← Chapters

အခန်း (၇၂၀)

Vol. 46 Ch. 720

အခန်း (၇၂၀)

Vol. 46 Ch. 720

ကြိုတင်စီစဥ်ထားပြီးဖြစ်သည်။ အကယ်၍ လူတစ်ယောက်ယောက်သည် မျဥ်းအား ကျော်လာခဲ့ပါက သူသည် လေးသည်တော်များကို အမိန့်ပေးကာ သတ်ဖြတ်ခိုင်းမည်ဖြစ်သည်။ လေးသည်တော်များသည် မှော်မြှားများဖြင့် တပ်ဆင်ထားသည့်အတွက်ကြောင့် စွမ်းအင်မီးတောက်များနှင့် ကြယ်တစ်လုံးအဆင့်စစ်သည်များ၏ ခန္ဓာကိုယ်ကိုလွယ်ကူစွာ ထိုးဖောက်သတ်ဖြတ်နိုင်၏။ သူသည် ဤနေရာတွင်ရှိနေသော သူ၏ အာဏာကိုပြသလိုသည့်အတွက်ပင်။

ဤအခိုက်တန့်တွင် ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာ၏။ "ဒီနေရာက မြို့ခံတပ်ဖွဲ့ပိုင်တဲ့စခန်းပဲ။ နောက်ပြီးတော့ စစ်ပွဲဖြစ်နေတဲ့အချိန်လဲမဟုတ်ဘူး။ ဘာကြောင့်မို့ ဒီစစ်သည်တွေက စခန်းထဲကနေထွက်ခွင့်မရနိုင်တာလဲ..."

ထိုအသံနှင့်အတူ ခန့်ညားသည့်လူတစ်ယောက်ထွက်ပေါ်လာပြီး မျဥ်းအား ဖြတ်ကျော်ကာ ၀ီလီယံထံသို့ လမ်းလျှောက်သွားလိုက်သည်။

"ပစ်စမ်းကွာ..."

၀ီလီယံသည် ထိတ်လန့်သွားပြီး သူ၏ ဓားကိုရှေ့သို့ ချိန်ကာအမိန့်ပေးလိုက်သည်၊

"ဖုန်း ဖုန်း ဖုန်း ၀ှစ် ၀ှစ် ၀ှစ်..."

လေးကြိုးသံများနှင့် လေခွင်းသည့်အသံများသည် ချက်ချင်းလိုလိုပင် ထွက်ပေါ်လာတော့၏။ သူတို့သည် သေမင်း၏ ရက်စက်ကြမ်းကြုတ်စွာရယ်မောသံနှင့် နတ်ဆိုးများ၏ အော်ဟစ်နေသံတို့လိုပင်။

မိုးကြိုးသခင်တပ်ဖွဲ့မှစစ်သည်များ ပစ်လွှတ်လိုက်သည့်မြှားများသည် အလံနှစ်စုံမြို့ခံစစ်သည်များထံသို့ အညှာတာကင်းမဲ့စွာပျံသန်းသွား၏။

သေမင်းသည် သူ၏လက်များကို ဆန့်တန်း၍ ပွေ့ဖက်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မြို့ခံစစ်သည်များအားလုံးသည် လေ့ကျင့်ထားသည့်အတိုင်း ဒိုင်းကာများကို အပေါ်သို့ ကိုင်မြှောက်လိုက်ကြသည်။ ဒူးများကို ကွေးညွှတ်၍ သူတို့ခန္ဓာကိုယ်အား အတတ်နိုင်ဆုံးကာကွယ်ထားကြ၏။ သူတို့သည် ပစ်လွှတ်လိုက်သည့်မြှားများကို ရှောင်ရှား၍ အရှေ့သို့ ချီတပ်တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သို့သော ဆက်လက်ဖြစ်ပျက်သည့်အရာတစ်ခုသည် လူတိုင်းအားမျက်လုံးအပြူးသားဖြစ်သွားစေ၏။ သူတို့သည် နေ့လည်ခေါ်တွင် မကောင်းဆိုး၀ါးတစ်ကောင်ကို တွေ့လိုက်ရသည့်အတိုင်းပင်။

ကြယ်တစ်လုံးအဆင့်စစ်သည်များ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သည့်မြှားများသည် နွံအိုင်တစ်ခုအား ဖြတ်သန်းလိုက်ရသလိုပင်အရှိန်နှေးလာကာ လေထဲတွင်ရပ်တန့်သွားသည့်အတွက်ပင်။

