← Chapters

အခန်း (၇၃၄)

Vol. 47 Ch. 734

အခန်း (၇၃၄)

Vol. 47 Ch. 734

မြို့တော်၏ အရှေ့တောင်ဘက်အခြမ်းသည် ယခင်က တိတ်ဆိတ်နေသော်လည်း မီးတောက်ကဲ့သို့သော် အရောင်တစ်ခုသည် ထိန်လင်းလာ၏။ ပတ်၀န်းကျင်တွင်ရှိနေသည့် အဆောက်ဦးများအားလုံးမီးလောင်ကျွမ်းသွားသလိုပင် မှောင်မိုက်နေသည့် ကောင်းကင်သည် ရုတ်တရက်လင်းထိန်လာကာ နေ့ခင်းအချိန်ကဲ့သို့ဖြစ်နေတော့သည်။

မြင့်မားသည့် စွမ်းအင်အရှိန်၀ါတစ်ခုသည် ပတ်၀န်းကျင်သလို့ ပြန့်နှံ့သွားပြီး မိမြို့တော်စိန့်ပီတာစဘာ့တ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

သိုင်းဆရာအစစ်မှန်တစ်ပါးသည် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။

"ဒါက ဟိုမကောင်းဆိုး၀ါး အဖိုးကြီးပဲ..."

"ဒါဆို ဒါက အမှန်ပဲ...ကောလဟာလတွေအမှန်ပဲပေါ့။ အင်ပါယာဆီးနိတ်အဖွဲ့က မင်းသားအာရှဗင်ဘက်က ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။ အခုဆို မင်းသားအာရှဗင်နဲ့ ဘယ်သူမှ မယှဥ်နိုင်တော့ဘူး..."

"အဲ့အဖိုးကြီးက နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူးထင်တယ်။ ထွက်လာပြီး ကစားချင်နေပြီ..."

"ဒီလိုဆိုရင်တော့ ချမ်းဘော့ဒ်ဘုရင်မလွယ်ဘူး။ ဒီနေ့ညအတွက် သူ့အစွမ်းပြမှုက ဒီနေရာမှာတင်ပြီးဆုံးသွားပြီထင်တယ်။ ဒီမကောင်းဆိုး၀ါးအဖိုးကြီးက သာမန်သိုင်းဆရာတစ်ယောက်မဟုတ်ဘူး။ အင်ပါယာထဲမှာဆိုရင် အင်ပါယာအရှင်သခင်ယရှင်းတစ်ယောက်ပဲ စွမ်းအားအမြင့်ဆုံးအချိန်တုန်းက အဲ့အဖိုးကြီးနဲ့ယှဥ်နိုင်တာ။ အခုချိန်မှာ အင်ပါယာအရှင်သခင်ယရှင်း ကျန်းမာရေးမကောင်းတော့....ဒီအဖိုးကြီးက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ ၀င်စွက်ဖက်ချင်နေပုံရတယ်..."

"ဟားဟားဟား ဒီတစ်ခါတော့ ချမ်းဘော့ဒ်ဘုရင်တကယ်သွားပြီ။ သူတော့သေပြီလေ။ သူဘယ်အချိန်ထိ ဒီလိုပြုမူနိုင်မလဲဆိုတာ ငါမြင်ချင်နေတာ။ ဟားဟားဟား သူနဲ့ထိုက်တန်ပါတယ်။ ငါချမ်းဘော့ဒ်ဘုရင် ဖိချေခံရမာကို မြင်ရဖို့မစောင့်နိုင်တော့ဘူး..."

လိမ္မော်ရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာသည့်အချိန်တွင် နေရာတစ်၀ိုက်တွင်ရှိနေကြသည့်လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် နေထိုင်ကြသည့် အရေးပါအရာရောက်သည့်လူအားလုံးလိုလိုသည် ဤအဖိုးကြီးအကြောင်းကို သိကြ၏။ သူတို့သည် မျက်လုံးအပြူးသားဖြင့် ကောင်းကင်ပေါ်တွင်ရှိနေသည့် ဖြစ်စဥ်အပြောင်းလဲကို စောင့်ကြည့်နေကြ၏။ ဤတိုက်ပွဲသည် အင်ပါယာထဲတွင်ရှိနေသည့် အာဏာခွဲ၀ေမှုအား နောက်ဆယ်နှစ်မှ နှစ်တစ်ရာအထိပင်ပြောင်းလဲသွားနိုင်သည့်အတွက်ကြောင့်ပင်။

