← Chapters

မင်းကိုအခွှင့်အရေးပေးနေတာ

Vol. 47 Ch. 732

မင်းကိုအခွှင့်အရေးပေးနေတာ

Vol. 47 Ch. 732

" မြို့တော်ကို ချီလာတဲ့သူက ချမ်းဘောဒ့်ဘုရင် အလက်ဇန္ဒားလား သူက အိမ်ရှေ့အာရှဗန်ကိုတွေ့ဖို့လာတာပေါ့ မြို့တော်ကို ပျံလာတာကတင် ရာဇဝတ်မှုဖြစ်နေပြီ ဒါတောင်သူက အိမ်ရှေ့စံနာမည်ရင်းကို ခေါ်ရဲသေးတယ် " ပြည်သူများ ထိုသို့တွေးကြသည်။

အိမ်ရှေ့စံနှင့် ဘုရင်အလဇန္ဒားတို့ တိုက်ပွဲ ကောလဟာလက မြို့တော်ထဲတွင်ပျံ့နေပြီး သာမန်ပြည်သူများပင် ထိုကိစ္စကိုသိကြသည်။ ယခုလို ဖေးရောက်လာခြင်းက ၎င်းကောလဟာလ အမှန်ဖြစ်ကြောင်း အတည်ပြုသကဲ့သို့ဖြစ်သွား၏။

" အိမ်ရှေ့စံဘာတွေလုပ်ခဲ့လို့လည်း ဘယ်လောက်ထိ ဘုရင်အလက်ဇန္ဒားကိုထိပါးခဲ့လို ညတွင်းချင်း မြို့တော်ကိုသူတက်လာတာလဲ "

အားလုံး အံ့ဩသည်က အလက်ဇန္ဒား၏ ခွန်အားဖြစ်သည်။

" ဒီဘုရင်လေးက စစ်သည်တော်နဲ့ မှော်ဆရာသောင်းချီအပြင် မှော်လက်နက်တွေနဲ့ တိုက်ခိုက်မှုကိုတောင်ခုခံနိုင်တယ် လွန်ခဲ့တဲ့နှစ်ဝက် ပြည်ထောင်ပြိုင်ပွဲမှာ သူက ကြယ်‌ခြောက်ပွင့်ပဲရှိသေးတာ ခုခြောက်လအတွင်း လအဆင့်ရောက်သွားတာလား "

လူတစ်ချို့က အလက်ဇန္ဒားအဆင့်တက်မှုကို သိကြသော်လည်း အများစုကမသိသေးပေ။ ဤရှေးဟောင်းကမ္ဘာ၏ သတင်းအချက်အလက်ပျံ့နှံ့မှုက နှေးကွေးလှ၏။

" ဒီဘုရင်အလက်ဇန္ဒားက တကယ့်ပါရမီရှင်ပဲ အချိန်သာပေးရင် အစွမ်းထက် စစ်သည်တော်ဖြစ်လာမှာ ဒါပေမယ့် သူကငယ်သေးတော့ လုပ်သင့်မလုပ်သင့်မခွဲတတ်သေးဘူး တော်ဝင်မိသားစုအင်အားနဲ့ဆို ဒီ ဘုရင်ကိုအလွယ်လေးအနိုင်ယူနိုင်တယ် မြို့တော်ကိုတိုက်ခိုက်တာကလဲ ခွှင့်လွှတ်ပေးလို့မရတဲ့ ပစ်မှု‌ဆိုတော့ သူ့အဆုံးသတ်က သေခြင်းပဲ " လူအများစု၏ အတွက ထိုကဲ့သို့ဖြစ်သည်။

ဖေး၏ အော်သံအဆုံးတွင် တစ်ချို့‌သောစစ်သည်တော် များက ရပ်တန့်ရန်ဆုံးဖြတ်လိုက်ကြသည်။

" ဘုရင် အလက်ဇန္ဒားက အင်ပါယာရဲ့ ပါရမီရှင်တွေထဲကတစ်ယောက်ပဲ သိုင်းသူတော်စင် ကရာစစ်ကို လုပ်ကြံသူတွေကိုဖမ်းပေးခဲ့တယ်လို့ သတင်းထွက်သေးတယ် ပြီးတော့ရန်သူဂျက်တွေကိုခုခံပေးပြီး စပါးတက်နဲ့ အန်ဒိုဗန် အင်ပါယာတွေကို ရင်ဆိုင်ဖို့ အချိန်ဆွဲပေးခဲ့သေးတယ် သူအကျိုးဆောင်ခဲ့ပြီး မြို့တော်ကိုလည်းမတိုက်ဘူးဆိုတော့ ငါတို့တိုက်စရာမလိုဘူး "

" ဘာပဲဖြစ်ဖြစ် မြို့တော်မှာပျံသန်းတာကိုတားမြစ်ထားတယ် ဒီဘုရင်အလက်ဇန္ဒား ပြန်လမ်းမရှိစေရဘူး "

