← Chapters

အခန်း (၇၂၇)

Vol. 47 Ch. 727

အခန်း (၇၂၇)

Vol. 47 Ch. 727

"ဆာ အာသာနဲ့ တစ်ခြားစစ်သည်တွေကို..." ရစ်ဘရီ၏ စိတ်ထဲတွင်ရှိနေသည့် ဒေါသကို ဆက်လက်ထိန်းချုပ်၍မရတော့ပေ။

"မပြောနဲ့တော့ ငါအကုန်လုံးကို သိပြီးပါပြီ။ ငါနောက်ကျသွားလို့ တောင်းပန်ပါတယ်..." ဖှေးသည် သူ၏ ၀ိဉာဥ်စွမ်းအင်များကို ဖြန့်ကျက်၍ မြို့တော်၀န်စံအိမ်သို့ ပြေးလာခဲ့ခြင်းဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အရာများကိုလည်း သိရှိပြီးဖြစ်သည်။

ကံမကောင်းစွာပင် သူသည် ချမ်းဘော့ဒ်မှ အလွန်နောက်ကျမှ ထွက်လာခဲ့မိသည်။

သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ခရမ်းရောင်ဆေးပုလင်းတစ်လုံးသည် ရစ်ဘရီ၏ လက်ထဲသို့ ကျရောက်သွား၏။

"ငါအကုန်လုံးကို ကိုင်တွယ်လိုက်မယ်။ မင်းသူ့ကို အရင်ဆုံးသွားကယ်လိုက်ပါ..." ဖှေးသည် ရစ်ဘရီအား ပြောလိုက်၏။

ထိုအရာသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးပင်။

"ဟုတ်ကဲ့ပါ ဆရာ..." ရစ်ဘရီပျော်ရွှင်သွား၏။ သူသည် သေခါနီးဖြစ်နေသည့် အာသာထံသို့ ပြေးသွားလိုက်သည်။

သို့သော် ရစ်ဘရီ ရှေ့သို့ ခြေနှစ်လှမ်းခန့်လှမ်းပြီးသည့်အချိန်တွင် ရုတ်တရက်အနောက်သို့ ပြန်လှည့်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် သွေးများ မျက်ရည်စများစီးကျနေရင်းဖြင့် သူပြောလိုက်၏။ "ဆာ ကျွန်တော်ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ။ ကျွန်တော် ဆရာ့စီကနေ ဘာမှ မတောင်းဆိုခဲ့ဖူပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်တော့ရဲ့ညီအကို ၂၀ကို ဒီလူသားမဆန်တဲ့ကောင်တွေက...ကျွန်တော့ရဲ့ မိုက်ရူးရဲဆန်တဲ့တောင်းဆိုမှုကို လက်ခံပေးပါ။ ဒီမကောင်းဆိုး၀ါးတွေကို သတ်ပေးပါ။ ဒီခွေးသားတွေကို သူတို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပြန်ရအောင်စီရင်ပေးပါ..."

ဖှေးခေါင်းငြိမ့်၍ ရိုးသားပွင့်လင်းစွာပြန်ဖြေလိုက်သည်။ "သူတို့ထဲက ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး..."

"ဟီးဟီး အတော်လေး ဖင်ယားနေပါလား ဘုရင်လေး။ မင်းက လက်ရှိအခြေအနေကို နားမလည်သေးဘူးထင်တယ်။ မင်းဘယ်သူနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း နားမလည်သေးဘူး..." ထရေ့စ်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့်အရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး ပြောလိုက်သည်။ ထို့နောက်တွင် အစိမ်းရောင်အတွင်းအားစွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး သူသည် လေပေါ်သို့ ပျံ၀ဲသွား၏။

လေပေါ်တွင် ပြင်ပအကူညီမပါပဲ ပျံ၀ဲနေနိုင်ခြင်းပင်။

လအဆင့်သိုင်းဆရာတစ်ယောက်ပင်။

စံအိမ်ထဲတွင် အာမေဍိတ်သံများထွက်ပေါ်လာပြီး မတ်၀ပ်ဆန်၏ မျက်နှာပေါ်တွင်လည်း တောက်ပသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။ သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။

ထို့အပြင် မြို့တော်၀င်ဆိုရိုယော့ခ်သည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူသည် များစွာစိတ်အေးသွားပြီဖြစ်သည်။