ဘာဖြစ်နေမှန်းမသိသည့်လူများကလည်း ဘေးလူများပြောပြသည့်အတွက်ကြောင့် အခြေအနေကို အရိတ်မွတ်မျှသိကာ ထိတ်လန့်တုန်လှုပ်သွားကြ၏။

အာရှဗင်၏ မျက်နှာပေါ်တွင် ပေါ့ပါးသည့်အပြုံးတစ်ခုပေါ်လာသော်လည်း သူ၏ စိုးရိမ်နေသည့် အမူယာမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ သူသည် တစ်စုံတစ်ရာအားမျှော်လင့်နေသည့်အတိုင်းပင် မြို့တော်အလည်တွင်ရှိနေသည့် တော်၀င်နန်းတော်ရှိရာထံသို့ ငေးကြည့်နေဆဲပင်။

သို့သော် ဤနေရာတွင်ရှိနေသည့် လူများအားလုံး၏အကြည့်များသည် မင်းသားအာရှဗင်ပေါ်သို့ ကျရောက်နေ၏။ မင်းသားသည် ထိုအဖိုးကြီးအား သူ့ဘက်ပါလာအောင် သိမ်းသွင်းနိုင်လိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။

မသန်မစွမ်းခွေးကလေးအိုကာအား ပွေ့ချီထားသည့် ဒုတိယမင်းသားအိုကာ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး လက်ရှိဖြစ်ပျက်နေသည့်အရာအားလုံးသည် သူ၏ တွေးခေါ်နိုင်စွမ်းထက်ကျော်လွန်နေသလို ခံစားနေရသည့်အတွက်ပင်။

သူ၏ဘေးတွင် ပဲရစ်နှင့် ဂရန်နယ်လိုတို့သည်လည်း မျက်မှောင်ကြုံ့နေကြ၏။

ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် ပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးသည် လုံး၀ပင် ကြောက်ရွံ့ဟန်မရှိပေ။

ရုတ်တရက်ရောက်ရှိလာသည့် အင်ပါယာဆီးနိတ်မှ သိုင်းဆရာအဖိုးကြီးသည် ဘာမှမပြောပေ။ ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်အား ထုတ်လွှတ်လိုက်သည်။ သူသည် ညှိနှိုင်းဆွေးနွေးချိန်ပင်မပေးပဲ ဖှေးအား လူအားလုံးအရှေ့တွင် ချက်ချင်းသတ်ဖြတ်ပစ်လိုသည်မှာ ထင်ရှားလှသည်။

"၀ှစ်..."

ကစဥ့်ကလျားပုလ္လင်သည် လေထဲတွင်တုန်ခါသွားသည်။ သိုင်းဆရာအဖိုးကြီး၏ စွမ်းအင်မီးတောက်များ သူ့အား ထိတော့မည့်အချိန်တွင် ဖှေးသည် ရုတ်တရက်ပျောက်ကွယ်သွားကာ ဆယ်မီတာခန့်ပို၀ေးသည့် နေရာသို့ ချက်ချင်းပင်ရောက်ရှိသွား၏။

"ဟမ်..." ကွဲရှရှအသံတစ်ခုထွက်ပေါ်လာ၏။

လိမ္မော်ရောင်စွမ်းအင်များ ပျောက်ကွယ်သွားပြီး မီးတောက်များနေရာတွင် အဖိုးကြီးတစ်ယောက်ပေါ်လာ၏။ ထိုလူသည် အသက်ငါးဆယ်ခန့်ရှိသည်ဟုထင်ရပြီး သူ၏ ဆံပင်များသည့် မီးခိုးရောင်သန်းကာ ညစ်ပေနေ၏။ သူ၏သေးငယ်သောမျက်လုံးများသည် မျက်နှာအတွင်းသို့ ချိုင့်၀င်နေကာ အနီရောင်သန်းနေ၏။ အေးစက်သည့် အမူယာတစ်ခုဖြင့် သူသည် ရက်စက်ကြမ်းကြတ်တတ်သည့်ပုံပေါက်နေ၏။

"ခင်ဗျားက ဘယ်သူလဲ..." ဖှေးသည် သူ့အားစိုက်ကြည့်လိုက်ပြီးချက်ချင်းပင် ထိုအဖိုးကြီး၏ စွမ်းအင်များကို ခန့်မှန်းလိုက်မိသည်။ လယ်ဗယ်၁ မှ လယ်ဗယ်၂အထို အနိမ့်တန်းလပြည့်အဆင့်ပင်။

