← Chapters

သူဘယ်သူလဲ

Vol. 47 Ch. 731

သူဘယ်သူလဲ

Vol. 47 Ch. 731

လူတိုင်းမော့ကြည့်လိုက်သည်။ စစ်သည်တော်ပြောသလိုပင် ကောင်းကင်ယံ၌ ပေါက်ကွဲမှုများဖြစ်နေသော်လည်း ငွေရောင်အလင်းတန်းကထိပင်မထိခိုက်ပေ။ သူက ကီလိုမီတာဆယ်ချီသော ပေါက်ကွဲဇုံကြီးကို ပင်လယ်ထဲတွင်ကူးခပ်နေသော ငါးသဖွယ်အလွယ်တကူဖြတ်သန်းလာ၏။

လူတိုင်းရှော့ဖြစ်သွားသည်။

" သူဘယ်လောက်တောင်အစွမ်းထက်လို့ ဒီလိုတိုက်ခိုက်မှုကိုခံနိုင်တာလဲ သူကနေအဆင့်အရှင်များလား " သူတို့တွေးမိကြ၏။

" မင်းတို့ ဘာကြောင်နေတာလဲ တိုက်ကြလေ " စစ်သည်တော်တစ်ဦး၏ အော်ဟစ်သံကြောင့်အားလုံးပြန်ဝင်လာသည်။ မှော်ဆရာများ စစ်သည်တော်များ တိုက်ခိုက်မှုကိုထုတ်ဖော်လိုက်ရာ ကောင်းကင်၌ စွမ်းအင်အစုအဝေးကြီး ထွက်ပေါ်လာ၏။

ထိုစဉ် ကျယ်လောင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ထိုအသံ၏ ကျယ်လောင်မှုကြောင့် အားလုံး ထုံကျင်သွားကြသည်။ " ငါက ဘုရင်အလက်ဇန္ဒားပဲ မြို့တော်ကိုတိုက်ဖို့လာတာမဟုတ်ဘူး အိမ်ရှေ့စံ အန်ဒရူးအာရှာဗန်နဲ့တွေ့ဖို့ပဲ ငါကိုတိုက်ခိုက်တဲ့ဘယ်သူမဆို ပြင်းထန်တဲ့အကျိုးဆက်ကိုခံစားရမယ် "

အင်ပါယာ ကင်းဌာနချုပ်ရုံးတွင်း၌ ဒုတိယမင်းသား ရိုမီဂွက်(ရိုမင်ဂူ )မှာ ဝါးထိုင်ခုံပေါ်၌ မသန်စွမ်းခွေးလေး အော်ကာနှင့်အတူ အိပ်နေရာမှ ရုတ်တရက်မျက်လုံးပွင့်လာသည်။ သူက အံ့ဩနေပုံရသည်။

" ဟမ်၊ အင်အားပြင်းထန်လွန်းတယ် ဘယ်သူလဲ ဘယ်သူဒီလိုလုပ်ရဲတာလဲ နေပါဦး ...." ဒုတိယမင်းသားသည် တစ်စုံတစ်ခုကိုတွေးမိပြီး နာမည်တစ်ခုကို ရေရွတ်မိသွား၏။" ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားလား..... "

ယခုရက်ပိုင်းအတွင်း စစ်ပွဲမှတဆင့် ဂုဏ်သိက္ခာနှင့် ဩဇာအာဏာတက်လာသော အိမ်ရှေ့စံ အာရှဗန်က ချမ်းဘော့ဒ်ဘုရင်အလက်ဇန္ဒားကို လုပ်ကြံနေသည်။ ၎င်းက လူသိများသော အချက်ဖြစ်ကာ အာဏာရှိ အသိုင်းအဝိုင်း၌ ချမ်းဘော့ဒ်ဘုရင် ပျက်စီးမည့်ကာလကိုစောင့်ကြည့်နေကြ၏။

သို့သော်လည်း ဒုတိယမင်းသားနှင့် နောက်လိုက်များကတော့ ဘုရင်အလက်ဇန္ဒားဘက်မှ ရပ်တည်ခဲ့၏။

