အခန်း (၇၂၆)
Vol. 47 Ch. 726
ချက်ချင်းလိုလိုပင် နန်းတော်ဆောင်၏အပြင်မှ အော်ဟစ်သံများ၊ ပေါက်ကွဲသံများထွက်ပေါ်လာတော့သည်။ မြေပြင်သည် စတင်၍ တုန်ခါလာပြီး အချိန်မရွေးကွဲအက်သွားတော့မည်ဟုခံစားနေရသည်။ နတ်ဘုရားတစ်ပါး ကောင်းကင်ဘုံမှ ဆင်းသက်လာနေသလိုပင်။
ဤကျောက်တုံးနန်းတော်ဆောင်ထဲတွင်ရှိနေသည့် လူတိုင်းတုန်လှုပ်သွားကြပြီး ရစ်ဘရီတစ်ယောက်ထဲသာလျှင် စိတ်လှုပ်ရှားပျော်ရွှင်နေ၏။ သူသည် ထရေ့စ်ဟုအမည်ရသည့် အဖိုးကြီးအား အရှင်လတ်လတ်၀ါးမျိုလိုသကဲ့သို့ပင် စိုက်ကြည့်နေလျှက်ရှိသည်။
ရစ်ဘရီနှင့် သိပ်မ၀ေးသည့်နေရာတွင်ရှီနေသည့် အရေခွံခွာခံထားရသော လူငယ်စစ်သည်သည်လည်း တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အကောင်းအတိုင်းကျန်ရှိနေသည့် တစ်ခုတည်းသောအရာဖြစ်သည့် မျက်လုံးများသည်လည်း တောက်ပလာ၏။
"ကျွန်တော်တို့ဘာလုပ်သင့်လဲ ချမ်းဘော့ဒ်ဘုရင်ရောက်လာပြီ...ကျွန်တော်တို့..." ချမ်းဘော့ဒ်ဘုရင်အား ကြောက်ရွံ့ပြီးဖြစ်သည့် မြို့တော်၀န်ဆိုရိုယော့ခ်သည် တုန်လှုပ်ကာ ပုန်းအောင်ရမည့်နေရာတစ်ခုအား လိုက်ရှာနေလျှက်ရှိသည်။
"မင်းဘာကြောက်နေတာလဲ။ သူရောက်လာတာ ကောင်းတာပေါ့ကွ။ မင်းသားအာရှဗင်စိတ်ထဲမှာရှိနေတဲ့ ရန်သူကို ငါရှင်းလင်းပေးရတော့မယ် ဟားဟားဟား..." ကြောက်ရွံခြင်းမရှိပဲ ထရေ့စ်ဆိုသူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ကျေနပ်သည့်အမူယာတစ်ခုရှိနေ၏။
ထိုကဲ့သို့ ခံစားနေရသည့် နောက်ထပ်လူတစ်ယောက်သည် အထူးသံတမန် မတ်၀ပ်ဆန်ပင်။
အစပိုင်းစိုးရိမ်သွားပြီးသည့်နောက်တွင် ထိုလူသည် အနည်းငယ်ပျော်ရွှင်လာတော့၏။
"ချမ်းဘော့ဒ်ဘုရင် မင်းက အချိန်ကိုက်ရောက်လာတာပဲ။ ကန့်သက်နယ်မြေကို အတင်း၀င်ရောက်လာတာက ပြစ်မှုကြီးတစ်ခုပဲ။ နောက်ပြီး မင်းက င့ါရဲ့အစောင့်စစ်သည်တွေကိုတောင်သတ်ပစ်လိုက်သေးတယ်။ ဒီနေ့ အင်ပါယာကာ လွှတ်တော်ကာကွယ်စောင့်ရှောက်သူ ထရေ့စ်ကိုယ်တိုင်ရှိနေတာကြောင့် မင်းကို တရားခွင်တင်စရာမလိုပဲ သတ်ပစ်လို့ရပြီ။ ဒီကိစ္စကို နောက်ကျရင်အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ပြန်သိသွားတောင် ငါတို့ကို အပြစ်ပေးလို့မရတော့ဘူး။ ဟားဟား နတ်ဘုရားတွေကများ ငါမင်းသားကို သစ္စာရှိတာသိလို့ ဒီအခွင့်ရေးနဲ့ ဆုချလိုက်တယ်ထင်တယ်..." မတ်၀ပ်ဆန်တွေးလိုက်မိသည်။
