← Chapters

မြို့တော်တွင်းသို့ဝင်ခြင်း

Vol. 47 Ch. 730

မြို့တော်တွင်းသို့ဝင်ခြင်း

Vol. 47 Ch. 730

ဖေး မြို့တော်နားရောက်သည်နှင့် ဇင်းနစ်အင်ပါယာ၏ အဓိကတပ်ကြီးဆယ်တပ်မှ တစ်တပ်ဖြစ်သော ဧရာအင်အားတပ်မှ သတိထားမိလာပြီး လှုပ်ရှားလာကြသည်။ လိမ္မော်ရောင်အလင်းတန်း‌ခြောက်ခု အ‌မြှာက်ဆံများအလား ဖေးထံဝင်လာ၏။

" ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ် "

စူးရှသော လေခွင်းသံနှင့်အတူ မြားခြောက်ချောင်းဖေးအနားမှ ပျံသန်းသွားသည်။ ထိုမြားများက ဖေးကိုချိန်ရွယ်ခြင်းမဟုတ်ဘဲ သတိပေးပစ်ခတ်ခြင်းသာဖြစ်၏။

ပျံသန်းနိုင်သူတိုင်းက လအဆင့်၏အထက်ဖြစ်ရာ ထိုဆရာသခင်၏ ရည်ရွယ်ချက်မသိဘဲ တိုက်ခိုက်မိပါက ဖြစ်လာမည့်အကျိုးဆက်ကို ဧရာအင်အတပ်၏ တပ်မှူးတာဝန်မခံနိုင်ပါ။

" ကျေးဇူးပြုပြီး မြေပေါ်ဆင်းလိုက်ပါ သင်က ဇင်းနစ်အင်ပါယာရဲ့မြို့တော် စိန့်ပီတာဘတ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်ထဲရောက်နေပါတယ် မြို့တော်မှာပျံသန်းမှုကိုတားမြစ်ထားပါတယ် ဆက်ပျံလာမယ်ဆိုရင် တိုက်ခိုက်ရမယ် " ကျယ်လောင်သောသတိပေးသံထွက်ပေါ်လာ၏။

ဖေးမှ ထိုဧရာအင်အားတပ်တွင် သူ့ကိုအန္တရာယ်ပေးနိုင်သူ မည်သူမျှ မရှိကြောင်း အာရုံခံမိသည်။ ယခုအော်လိုက်သော်စစ်သည်ပင် ကြယ်ငါးပွင့်အဆင့်သာရှိပြီး မှော်ကိရိယာကြောင့်အသံကျယ်လောင်နေခြင်းဖြစ်၏။

ထိုအခိုက်အတန့်၌ပင် စိန့်ပီတာဘတ်မြို့တော်တွင်းရှိ အမျိုးမျိုးသောစစ်စခန်းများမှ ပုံရိပ်များမှာ မီးတောက်များဝိုင်း၍ မြေပေါ်မှဝဲတက်လာကြသည်။

၎င်းတို့က မှော်ဆရာများဖြစ်ကြသည်။ မှော်ဆရာများ၏ အားသာချက်မှာ လအဆင့်မဖြစ်လျှင်ပင် ဝဲပျံခြင်း၊ မြေဆွဲအားဖျောက်ခြင်း၊ လေတောင်ပံ စသည့်မှော်စပဲများအစွမ်းသုံးကာ ပျံဝဲတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

" ဘုရင်လေးရေ မင်းကိုတွေ့သွားကြပြီ မြန်မြန်သာအရှူံးပေးလိုက် မဟုတ်ရင်တော့ ငှက်တစ်ကောင်လိုပစ်ချခံရလိမ့်မယ် " မတ်ဝပ်ဆန်က လှောင်သည်။ ဖေး သူ့ကို ဘာအတွက် ခေါ်လာကြောင်း မသိသော်လည်း သူစိတ်အေးလက်အေးဖြစ်နေ၏။