"အင်ပါယာလွှတ်တော်ရဲ့ ကာကွယ်စောင့်ရှောက်သူဟုတ်လား။ ငါထင်တာမမှားဘူးဆိုရင် လွှတ်တော်ကာကွယ်စောင့်ရှောက်သူဆိုတဲ့ တစ်ယောက်လဲ လွန်ခဲ့တဲ့လေးရက်လောက်က ချမ်းဘော့ဒ်ကန့်သက်နယ်မြေထဲကို ခိုး၀င်ခဲ့လို့ ငါအရိုးတွေအကုန်ချိုးပြီးတော့ ဆုံးမပေးခဲ့သေးတယ်။ အဲ့ကောင် ဒူးထောက်ပြီး တောင်းပန်နေခဲ့တာ.." ဖှေးသည် ထရေ့စ်၏ စကားကြောင့် စိတ်လှုပ်ရှားခြင်းမရှိပေ။ သူသည် လူပျက်တစ်ယောက်အားကြည့်နေသည့်အတိုင်းပင် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သညု်။ "အတော်လေးသနားစရာကောင်းတဲ့ကောင်ပဲ။ အခြေအနေကို နားမလည်သေးတဲ့ကောင်က ခင်ဗျားပဲ..."

ထို့နောက်တွင် ဖှေးသည် သူ၏ လက်ကို ဆန့်တန်းကာ လက်သီးဆုပ်လိုက်၏။

ခုခံ၍မရနိုင်သည့်စွမ်းအားသည် ချက်ချင်းထွက်ပေါ်လာ၏။

"မင်း...ဒါက..." လေထဲတွင် ၀ဲပျံကာ သူ၏ စွမ်းအားများကို ဖော်ထုတ်ပြသနေသည့် ထရေ့စ်သည် ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ချက်ချင်းခံစားလိုက်ရ၏။ သူသည် အန္တရာယ်အရိပ်ယောင်များကို ခံစားလိုက်ရသည့်အတွက် သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွေးမျှင်များအားလုံး ထောင်မက်သွား၏။

သို့သော် သူ့တွင် ရှောင်ရှားရန်အတွက် အခွင့်ရေးမရှိတော့ပေ။

ထိုစွမ်းအား၏ ရှေ့မှောက်တွင် ကြက်ကလေးတစ်ကောင်ကဲ့သို့ပင်စွမ်းအားကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ ပြန်လည်တိုက်ခိုက်နိင်သည့်စွမ်းအားမရှိပဲ သူသည် လေပေါ်တွင် လည်ပင်းညှစ်ခံထားရသလိုဖြစ်နေ၏။ သူ၏ အကျည်းထန်သော မျက်နှာသည် နီရဲကာ မကောင်းဆိုး၀ါးတစ်ကောင်နှင့် ပို၍ပင်တူလာ၏။

သူသည် ပြန်လည်တိုက်ခိုက်ရန်ကြိုးစားသည့်အချိန်တွင် သူအမြဲတမ်းဂုဏ်ယူခဲ့ရသည့် လအဆင့်စွမ်းအားများသည် ချမ်းဘော့ဒ်ဘုရင်၏အရှေ့တွင် အသုံးမ၀င်ချေ။ သူ၏ စွမ်းအားဖြင့် ဘာမှမလုပ်နိုင်သေးခင်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများကို ကြားလိုက်ရ၏။

"အား..." နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော လအဆင့်စွမ်းအင်များအားလုံး ဖျက်ဆီးခြင်းခံလိုက်ရတော့၏။

မျှတသည့် ပွဲတစ်ခုပင်မဟုတ်လိုက်ချေ။

"ဖုန်း.."