အခိုက်တန့်တစ်ခုကြာခန့် စံအိမ်ထဲတွင်ရှိနေသည့်လူများ၏ စိတ်ထဲတွင် မတူညီသည့် အတွေးများကိုယ်စီရှိနေကြ၏။
စစ်ရေးခေါင်းဆောင်များသည် သူတို့၏လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်၍ အသံများထွက်ပေါ်လာနေသည့်အရပ်ထံသို့ ဆုံးဖြတ်ချက်ပြတ်သားသည့်အမူယာများဖြင့် စောင့်ကြည့်နေကြသည်။
ဂိတ်တံခါး၀တွင် ကျွမ်းကျင်စစ်သည်များစွာရှိနေပြီး ဒိုင်းကာကြီးများကို ကိုင်ဆောင်ကာ ချမ်းဘော့ဒ်ဘုရင်၀င်ရောက်လာမည်ကို တားဆီးရန်အသင့်ပြင်ထားကြ၏။ သူတို့၏ နောက်တွင် မှော်ဆရာများစွာရှိနေပြီး မန္တန်များကိုရွတ်ဆိုပြင်ဆင်ထားကြ၏။ ကြောက်မက်ဖွယ်မှော်စွမ်းအင်အရှိန်၀ါများ ထွက်ပေါ်လာကာ ချမ်းဘော့ဒ်ဘုရင်၀င်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
ရုတ်တရက်ပင် ခြေသံများထွက်ပေါ်လာပြီး မြေပြင်ပင် တုန်ခါသွား၏။
ခနတာ ရပ်တန့်သွားပြီးသည့်နောက်တွင် ဂိတ်တံခါးကို ကာကွယ်ရန်ပြင်နေကြသည့်စစ်သည်များသည် ဘေးသို့ ဖယ်ပေးကာ လူတစ်ယောက်သွားနိုင်သည့် လမ်းကြောင်းတစ်ခုကို ပြုလုပ်ပေးလိုက်ကြ၏။
ကြောက်လန့်နေသည့် အမူယာတစ်ခုဖြင့် ထိုလူသည် ပြေး၀င်လာပြီး အော်ဟစ်လိုက်သည်။ "ချမ်းဘော့ဒ်ဘုရင် ရောက်နေပြီ။ သူက သူရဲကောင်းနန်းတော်က တရားစီရင်ခြင်းသူရဲကောင်း သုံးယောက်ကို သတ်ပစ်လိုက်တာပဲ။ ပြေးတော့ ဆုတ်ခွာကြတော့...ဘယ်သူမှ သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး။ ငါတို့ သူနဲ့ပတ်သက်ပြီး ရထားတဲ့သတင်းတွေကမှားနေတယ် ပြေးကြတော့..."
ထိုလူသည် မိုးကြိုးသခင်တပ်ဖွဲ့ကို မြို့ခံတပ်ဖွဲ့စခန်းအား ၀ိုင်းထားရန်အမိန့်ပေးခဲ့သည့် ၀ီလီယံပင်။
အနီရောင်၀တ်ရုံနှင့် လူသည် ပြုံးလိုက်ပြီး ဘာမှပြန်ပြောခြင်းမရှိပေ။
မတ်၀ပ်ဆန်သည် ချက်ချင်းပင် ဒေါသဖြစ်သွား၏။ "မင်းဘာတွေပြောနေတာလဲ ၀ီလီယံ။ မင်းက ငါတို့ကို လာပြီးတော့ ကြောက်အောင်လာခြောက်လန့်နေတာလား။ မင်းကတော့..."
