အခန်း (၇၃၅)
Vol. 47 Ch. 735
အင်ပါယာကို စတင်တည်ထောင်ခဲ့သည့် ယရှင်းမှလွဲ၍ မြို့တော်စိန့်ပီတာစဘာ့တ်၏ ကောင်းကင်တွင်မည်သူမှ ဤကဲ့သို့ပြောဆိုရဲခြင်းမရှိခဲ့ပေ။
ဤအရာသည် ခြိမ်းခြောက်မှုတစ်ခုပင်။ အင်ပါယာအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
သို့သော် ဤအခိုက်တန့်တွင် ထိုကဲ့သို့မပြောသင့်ဟုတွေးသူမည်သူမှ ရှိလိမ့်မည်မဟုတ်ပေ။ ကောင်းကင်ပေါ်တွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ရပ်နေသည့် လူကိုကြည့်လိုက်ရင်းဖြင့် ဤဘုရင်စိတ်ဖောက်ပြန်သွားပြီဟု တွေးမိသည့်လူမည်သူမှမရှိကြပေ။
ဖှေးပြောသည့်စကားကိုကြားသည့်အချိန်တွင် လူတိုင်းကြောရိုးများအေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
အင်ပါယာစစ်ဘက်ဆိုင်ရာဌာနချုပ်မှ အရာရှိတစ်ချို့သည်လည်း ယခုနှစ်ထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဘုရင်အလတ်ဇန္ဒားအပေါ်မကောင်းလုပ်ခဲ့မိသည်များရှိမရှိကို ပြန်တွေးလိုက်မိကြသည်။ မင်းသားအာရှဗင်ဘက်မှ ရပ်တည်နေကြသည့် ဆွေကြီးမျိုးကြီးများသည်လည်း သူတို့၏ လည်ပင်းပေါ်တွင် ဓားမိုးထားသလိုခံစားလိုက်ကြရ၏။
လက်ရှိအခိုက်တန့်တွင် သူတို့၏ ခေါင်းထဲတွင် မင်းသားအာရှဗင်မရှိတော့ပဲ ချမ်းဘော့ဒ်တိုင်းပြည်နှင့်ထိခိုက်ခဲ့သည့် ဆက်ဆံရေးအား မည်ကဲ့သို့ ပြန်ပြင်ရတော့မည်ကိုသာတွေးနေကြမိ၏။
ဤနေရာတွင်ရှိနေသည့်လူတိုင်းအတွက် ချမ်းဘော့ဒ်ဘုရင်၏ အရှိန်၀ါသည် မင်းသားအာရှဗင်ထက်ပင် ကြီးမားနေ၏။ နိုင်ရာစားလောကဖြစ်သည့် ဤတိုက်ပေါ်တွင် လူများသည် စွမ်းအားကြီးမားသူကိုသာကိုးကွယ်တတ်ကြသည်။ အားနည်းသည့်လူများသည် သူတို့လက်ရှိခေါင်းဆောင်ထက်ပို၍ အင်အားကြီးမားသည့်လူကိုတွေ့ပါက သူတို့၏ခေါင်းဆောင်ကို ရက်ရက်စက်စက်ပင်စွန့်ပစ်ကာ ပို၍စွမ်းအားကြီးမားသူလက်အောက်ကိုသာ ခိုလှုံကြလိမ့်မည်ဖြစ်သည်။
ဤသည်မှာ အေဇာရုတိုက်၏ နိယာမပင်။