ဖှေးသည် သေခေါင်ပေါင်းလဲဖြစ်နေသည့် ထရေ့စ်အား မြေပါ်သို့ ပစ်ချလိုက်ပြီး စံအိမ်ထဲတွင်ရှိနေသည့် တစ်ခြားလူများကို အေးစက်စွာကြည့်လိုက်သည်။

အင်ပါယာလွှတ်တော်ကာကွယ်စောင့်ရှောက်သူများထဲမှ တစ်ယောက်ဖြစ်သည့် ထရေ့စ်သည် မြေပြင်ပေါ်သို့ အမိုက်အိတ်တစ်ခုခဲ့သို့ ပစ်ချခြင်းခံလိုက်ရသည့်အတွက်ကြောင့် စံအိမ်ထဲတွင်ရှိနေကြသည့် လူများအားလုံးအသက်ရှူရခက်ခဲသွားသလိုပင် ခံစားလိုက်ရသည်။

လအဆင့်သိုင်းဆရာများသည် ဇီးနစ်အင်ပါယာထဲတွင် ထိပ်ဆုံးမှအှိန်၀ါကြီးများသည့်လူများပင်ဖြစ်ပြီး များများစားစားမရှိပေ။ သို့သော် ထရေ့စ်သည် သန်မာသည့်ယောက်ျားတစ်ယောက်နှင့်တိုက်ခိုက်ရန်ကြိုးစားခဲ့သည့် သုံးနှစ်အရွယ်ကလေးတစ်ယောက်ကဲ့သို့ပင် အနိုင်ယူခြင်းခံလိုက်ရ၏။ ဤမြင်ကွင်းသည် ချမ်းဘော့ဒ်ဘုရင်မည်မျှစွမ်းအားကြီးမားကြောင်းကို ဖော်ပြလိုက်၏။

သူတို့ တွက်ချက်ထားသည့်အတိုင်းဆိုပါက ချမ်းဘော့ဒ်ဘုရင်သည် ဤမျှစွမ်းအားမြင့်မားမနေသင့်ပေ။

မတ်၀ပ်ဆန်၏ မျက်နှာအမူယာသည် ချက်ချင်းပင်ပြောင်းလဲသွား၏။ အတွေ့ကြုံရှိသည့် ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ အမှားမည်မျှပင်ကြီးသွားသွားသည်ကို သဘောပေါက်လိုက်၏။ သူသည် ထရေ့စ်ဖြစ်သူ၏ စွမ်းအားကို များစွာယုံစား၍ အထင်ကြီးခဲ့မိခြင်းပင်။ တစ်ချိန်တည်းမှာပင် သူသည် ချမ်းဘော့ဒ်ဘုရင်ကိုလည်း လျှော့တွက်ခဲ့မိသည်။ ယခုအချိန်တွင် သူတို့သည် သားသတ်ရုံထဲသို့ ရောက်နေသည့် တိရစ္ဆာန်များကဲ့သို့ပင်ဖြစ်နေတော့၏။ ချမ်းဘော့ဒ်ဘုရင်သည် သားသတ်သမားပင်။

အယ်ဖာဟုအမည်ရသည့် အဖိုးကြီးသည်လည်း ကြောက်လန့်သွား၏။ သူခံစားနေရသည့်အကြောက်တရားကို ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။

မြို့တော်၀င်ဆိုရိုယော့ခ်သည် ဤအချိန်တွင် မျှော်လင့်ချက်ကင်းမဲ့နေတော့၏။ သူ၏ ခြေထောက်များအားပျော့သွားကာ မြေပြင်ပေါ်သို့ ပစ်လဲသွားတော့၏။

"ဖုန်း ဖုန်း ဖုန်း.."

သူသည် ဒူးထောက်ကာ ချမ်းဘော့ဒ်ဘုရင်အား အကြိမ်ကြိမ်ဦးချလိုက်၏။ သူ၏နဖူးပင် ယောင်ကိုင်းကာ သွေးများထွက်လာတော့သည်။

သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် တောင်းပန်လိုက်၏။ "ဆာ အရှင်မင်းကြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ ကျွန်တော်အတင်းကြပ်စေခိုင်းခံခဲ့ရတာပါ...ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး..."

ဖှေးသည် တစ်ဖက်သို့ ဖြေးညှင်းစွာလှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။

"ကျုပ် ခင်ဗျားကို မသတ်ပါဘူး..." ဖှေးပြောလိုက်၏။

ဆိုရိုယော့ခ် ပျော်ရွှင်သွား၏။ သူသည် ထက်မံ၍ ဦးချကာ ပြောလိုက်၏။ "ဟုတ်ကဲ့ ကျေးဇူးပါ အရှင်မင်းကြီး သနားကြင်နာပေးတဲ့အတွက် ကျေးဇူးပါပဲ..."