အထူးသံတမန်၏ စကားမဆုံးသေးခင်မှာပင် ပြောင်းလဲခြင်းများ ရုတ်တရက်ဖြစ်ပေါ်လာ၏။ "ဘုန်း ဘုန်း ဘုန်း..."
ဂိတ်တံခါး၏ အရှေ့တွင် ပြင်းထန်သည့် လေမုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာသည့်အတိုင်းပင် စစ်သည်များစွာသည် ကောက်ရိုးမျှင်များကဲ့သို့ပင် လွှင့်စင်ကုန်ကာ သူတို့ဘာမှ တတ်နိုင်ခြင်းမရှိပေ။ ၂၀၀ကီလိုဂရမ်ခန့်လေးလံသည့် ဒိုင်းကာကြီးများသည် လေပေါ်သို့ သစ်ရွက်ခြောက်များကဲ့သို့ပင် လွှင့်စင်ကုန်ပြီး သူတို့သည် မကြာမှီတွင် လူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"၀ှစ်..."
လေထဲတွင် ဖုန်မှုန့်တိမ်တိုက်များထွက်ပေါ်လာပြီး ထိုတိမ်တိုက်များအတွင်းမှ ငွေရောင်ဓားသွားစွမ်းအင်များထွက်ပေါ်လာ၏။
ထိုဓားသွားစွမ်းအင်များသည် စက္ကန့်၀က်ခန့်သာတောက်ပသွားပြီး ကြောက်လန့်နေသောအမူယာနှင့် ပြေးလွှားနေသည့်၀ီလီယံအား ထိုးဖောက်သွား၏။
၀ီလီယံ၏ ခန္ဓာကိုယ်သည် ပို၍ပင် အေးစက်သွားပြီး သူ၏ အမူယာသည် ပို၍ပင် အေးစက်လာတော့သည်။
"မဟုတ်ဘူး..." သူအော်ဟစ်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် ပေါက်ခါနီးဘောလုံးတစ်ခုလိုပင် ဖောင်းလာပြီး သူ၏အသားများ၊ အရိုးများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားတော့၏။
စံအိမ်ထဲတွင်ရှိနေသည့်လူများ သူတို့မြင်လိုက်ရသည့်အရာကြောင့် ကြောက်လန့်နေသည့်အချိန်တွင် သူတို့အားလုံး ခြေသံများ ထက်မံ၍ ကြားလိုက်ရ၏။
ဂိတ်တံခါး၏ အရှေ့တွင် ဖုန်မှု့န်တိမ်တိုက်များ၊ ကစဥ့်ကလျားဖြစ်နေသည့်စွမ်းအင်များရှိနေသော်လည်း အရပ်ရှည်ရှည်နှင့် စူးရှသောမျက်လုံးများနှင့် လူတစ်ယောက်၏ပုံရိပ်ကို လူများရှင်းလင်းစွာမြင်လိုက်ရ၏။
ထိုလူသည် ဖြေးညှင်းစွာလမ်းလျှောက်လာနေသည်ဟုထင်ရသော်လည်း တကယ်တန်းတွင် အလွန်လျှင်မြန်နေ၏။ သူသည် မြေပြင်အား ခြုံ့နိုင်သလိုပင် သူရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် သူ၏ခန္ဓာကိုယ်သည် ဖြတ်ကနဲဖြစ်သွားပြီး မီတာများစွာ၀ေးသည့်နေရာသို့ ရောက်ရှိသွားမည်ဖြစ်သည်။
စွမ်းအားကြီးမားလှ၏။
အင်ပါယာလွှတ်တော်၏ ကာကွယ်စောင့်ရှောက်သူများထဲမှတစ်ယောက်ဖြစ်သည့် ထရေ့စ်ပင် သူ၏မျက်နှာပေါ်တွင် အနည်းငယ်အံ့သြသည့် အမူယာတစ်ခုရှိနေ၏။
"ချမ်းဘော့ဒ်ဘုရင်က ငါထင်ထားတာထက်တောင် ပိုပြီးတော့ အစွမ်းထက်တာပဲ..." သူတွေးလိုက်မိသည်။