ဤသည်မှာ မင်သပ်ဖွယ်မြင်ကွင်းပင်။

မြှားထပ်ဖူးချွန်မျးသည် အေးစက်သည့် လရောင်ကိုအလင်းပြန်နေစေလျှက်ရှိ၏။ ထိုမြှားများအားလုံးသည် လေထဲတွင်သာ ရှေ့သို့ ဆက်လက်ပျံသန်းနိုင်ခြင်းမရှိတော့ပဲရပ်တန့်သွားကြ၏။

မိုးကြိုးသခင်တပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်စစ်သည်များပင် အံ့သြတုန်လှုပ်သွားသဖြင့် သူတို့၏လက်နက်များ လွတ်ကျသွားတော့မည့်အတိုင်းပင်။

ထိုလူ၏ မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင် ၀ီလီယံ၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တွန့်ခါသွားတော့၏။ သူသည် ချက်ချင်းပင် နာမည်တစ်ခုကို စဥ်းစားလိုက်မိပြီး အံ့သြစွာြဖင့် အော်ဟစ်လိုက်သည်။ "ချမ်းဘော့ဒ်ဘုရင်လား။ မင်းက ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားပဲ။ မင်းဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ..."

"ငါ အင်ပါယာက စစ်သည်တွေကို မတိုက်ခိုက်ချင်ဘူး။ သူ့ရဲ့ရန်သူတွေကိုတော့ ပျော်ရွှင်စေပြီး မိတ်ဆွေတွေကိုတော့ နာကျင်စေတဲ့ မင်းတို့မင်းသားလိုမဟုတ်ဘူးပေါ့။ မင်းတို့ကို ဆယ်စက္ကန့်အချိန်ပေးမယ်။ ဒီစခန်းကနေ မီတာ၁၀၀၀အ၀ေးကိုခွာပြီးတော့ ဒီသူရဲကောင်းစစ်သည်တွေကို ကွပ်မျက်ခဲ့တဲ့ ရာဇ၀တ်ကောင်တွေကို ထုတ်ပေးလိုက်..." ဖှေးသည် သစ်သားတိုင်ပေါ်တွင် ကြိုးပေးခံထားရသည့် အလောင်းများကို ညွှန်ပြရင်းဖြင့်ပြောလိုက်သည်။

သူ၏ စကားမဆုံးသေးခင်မှာပင် ဆူညံသံများထွက်ပေါ်လာ၏။

လေထဲတွင် ရပ်တန့်နေသည့် မြှားများသည် မြေပြင်ပေါ်သို့ ကျလာပြီးတောင်များကဲ့သို့ စုပုံနေ၏။

ဖှေးသည် စခန်း၏ ရှေ့တွင် သူ၏ ဖြူရောင်၀တ်ရုံ၊ ရွှေရောင်ခါးပတ်တို့နှင့်အတူ ရပ်တန့်နေလျှက်ရှိသည်။ ညလေပြေသည် သူ၏ ဆံပင်ရှည်များကို လွှင့်ပျံနေပြီး သူ၏မျက်လုံးများသည်လည်း လရောင်အောက်တွင် တောက်ပနေလျှက်ရှိသည်။ သူ၏ နန်းဆန်ထည်၀ါသည့် အရှိန်၀ါကြောင့် မြင်းပေါ်တွင်ရှိနေသည့် ၀ီလီယံအား ကြောက်လန့်နေစေလျှက်ရှိသည်။

၀ီလီယံသည် "မင်းက အဖွဲ့၀င်တိုင်းပြည်က ဘုရင်တစ်ပါးပဲ။ ဘာရာထူးမှမရှိဘူး" စသည်ဖြင့် ပြန်လည်ချေပပြောဆိုလိုသော်လည်း ဘုရင်အလတ်ဇန္ဒား၏ အရှိန်၀ါနှင့် သူ၏မျက်လုံးထဲတွင်ရှိနေသည့် ဒေါသမီးတောက်များကို မြင်နေရသည့်အတွက်ကြောင့် သူ၏ စိတ်ထဲတွင် တစ်ခါမှမကြုံဖူးသေးသည့် ကြောက်ရွံ့မှုကိုခံစားနေရ၏။ ဤအခိုက်တန့်တွင် သူ၏ပါးစပ်များခြောက်သွေ့နေသလိုခံစားရပြီး မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိပေ။

သေခြင်းတရားကို မြင်နေကျဖြစ်သည့် မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များသည်လည်း လက်ရှိအခိုက်တန့်တွင် ကြောက်လန့်နေကြ၏။

