← Chapters

အခန်း (၇၂၅)

Vol. 46 Ch. 725

အခန်း (၇၂၅)

Vol. 46 Ch. 725

ထိုအသံထွက်ပေါ်လာသည့်အချိန်တွင် ရူးလောက်အောက်ကြီးမားသည့် ဖိအားကြီးတစ်ထွက်ပေါ်လာပြီး စတင်တိုက်ခိုက်တော့မည့် ရစ်ဘရီအားချုပ်နောင်လိုက်သည်။

"ဒါက..." ရစ်ဘရီသည် နွံအိုင်တစ်ခုထဲသို့ ရောက်နေသလိုပင် လှုပ်ရှားရန်ခက်ခဲနေ၏။

သိုင်းဆရာတစ်ယောက်ပင်။

စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ပင်။

ထိုသိုင်းဆရာသည် ကြယ်ငါးလုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် ရစ်ဘရီကို ချုပ်နှောင်ထားလိုက်နိုင်ပြီး သူ့အား ပြန်လည်တိုက်ခိုက်၍ မရအောင်ထိန်းချုပ်ထား၏။ ရစ်ဘရီသည် ယခုအချိန်တွင် သူ၏ အတွင်းအားစွမ်းအင်များမရှိစဥ်တုန်းကထက်ပင် ပို၍အား နည်းသလိုခံစားလိုက်ရ၏။ ဤဖိအား၏ ထိန်းချုပ်ထားခြင်းခံနေရသောကြောင့် ရစ်ဘရီသည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင်ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မည်သည့် အစိတ်ပိုင်းကိုမှ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။

"သူ့ကို ဒီခေါ်လာခဲ့စမ်း..." ထိုအသံထက်မံ၍ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားရုံဖြင့်ပင် ရစ်ဘရီသည် သူ၏စိတ်ထဲတွင်ကြီးမားသည့်အကြောက်တရားကြီးတစ်ခုကို ခံစားလိုက်ရ၏။

ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်နှစ်ယောက်ရောက်လာကာ ရစ်ဘရီအား ပြန်လည်ကာ ဖမ်းချုပ်လိုက်၏။ ထို့နာက်တွင် သူတို့သည် အဖြူရောင် ၀တ်စုံနင့် အစေခံများကို ကျော်လွန်ကာ ပိတ်စပန်းချီကားချပ်၏ အနောက်သို့ ခေါ်ဆောင်သွား၏။

ရစ်ဘရီသည် ဤစစ်သည်နှစ်ယောက်ထက်များစွာပို၍ စွမ်းအားမြင့်မားသော်လည်း လျို့၀ှက်သောသိုင်းဆရာ၏ အရှိန်၀ါဖြင့် ချုပ်နှောင်ထားခြင်းခံနေရသည့်အတွက်ကြောင့် ဘာမှလုပ်နိုင်ခြင်းမရှိပေ။

ပိတ်စနှင့် ပါးလွှာသည့် မှော်စွမ်းအင်အကာရံတစ်ခုကို ဖြတ်ကျော်လခဲ့ပြီးသည့်နောက်တွင် ရစ်ဘရီသည် ပြင်းထန်သည့်သွေးနံ့များစွာကို ခံစားလိုက်ရသည်။

နန်းတော်ဆောင်၏ အနောက်တွင်ရှိနေသည်မှာ လျို့၀ှက်သည့်နေရာတစ်ခုဖြစ်ပြီး အထင်ရှားဆုံးအရာသည် အမည်မသိပစ္စည်းတစ်ခုဖြင့် လုပ်ထားသည့် မြေပုံကြီးတစ်ခုပင်။ မြေပုံသည် ချောမွေ့ကာ လှပခိုင်ခံ့သည်။ အဖြူရောင်သန်းနေပြီး အရည်သွေးမြင့်မားသည့် ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပုံပင်။

ထိုမြေပုံပေါ်တွင် သစ်ပင်များ၊ တောင်တန်းများ၊ သစ်တောများရှိနေပြီး မြို့များနှင့် စစ်စခန်းများကို အနီရောင်များဖြင့် ဖော်ပြထား၏။