အထူးသဖြင့် မင်းသား၏အကြံပေး ပဲရစ်နှင့် သစ္စာရှိနောက်လိုက် ဂရန်နယ်လိုတို့ဖြစ်ကြသည်။ ၎င်းတို့က ဒုတိယမင်းသား၏ အရှိန်အဝါကိုသုံးကာ တပ်မှူးများနှင့်ဆက်သွယ်ကာ အင်ပါယာစစ်ဌာနချုပ်၏ လှုပ်ရှားမှုများကိုနှောင့်နှေးစေခဲ့သည်။ သူတို့၏ အပြုအမူများက ဘုရင်အလက်ဇန္ဒားဘက်တွင်ရှိနေကြောင်းပြသနေ၏။

လက်ရှိတွင် ဒုတိယမင်းသားမှာ အခြေအနေသိပ်မကောင်းလှချေ။ အိမ်ရှေ့စံမင်းသား အာရှဗန်က စပါးတက်အင်ပါယာနှင့် အန်ဒိုဗန်အင်ပါယာတို့အား အနိုင်ယူပြီးချိန်မှစကာ အရှိန်အဝါ ဩဇာအာဏာများတက်လာခဲ့သည်။ ထို့ကြောင့် လူအများမှာ အဘယ့်ကြောင့် အိမ်ရှေ့စံအာရှဗန် ပါရမီရှင် ဘုရင်အလက်ဇန္ဒားကို ရှင်းပစ်ချင်သည်အား နားမလည်သကဲ့သို့ ဒုတိယမင်းသား၏ ရပ်တည်မှုကိုလည်း နားမလည်ဖြစ်နေကြ၏။

ထို့ကြောင့် ကောလဟာလ အမျိုးမျိုးထွက်နေသည်။ တစ်ချို့က ဒုတိယမင်းသား၏ အကြံပေး ပဲရစ်က ဘုရင်လေး အလက်ဇန္ဒားကိုကြိုက်နေသည်ဟု ဆိုကြ၏။ တစ်ချို့ကတော့ ဒုတိယမင်းသားကိုယ်တိုင် ဘုရင်အလက်ဇန္ဒားကိုကြိုက်နေသယောင်ပြောကြသည်။ ဒုတိယမင်းသားသည်လည်း မိန်းမချောချောသူမဟုတ်ပါလော။

မင်းသား၏ စကားကြောင့် အကြံပေး ပဲရစ်မှာ ဆတ်ကနဲဖြစ်သွားသည်။ ထို့နောက် သူမက ထိုင်ရာမှထကာ ပြတင်းပေါက်အနားထွက်သွားပြီး အနောက်မြောက်အရပ်သို့ မျှော်ကြည့်လိုက်၏။ " သူပဲ နေမှာ ဒါပေမယ့် တခြားတစ်ယောက်လဲ ဖြစ်နိုင်တယ် ဘယ်သူဖြစ်ဖြစ် အဲ့သူတကယ်ရူးသွပ်နေပြီ "

ဂရန်နယ်လိုမှာ ဒုတိယမင်းသား၏ နောက်တွင် တိတ်တဆိတ်ရပ်နေ၏။ သို့သော်လည်း သူ၏ တောက်ပနေသောမျက်လုံးက စိတ်အတွင်းတွင် အပြင်ပိုင်းကဲ့သို့ တိတ်ဆိတ်မနေကြောင်းပြနေသည်။

တာဝါငယ် ဆယ်ခု၏ ဝန်းရံကာကွယ်ထားသော တာဝါကြီးတစ်ခုထဲတွင် လူတစ်ဦးရှိ‌နေသည်။ ထိုလူ့ထံတွင် အဝါရောင်ဆံပင်တိုနှင့် ဓားသဖွယ်ထက်ရှသောမျက်ခုံးများရှိသည်။ ထိုလူ အနားယူနေရာမှ မျက်လုံးဖွှင့်လိုက်ရာ အလင်းတန်းနှစ်ခု ကောင်းကင်သို့ထိုးတက်သွား၏။

" ဘယ်သူ ကျူးကျော်လာတာလဲ စိန့်ပီတာဘတ်မြို့မှာ စိတ်ဝင်စားစရာတွေမဖြစ်တာတောင် အတော်ကြာနေပြီ ဟိုကောင်လေးလားမသိဘူး "

တစ်ချိန်ထဲမှာပင် အာရုံခံမိဟန်ဖြင့် တာဝါငယ်ဆယ်ခုမှ စွမ်းအင်လှိုင်းများ လှုပ်ခတ်လာသည်။