သူတို့အားလုံးသည် ဇီးနစ်အင်ပါယာထဲတွင် ကျွမ်းကျင်တပ်ဖွဲ့များဖြစ်ကြပြီး တိုက်ပွဲများစွာကို ဖြတ်ကျော်ဖူး၏။ ဤအခိုက်တန့်တွင် သူတို့သည် လူတစ်ယောက်ထဲနှင့်ရင်ဆိုင်နေရသည်မဟုတ်ပဲ အကန့်သက်မဲ့လောက်အောင်ပင်စွမ်းအားမြင့်မားသည့် စစ်သည်များစွာနှ့င်ရင်ဆိုင်နေရသလိုခံစားနေရ၏။ ထိုစစ်သည်များအားလုံးသည် စွမ်းအားကင်းမဲ့ကာ ဤတိုက်ပွဲကို အနိုင်မရနိုင်သလိုခံစားနေရ၏။

"မင်း...မင်း...ချမ်းဘော့ဒ်ဘုရင်...မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ..." အတန်ကြာတိတ်ဆိတ်သွားပြီးသည့်နောက်တွက် ၀ီလီယံသည် တံတွေးမျိုချကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။ သူသည် မာနထောင်လွှားနိုင်ခြင်းမရှိတော့ပဲ ဘာဆက်လုပ်ရမလဲမသိဖြစ်နေ၏။

သူသည် မတိုက်ခိုက်သေးခင်မှာပင် ရန်သူများကို မည်မျှစွမ်းအားမြင့်မားကြောင့် သိအောင်လုပ်နိုင်သည့်လူများအကြောင်းကို တွေးလိုက်မိသည်။

သူ့အတွက်ကံမကောင်းစွာပင် ချမ်းဘော့ဒ်ဘုရင်သည်လည်း ဤလူများထဲမှတစ်ယောက်ပင်။

လက်တွေ့ဘ၀တွင် သူသည် သွေးသံမဏိတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သလို မင်းသားအာရှဗင်၏ လူယုံတစ်ယောက်ပင်။ ထို့ကြောင့် သူသည် မိမိကိုယ်မိမိမြင့်မားစွာဂုဏ်ယူ၏။ သူသည် ချမ်းဘော့ဒ်ဘုရင်နှင့်ပတ်သက်သည့် ဇာတ်လမ်းများစွာကို ကြားခဲ့ဖူးသော်လည်း ထိုဇာတ်လမ်းများကို လစ်လျူရှုကာ တစ်ခုကိုမှ ယုံကြည်ခြင်းမရှိခဲ့ပေ။ သူ၏ အပေါင်းဖော်များကိုလည်း ချမ်းဘော့ဒ်ဘုရင်အား အရေခွံနွာပစ်မည်ဟု ခနခနပြောလေ့ရှိသည်ံ။ သူသည် ချမ်းဘော့ဒ်ဘုရင်အား အသုံးချ၍ တပ်ဖွဲ့ထဲတွင် ပို၍မြင့်မားသည့် ရာထူးရလိုသည့်အတွက်ပင်။

သို့သော် ဤဘုရင်ငယ်နှ့င် ပထမဆုံးအကြိမ်တွေ့လိုက်ရသည့်အချိန်တွင် သူပြောခဲ့သည့်အရာများ မည်မျှမှားကြောင်းနှင့် မည်မျှပင်ရယ်စရာကောင်းကြောင်းသိလာခဲ့၏။

ဤအခိုက်တန့်တွင် အကြောက်တရားသည် သူ၏အစီစဥ်များကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်ပြီး သူ၏ ရဲစွမ်းသတ္တိများသည်လည်း ဖုန်မှုန့်များကဲ့သို့ပင် လေနှင့်လွှင့်ပါသွားတော့၏။ ချမ်းဘော့ဒ်ဘုရင်၏ အကြည့်များအောက်တွင် သူသည် စကားကိုပင် ပီပီသသပြောနိုင်ခြင်းမရှိတော့ပေ။

တစ်ဖက်တွင် ရှိနေသည့် လူသည် လရောင်အောက်တွင်ခန့်ညားနေကာ အထီးကျန်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

၀ီလီရံမေးခွန်းမေးလိုက်သည့်အချိန်တွင် ဖှေးသည်သူ့ကိုပင်ကြည့်ခြင်းမရှိပဲ ပြန်ဖြေခြင်းမရှိပေ။

ဖှေး သူ၏လက်ကိုသာ ၀ှေ့ရမ်းလိုက်သည်။

"တစ်ဆယ်..."