ရစ်ဘရီသည် စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဤမြေပုံသည် ဇီးနစ်၊ စပါတပ်နှင့် အိုက်ဟိုဗင်အင်ပါယာတို့၏ ပိုင်နက်မြေများကို ရေးဆွဲထားခြင်းဖြစ်သည်ကို ချက်ချင်းသိလိုက်၏။ မြို့များနှင့် ခံတပ်များသည် အင်ပါယာသုံးခုလုံး၏ အရေးကြီးသောနေရာများပင်။

ထိုအလွန်အနုစိတ်သည့် စစ်ရေးမြေပုံ၏အရှေ့တွင် အနီရောင်၀တ်ရုံနှင့် လူတစ်ယောက်ရှိနေ၏။

သူ၏ အမဲရောင်ဆံပင်ရှည်များသည် ခါးအထိပင်ရောက်နေပြီး သူသည် အနီရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထား၏။ ဤအခိုက်တန့်တွင် သူသည် နူးညံ့သည့် ကောဇောပေါ်တွင် ဖိနပ်မပါပဲရပ်နေကာ မြေပုံအား အလွန်လက်ရာမြောက်သည့် အနုပညာလက်ရာတစ်ခုလိုပင် ရှုစားနေလျှက်ရှိသည်။

ရစ်ဘရီ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွား၏။

ထိုလူထံမှ အလွန်များပြားလှသည့် သတ်ဖြတ်ခြင်းအရှိန်၀ါများကို ခံစားလိုက်ရသည့်အတွက်ပင်။

ပိတ်ကားစ၏ အပြင်ဘက်မှ သူခံစားခဲ့ရသည့် အရှိန်၀ါနှင့် ဖိအားတို့သည် ဤလူထံမှ လာရောက်နေခြင်းပင်။

ထိုလူသည် သေချာပေါက်လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်ပုံရပြီး သူသည် လူများစွာ၏ အသက်ကို ချွေယူဖူးသည့် ကြောက်မက်ဖွယ်လူသတ်သမားတစ်ယောက်ပင်။

"ကြည့်စမ်း ဒီမြေပုံက မလှပဘူးလား..." ထိုအမဲရောင်ဆံပင်နှင့်လူသည် တစ်ဖက်သို့ လှည့်ကာ ရစ်ဘရီအား မေးလိုက်သည်။

ယခုအချိန်တွင် ရစ်ဘရီသည် ထိုလူ၏ မျက်နှာကို မြင်လိုက်ရ၏။

အလွန်အကျည်းထန်သည့် မျက်နှာပင်။

မျက်နှာပေါ်တွင် အနီရောင်အစက်ပျောက်များဖြင့် ပြည့်နှက်နေပြီး မီးလောင်ထားသလိုပင်။ သူ၏မျက်နှာအသွင်ပြင်သည် ထင်ရှားခြင်းမရှိပဲ မျက်လုံးများသည်သာလျှင် တောက်ပနေ၏။ အကယ်၍ သေချာစိုက်ကြည့်ပါက သူ၏ ရူးသွပ်သည့် အသွင်ပြင်များနှင့် အန္တရာယ်ရှိသည့် အရိပ်ယောင်တို့ကြောင့် ကြောက်လန့်သွားမည်ဖြစ်သည်။

ရစ်ဘရီသည် စိတ်ဓာတ်ကြံ့ခိုင်သည့်လူတစ်ယောက်ဖြစ်သော်လည်း ထိုလူ၏ မျက်နှာကို ပထမဆုံးမြင်လိုက်ရသည့်အချိန်တွင် အနည်းငယ်ကြောက်လန့်သွားမိ၏။

ထိုလူသည် ရစ်ဘရီ၏ အမူယာကို မြင်လိုက်သော်လည်း ဂရုစိုက်ပုံမရပေ။ သူသည် အရှေ့တွင်ရှိနေသည့် မြေပုံကို လက်ညိုးထိုးပြလိုက်ပြီး မေးလိုက်သည်။ "ဘာလို့လဲ မင်းကြောက်သွားတာလား...အဲ့အတွက်တောင်းပန်ပါတယ်...ဒီမြေပုံကို ကြည့်စမ်းပါ မင်းဘယ်လိုထင်လဲ..."