မင်းသားအာရှဗင်သည် သူ၏ ပတ်၀န်းကျင်တွင်ဖြစ်ပေါ်နေသည့် မြင်နိုင်စွမ်းမရှိသောပြောင်းလဲမှုများကို အာရုံခံမိနေပြီး သူ၏လက်သီးများကို ပို၍ကျစ်လစ်စွာပင်ဆုပ်လိုက်မိသည်။ သူ၏လက်သည်းများသည် လက်ဖ၀ါးထဲကိုပင်ထိုးဖောက်ခါ သွေးများပင်စီးကျလာ၏။
လက်ရှိအချိန်တွင် လူတစ်ချို့သာ သူတို့၏စိတ်များကို တည်ငြိမ်အောင်ထိန်းထားနိုင်၏။
အင်ပါယာနန်းတော်ထဲတွင်ရှိနေသည့် လူတစ်ယောက်စကားပြောမည့်အချိန်ကိုသာစောင့်ဆိုင်းနေမိကြသည်။
အေးစက်သည့် ညတစ်ညဖြစ်သော်လည်း တစ်ချို့လူများ၏ နှလုံးသားလောက်အေးစက်ခြင်းမရှိပေ။ ဤအခိုက်တန့်တွင် အချိန်များနှေးကွေးနေသလိုခံစားနေရ၏။
ငါးမိနှစ်ခြောက်မိနစ်ခန့်ကုန်ဆုံးသွားသော်လည်း ချမ်းဘော့ဒ်ဘုရင်အား မည်သူမှပြန်လည်တုန့်ပြန်ဖြေကြားရဲခြင်းမရှိကြပေ။
မြို့တော်စိန့်ပီတာစဘာ့တ်၏ အလည်ခေါင်တွင်ရှိသည့် ကြီးကျယ်ခန်းနားသောအဆောက်ဦးကြီးသည် အင်ပါယာ၏ တုနှိုင်းယှဥ်ပြိုင်နိုင်ခြင်းမရှိသည့် စွမ်းအားကိုကိုယ်စားပြုသော်လည်း လက်ရှိအချိန်တွင် ဂီတ်တံခါးများကို တင်းကြပ်စွာပိတ်ထား၏။ ရွှေရောင်ချပ်၀တ်များ၀တ်ဆင်ထားကြသည့် တော်၀င်အစောင့်စစ်သည်များသည် ခံတပ်နံရံများထဲတွင် မျက်စိကန်းနားကန်းနေသည့်အတိုင်း စိတ်ခံစားချက်ကင်းမဲ့စွာ ကင်းလှည့်နေကြ၏။ သူတို့သည် သိပ်မ၀ေးသည့်နေရာမှ ခြိမ်းခြောက်နေသည်ကို မကြားလိုက်ရသည့်အတိုင်းပင်။
တိတ်ဆိတ်ခြိမ်သက်နေမှုသည် လူပေါင်းများစွာကို ထိတ်လန့်ခြောက်ခြားစေ၏။
"အင်ပါယာအရှင်သခင်ယရှင်းက အတော်အားနည်းနေပြီး ချမ်းဘော့ဒ်ဘုရင်ကိုတောင် မတားဆီးနိုင်တော့ဘူးလား..."
"အာရှဗင်..ငါတို့နှစ်ယောက်ခြားထဲမှာရှိတဲ့ အငြိုးတေးတွေနဲ့အမုန်းတရားတွေကို ဒီလက်သီးချက်အပြီးမှာပဲ အပြီးသက်သွားပါစေ။ ဒါပြီးရင် င့ါကို ဆက်ပြီးတော့ မနှောင့်ယှက်နဲ့တော့ အဲ့လိုမှမဟုတ်ဘူးဆိုရင်..." ကောင်းကင်ပေါ်တွင် ချမ်းဘော့ဒ်ဘုရင်၏ အသံဟိန်းရံသွားပြီး မင်းသားအာရှဗင်ထံသို့ လက်သီးထိုးဆင်းလာသည်နှင့်အတူ စွမ်းအင်အရှိန်၀ါများကို ခံစားလိုက်ရသည်။ ပတ်၀န်းကျင်တွင်ရှိနေသည့် လေထုသည် ချက်ချင်းပင်တင်းမာသွားတော့၏။
"မင်းကများ..."
"ရပ်လိုက်..."