ဇီးနစ်အင်ပါယာထဲတွင် ဤကဲ့သို့ စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ရှိလိမ့်မည်ဟု ထင်ထားခဲ့ခြင်းမရှိပေ။ သို့သော် ဤအဖိုးကြီးအား သူသဘောကျမိခြင်းမရှိပေ။ အေးစက်သည့် သတ်ဖြတ်လိုသောဆန္ဒများနှင့် သွေးဆာနေသည့်အရှိန်၀ါတို့မှာ ၀တ်ရုံနှီဖြင့် ထရေ့စ်ထံမှ ခံစားခဲ့ရသလိုပင်။ ဤအဖိုးကြီးသည် လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်ဖူးခဲ့သည့် လူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။

ဖှေး၏ မေးခွန်းကိုကြားသည့်အချိန်တွင် အဖိုးကြီးသည် အနည်းငယ်ရီမောလိုက်ပြီး ချက်ချင်းတုန့်ပြန်ဖြေဆိုခြင်းမရှိပေ။ ဖှေးခြေထောက်အောက်တွင်ရှိသော ကစဥ့်ကလျားပုလ္လင်ကိုကြည့်ကာ ပြောလိုက်သည်။ "ကောင်းပြီလေမဆိုးဘူးပဲ။ အဲ့ပုလ္လင်က ပစ္စည်းကောင်းတစ်ခုပဲ။ ငါ့သိုင်းကွက်ကနေ မင်းအဲ့ပုလ္လင်ကြောင့်မို့လွတ်မြောက်သွားတာ။ ငါမင်းအတွက် အပေးယူတစ်ခုလုပ်ပေးမယ်။ မင်းင့ါကို အဲ့ပုလ္လင်ပေးမယ်ဆိုရင် မင်းကို မသတ်တော့ဘူး။ မင်းရဲ့ခြေတွေလက်တွေကိုပဲ ရိုက်ချိုးပြီး အတွင်းအားစွမ်းအင်ကိုပဲ ဖျက်ဆီးပစ်မယ်။ မင်းရဲ့ချမ်းဘော့ဒ်တိုင်းပြည်ကိုလည်း ချမ်းသာပေးမယ်။ ဘယ်လိုထင်လဲ..."

"ပိုးမွှားကောင် မင်းက ငါ့နောက်ကြောင်းကို သိတယ်ဆိုတော့ မင်းပုလ္လင်ကို အခုချက်ချင်းပေးလိုက်တော့။ မင်းသေချင်နေတာလား..." ထိုအဖိုးကြီးသည် ရယ်မောခြိမ်းခြောက်နေကာ ထိုလူသည် လူသားအရေခွံခြုံထားသည့် အရိုးခြောက်တစ်ခုကဲ့သို့ပင်။

"ခင်ဗျားက ဒီပုလ္လင်လိုချင်လို့လား..."

"ဟီးဟီး အေးဟုတ်တယ်..."

"ငါမေးစရာတစ်ခုရှိတယ်။ ခင်ဗျားအစွမ်းက ဇီးနစ်အင်ပါယာထဲမှာဆို အတော်မြင့်တဲ့ထဲမှာပါတယ်။ ငါတို့ရဲ့ အင်ပါယာကာကွယ်စောင့်ရှောက်သူခါဆစ် လုပ်ကြံသတ်ဖြတ်သူတွေကြောင့် သတ်ဖြတ်ခံရတုန်းက ခင်ဗျားဘာလို့ ထွက်လာပြီး မကူညီခဲ့တာလဲ..." ဖှေး ရိုးသားစွာပင်မေးလိုက်သည်။ ဤသည်မှာ သူတို့နှစ်ယောက်ကြားတွင် ပထမဆုံးပြောသည့်စကားပင်။