"ဒီမြေပုံက....အတော်လေးပြည့်စုံတယ်..." ရစ်ဘရီခေါင်းငြိမ့်လိုက်သည်။ သူသည် ဤလူအား မြှောက်ပင့်နေခြင်းမဟုတ်ပေ။

တကယ်တန်းတွင် အသုံးပြုထားသည့် ပစ္စည်းအရည်သွေး၊ ရေးဆွဲထားသည့် နည်းပညာများအားလုံးသည် အဆင့်မြင့်နေ၏။ လက်ရာမြောက်လှသည်ဟုဆိုနိုင်၏။

"အမှန်ပဲ။ ဒါပေမယ့် ဒီမြေပုံက မပြီးသေးဘူး။ နေရာတစ်ခုလိုနေုတုန်းပဲ..." ထိုအနီရောင်၀တ်ရုံနှင့်လူသည် မိမိကိုယ်မိမိပြောနေသည့်ဟန်ခြင့် ရေရွတ်လိုက်သည်။

ရစ်ဘရီ ထိုမြေပုံအား သေချာကြည့်လိုက်ရာ မြို့တော်စိန့်ပီတာစဘာ့တ်တည်နေရာနေရာတွင် ကွက်လပ်ဖြစ်နေသည်ကို သတိထားလိုက်မိ၏။

"ခေါင်းဆောင်ရစ်ဘရီ...ဒီမြေပုံကို အပြီးသပ်လို့ရအောင် မင်းင့ါကို ကူညီပေးနိုင်မလား..." ထိုအနီရောင်၀တ်ရုံနှင့်လူသည် တစ်ဖက်သို့လှည့်ကာ ရစ်ဘရီအား ရူးသွပ်သည့်မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ငါက မင်းကို ကူညီရမယ့်ပေါ့..." ရစ်ဘရီနားမလည်နိုင်ဖြစ်သွား၏။

"ဟားဟား သေချာတာပေါ့ကွာ။ မင်းကူညီချင်မလားဆိုတဲ့ပေါ်မှာ မူတည်တာပေါ့။ ငါကိုယ်တိုင် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီးတော့ လွန်ခဲ့တဲ့သုံးရက်လုံးမှာ ဒီမြေပုံကို ကိုယ်တိုင်လုပ်ခဲ့တာပဲ။ အခုဆိုရင် ဒီမြေပုံကို အပြီးသက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ ဒီမြေပုံကို အပြီးသပ်ဖို့ ငါမင်းစီကနေ အရာတစ်ခုလိုတယ်...ဟားဟားဟား...." အနီရောင်၀တ်ရုံနှင့်လူသည် ရုတ်တရက်စတင်၍ ရယ်မောတော့သည်။

ရစ်ဘရီသည် ပါးစပ်အဟောင်းသားဖြစ်နေ၏။

ဤအခိုက်တန့်တွင် သူသည် နက်ရိုင်းကွဲအက်သည့် ငိုကြွေးသံတစ်ခုကိုကြားလိုက်ရသည်။ ထိုအသံသည် သားရဲတစ်ကောင်သေဆုံးနေသည့်အတိုင်းပင်။ အသံကို ကြားရသည်မှာ ကြောချမ်းဖွယ်ပင်။

ရစ်ဘရီသည် အသံလာရာထံသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

သူတုန်လှုပ်သွား၏။

အသားစိုင်များကဲ့သို့သော အရာတစ်ခုသည် ကောဇောပြင်၏ ထောင့်တစ်နေရာတွင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရပြီး သွေးများပန်းထွက်ကာ လှုပ်ရှားခါရမ်းနေ၏။ အောက်တွင်ရှိနေသည့် ကောဇာအား သွေးများဖြင့် စွန်းထင်စေပြီး ကျောချမ်းဖွယ်အသံဖြင့် အော်ဟစ်နေလျှက်ရှိသည်။

ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ရစ်ဘရီ၏ စိတ်ထဲတွင်ခံစားလိုက်ရသည်။