အိမ်ရှေ့ အာရှာဗန်၏ ဘက်တော်သားများအဖို့ ယခုက ဘုရင်အလက်ဇန္ဒားကိုရှင်းရန် အချိန်ကောင်းဖြစ်သည်။ ထို့ကြောင့် တပ်မှူးအချို့မှာ တိုက်ခိုက်ရန်အမိန့်ပေးကြ၏။

အမျိုးမျိုးသော စွမ်းအင်များမှာ ရောင်စုံမီးလုံးများသဖွယ် ကောင်းကင်၌ ပေါ်ထွက်လာပြီး အလက်ဇန္ဒားထံပြေးဝင်လာ၏။

" ဒီအလက်ဇန္ဒားတော့ကွာ...ငါရှိနေသေး...ငါသေမှာသေချာပါတယ် " စွမ်အင်လုံးများပြေး ဝင်လာသဖြင့် ဖေး၏ ဂုတ်မှဆွဲကိုင်ခြင်းခံရသော မတ်ဝပ်ဆန်မှ စိတ်ထဲမှ ဖေးကို ကျိန်ဆဲမိသွားသည်။

ထိုအခိုက်အတန့်တွင် ဖေးမှ စိန့်ပီတာဘတ်မြို့မှ ဆရာသခင်များ ပစ်လွှတ်လိုက်သည့် စွမ်းအင်လုံးများနှင့် တိုက်မိရန်မစောင့်နိုင်တော့သည့်အလား ပျံသန်းဆင်းချလာသည်။

အားလုံးက ဘုရင်အလက်ဇန္ဒားရူးသွပ်သွားပြီဟု ထင်လိုက်ကြ၏။ သို့သော်လည်း ရုတ်တရက် ငွေရောင်အလင်းများ ထွက်ပေါ်လာပြီး ငွေရောင်ပုလ္လင်တစ်ခုဘုရင်အလက်ဇန္ဒား၏ အောက်တွင် ထွက်ပေါ်လာသည်။ ထိုပုလ္လင်ကို လှပစွာထွင်းထုထားပြီး စစ်သည်တော်ရုပ်များ နတ်ဘုရားမရုပ်များနှင့်ပြည့်နေရာ နတ်ဘုရားဘုရင်များနှင့်သာ ဆိုင်သည့်ပစ္စည်းအလား ထင်ရစေသည်။

ပုလ္လင်၏ အကာအကွယ်အောက်၌ ဘုရင်အလက်ဇန္ဒားမှာ ပျောက်ကွယ်သွားသည်။

" ဘုရင် အလက်ဇန္ဒား ဘယ်ပျောက်သွားတာလဲ "

" သူပျောက်သွားပြီ၊ သူလွတ်သွားတယ်ဟ "

" ဒီကျောက်ပုလ္လင်ကထူးဆန်းတယ် အဲ့ကနေမြင့်မြတ်တဲ့အရှိန်အဝါတွေ ငါခံစားနေရတယ်"

တံတိုင်းပေါ်ရှိ စစ်သည်တော်များ၏ အ‌ခြေအနေမှာ တစ်မျိုးဖြစ်သွားသည်။ ဘုရင်အလက်ဇန္ဒားကွယ်ပျောက်သွားသည်က ၎င်းတို့ကိုကြီးကျယ်သည့် ခံစားချက်ပေးစွမ်းသကဲ့သို့ ပုလ္လင်ကလည်း ၎င်းတို့ကိုအံ့ဩသွားစေသည်။

ထိုအခိုက်တွင် အော်သံတစ်ခုထွက်ပေါ်လာ၏။ " ကြည့်စမ်း သူအဲ့မှာပဲ သူဘယ်လိုလုပ်လိုက်တာလဲ မယုံနိုင်စရာပဲ သူ ကာကွယ်အစီအရင်ကိုကျော်လာတယ် တယ်လီပို့တာက နေအဆင့်အရှင်ရဲ့စွမ်းရည်လေ "

လူအားလုံး ရှော့ဖြစ်သွားပြန်သည်။

" ဘုရင် အလက်ဇန္ဒားက အားလုံးရဲ့ တိုက်ခိုက်မှုကို ရှောင်ပြီး မြို့တော်ထဲရောက်လာတာပဲဟ မယုံနိုင်စရာပဲ နေအဆင့်အရှင်တောင် ဒီလို အလွယ်လေး မလုပ်နိုင်ဘူး "

ယခုတော့ အားလုံးထိပ်လန့်နေပြီဖြစ်သည်။ ဘုရင် အလက်ဇန္ဒားမှာ အကာအကွယ်အလွှာအတွင်းရောက်နေပြီဖြစ်သည်။ မြို့တော်မှာ အဝတ်မဲ့မိန်းကလေးတစ်ဦးသဖွယ် ကာကွယ်နိုင်စွမ်းကင်းမဲ့နေ၏။ လအဆင့်စစ်သည်များပင် မြို့တော်ကိုဖျက်ဆီးပစ်နိုင်နေပြီဖြစ်သည်။

လူအားလုံး၏ အမြင်အောက်တွင်ပင် ဘုရင်အလက်ဇန္ဒားမှာ မြင်ကွင်းမှပျောက်ကွယ်သွား၏။ ထို့နောက် အင်ပါယာစစ်ဌာချုပ်ရုံး၏ အထက်၌ ပြန်ပေါ်လာသည်။