"မင်းက စောက်ပိန်းခါဆစ်ကို ပြောတာလား။ သူသေလားရှင်လားဆိုတာ ငါ့အတွက်အရေးမကြီးဘူး။ သူက သာမန်လူတွေရဲ့မျက်လုံးထဲမှာတော့ အဆင့်မြင့်သိုင်းဆရာတစ်ယောက်ပဲ။ င့ါမျက်လုံးထဲမှာတော့ ကိုယ့်ကံကြမ္မာကိုယ်ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့ စစ်တုရင်ရုပ်တစ်ရုပ်လိုပါပဲ။ ၀က်တစ်ကောင်လိုမိုက်မဲပြီးတော့ သူ့သေဆုံးမှုမှ သနားစရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့နေတယ်။ တကယ်တန်းပြောရမယ်ဆိုရင် အဲ့ကောင်သေသွားတာပိုတောင်ကောင်းသေးတယ်..." အဖိုးကြီးသည် သူ၏လက်ကို အရေးမပါသည့် ဟန်ဖြင့် ၀ှေ့ရမ်းကာပြောလိုက်သည်။

ဘုရင်သည် သူ၏ ခေါင်းကို ငုံ့လိုက်ပြီး စက္ကန့်အနည်းငယ်ခန့်တိတ်ဆိတ်နေ၏။

သူသည် အတန်ငယ်ကြာသည့််အချိန်တွင် ခေါင်းပြန်မော့ကာ လူပေါင်းများစွာမှ ကြောက်ရွံ့ရသည့်အဖိုးကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းမေလိုးလိုက်...စောက်ပိန်း"

"မင်းင့ါကို ဘာပြောတာလဲ..." အဖိုးကြီးသည် အံ့သြသွားပြီး အချိန်မှီတုန့်ပြန်နိုင်လိုက်ခြင်းမရှိပေ။ သူသည် သူ့ထက်အစွမ်းနိမ့်သည့် ဘုရင်ငယ်လေးတစ်ပါးမှ သူ့အား ဆဲဆိုရဲလိမ့်မည်ဟု မထင်သည့်အတွက်ပင်။

"ခင်ဗျားကို စောက်ပိန်းလို့ ပြောလိုက်တာလေ.."

ဖှေး အဖိုးကြီးမေးသည်အား ရှင်းရှင်းလင်းလင်းပြန်ဖြေပြီးသည့်နောက်တွင် သူ၏လက်သီးများကို ဆုပ်လိုက်၏။

"၀ှစ်.."

ငွေရောင်စွမ်းအင်မီးတောက်များ တောက်ပသွားပြီး [မသေမျိုးဘုရင်၏ တူ]သည် သူ၏လက်ထဲသို့ ရောက်ရှိလာ၏။

ကစဥ့်ကလျားပုလ္လင်သည် ဖှေး၏ ခြေထောက်အောက်တွင် အနည်းငယ်တုန်ခါသွားပြီး ဖှေးအား အဖိုးကြီးနှင့်တစ်မီတာခန့်၀ေးသောအကွာ၀ေးသို့ ရွေ့ပေးလိုက်၏။

"ဖုန်း..."

တူကို အညှာတာကင်းမဲ့စွာ၀ှေ့ရမ်းလိုက်သည်။

ယင်ကောင်တစ်ကောင်အား ရိုက်လိုက်သကဲ့သို့ပင်။ ဖှေးသည် သူ၏တူဖြင့် အဖိုးကြီး၏ ဘ၀င်မြင့်နေသည့် မျက်နှာကို ရိုက်ခတ်လိုက်သည်။

အရာအားလုံးသည် လျှင်မြန်စွာဖြစ်ပျက်သွား၏။

[မသေမျိုးဘုရင်၏ တူ]သည် အလွန်စွမ်းအားကြီးလှသလို ဖှေးသည်လည်း အလွန်လျှင်မြန်လွန်းလှသည်။

ထို့ကြောင့် အဖိုးကြီးသည် ရှောင်ချိန်မရလိုက်ပဲ ခုခံရုံသာ တတ်နိုင်တော့၏။

ဒေါသဖြစ်အံ့သြသွားသည့်အမူယာဖြင့် အဖိုးကြီးသည် သူ၏လက်နှစ်ဖက်ကို ရင်ဘက်အရှေ့တွင်ထားလိုက်ပြီး စွမ်းအင်မီးတောက်များအထပ်ထပ်ထုတ်လွှတ်ကာ ကာရံလိုက်သည်။ သူသည် အလွန်ဒေါသဖြစ်နေပြီး ခုခံပြီးပါက ဤဘုရင်အား မည်သည့်ရက်စက်သောနည်းလမ်းဖြစ့် ဖျက်ဆီးရမည်ကို တွေးနေ၏။