မြို့ခံစစ်သည်များသည် အော်ဟစ်လိုက်ကြသည်။

မြေပြင်အောက်တွက် နှစ်ပေါင်းများစွာဖိသိပ်ခြင်းခံနေရသည့် ချော်ရည်ပူများ မီးတောင်မှတဆင့်ပေါက်ကွဲထွက်လာတော့မသလိုပင် မြို့ခံစစ်သည်များ၏ ဒေါသများမပေါက်ကွဲထွက်လာကြ၏။ ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်ပွင့်များကိုပင် ကွဲအက်စေတော့မလိုဖြစ်နေ၏။

"ကိုး..."

"ရှစ်..."

မြို့ခံစစ်သည်များသည် သံပြိုင်အော်ဟစ်ကာ ဖှေးပေးထားသည့်အချိန်အား ရေတွက်နေကြ၏။

ထိုကြုံး၀ါးသံများသည် လေးလံသည့် တူများကဲ့သို့ပင် မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များ၏ စိတ်ဓာတ်ကို ထုခြေနေလျှက်ရှိကြသည်။ သူတို့အားလုံးပထမဆုံးအနေဖြင့် မြို့ခံတပ်ဖွဲ့များ မည်မျှစွမ်းအားမြင့်မားကြောင်းကို ကိုယ်တိုင်မြင်တွေ့ဖူးခြင်းပင်။

ကြုံး၀ါးအော်ဟစ်နေသံများသည် ၀ီလီယံအတွက်လည်း ဖိအားများစွာကို ဖြစ်ပေါ်နေစေလျှက်ရှိသည်။ သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေပြီး သူ၏ အမူယာသည် အနည်းငယ်စိုးရိမ်ထတ်လန့်နေ၏။

သူသည် မိုးကြိုးသခင်တပ်ဖွဲ့မှစစ်သည်များကို အနောက်သို့ ဆုတ်ခွာရန်လည်းအမိန့်မပေးရဲပေ။

သူထိုကဲ့သို့လုပ်လိုက်ပါက သူ၏ အစီစဥ်အားလုံး ပျက်ဆီးသွားမည်ဖြစ်သောကြောင့်ပင်။ သူသည် မင်းသားအာရှဗင်၏ ဒေါသဖြစ်ခြင်းခံရမည်ဖြစ်ပြီး ကံမကောင်းသည့် သိုးတစ်ကောင်ဖြစ်သွားနိုင်၏။

သို့သော် သူသည် ချမ်းဘော့ဒ်ဘုရင်၏အမိန့်ကိုလည်း လွန်ဆန်ရဲခြင်းမရှိပေ။

အင်ပါယာထဲတွင်ရှိနေသည့်လူများအားလုံး [ကောင်းကင်လက်သီး] ချမ်းဘော့ဒ်ဘရင် မည်မျှပင် ရက်စက်ကြမ်းကြုတ်ကာ စိုးမိုးနိုင်ကြောင်းကို သိရှိကြ၏။ သူသည် စွမ်းအားမြင့်မားသည့် သူရဲကောင်းနန်းတော်က ပါးကွပ်သားသူရဲကောင်းများကို အနိုင်ယူခဲ့ပြီး အလံနှစ်စုံမြို့တော်ထဲတွင် သူသတ်ဖြတ်ခဲ့သော ဆွေကြီးမျိုးကြီးများ၏ ၀ိဉာဥ်များဆိုလျှင် ကျွတ်တန်းပင်မ၀င်လောက်သေးချေ။ အကယ်၍ သူသည်သာ စစ်သည်များကို ဆုတ်ခွာခိုင်းခြင်းမရှိပါက ချမ်းဘော့ဒ်ဘုရင်သည် သူ့အားသေချာပေါက်တိုက်ခိုက်မည်ကို ၀ီလီယံကောင်းစွာသဘောပေါက်၏။

"ဒီလို ဘုရင်အရိုင်းစိုင်းတစ်ပါးအတွက် င့ါကို သတ်လိုက်တာက တိရစ္ဆာန်တစ်ကောင်ကို သတ်တာနဲ့ သိပ်ကွာမှာမဟုတ်ဘူး..." သူတွေးလိုက်မိသည်။

"ငါစခန်းထဲမှာပဲ ပုန်းနေပြီးတော့ မစ်စတာ မတ်၀ပ်ဆန်ကိုပဲ ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်ရမှာ။ အခုတော့ ငါက ကျားမြှီးဆွဲလိုက်မိသလိုဖြစ်နေပြီ..."