ဖေးမှာ စစ်ဌာနချုပ်၏ ကောင်းကင်၌ ခေးအော့ပလ္လင်ထက်တွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ငွားငွားစွင့်စွင့်ကပ်နေ၏။

" မင်း အိမ်ရှေ့စံရှေ့မှာ ဘယ်လိုခန့်လေးစားနေရတာလဲ " အော်သံတစ်ခုနှင့်အတူ မြားများဖေးထံ လွှင့်လာသည်။ ဖေးက လက်ကိုတစ်ချက်သာဝှေ့ယမ်းလိုက်၏။ ထိုမြားများ ပြန်၍ လွင့်ထွက်သွားတော့သည်။

အာရှဗန်မှာ သူ့ကို ဖေးသတ်လိုဖြတ်လိုစိတ်ဖြင့်ကြည့်နေသည်အား ဒေါသထွက်မိသလို စိတ်လည်းပူမိ၏။ သူ့နောက်ရှိ နောက်လိုက်အရာရှိများမှာမူ ကြောက်ဒူးတုန်နေပြီဖြစ်သည်။

" အလက်ဇန္ဒားမြို့တော်နဲ့ စစ်ဌာနချုပ်ကိုစီးနှင်းတာ တရားမဝင်ဘူး မင်းအင်ပါယာရဲ့ ဥပဒေကိုလစ်လျူရှုတာလား မင်းလုပ်ရဲလား "

အိမ်ရှေ့စံ၏ ဝတ်ရုံက လေထဲတွင်လွင့်ပျံနေသည်။ သူ့ထံမှ သူရဲကောင်းအရှိန်အဝါများထုတ်ဖော်ထားပြီး စစ်သူကြီးတစ်ဦးသဖွယ်ခန့်ခန့်ညားညားရှိသည်။

" မင်းကဟာသပဲဟ မင်းကဥပဒေအကြောင်းလာပြောနေတာလား မင်းရဲ့နောက်လိုက်တွေ အင်ပါယာရဲ့ သစ္စာရှိ စစ်သည်တွေကို သတ်ဖြတ်တုန်းက ဥပဒေဘယ်မှာလဲ ငါ့ကို ပြဿနာရှာဖို့ အပြစ်မဲ့ သာမန်သူတွေကိုဆွဲထည့်တုန်းက တရားမျှတမှုဘယ်မှာလဲ မင်းက မင်းသားဆိုပေမယ့် သေဖို့ထိုက်တန်တယ် "

" မင်း မင်းသားကို ဘယ်အချိုးနဲ့ ပြောနေတာလဲ "

" ဆင်းလာခဲ့စမ်း ဘုရင်လေး "

ဖေးနှင့် အာရှဗန် ပြောဆိုနေစဉ်ပင် ဟိန်းဟောက်သံနှင့်အတူ အရိပ်နှစ်ခုထွက်ပေါ်လာပြီး ဖေးကိုအလစ်ဝင်တိုက်လေသည်။၎င်းတို့က ပျံသန်းထွက်ပေါ်လာသည်ဖြစ်ရာ အနည်း ဆန်းသစ်လအဆင့်တွင်ရှိနိုင်၏။

" လစ်စမ်းကွာ " " မင်းတို့ရဲ့ သခင်စကားပြောနေရင် တိတ်တိတ်နေကွာ " ဖေးကထိုသို့ပြောရင်း လက်သီးနှစ်ချက်ထိုးလိုက်၏။ တိုက်ခိုက်လာသူနှစ်ဦးလည်း လွှင့်ထွက်သွားတော့သည်။

အာရှဗန်၏ နောက်လိုက်များလည်း ပို၍ပင် ထိပ်လန့်သွားကြ၏။

" အာရှဗန် မင်းငါ့ကို သတ်ချင်နေတာမှတ်လား လာသတ်ကွာ တော်ကြာတခြားသူတွေ ငါမင်းကိုအခွှင့်အရေးမပေးဘူးပြောကြဦးမယ် "

ဖေးစကားကြောင့် အာရှဗန်မှာ ရင်ထဲမြှားအစင်းတစ်ထောင်အစိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူက ရာဇပလ္လင်ဆက်ခံသူဖြစ်ကာ လူပေါင်းများစွာအပေါ်ဩဇာသက်ရောက်သော်လည်း ယခုတော့အားနည်းသည်ဟု ခံစားနေရသည်။ သူမည်မျှအားထုတ်ပါစေ အလက်ဇန္ဒားကိုခြိမ်းခြောက်နိုင်မည်မဟုတ်ပါ။

" မင်းဘာမှ မပြောနိုင်တော့ဘူးလား ဒါဆို ငါမင်းကိုလက်ဆောင်တစ်ခု ပေးရတာပေါ့ " အေးစက်စက်ပြောလိုက်ပြီးနောက် ဖေးမှာ တစ်စုံတစ်ခုကိုပစ်ချလိုက်၏။

All Chapters