သူသည် သေချာကြည့်လိုက်ရာ တစ်စုံတစ်ခုကို သတိထားလိုက်မိပြီး သူ၏ ခန္ဓာကိုယ်တုန်ယဥ်သွား၏။ ထိုလူသည် အလွန်လူသားမဆန်သည့်နည်းလမ်းတစ်ခုဖြင့် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့်ပုံပင်။

"အာသာ မင်းလား...မင်း အာသာလား..." ရစ်ဘရီသည် တုန်ယဥ်နေသည့် အသံတစ်ခုဖြင့် မေးလိုက်၏။

ဤအခိုက်တန့်တွင် သူ၏ ၀ိဉာဥ်ပင် အစိတ်စိတ်အမွှာမွှာဖြစ်ကာ ကွဲအက်နေသလိုခံစားလိုက်မိသည်။

ထိုအသားစိုင်သည် လွန်ခဲ့သည့်နှစ်နာရီခန့်က အကျဥ်းထောင်အတွင်းမှ ဆွဲခေါ်သွားခံခဲ့ရသည့် လူငယ်ပင်။ သူသည် ရစ်ဘရီအား ဘုရင်အလတ်ဇန္ဒားထံမှ ရရှိခဲ့သည့် ဆုတံဆိပ်အား အပ်ခဲ့သည့်လူပင်။ သူသည် အသက်၁၉နှစ်ခန့်သာရှိသေးပြီး သူ၏ နာမည်သည် အာသာပင်။

လွန်ခဲ့သည့် နှစ်နာရီခန့်က သူသည် ဘ၀မျှော်လင့်ချက်များရှိနေသည့်လူငယ်တစ်ယောက်ပင်။

သို့သော် ယခုအချိန်တွင် သူသည် သားရဲကောင်တစ်ကောင်လိုပင် မြေပေါ်တွင် လူးလွန့်နေ၏။ သူ၏ အသားများပေါ်နေပြီး သွေးများသည် အဆက်မပြတ်ပန်းထွက်နေလျှက်ရှိသည်။ ရစ်ဘရီသည် ရင်းနှီးသောမျက်လုံးများကို မြင်လိုက်မိမှသာလျှင် ထိုလူငယ်ကို မှတ်မိသွားခြင်းပင်။ သူသည် ထိုမျက်လုံးများထဲတွင် ပြသနေသည့် နာကျင်မှုများကို မည်သည့်အချိန်မှ မေ့နိုင်တော့မည်မဟုတ်ပေ။

ဤလူငယ်သည် အရှင်လတ်လတ်ဖြင့် အရေခွံချွတ်ခံထားရခြင်းပင်။

"အားးးးးးးးးးးးးးးးးးးးးးးး"

ရစ်ဘရီဘ၀တွင် တစ်ခါမှငိုကြွေးခဲ့ဖူးခြင်းမရှိသော်လည်း ယခုအချိန်တွင် သူ၏မျက်နှာပေါ်တွင် မျက်ရည်စက်များ ထိန်းချုပ်၍ မရနိုင်အောင်ကျဆင်းနေလျှက်ရှိသည်။ သူသည် ဒဏ်ရာများပျောက်ကင်းသွားပြီဖြစ်သော်လည်း အရေခွံခွာခံထားရသည့်လူသည် သူကိုယ်တိုင်ဖြစ်နေသလို နာကျင်လိုက်ရ၏။ သူ၏မျက်လုံးများသည် အနီရောင်သန်းနေပြီး သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲတော့မလိုခံစားနေရ၏။

"ခွေးသားကြီး ခင်ဗျား တိရိစ္ဆာန်ကောင်..." ရစ်ဘရီသည် ယခင်က ဤမျှလောက်ဒေါသထွက်ဖူးခြင်းမရှိပေ။

သူသည် ရုတ်တရက် အရာအားလုံးကို နားလည်သွား၏။

ဖော်ပြ၍ မရနိုင်လောက်အောင် လူမဆန်သည့် အပြုမူတစ်ခု။

လူသား အရေပြား...