အလံနှစ်စုံမြို့ထက်စာလျှင် ဤ စိန့်ပီတာဘတ်မြို့မှာ သူ့အတွက်ပိုမို၍ လုံခြုံသည်။ ဖေး မှာ သူ့ကိုလှည့်ပင်မကြည့်ပေ။ စွမ်းအားတစ်ခု မတ်ဝပ်ဆန်ထံ ဝင်သွားပြီး မတ်ဝပ်ဆန်ပါးစပ်ပိတ်သွား၏။

ပျံဝဲနေသော မှော်ဆရာများ ဒူလေးကြီးများကိုဆွဲတင်နေသည်ကို ဖေးမြင်နေရသည်။ သို့သော်လည်း သူကကျော်ကြည့်လိုက်၏။ သူ့ငွေရောင်တောင်ပံကြီးများနှင့်အတူ အရှိန်ပိုတင်လိုက်ရာ ဧရာအင်အားတပ်တုန့်ပြန်ချိန်မရလိုက်ခင်မှာပင် ဖြတ်ကျော်နိုင်လိုက်သည်။

" ရန်သူပဲဟ ဒီဆရာသခင်က အတော်လေးရန်လိုနေတယ် ကာကွယ်ရဝန်ကြီးကိုအမြန်အကြောင်းကြားပြီး ကာကွယ်ရေးအစီအရင်ကို ရာနှုန်းပြည့် ဖွှင့်လိုက်ကြ "

လအဆင့် ကျူးကျော်မှုက အတော်ပင်အရေးကြီးသည့်ကိစ္စဖြစ်၏။ သေချာမကိုင်တွယ်နိုင်ပါက ကပ်ဘေးတစ်ခုဖြစ်သွားနိုင်သည်။ လအဆင့်တစ်ဦး၏ အဖျက်စွမ်းအားက အဓိကတပ်မကြီးတစ်ခုထက်ပိုကြီးမားသည်မဟုတ်ပါလော။

ထို့ကြောင့် ဧရာအင်အားစုမှာ အသင့်ပြင်ထားသော်လည်း ယခုနှစ်များအတွင်း ဤသို့သောအဖြစ်မျိုးမကြုံဘူး၍ အထက်အမိန့်မရဘဲ မလှုပ်ရှားဝံ့ဖြစ်နေသည်။

ကောင်းကင်၌ အချက်ပေးမီးရှူးမီးပန်းများပြည့်သွားသည်။ ထို့နောက်တွင်တော့ အိပ်ပျော်နေသော စိန့်ပီတာဘတ်မြို့မှာ နှိုးထလာ၏။ စစ်သည်များ မြို့တံတိုင်းပေါ်သို့ ပြေးတက်လာကြသလို တစ်ခါမျှမတွေ့ဘူးသော လက်နက်များလည်းထွက်ပေါ်လာသည်။

ကျွမ်းကျင်စစ်သည်များမှာ မြို့တံတိုင်းထက်ပေ့်၌ တင်းမာသောမျက်နှာထားများနှင့် အထက်မှအမိန့်ကိုစောင့်ဆိုင်းနေ၏။ သာမန် စစ်‌သည်တော်များတွေ့ရခဲသော အစွမ်းထက်စစ်သည်မျသည်လည စွမ်းအားအပြည့်ထုတ်ဖော်လျက်ရောက်ရှိနေပြီဖြစ်သည်။

တစ်ချိန်ထဲမှာပင် မှော်တာဝါများမှ စွမ်းအင်လှုပ်ခတ်မှုများထွက်ပေါ်လာသည်။ ထို့နောက် တာဝါများ၏ မှော်စွမ်းအင်များမှာ ကောင်းကင်သို့ထိုးတက်သွားပြီး တစ်ဖြည်းဖြည်းပြန့်ကားလာက အဝါရောင်အကာအကွယ်တစ်ခုအဖြစ် စိန့်ပီတာဘတ်မြို့ကိုဖုံးအုပ်သွားသည်။