ဤကဲ့သို့ဖြစ်သော်လည်း သူသည် ဂရုစိုက်ခြင်းမရှိပေ။ သူ၏ စိတ်ထဲတွင် မိမိကိုယ်မိမိမြင့်မားစွာယုံကြည်ထားသည့်အတွက်ပင်။
"ဟာ ချမ်းဘော့ဒ်ဘုရင်...အလတ်ဇန္ဒား..." မြို့တော်၀န်ဆိုရိုယော့ခ်၏ ၀ဖိုင့်သော ခန္ဓာကိုယ်သည် ပြင်းထန်စွာစတင်၍ တုန်ခါလာတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အဆီများသည် လှိုင်းထနေ၏။
ရူးသွပ်သည့်လေသည် စံအိမ်ထဲတွင်တိုက်ခတ်နေသည့်အတွက် ဖယောင်းတိုင်မီးများငြိမ်းသွား၏။ အနည်းငယ်မှောင်သွားပြီး လမ်းလျှောက်လာနေသည့်လူအား အမှောင်ထုက လွှမ်းခြုံထား၏။ သူ၏ မျက်လုံးများသည်သာလျှင် အမှောင်ထဲတွင် တောက်ပေနေလျှက်ရှိသည်။ သူပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်နေသည့်အချိန်တွင် ငွေရောင်အလင်းတန်းများရွေ့လျားနေ၏။
"အတော်လေးကြောက်စရာကောင်းတဲ့ စွမ်းအားပဲ...." ဤသည်မှာ လူတိုင်း၏ ခေါင်းထဲတွင်ပေါ်လာသည့် အတွေးပင်။
ထိုမျက်လုံးများထဲတွင် လူသားခံစားချက်တစ်စုံတစ်ရာမရှိပဲ အဆုံးမရှိသော သတ်ဖြတ်လိုသည့် ဆန္ဒတို့ဖြင့်သာပြည့်နှက်နေ၏။ ဖှေးအကြောင်းကို အနည်းငယ်သိသည့် မြို့တော်၀န်ဆိုရိုယော့ခ်သည် ဖှေးအလွန်ဒေါသဖြစ်နေသည်ကို သိလိုက်၏။ သူသည် ထိန်းချုပ်၍မရနိုင်သည့် အကြောက်တရားများကိုခံစားလိုက်ရပြီး ထရေ့စ်ကဲ့သို့သော စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက် သူ၏ အနောက်တွင်ရှိနေသော်လည်း သူသည် လုံခြုံသလိုခံစားရခြင်းမရှိပေ။
ဤအခိုက်တန့်တွင် သူသည် အထူးသံတမန်မတ်၀ပ်ဆန်တို့၏ မကောင်းကြံမှုတွင် ၀င်ရောက်ပါ၀င်မိသည့်အတွက် နောင်တရလာ၏။ သို့သော် ယခုအချိန်တွင်မူ အလွန်နောက်ကျလွန်းသွားပြီဖြစ်သည်။
"ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားလား ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါက အင်ပါယာစစ်ဌနာချုပ်က စေလွှတ်လိုက်တဲ့ အထူးသံတမန် မတ်၀ပ်ဆန်ပဲ..." မတ်၀ပ်ဆန်သည် မာနထောင်လွှားသည့်အမူယာတစ်ခုနှင့်အတူ ပြောလိုက်သည်။ "မင်း ဘာလုပ်နေတာလဲဆိုတာကို မင်းသိရဲ့လား။ မင်းက ငါနေထိုင်ရာနေရာကို လာကျူးကျော်ပြီးတော့ အင်ပါယာရဲ့ စစ်သည်တွေခေါင်းဆောင်တွေကို ၀င်သတ်နေတာပဲ။ ဒါက ခွင့်လွှတ်လို့မရတဲ့ ရာဇ၀တ်မှုတစ်ခုပဲ။ မင်းအခုချက်ချင်းပဲ အသာတကြည်အဖမ်းခံလိုက်ပါ။ အဲ့တာဆိုရင်တော့ ငါမင်းကို သက်ညှာပေးမယ်..."