အင်ပါယာသုံးခု၏ စစ်ရေးမြေပုံသည် လူသားအရေပြားများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုလူသားအရေပြားများသည် သူ၏အစောင့်စစ်သည်၂၀ထံမှ သတ်ဖြတ်ရယူထားခြင်းပင်။

လွန်ခဲ့သည့် ၂နာရီတစ်ခါ သူ၏ စစ်သည်များကို လာရောက်ခေါ်ဆောင်သွားခဲ့ကာ အရှင်လတ်လတ်အရေခွံခွာ၍ ထိုအရေခွံကို မြေပုံပြုလုပ်ရန်အတွက် အသုံးပြုခဲ့ခြင်းပင်။

ဤသည်မှာ ခွင့်လွှတ်လို့ မရပေ။

ရစ်ဘရီသည် ပြင်းထန်စွာ ရုန်းကန်နေလျှက်ရှိသည်။ သူ၏အရှေ့တွင်ရှိနေသည့်လူအား ချက်ချင်း သတ်ဖြတ်လိုနေ၏။ သူသည် ခံစားနေရသည့် လူငယ်၏ အသက်ကိုလည်း ညင်သာစွာအဆုံးသတ်ပေးလိုနေလျှက်ရှိသည်။ သို့သော် ကံမကောင်းစွာပင် မည်သည့်အရာကိုမှ သူဆောင်ရွက်နိုင်ခြင်းမရှိပေ။

အနီရောင်၀တ်ရုံနှင့်လူသည် သူ့အား စွမ်းအင်အရှိန်၀ါများဖြင့် ချုပ်နှောင်ထားပြီး စွမ်းအင်ခြင်းများစွာ ကွာခြားနေသည့်အတွက်ကြောင့် ဘာမှ တတ်နိုင်ခြင်းမရှိပေ။

"ဆိုးတာပဲကွ မင်းနဖူးပေါ်မှာ အမာရွတ်တစ်ခုရှိနေလို့ အဲ့နေရာကိုတော့ ငါသုံးလို့ မရဘူး။ ဒါပေမယ့် ငါက လူသားအရေပြားအခု၂၀ကို ယူထားပြီးသားပဲ။ အဲ့တာကြောင့် မင်းမျက်နှာက အရေပြားကို ငါမလိုတော့ဘူး။ ဂုဏ်ယူပါတယ် မင်းမှာရှိတဲ့ အမာရွတ်ကြောင့် မျက်နှာက အရေခွံကိုတော့ ခွာစရာမလိုတော့ဘူး..." အနီရောင်၀တ်ရုံနှင့်လူသည် ရစ်ဘရီအား သားသတ်ရုံမှ အသတ်ခံရခါနီးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့လဲ ခင်ဗျားဘာလို့ ဒီလောက်ထိရက်စက်ရတာလဲ။ သူတို့က အင်ပါယာကို သစ္စာရှိခဲ့ကြတဲ့ စစ်သည်တွေပဲ။ ခင်ဗျား သူတို့ကို ဒီလောက်ထိနှိပ်စက်စရာလိုလို့လား..." ရစ်ဘရီသည် အနီရောင်၀တ်ရုံနှင့်လူအား ဒေါသမျက်လုံးများဖြင့်စိုက်ကြည့်ကာမေးလိုက်သည်။

"ဟားဟား စစ်သည်တော်တွေရဲ့အရေပြားလို မာကြောခိုင်ခန့်တဲ့အရေပြားကိုပဲ မြေပုံလုပ်လို့ရတယ်။ ဟားဟားဟား မင်းနားမလည်ပါဘူး။ မင်းအရှင်လတ်လတ်နဲ့ အရေခွံခွာခံနေရတဲ့အချိန်ကျရင် မင်းခန္ဓာကိုယ်က နာကျင်မှုနဲ့ ကြောက်ရွံခြင်းတွေကြောင့်မို့လို့ တင်းမာသွားလိမ့်မယ်။ အဲ့လိုအချိန်မှာ ခွာထားတဲ့လူသားအရေပြားးက အကောင်းဆုံးပဲ။ လူကို အရေခွံခွာတယ်ဆိုတာ အနုပညာရပ်တစ်ခုပဲကွ...."

