← Chapters

မြို့တော်

Vol. 47 Ch. 729

မြို့တော်

Vol. 47 Ch. 729

မတ်ဝပ်ဆန်မှာ ဖေး၏ စကားကိုကြားသည်နှင့် ကိုယ့်ခေါင်းကိုယ် လက်သီးနှင့်ထိုးကာ သတ်သေရန်ကြိုးစားသည်။

ဖေး ထရေ့စ့်ကိုနှိပ်စက်မှုများကြောင့် သူသွေးကြောင်သွားခြင်းဖြစ်၏။ ထိုသို့နာကျင်မှုခံစားရသည်ထက် သေသည်က သူ့အတွက် ပိုသက်သာပေသည်။

သို့သော်လည်း ဖေးကခွှင့်ပြုမည်မဟုတ်ပေ။

" မင်း သေချင်နေပြီးလား မရဘူး ငါသေခွှင့်ပြုမှသေရမယ် "

ဖေး သူ့လက်ကိုလှုပ်ရှားလိုက်သည်နှင့် စွမ်းအင်လှိုင်းတစ်ခု မတ်ဝပ်ဆန်ထဲထွက်သွားပြီး မတ်ဝပ်ဆန်မှာ မလှုပ်ရှားနိုင်ဖြစ်သွား၏။

" မင်း အလက်ဇန္ဒား မင်းအတော်ရက်စက်တာပဲ မင်းကလူမဟုတ်ဘူး နတ်ဆိုးပဲ " မတ်ဝပ်ဆန်မှာ ဖေးကိုကျိန်ဆဲသည်။

" ငါက မင်းတို့လို နတ်ဆိုးတွေကိုဖိနှိပ်ဖို့ နတ်ဆိုးဆန်ရတာ မင်း အင်ပါယာရဲ့သူရဲခေါင်း၁၉ဦးကိုနှိပ်စက်တုန်းကရော လူမဆန်ဘူးလို့မခံစားရဘူးလား အင်ပါယာရဲ့သူရဲခေါင်း၁၉ရောက်က အရက်စက်ဆုံးနည်းလမ်းနဲ့အသတ်ခံခဲ့ရတယ် သူတို့ရဲ့အော်သံဒီနန်းတော်ထဲပျံ့လွှင့်နေတုန်းကရော မင်းလူမဆန်မှုကိုမခံစားရဘူးလား " ဖေး မတ်ဝပ်ဆန်ကို စူးရှစွာကြည့်ရင်းပြောလိုက်၏။

သူဘာမျှ မပြောသဖြင့် ဆက်ပြောလိုက်သည်။

" မင်းတို့ သူတို့ကိုသတ်ရုံပဲဆို ငါမနာမကျင်ဘဲ မင်းတို့ကိုသေစေမှာ အခုတော့မရဘူး မင်းဒီအတိုင်းသေသွားလို့မရဘူး "

ထို့နောက် ဖေးသူ့ကိုဆက်ပြ အရေးမလုပ်တော့ဘဲ ရစ်ဘရီကိုလှည့်ပြောလိုက်၏။

" ရစ်ဘရီ မင်းအာသာနဲ့အတူ စစ်စခန်းကိုပြန်သွား အာရုံမတက်ခင် အလံနှစ်စုံမြို့ကိုထိန်းချုပ် ဒီပြစ်မှုထဲပါသူတွေအကုန်ဖမ်း စစ်ကြောရေးလုပ် အပြစ်ရှိသူအကုန် အပြစ်ပေးခံရမယ် ဒီကိစ္စတွေကို စစ်ဌာနချုပ်ကအမိန့်သစ်ရောက်မလာခင်အပြီးလုပ်ပါ "

" အမိန့်တိုင်းပါ ဆာ " ရစ်ဘရီ အရိုအသေပေးပြီး နန်းတော်မှာခွာရန် ပြုလိုက်သော်လည်း တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် ထပ်ပြောသည်။ " " ဆာ သူတို့ကို "