"ကျွန်တော် ခင်ဗျားကို မသတ်ဘူး။ ဒါပေမယ့် အသတ်ရှင်ရတာက သေရတာထက်ဆိုးတယ်ဆိုတာကို ခင်ဗျားနားလည်သွားအောင်လုပ်ပေးမယ်..." ဖှေး၏ အသံသည် ရေခဲတုံးကဲ့သို့ပင် အေးစက်နေ၏။ ကြားလိုက်ရသည့်လူတိုင်းကို ကျောချမ်းသွားစေနိုင်၏။

ဖှေးသည် အေဇာရုတိုက်သို့ ရောက်ခဲ့စဥ်ကတည်းက ဤမျှဒေါသဖြစ်ဖူးခြင်းမရှိပေ။ ရစ်ဘရီနှင့် သူ၏ စစ်သည်၂၀တို့ ကြုံတွေ့ခဲ့ရသည့်အဖြစ်ဆိုးသည် ဖှေးအား ခံစားရစေ၏။ အကယ်၍ ဘုရင်သည်သာ သူ၏ ဆန္ဒများကို ချုပ်ထိန်းထားခြင်းမရှိပါက အလံနှစ်စုံမြို့တော်ထဲတွင်ရှိနေသည့် မင်းသားအာရှဗင်၏ စစ်သည်များအားလုံး အလောင်းများဖြစ်ကုန်မည်ဖြစ်သည်။

ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ဆိုရိုယော့ခ်၏ ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သွား၏။

ဖှေးသည် ရွံရှာသည့် မျက်နှာဖြင့် သူ၏လက်ချောင်းကို တောက်လိုက်သည့်အချိန်တွင် ငွေရောင်ဓားသွားစွမ်းအင်တစ်ခု ပျံသန်းသွားပြီး ဆိုရိုယော့ခ်၏ ခန္ဓာကိုယ်အတွင်းသို့ ၀င်သွား၏။

နောက်အခိုက်တန့်တွင် ဆိုရီုယော့ခ်သည် အလွန်အဖြစ်ဆိုးတစ်ခုနှင့်ကြုံတွေ့နေရသည့်အတိုင်းပင် အော်ဟစ်နေတော့၏။ သူသည် နာကျင်မှုများစွာကို ခံစားနေရသည်မှာ ထင်ရှားလှ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ခါ၍ မြေပြင်ပေါ်တွင် လူးလွန့်နေတော့သည်။ အဆုတ်ကွဲသည်အထိ အော်ဟစ်ပြီးသည့်အချိန်တွင် သူ၏ အသံပင် ပျောက်ကွယ်သွား၏။ သူ၏ ခြေလက်များ တွန့်လိမ်၍ တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ပင် ရွေ့လျားနေတော့၏။

"နောက်တစ်ယောက်..." ဖှေးသည် သူ၏ စူးရှသည့်မျက်လုံးများဖြင့် ပတ်ပတ်လည်သို့ လှည့်ကြည့်ကာ အေးစက်သည့်အသံတစ်ခုဖြင့် အော်လိုက်သည်။ ထိုစကားသည် လွန်ခဲ့သည့်အချိန်က ထရေ့စ်ပြောခဲ့သည့် စကားပင်။

သေမင်း၏ တရားစီရင်ခြင်းတစ်ခုကဲ့သို့ပင်။

မည်မျှပင်စွမ်းအားကြီးမားသည့်လူဖြစ်နေစေကာမူ စံအိမ်ထဲတွင်ရှိနေသည့်လူများအားလုံးတုန်ခါသွား၏။

ခနတာခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဓားတစ်ချောင်းကိုင်ထားသည့်ခေါင်းဆောင်တစ်ယောက် ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရှိန်၀ါများပေါ်လာကာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် ရှေ့သို့ ပြေး၀င်သွား၍ ဖှေးအား ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

ဖှေးသည် သူ၏လက်ကို ညင်သာစွာ၀ှေ့ရမ်းလိုက်သည်။

"ဖုန်း..."