အနီရောင်၀တ်ရုံနှင့်လူသည် ရစ်ဘရီပြောသည်အား ဂရုမစိုက်ပဲ သူထင်ရာသူပြောနေလျှက်ရှိသည်။

"ဘာလို့လဲ ခင်ဗျားဘာလို့ လုပ်တာလဲ။ ခင်ဗျား ဒီမြေပုံကို ဘာကြောင့်လိုတာလဲ..." ရစ်ဘရီသည် သူ၏ မေးခွန်းကို အဆက်မပြတ်အော်ဟစ်နေလျှက်ရှိသည်။ သူ၏ စိတ်ထဲတွင်ရှိနေသည့် ဒေါသသည် အရာရာကို လောင်ကျွမ်းနိုင်သည့်အတိုင်းပင်။

"ဟီးဟီး စစ်သည်တော်၂၁ယောက်ရဲ့ အရေခွံတွေနဲ့ ငါက အင်ပါယာသုံးခုရဲ့မြေပုံကို လုပ်နိုင်လိမ့်မယ်။ ငါက ဒီမြေပုံကို မင်းသားအာရှဗင် ထီးနန်းဆက်ခံတဲ့အချိန်ကျရင် လက်ဆောင်အနေနဲ့ပေးမလို့လေ။ သူမြေပုံကို ကြိုက်မှာပါ..."

အနီရောင်၀တ်ရုံနှင့်အဖိုးကြီးသည် သူ့ပါသူတစ်ယောက်ထဲရေရွတ်နေလျှက်ရှိသည်။ သူသည် ရူးနေသည့်အတိုင်းပင်။

"ခင်ဗျားဘယ်သူလဲ။ ခင်ဗျားဘယ်သူလဲဆိုတာ ပြောစမ်းပါ။ ငါမင်းကို သတ်ပစ်မယ်။ ငါ သေပြီးလို့ မကောင်းဆိုး၀ါးဖြစ်သွားရင်တောင် ခင်ဗျားကို လာရှာပြီးသတ်မယ် သတ်မယ်..." ရစ်ဘရီသည်လည်း ရူးသွပ်သည့် အခြေအနေတစ်ခုသို့ ကျရောက်သွား၏။

"အော် ငါ့နာမည်လား ငါ့နာမည်က ထရေ့စ်ပဲ။ အင်ပါယာလွှတ်တော်ရဲ့ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပဲ။ ငါမင်းလက်စားချေတာကို စောင့်နေပါ့မယ်....ဟီးဟီး.." ထိုအနီရောင်၀တ်ရုံနှင့်လူသည် ရစ်ဘရီ၏ ကြောက်မက်ဖွယ်အမျက်ဒေါသကို ခံစားလိုက်မိသည့်အတိုင်းပင် သူ၏အမူယာအနည်းငယ်ပြောင်းလဲသွား၏။ ထို့နောက်တွင် သူရယ်မောကာ ပြောလိုက်၏။ "ဒါပေမယ့် အဲ့မတိုင်ခင်တော့ ငါ့လက်စွမ်းကိုမြည်းကြည့်လိုက်ပါဦး..."

သူထိုကဲ့သို့ပြောနေရင်းဖြင့် သူ၏လက်ချောင်းကို တောက်လိုက်ရာ အစိမ်းရောင်ဓားသွားစွမ်းအင်တစ်ခုသည် ရစ်ဘရီထံသို့ ပျံသန်းသွား၏။

ရစ်ဘရီ၏ ဘယ်ပခုံးမှ ညာပခုံးမျဥ်းဖြောင့်အတိုင်းပိုင်းဖြတ်လိုက်၏။ ထိုပိုင်းဖြတ်ရာသည် နက်ရှိုင်းခြင်းမရှိပဲ အရေခွံကိုသာ ပိုင်းဖြတ်လိုက်ခြင်းပင်။