" ခေါင်းဆောင်တွေကို အပြစ်ပေးပြီးပြီဆိုတော့တော်ပြီ ငါလည်းသူတို့ အကြောတွေနဲ့ စစ်သည်တော်စွမ်းအင်တွေကို ဖျက်ဆီးလိုက်ပြီဆိုတော့ သူတို့သာမန်လူဘဝနဲ့နေသွားရမှာ သူတို့ကို မိုကြိးကြာပွတ်အရှင်ဆီပို့ မြို့စားဆိုရိုကော့နဲ့ ဒေသခံတပ်မှူးတွေလိုအပြစ်သားတွေကတော့ ဆွေးနွေးပြီးအပြစ်ပေးကြပေါ့ "

" ဟုတ်ကဲ့ပါ အရှင် " ရစ်ဘရီက ထွက်ခွာရန်ပြင်ပြီးမှ ထပ်မှန်နောက်လှည့်လာပြန်သည်။ " ဒါဆို အရှင်ကရော "

" ငါကမြို့တော်ကိုသွားမယ် အရှင်စစ်နတ်ဘုရားနဲ့တွေ့မယ် " ဖေးယုံကြည်ချက်ရှိစွာပြောသည်။

" အရှင် ဒါက " ဖေးစကားကြောင့် ရစ်ဘရီရှော့ရသွားသည်။

ရစ်ဘရီအတွေးမှာ ဖေးယနေ့ပြုလုပ်ခဲ့သည်က အတော်ရူးစရာဖြစ်နေပြီဖြစ်သည်။ မြင့်မြတ်သူမျိုး၊ အာဏာရှိ ထင်ရှားသူမျာကိုသတ်ဖြတ်ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူ နှုတ်ပိတ်စရာရှိသူမျကို ရှင်းလင်းကအပြစ်လွှဲရန် စဉ်းစားနေခြင်းဖြစ်၏။

မြို့တော်မှာ မှော်ဆရာများ၊ စစ်သည်တော်များ၊ မှော်အစီအရင်များ၊ မှော်တာဝါများစွာနှင့်ဖုံးလွှမ်းနေပြီး ခုခံရေးအတော်တင်းကြပ်လှသည်။ ထို့ပြင် အင်ပါယာရက်ဆင်လည်းရှိသေးသည်။ အင်ပါယာအရှင်မှာ သေလုနီးပါးဖြစ်နေသည်ဟု သတင်းထွက်နေသော်လည်း ယှဉ်ပြိုင်နိုင်သောအရာမဟုတ်ပေ။

ဖေးက ရစ်ဘရီ၏အတွေးကိုရိပ်မိသဖြင့် ရယ်ပြောသည်။ " စိတ်မပူပါနဲ့ ငါ့အကန့်အသတ်ငါသိပါတယ် ငါတို့အိမ်ရှေ့စံကအတော် ဖိနှိပ်လာတယ် ငါမတုန့်ပြန်ရင်သူ့ကိုကြောက်တယ်ထင်ပြီး ပိုဆိုးတာတွေဖြစ်လာနိုင်တယ် အခုရှင်းလိုက်တာကောင်းတယ် "

ရစ်ဘရီလည်း ဖေးအကြံကြောင့်ရှော့ဖြစ်သွား၏။ ဆက်လက်လည်း နားချမရနိုင်သည်ကိုသိလိုက်သဖြင့် ပိုလုံခြုံစေရန် ပြောလိုက်သည်။

" ဆာ ဒီနေ့အလုပ်အတော်ရှုပ်ခဲ့တော့ ပင်ပန်းရောပေါ့ ခနနာပြီး နက်ဖြန်မှ စစ်သည်တော်တွေနဲ့ အတူသွားပါ့လား "

" မလိုဘူး ငါခနနေပြန်လာမှာပဲ "

ဖေး၏ နောက်ကျော၌ ငွေရောင်အတောင်နှစ်စုံထွက်ပေါ်လာသည်။ ထို့နောက် ဖေးမှာ မတ်ဝပ်ဆန်ကိုဆွဲပြီး လေထုကိုခွဲ၍ ပျံတက်လိုက်၏။ လေခွင်းပေါက်ကွဲသံနှင့်အတူ ငွေရောင်အလင်းတန်းအဖြစ် ကောင်းကင်ထဲတိုးဝင်ပျောက်ကွယ်သွားတော့သည်။