သို့သော် ကွဲအက်သည့်အသံများထွက်ပေါ်လာ၏။ ထိုအသံများသည် အဖိုးကြီးအချိန်တန်ကြာမကြားခဲ့ရသည့်အသံမျိုးဖြစ်သည်။

သူ၏စွမ်းအင်မီးတောက်အလွှာများသည် ဖန်သားပြင်များကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာထုခြေခြင်းကို ခံလိုက်ရသည်။ တူအား ရပ်တန့်နိုင်လိုက်ခြင်းမရှိပေ။ ပြင်းထန်လှသည့် အရှိန်ဖြင့် တူသည် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်း ရင်ဘက်နှင့် ကာရံထားသော လက်များပေါ်သို့ ကျရောက်လာတော့သည်။

"ဖုန်း..."

အဖိုးကြီးသည် ဘောလုံးတစ်လုံးကဲ့သို့ လွှင့်ပျံသွား၏။ သူအော်ဟစ်နေရင်းဖြင့် သူ၏ခန္ဓာကိုယ်သည် အနောက်တောင်ဘက်တွင်ရှိသည့် အဆောက်ဦးများထံသို့ ၀င်တိုက်တော့သည်။ သူလွှင့်ထွက်ထားသည့်အရှိန်သည် သူစတင်ရောက်လာသည့်အရှိန်ထက်ပင် ပို၍ မြန်ဆန်နေ၏။

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အဖိုးကြီး၏ အရှိန်၀ါကို မည်သူမှအာရုံခံနိုင်စွမ်းမရှိတော့ပေ။ မြို့တော် စစ်ဘက်ဆိုင်ရာဌာနချုပ်တွင်ရှိနေသည့် လူများအားလုံးတုန်လှုပ်သွား၏။

ဤအဖိုးကြီး၏ အကြောင်းကို များစွာသိသည့်လူများသည် ဆေးမှားစားမိသလို တုန်ခါသွား၏။ အဖိုးကြီးအကြောင်းကို အခုမှသိသော လူများသည် ဘေးမှလူများကို မယုံသင်္ကာသလိုကြည့်လိုက်မိကြသည်။ ထိုလူများလိမ်ပြောခဲ့သလားဟုထင်မိသည့်အတွက်ပင်။

ဤဖြစ်ရပ်သည် ယခုညအတွက် ထင်မထားမိဆုံးဖြစ်ရပ်တစ်ခုပင်။

မင်းသားအာရှဗင်သည် မျက်နှာအား ဖိနပ်ဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ရှုံ့မဲ့နေ၏။

ဒုတိယမင်းသား ဒိုမင်းဂူသည် မထင်မှတ်ပဲ အိုကာကို ညှစ်လိုက်မိသည့်အတွက် အိုကာ၏ ဟောင်သံထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ပဲရစ်သည်လည်း အံ့သြမင်သက်နေ၏။

မြို့တော်တစ်ခုလုံးတိတ်ဆိတ်သွားတော့၏။

ဇီးနစ်အင်ပါယာ၏ နံပါတ်၁သိုင်းဆရာသည် တစ်ဖက်သက်ဆန်စွာ အငိုက်မိပြီး ရှုံးနိမ့်သွားခြင်းပင်။

အဖိုးကြီး လွှင့်ထွက်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် လူတိုင်းတူညီသော အရာတစ်ခုကိုသာတွေးလိုက်မိသည်။ "ချမ်းဘော့ဒ်ဘုရင်က အခုဆို ပြိုင်ဘက်ကင်းမဲ့သွားပြီ..."

"မြို့တော်ထဲမှာ...မဟုတ်ဘူး အင်ပါယာတစ်ခုလုံးထဲမှာ ချမ်းဘော့ဒ်ဘုရင်ကို ယဥ်နိုင်တဲ့လူမရှိတော့ဘူး။ မင်းသားအာရှဗင်တောင် ဒီဘုရင်နဲ့ယှဥ်လိုက်မယ်ဆိုရင် အတော်နိမ့်ကျသွားပြီ..." သူတို့တွေးလိုက်မိကြသည်။

ဤအခိုက်တန့်တွင် ဖှေး၏ အသံကို လူတိုင်း၏ နားထဲတွင်ကြားလိုက်ရသည်။ "ဒါသတိပေးတာပဲ။ မင်းပါမင်းဘာကောင်နေနေ င့ါရဲ့သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ သေမင်းကို တွေ့ဖို့ပြင်ထားလိုက်တော့..."

All Chapters