၀ီလီယံ၏ နဖူးပေါ်တွင် ချွေးစက်များပေါ်လာပြီး ကြီးမားလှသည့်ဖိအားကြောင့် သူသည် ဒယ်အိုးထဲရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်လိုပင် ဘာလုပ်လို့ လုပ်ရမလဲမသိအောင်ဖြစ်နေ၏။ လက်ရှိအခိုက်တန့်တွင် သူ့အတွက် အလွယ်ကူဆုံးရာသည် သူ၏ ဓားနှင့် ကိုယ်လည်ကိုယ်လှီးကာ သေကြောင်းကြံလိုက်ခြင်းပင်။

၀ီလီယံအလွန်အကြပ်ရိုက်လာပြီး သတိလစ်တော့မည့်အချိန်တွင် သူ၏အနောက်မှ ကြိုးခြိမ်းသံကဲ့သို့သော အသံတစ်ခုကို ကြားလိုက်ရသည်။ "မင်းကများ။ မြို့ခံစစ်သည်တစ်သောင်းလောက်နဲ့ အင်ပါယာကြီးတစ်ခုလုံးကို ပုန်ကန်ဖို့စီစဥ်နေတာလား..."

ထိုကျယ်လောင်သည့်အသံသည် မြို့ခံစစ်သည်များ၏ ကျယ်လောင်သော နံပါတ်ရေတွက်နေသံကို လွှမ်းမိုးသွား၏။

တောက်ပသည့် အလင်းတန်းသုံးခုပျံသန်းလာပြီး ကျယ်ပြန့်လှသည့်အတွင်းအားစွမ်းအင်များကို ခံစားလိုက်ရသည်။ အတွင်းအားစွမ်းအင်မီးတောက်များသည် တောက်ပစွာလောင်ကျွမ်းနေခြင်းဖြင့် စွမ်းအားမြင့်လူသုံးယောက်သည် အလံနှစ်စုံမြို့ခံတပ်ဖွဲ့နှင့် မိုးကြိုးသခင်တပ်ဖွဲ့တို့ကြားထဲသို့ ရောက်ရှိလာတော့၏။

"သူရဲကောင်းနန်းတော်က သိုင်းဆရာတွေရောက်လာပြီကွ..."

သူ၏ အဖေများ ရောက်လာသကဲ့သို့ပင် ၀ီလီယံသည် ထိုလူသုံးယောက်ကို မြင်လိုက်သည့်အခါမှသာ သက်ပြင်းချလိုက်ပြီး သူ၏ ပုခုံးပေါ်တွင်ရှိနေသည့် ဖိအားများလည်းမရှိတော့ပေ။ သူသည် ရေကူးကန်ထဲမှ ထွက်လာသလိုပင် ချွေးများဖြင့် စိုရွဲနေ၏။

"ဆာ ဒီ မြို့ခံစစ်သည်တွေက ပုန်ကန်ဖို့ လုပ်နေကြတယ်။ ကျေးဇူးပြုပြီး သူတို့ကိုရှင်းပေးပါ။ ကျွန်တော် သံတမန် မစ်စတာ မတ်၀ပ်ဆန်ကို သွားသတင်းပို့လိုက်ပါ့မယ်..."

၀ီလီယံသည် အကြောင်းပြချက်ပေးလိုက်ပြီး သူ၏ မြင်းနှင့်အတူ ဤနေရာမှ အမြန်သုတ်ခြေတင်သွားတော့၏။

"ဆာ ကျွန်တော်တို့ လိုက်ဖမ်းလိုက်ရမလား..." ဂါဂိုနှ့င် တစ်ခြားခေါင်းဆောင်များသည် ဤမြင်ကွင်းကို မြင်သည့်အချိန်တွင် ဖှေးအားစိုးရိမ်စွာဖြင့်မေးလိုက်၏။

သတင်းပေါက်ကြားသွားပါက မတ်၀ပ်ဆန်နှင့် မြို့တော်၀န်ဆိုရိုယော့ခ်တို့သည် လုံခြုံရေးအဆင့်ကို မြှင့်တင်လိုက်သည့်အတွက်ကြောင့် မစ်စတာ ရစ်ဘရီအား ကယ်တင်ရ ခက်ခဲသွားမည်ကို စိုးရိမ်သည့်အတွက်ပင်။

All Chapters