" ကိုယ့်အလုပ်ကိုယ်လုပ်ကြ ငါ့အမိန့်မရဘဲ ဒီကမခွာနဲ့ " ဆံဝါလူ စကားအဆုံး၌ တာဝါများမှ စွမ်းအားလှုပ်ခတ်မှုများ ငြိမ်ကျသွား၏။

စိန့်ပီတာဘတ်မြို့ အင်ပါယာစစ်ဌာနချုပ်ရုံးရှေ့တွင် အင်ပါယာ၏စစ်စွမ်းရည်ကို ကိုယ်စားပြုသော မင်းသားအာရှဗန်မှာ နောက်လိုက်တစ်သိုက်နှင့် ရပ်နေသည်။ နောက်လိုက်များအားလုံးမှာ အဆင့်မြင့် အရာရှိများဖြစ်သော်လည်း အတော်ရိုကျိုးကြ၏။ မင်းသား အာရှဗန်မှာ ဧကရာဇ်မဖြစ်သေးသော်လည်း အင်ပါယာစစ်တပ်ကို တိတ်တဆိတ်ထိန်းချုပ်ပြီးပြီဖြစ်သည်။

ထိုနောက်လိုက်များမှ ယခင်အချိန်များကဲ့သို့ မင်းသားကိုဖားယားမနေဘဲ တိုက်ပွဲအားတင်းမာသောမျက်နှာထားနှင့်ကြည့်နေကြသည်။

" မင်းတို့ ငါ့ကိုဖြေစမ်း ဘယ်လိုအရူးမျိုးက အင်ပါယာရဲ့ မြို့တော်ကို တစ်ယောက်ထဲ လာတိုက်ရဲတာလဲ " မင်းသားအာရှဗန် နောက်မလှည့်ဘဲမေးသည်။

သူ ဇင်းနစ်၏ အိပ်မက်ဆိုးဖြစ်သော စပါးတက်ကိုရှင်းပစ်ခဲ့သကဲ့သို့ အန်ဒိုဗန်ကိုလည်း အနိုင်ယူခဲ့သည်။ ထို့နောက် မြို့တော်သို့ သူရဲခေါင်းဆန်ဆန် ပြန်လာခဲ့ပြီး အင်ပါယာစစ်တပ်ကို ထိန်းချုပ်ခဲ့သည်။ သူအစီအစဉ်များက မှန်မှန်ရှေ့ဆက်နေခဲ့၏။

သူ ဂုဏ်သိက္ခာဩဇာတည်ထောင်က နန်းတက်ရန်ပြင်ဆင်ရမည့်အချိန်ဖြစ်၏။ သို့သော်လည်း ဤမတော််မဆမှုက ပေါ်ထွက်လာသည်။ ဤကိစ္စကို ရှင်းနိုင်လျှင်ပင် အင်ပါယာစစ်ရူံ၏ သိက္ခာကျဆုံးပြီးပြီဖြစ်၏။

မင်းသားအာရှဗန်၏ နိုင်ငံရေးရန်သူများမှာ မလှုပ်နိုင်အောင် ဖိထားပြီးပြီဖြစ်၍ မင်းသား၏နောက်လိုက်များလည်း မည်သူဖြစ်မှန်း မခန့်မှန်းနိုင်ဖြစ်နေသည်။

" မင်းတို့ ငါ့ကို စိတ်ပျက်စေတာပဲ "

မင်းသားအာရှဗန်မှာ စကားဆုံးအောင်မပြောနိုင်လိုက်ပါ။ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကြောင့် စကားများရပ်တန့်သွား၏။

"ငါက ဘုရင် အလက်ဇန္ဒားပဲ ငါဒီနေရာကို အန်ဒရူးအာရှဗန်အတွက်လာခဲ့တာ ငါ့တိုက်တဲ့သူမှန်သမျှ အကျိုးဆက်ကိုခံရမယ် "

မင်းသား၏ နောက်လိုက်များလည်း အံ့ဩသွားသည်။ ထို့နောက် အားလုံး မင်းသားကိုလှမ်းကြည့်ပြီးဘာပြောရမှန်းမသိဖြစ်သွား၏။

All Chapters