ထို သွေးသံမဏိစခန်းမှ ကြယ်လေးလုံးအဆင့်အစွမ်းသော ခေါင်းဆောင်သည် ဖှေးအနီးသို့ပင် ကပ်လာနိုင်ခဲ့ခြင်းမရှိပေ။ ဘောလုံးတစ်လုံးပေါက်သွားသလိုပင် သွေးများ၊ အသားစများ အရိုးများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားတော့၏။

"ထွက်ပြေးတော့။ ငါတို့ လူခွဲပြီးထွက်ပြေးကြမယ်။ ငါတို့ ဒီကိစ္စကို မင်းသားအာရှဗင်စီ သတင်းပို့မှရမယ်..."

သံမတမန် မတ်၀ပ်ဆန်သည် အရှုံးပေးလိုက်ကာ မျှော်လင့်ချက်မဲ့သွား၏။ သူသည် ယနေ့တွင် ကံကောင်းနိုင်ခြင်းမရှိသည်ကို သိလိုက်သည်။

"ချမ်းဘော့ဒ်ဘုရင်က ကမူးရှူးထိုးနိုင်တဲ့လူတစ်ယောက်ပဲ။ အဲ့တာကြောင့် ငါက အင်ပါယာစစ်ဌာနချုပ်က အထူးသံတမန်တစ်ယောက်ဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။ င့ါကိုပဲ မတွန့်ဆုတ်ပဲသတ်ပစ်လိမ့်မယ်..." သူတွေးလိုက်မိသည်။

ထို့ကြောင့် သူ၏ စိတ်ထဲသို့ ပထမဆုံးရောက်လာသည့်အရာသည် ထွက်ပြေးလွတ်မြောက်ရန်ပင်။

သူသည် တစ်ခြားလူများကို ထွက်ပြေးရန်အမိန့်မပေးခင်ကပင် သူ၏ အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်ပြီးဖြစ်သည်။ ကြယ်ငါးလုံးအဆင့်အတွင်းအားစွမ်းအင်များလွှမ်းခြုံနေရင်းြဖင့် သူသည် အနောက်တွင်ရှိနေသည့် ကျောက်တုံးနံရံသို့ ဦးတည်ကာ ထိုးဖောက်ထွက်ပြေးရန်ကြိုးစားလိုက်၏။

"၀ှစ် ၀ှစ် ၀ှစ်.." အတွင်းအားစွမ်းအင်မီးတောက်များသည် စံအိမ်ထဲတွင် နေရာအနှံ့ပေါ်လာပြီး လူများအားးလုံးထွက်ပြေးရန်ကြိုးစားလိုက်ကြတော့၏။

စံအိမ်ထဲတွင်ရှိနေသည့်လူအများစုသည် အတွေ့ကြုံမြင့်မားသည့်စစ်သည်များ၊ ခေါင်းဆောင်များဖြစ်သည့်အတွက်ကြောင့် မတ်၀ပ်ဆန်ပြောသည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည်။ ထို့ကြောင့် မတူညီသည့်အရပ်များထံသို့ ဦးတည်ကာ ထွက်ပြေးရန်ကြိုးစားလိုက်ကြ၏။

"ထွက်ပြေးမယ်ဟုတ်လား။ မင်းတို့တွေထွက်ပြေးနိုင်လို့လား..." ဖှေးနှာခေါင်းရှုံ့ကာ ခြေဆောင့်လိုက်သည်။

စံအိမ်အတွင်းမှထွက်ပြေးရန်ကြိုးစားနေကြသည့်လူများသည် ဖြူဖက်ဖြူယော်ဖြစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တော့၏။ သူတို့သည် ဒဏ်ရာအပြင်းထန်ရရှိသွားသည့်အတိုင်းပင် သွေးများအန်ထွက်ကာ မည်သူမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပေ။ စွမ်းအားခြင်းကွာခြားမှုသည် ကြီးမားလွန်းလှ၏။

"ဘယ်သူမှ ထွက်ပြေးလို့မရဘူးလို့ ငါပြောနေတယ်လေ..." ဖှေး၏ သေမင်းကဲ့သို့သော အသံသည် လူတိုင်းကို ရေခဲသေတ္တာထဲရောက်နေသလိုခံစားသွားရစေ၏။

မမြင်နိုင်သည့် စွမ်းအင်စက်လုံးတစ်ခုသည် နေရာတစ်၀ိုက်တွင် ပြန့်နှံ့သွားပြီး စံအိမ်တစ်ခုလုံးအား လွှမ်းခြုံသွား၏။ မည်သူမှ ထွက်ပြေးနိုင်ခြင်းမရှိကြတော့ပေ။