ရစ်ဘရီမှာ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့သည်။

ယခုတော့ ဇင်းနစ်အင်ပါယာ၏ အနောက်မြောက်ရှိ မြို့ကြီးကိုကာကွယ်ရသော တပ်မှူးကြီး ရစ်ဘရီမှာ ယခင်သူသိခဲ့သော ချမ်းဘော့ဒ်ဘုရင်အကြောင်းက အပေါ်ယံမျှသာဖြစ်သည်ကို သိလိုက်၏။

" ဒီဘုရင်လေးက မိုးကိုခွှင်းမယ်ြ နတ်နဂါးဘဲ အိမ်ရှေ့စံက လူတွေမရောက်နိုင်တဲ့နေရာမှာရှိနေပေမယ့် ဘုရင်လေးနဲ့ယှဉ်ရင်တော့ အားနည်းသေးတယ် သူတို့နှစ်ယေယက်အဆင့်တွေက ကွာလွန်းပါတယ် အင်ပါယာရက်ဆင် အထွတ်အထိပ်အ‌ခြေအနေမှ ရှိနေမှ ဒီဘုရင်လေးကိုထိန်းနိုင်မှာ "

ထို့နောက် ရစ်ဘရီမှာ ရွှေတံဆိပ်ပြားကို အစောင့်အာသာထံပေးလိုက်ပြီး သူ့အစောင့်ပုခုံးကိုပုတ်နေ၏။ ဘာမျှ ထပ်မပြောတော့ပါ။

" မင်းရူးနေပြီ မင်းတကယ်မြို့တော်ကို သွမယ်ပေါ့ မင်းသေချင်နေပြီပေါ့ ကောင်းတယ် အိမ်ရှေ့စံက မင်းကိုတစ်စစီဖြုတ်လိမ့်မယ် "

မတ်ဝပ်ဆန်မှာ လည်မျိုမှ အကိုင်ခံထားရ၍ မလှုပ်ရှားနိုင်ပေ။ သူအောက် ငုံ့ကြည့်တိုင်း တောင်တန်းများကိုမြင်နေရသည်။ လေခွင်းသံများကိုပင်ကြားနေရ၏။ ဤသို့ အမြန်နှုန်းက လအဆင့်အောက်စစ်သည်တော်များအတွက် မဟုတ်ပါ။ ဖေး၏ အကာအကွယ်သာမရှိပါက အလယ်အလတ် ကြယ်ငါးပွင့်စစ်သည်တော် မတ်ဝပ်ဆန် တစ်စစီဖြစ်နေပြီဖြစ်သည်။

မျှော်လင့်ချက်မဲ့နေသော မတ်ဝပ်ဆန်မှာ ဖေး မြို့တော် စိန့်ပီတာဘတ်ကို ဦးတည်နေကြောင်းသိလိုက်၍ စိတ်လှုပ်ရှားလာသည်။ သူက ဖေးကိုပင်ကျိန်ဆဲနေ၏။

ဖေးမှာ သူ့ကို လစ်လျှူရှူထားသည်။ နာရီဝက်ခန့် ပျံသန်းအပြီး၌ မြေပြင်မှာ ကောင်းကင်ယံမှာ ကြယ်ပွင့်များကဲ့သို့ တစ်လက်လက်အလင်းပွင့်များနှင့်ပြည့်နေသည်။ ၎င်းက မြို့တော်စိန့်ပီတာဘတ်၏ အဆောက်အဦးများမှ မီးအလင်းဖြစ်သည်။

ဖေးမှာ စိန့်ပီတာဘတ်မြို့နှင့် နီးလာသော်လည်း အရှိန်မလျှောပေ။ သူ့မျက်လုံးများတွင်တော့ သတ်ဖြတ်လိုစိတ်များ ဝင်းဝင်းတောက်နေ၏။

All Chapters