မတ်၀ပ်ဆန်သည် ထိုကဲ့သို့ ပြောလိုက်သော်လည်း စံအိမ်ထဲသို့ ၀င်ရောက်လာသည့်လူသည် သူ့ကိုတစ်ချက်ပင် လှည့်မကြည့်ပေ။
ဖှေးသည် သံတမန်အားမကြည့်ပဲ ရစ်ဘရီကိုသာ ကြည့်နေလျှက်ရှိ၏။ သူသည် ရစ်ဘရီအား မေးခွန်းတစ်ခုမေးနေသလိုပင်။
"ဟီးဟီး မစ်စတာ မတ်၀ပ်ဆန် ဒီဘုရင်လေးက ခင်ဗျားကို သဘောကျပုံမရဘူး။ ဟေး ဘုရင်လည်း ငါ့နာမည်က တေလာ-ထရေ့စ်ပဲ။ ငါက အင်ပါယာလွှတ်တော် ကာကွယ်စောင့်ရှောက်သူတွေထဲက တစ်ယောက်။ အော် အေးဟုတ်သားပဲ တောင်းပန်ပါတယ်။ မင်းတို့လိုသာမန်လူတွေက အင်ပါယာလွှတ်တော်ကာကွယ်စောင့်ရှောက်သူတွေရှိတယ်ဆိုတာကို သိမှာမဟုတ်ဘူး။ ငါမြန်မြန်လေးရှင်းပြလိုက်မယ်။ ငါတို့က အင်ပါယာဥပဒေရဲ့အထက်မှာရှိတဲ့ လူတွေပဲ။ မင်းလို ဘုရင်တစ်ပါးကို အကြောင်းပြချက်မရှိပဲ သတ်လိုက်မယ်ဆိုရင်တောင် င့ါအတွက် ဘာမှဖြစ်လာမှာမဟုတ်ဘူး မင်းနားလည်လား..."
သို့သော် ထိုသိုင်းဆရာကိုလည်း ဖှေးဂရုစိုက်ခြင်းမရှိပေ။
"ဆာ...ဆရာလား..." ရစ်ဘရီသည် သူ၏ဒေါသကို ထိန်းချုပ်ကာ မေးလိုက်သည်။
ထိုလူသည် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ စံအိမ်ထဲတွင်ရှိနေသည့် အလင်းရောင်များအားလုံးသည် သူ့အပေါ်သို့ ကျရောက်လာ၏။ နုပျိုခန့်ညားသည့် ယောက်ျားတစ်ယောက်၏ မျက်နှာကို လူတိုင်းမြင်လိုက်ရသည်။ ထိုလူသည် ချမ်းဘော့ဒ်ဘုရင်ပင်။
သို့သော် ဤအခိုက်တန့်တွင် ပုံမှန်အားဖြင့် ကောင်းကင်ကဲ့သို့ ကြည်လင်နေလေ့ရှိသည့် မျက်လုံးများသည် သတ်ဖြတ်လိုသောဆန္ဒများဖြင့် ပြည့်နေလျှက်ရှိ၏။ သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် တစ်ခြားလူများကို ကြောက်လန့်ဖွယ်အရှိန်၀ါတစ်ခုပေးနေလျှက်ရှိသည်။