စွမ်းအား၏ အောက်တွင် အကြံစည်အစီစဥ်များအားလုံးသည် အသုံး၀င်ခြင်းမရှိတော့ပေ။

"မဟုတ်ဘူး ချမ်းဘော့ဒ်ဘုရင်။ မင်းင့ါကို ဒီလို ဆက်ဆံလို့ရမရဘူး။ ငါက စစ်ရေးဌာနချုပ်က အထူး သံတမန်တစ်ယောက်ပဲ။ ငါက အင်ပါယာအရှင်သခင်ယရှင်းကို ကိုယ်စားပြုတယ်။ မင်းင့ါကို ဒီလိုဆက်ဆံလို့မရဘူး..." နောက်ဆုံးတွင် မတ်၀ပ်ဆန် ကြောက်လန့်သွားတော့၏။ သူသည် ဆက်လက်အော်ဟစ်နေ၏။ "ငါမှားပါတယ် တောင်းပန်ပါတယ်။ ငါမှာားတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ဒီနေရာမှာရှိနေတဲ့လူတွေအားလုံးက ကျွမ်းကျင်တဲ့ပညာရှင်တွေပဲ အင်ပါယာရဲ့ နောက်ခံကျောရိုးတွေပဲ..."

"ခင်ဗျားတို့က ခွေးသားတွေပဲ။ ခင်ဗျားတို့အားလုံး ခွေးမသားတွေ။ ခင်ဗျားတို့ကို အကြိမ်တစ်ထောင်လာက်သတ်ပစ်သင့်တယ်။ အင်ပါယာက ခင်ဗျားတို့ကြောင့် အရှက်ရနေသင့်တယ်..." ဖှေးသည် သူ၏ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။ "မင်းတို့ကို ကြည့်နေရုံနဲ့တောင် ငါရှက်မိတယ်။ မင်းတို့ သတ်လိုက်တဲ့ကောင်တွေကမှ အင်ပါယာရဲ့ သူရဲကောင်အစစ်မှန်တွေက။ သူတို့နဲ့ ယှဥ်မယ်ဆိုမင်းတို့ကောင်တွေကို ကြည့်ရတာ အန်တောင်အန်ချင်တယ်..."

ဖှေးလက်ညိုးထိုးလိုက်သည့်နေရာတွင် ရစ်ဘရီသည် ပြန်လည်သစ်လွင်ဆေးပုလင်းအား အာသာ၏ ပါးစပ်အတွင်းသို့ လောင်းထည့်နေ၏။

ထိုလူငယ်သည် သတိပြန်လည်လာပြီဖြစ်ပြိး သူ၏ခန္ဓာကိုယ်ပါ်တွင်ရှိနေသည့် ဒဏ်ရာများသည်လည်း ပျောက်ကင်းသွားပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် အရေပြားပြန်ပေါ်လာတော်လည်း သူသည် စွမ်းအင်ကင်းအင်းမဲ့နေသေး၏။ ပြင်းထန်စွာ နှိပ်စက်ခံထားရသည့်အတွက် ပင်ပန်းနွမ်းနယ်နေမှုကို ဆေးပုလင်းမှ ကုသနိုင်ခြင်းမရှိပေ။

သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါနေဆဲဖြစ်ပြီး သူ၏မျက်လုံးများသည်လည်း အာရုံစူးစိုက်နိုင်ခြင်းမရှိသေးပေ။ သို့သော် သူ၏ မျက်လုံးများထဲတွင် အမုန်းတရာများနှင့် စိတ်လှုပ်ရှားမှုများသည် အတိုင်းသား ပေါ်လွင်နေ၏။

"ဟမ် ခင်ဗျားပဲလား.." ဖှေး၏ မျက်လုံးများသည် အဖိုးကြီး အယ်လ်ဖာပေါ်သို့ ကျရောက်သွား၏။

ဖှေး၏မျက်နှာပေါ်တွင် ရွံရှာသည့် အမူယာတစ်ခုပေါ်လာပြီး သူပြောလိုက်သည်။ "ခင်ဗျားက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ခင်ဗျားကိုယ်ခင်ဗျား တော်လှပြီထင်နေတယ်ပေါ့။ ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ ခင်ဗျားကို ကျုပ်တစ်ခါသတိပေးထား။ ခင်ဗျားမြို့တော်ထဲမှာ ဘာလုပ်နေတယ်ဆိုတာကို ကျွန်တော်မသိဘူးထင်နေတာလား။ ခရစ်-ဆူတွန်က ခင်ဗျားကို ဒီပို့လိုက်တာလား။ ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ်လာတာလား..."