ထို့နောက်တွင် သွေးစက်များ ကျဆင်းလာ၏။

အရေခွံခွာသည့် လုပ်ငန်းမှာစတင်ပြီဖြစ်သည်။

ရစ်ဘရီ၏ အမူယာသည် ပြောင်းလဲခြင်းမရှိပေ။ သူသည် ထရေ့စ်ဟုအမည်ရသည့် အနီရောင်၀တ်ရုံနှင့်လူအား စိုက်ကြည့်နေကာ သူ၏မျက်နှာအား သေသည်အထိပင်မှတ်သားသွားရန်ပြင်နေသည့်ပုံပင်။ သူသည် ထို့နောက်တွင် စကားလုံးတစ်လုံးခြင်း ရှင်းလင်းပြတ်သားစွာပြောလိုက်သည်။ "ဘုရင်အလတ်ဇန္ဒားက ဒီကိစ္စကို သေချာပေါက်သိလိမ့်မယ်။ သူက ငါတို့ကို လက်စားချေပေးလိမ့်မယ်။ မင်းတို့အားလုံး အသတ်ခံရမယ်ဆိုတာ ငါသေချာပေါက်သိတယ်။ မစ်စတာ အလတ်ဇန္ဒားက မင်းကိုလည်း အရေခွံခွာလိမ့်မယ်။ မင်းငါတို့ကို လုပ်ခဲ့တဲ့အရာတွေကို မင်းကို ပြန်လုပ်လိမ့်မယ်..."

"တကယ်ကြီးလား..." ထရေ့စ်သည် ရစ်ဘရီအား သူ၏ အရှိန်၀ါဖြင့် ချုပ်ထားရင်းဖြင့် အစိမ်းရောင်ဓားသွားစွမ်းအင်နောက်တစ်ခုကို ပစ်လွှတ်ကာ ရစ်ဘရီ၏ခန္ဓာကိုယ်ပေါ်တွင် ပြီးပြည့်စုံသည် ဖြတ်ရာတစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက်တွင် သူဖြေးညှင်းစွာပြောလိုက်၏။ "ငါ ဒီလိုအဖြစ်ခံမှာမဟုတ်ဘူး။ ချမ်းဘော့ဒ်ဘုရင်က အခုချိန် ဒီကိုရောက်နေရင်တောင် ငါသူ့ကို အေးဆေးအရေခွံခွာလိုက်လို့ရတယ်။ ဟားဟား ဘုရင်တစ်ပါးရဲ့ အရေခွံက အတော်လေးလှပလောက်တယ်..."

သူ၏ စကာားမဆုံးသေးခင်မှာပင် အပြောင်းလဲများဖြစ်ပျက်သွား၏။

"ဟုတ်လား။ ခွေးသားကြီး ငါဒီမှာ င့ါကို လာအရေခွံခွာစမ်းပါ..."

ဒေါသဖြစ်ကာ သတ်ဖြတ်လိုနေသည့်အသံတစ်ခုကို မြို့တော်၀န်စံအိမ်၏ အရှေ့ဘက်မှကြားလိုက်ရ၏။ ထို့နောက်တွင် လူတစ်ယောက်သည် အလွန်လျှင်မြန်စွာ ချည်းကပ်လာနေလျှက်ရှိသည်။ ထိုလူသည် ယခင်က အတော်၀ေးသည့်နေရာတွင်ရှိနေသော်လည်း စကားမဆုံးသေးခင်မှာပင် မြို့တော်၀န်၏ စံအိမ်ထဲသို့ ရောက်ရှိလာ၏။

ဤအခိုက်တန့်တွင် ရစ်ဘရီ၏ မျက်လုံးများထဲ၌ တောက်ပသော အလင်းရောင်များထွက်ပေါ်လာလျှက်ရှိသည်။

အနီရောင်၀တ်ရုံနှင့် ထရေ့စ်ဆိုသည့်လူသည်လည်း အံ့သြသွား၏။

ပန်းချီဆွဲထားသည့် ပိတ်ကားချပ်၏ အရှေ့တွင် မြို့တော်၀န်ဆိုရိုယော့ခ်သည် တစ္ဆေတစ်ကောင်အား မြင်လိုက်ရသည့်အတိုင်း အော်ဟစ်လိုက်သည်။ "ချမ်း...ချမ်းဘော့ဒ်ဘုရင်ပဲ..."

All Chapters