၎င်းက အလံနှစ်စုံမြို့၏ မြေကမ္ဘာအကာအကွယ်အစီအရင်ထက် အဆများစွာပိုအစွမ်းထက်သောအစီအရင်ဖြစ်သည်။

စွမ်းအင်အစီအရင်ကို မြောက်များစွာသော မှော်ဆရာများ၊ မှော်တာဝါများက အားဖြည့်ထားပြီးထူထဲလှသည်။ ၎င်းက ခိုင်ခံ့ကာ အမျိုးမျိုးသော ခုခံရေးစွမ်းရည်များလည်းရှိ၏။ အပြင်ဘက်မှ အရာအားလုံးကိုပင် ကာကွယ်နိုင်သည်ဟုဆိုနိုင်သည်။ အဆင့်မြင့် လအဆင့်များ၊ အဆင့်မြင့်လက်နက်များနှင့်တိုက်လာလျှင်ပင် မြို့တော်နှင့် နန်းတော်ကိုကာကွယ်နိုင်သည်။ များသော်အားဖြင့် မည်သူမျှအကာအကွယ်အစီအရင်ကိုမကျော်နိုင်ပေ။

ဆယ်မိနစ်မပြည့်ခင်မှာပင် စိန်ပီတာဘတ်မြို့က အသွင်လုံးဝပြောင်းသွားသည်။ လှပသော်မြို့တော်မှ ချက်ချင်းကြမ်းကြုတ်သောတိုက်ခိုက်ရေးသားရဲအဖြစ်ပြောင်းသွားခြင်းဖြစ်သည်။

ဖေးမှာမူ ထိုကိစ္စများကိုမမြင်သလိုပင်။ သူက အရှိန်ကျမသွားပဲ ပို၍ပင်အရှိန်တိုးလိုက်၏။ လေထုပွတ်တိုက်မှုကြောင့် မီးတောက်များပင် ထွက်ပေါ်လာသည်။

ဖေး လိမ္မော်ရောင်အကာအကွယ်နှင့် ထိခါနီးတွင် မြို့တော်ကာကွယ်‌ရေးတပ်များမှာ သတိပေးပြီးပြီဖြစ်၍ စတင်၍ပစ်ခတ်တော့သည်။

ရောင်စုံစွမ်းအင်လုံးများ လက်နက်မျမှာ မီးရှူးမီးပန်းများအလာကောင်းကင်ယံတွင်ပြည့်သွားသည်။ သောင်းနှင့်ချီသော တိုက်ခိုက်မှုများက လှိုင်းလုံးသဖွယ် ပြေးဝင်လာ၏။ ၎င်းတို့က ဖေးကိုဝါးမြိုတော့မည်ဖြစ်သည်။

သောင်းချီသော စစ်သည်တော်များ မှော်ဆရာများ၏ တိုက်ခိုက်ရေးအစွမ်းက ပြင်းထန်လှ၏။ တိုက်ခိုက်မှုများက ရှုပ်ထွေးသော်လည်း အဆင့်နိမ့်နေအဆင့်အရှင်များပင် ထိုတိုက်ခိုက်မှုကြောင့်ဒဏ်ရာအပြင်းအထန်ရနိုင်သည်။

" ခု မြို့တော်ကို ကျူးကျော်လာတဲ့ လအဆင့်ကဘယ်သူလဲဟ အခုတော့ သူဒီဧရာမတိုက်ခိုက်မှုကြီးထိသွားတော့ အမှုန့်ကြေသွားလောက်ပြီ " မြို့တွင်းရှိပြည်သူများပြောဆို‌နေကြ၏။

" မဟုတ်ဘူး သူမသေဘူးဟ ဘာမှတောင်မဖြစ်ဘူး မြို့တော်နားတောင်ပိုနီးလာသေးတယ် "

စစ်သည်တော်တစ်ဦးက အော်ဟစ်လိုက်သည်။

All Chapters