ဤအယ်လ်ဖာဟုအမည်ရသည့်အဖိုးကြီးသည် ဖှေး ရွှေရောင်နေမင်းသူရဲကောင်းခရစ်-ဆူတွန်နှင့် တောင်ညီနောင်တွင်တိုက်ခိုက်ခဲ့စဥ်က ဖှေး နားဖြတ်ခဲ့သည့် အဖိုးကြီးပင်။

ထိုကဲ့သို့ ဖြတ်လိုက်ခြင်းသည် သတိပေးခဲ့ခြင်းဖြစ်သော်လည်း ထိုလူသည်ဖှေးအားအညိုထား၍ ပို၍ပင် မကောင်းကြံစည်လာခြင်းပင်။

လက်ရှိအခိုက်တန့်တွင် ဤအဖိုးကြီးသည် ဖှေးအား အလွန်မုန်းတီးသော်လည်း သူခံစားနေခဲ့ရသည့်အကြောက်တရားအား ဖုံးကွဘ်ထားနိုင်ခြင်းမရှိပေ။ သူသည် ဖှေးအား ဒူးထောက်တောင်းပန်ရမည်လား ဆက်လက်ရင်ဆိုင်ရမည်လား မသဲကွဲတော့ပဲ ရဲစွမ်းသတ္တိများလုံးပျောက်ကွယ်သွား၏။

"ခင်ဗျားက ဒီနေရာကို ကိုယ့်သဘောနဲ့ကိုယ်လာခဲ့တာပဲ။ ခရစ်-ဆူတွန်က မာနထောင်လွှားပြီး ရန်လိုတတ်တယ်ဆိုပေမယ့် သူက စစ်သည်တော်အစစ်မှန်တစ်ယောက်ပဲ။ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတဲ့လူတစ်ယောက်။ ဒါပေမယ့် ခင်ဗျားက ယင်ကောင်တစ်ကောင်လိုပဲ အမြဲမကောင်းပဲကြံနေပြီးတော့ ဘာမှ အဖြစ်ရှိတာမဟုတ်ဘူး..." ဖှေးသည် ညင်သာစွာပြောလိုက်၏။

ဖှေးပြောလိုက်သည့်အရာကြောင့် အယ်ဖာပင် ငိုချင်လုနည်းပါးဖြစ်သွား၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ့ထက်ပင် သူ၏ ဆရာအကြောင်းကို ပိုသိသည်အား သဘောပေါက်လိုက်၏။ ထိုအရာသည် တစ်ချိန်တည်းမှာပင် နာကျည်းကာ ၀မ်းနည်းစရာကောင်းနေ၏။

ဖှေးသည် ထိုအဖိုးကြီးအား ဆက်လက်၍ စကားပြောလိုခြင်းမရှိတော့ပေ။

"ဖုန်း..."

သူ၏ လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် အယ်ဖာသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ထို့နောက်တွင် ငွေရောင်စွမ်းအင်ဓားသွားများ ပျံသန်းသွားပြီး နန်းတော်ဆောင်ထဲတွင်ရှိနေသည့် ရန်သူများအားလုံးကို သတ်ဖြတ်လိုက်သည်။ အော်ဟစ်သံများကြားထဲတွင် ဖှေးထရေ့စ်ဘက်သို့ လှည့်လိုက်သည်။ ထရေ့စ်သည် ပြန်လည်တိုက်ခိုက်ရန်အတွက် မိမိကိုယ်မိမိကြိုးစားကုသနေ၏။ သူသည် ဆေးပုလင်းတစ်လုံးကို သောက်နေ၏။

"ခင်ဗျားက လူတွေကို အရေခွံခွာရတာသဘောကျတဲ့ပုံပဲ..." ဖှေးမေးလိုက်သည်။ "ခင်ဗျားကို ကိုယ်တိုင်ခံစားကြည့်စေတာပေါ့..."

All Chapters