက မင်းသားတွေတောင် သူ့ကို လမ်းမှာတွေ့ရင် လေးလေးစားစားနှုတ်ဆက်ရတယ်..." အရပ်ပုပုနှင့်၀၀သိုင်းဆရာတစ်ယောက်သည် ဖှေးအား လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။ "မင်းတော့သွားပြီ။ မင်းကို ဘုရားသခင်တောင်မကယ်နိုင်တော့ဘူး။ သူရဲကောင်းနန်းတော်က တရားစီရင်ခြင်းသူရဲကောင်းတစ်ယောက်ကို သတ်လိုက်တာက အင်ပါယာသစ္စာဖောက်တာနဲ့အတူတူပဲ။ မင်းရဲ့ ချမ်းဘော့ဒ်တိုင်းပြည်တော့သွားပြီ။ မင်းတို့အားလုံး မင်းတို့အားလုံးအသတ်ခံရလိမ့်မယ်။ ငါပြန်ပြီးတော့ အင်ပါယာအရှင်သခင်ယရှင်းကို သွားသတင်းပို့မယ်။ အင်ပါယာက မင်းတို့ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မယ်..."
ထိုသိုင်းဆရာသည် ထိတ်လန့်နေရာမှ နှိုးထားလာ၏။ သူ၏ အသံသည် လည်ပင်းအညှစ်ခံထားရသည့် ဘဲတစ်ကောင်ကဲ့သို့ပင်။
"တိတ်စမ်းကွာ..."
ဖှေးသည် သူ၏လက်ညိုးဖြင့် တောက်လိုက်၏။
"ဘုန်း..."
တူညီသည့် ငွေရောင်ဓားသွားစွမ်းအင်တစ်ခုပေါ်လာပြီး ပျံသန်းသွားတော့သည်။
ထို သူရဲကောင်းနန်းတော်မှ အရပ်ပုပုနှင့် ခပ်၀၀သိုင်းဆရာသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိထားမိသွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း တောင့်တင်းသွားတော့သည်။ သူ၏မျက်လုံးထဲတွင်ရှိနေသည့် ဒေါသနှင့် အံ့သြခြင်းတို့သည် အကြောက်တရားများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အရှေ့တွင်ရှိနေသည့်လူသည် အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခု၏ ဘုရင်တစ်ပါးမဟုတ်ပဲ ရက်စက်ကြမ်းကြုတ်သည့် စစ်သည်တော်တစ်ယောက်ဖြစ်သည်ကို သိလိုက်ရ၏။ သူ၏ အကျင့်အတိုင်းပင် ထိုကဲ့သို့လူအားအပေါ်စီးမှ ပြောကာ ခြိမ်းခြောက်လိုက်မိသည့်အတွက်ကြောင့် နောင်တရလာတော့သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။
"ဖုန်း..."
တူညီသည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာ၏။ သူသည်လည်း ကံကောင်းသွားခဲ့ခြင်းမရှိပေ။
လေအမှုတ်လွန်သွားသည့် ဘောလုံးတစ်ခုလိုပင် ထိုသူရဲကောင်းနန်းတော်မှသိုင်းဆရာ၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားတော့၏။ သူ၏အသွေးများ၊ အသားများ၊ အရိုးစုများသည် တစ်စစီဖြစ်သွားကာ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ သူရဲကောင်းနန်းတော်မှ နောက်ဆုံးကျန်ရှိနေသည့်သိုင်းဆရာနှ့င် မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များ၏ မျက်နှာပေါ်သို့ သွေးများစင်သွားသည့်အတွက်ကြောင့် နွေးထွေးစိုစွတ်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
"ငါထပ်ပြောမယ် ချက်ချင်းနောက်ဆုတ် မဟုတ်ရင်....ငါ့ကို ထပ်သတ်ရအောင်မလုပ်နဲ့.."