ဤအခိုက်တန့်တွင် သွေးသံမဏိတပ်စခန်းမှစစ်သည်များသည် ချက်ချင်းပင် သစ္စာအရှိဆုံးအရဲရင့်ဆုံးစစ်သည်များဖြစ်သွားကြ၏။ အော်ဟစ်ရင်းဖြင့် မင်းသားအာရှဗင်အား ၀န်းရံကာကွယ်ကာ သူတို့၏ အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ အတွင်းအားစွမ်းအင်အရှိန်၀ါမျိုးစုံထွက်ပေါ်လာပြီး လူတိုင်းသူတို့၏ခေါင်းဆောင်ကို ကာကွယ်လိုသည့်အတွက်အစွမ်းကုန်ကြိုးစားလိုက်ကြသည်။
"ဖုန်း ဖုန်း ဖုန်း ဖုန်း..."
စွမ်းအားအရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး အနက်ရောင်သံမဏိချပ်၀တ်များကို ၀တ်ဆင်ထားကြသည့် သွေးသံမဏိတပ်စခန်းမှစစ်သည်များမှာ အောက်သို့ဖိနှိပ်ခံလိုက်ရသည်။ ဖှေး၏ သာလွန်သောစွမ်းအင်အောက်တွင် ဤစစ်သည်များသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြရ၏။ သူတို့၏လက်များဖြင့်ထောက်ကာ လဲမကျစေရန်အတွက် အကောင်းဆုံးကြိုးစားနေကြရ၏။
ရွှေရောင်စွမ်းအင်မီးတောက်များသည် အလည်တွင်ရှိနေသည့် မင်းသားအာရှဗင်အားလွှမ်းခြုံသွားသည်။ သူ၏ ကြယ်ခြောက်လုံးနောက်ဆုံးအဆင့်စွမ်းအင်များကို ထုတ်လွှတ်ကာ ပြန်လည်တိုက်ခိုက်ရန်အတွက် ကြိုးစားလိုက်သည်။ အံကြိတ်ထားသည့်အတွက် သွေးများပင် ပါးစပ်အတွင်းမှစီးကျနေတော့သည်။ သူ၏ လှံရှည်ကဲ့သို့သော ခန္ဓာကိုယ်သည် ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ကွေးညွတ်လာပြီး သူ၏ခြေထောက်များသည် မြေပြင်အတွင်းသို့ နစ်၀င်လာ၏။
ထို့နောက်တွင် သူ၏ဒူးများစတင်၍ ကွေးလာတော့သည်။
အာရှဗင်သည် အားကုန်သုံးကာ ဒူးမထောက်မိရန်အတွက် ရုန်းကန်နေ၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏ ဂုဏ်သရေအား ငြိုးနွမ်းအောင်လုပ်၍ အရှက်ကွဲရန်ကြိုးစားနေသည်ကို သိသည့်အတွက်ပင်။ သူသည် ခုခံခြင်းမရှိပဲ အလွယ်တကူဒူးထောက်လိုက်ပါက သူ၏ အာဏာဆက်ခံသူမင်းသားဂုဏ်သရေမှာ ပျက်ဆီးသွားလိမ့်မည်ဖြစ်သည်။
သို့သော် ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသည့် စွမ်းအားအရှိန်၀ါသည် အလွန်စွမ်းအားကြီးသဖြင့် ခုခံ၍ မဖြစ်နိုင်ဟု ခံစားမိနေသည်။
သူ၏ ခန္ဓာကိုယ်သည် စတင်ကွေးညွှတ်လာပြီး သူ၏ဒူးများသည်လည်း ထိန်းချုပ်၍မရနိုင်လောက်အောင်တုန်ခါလာတော့သည်။
"ငါသေရင်တောင် ဒူးမထောက်နိုင်ဘူး..."
အာရှဗင်၏မျက်လုံးများပြူးကျယ်ကာ ကြုံး၀ါးလိုက်ပြီး ခါးတွင်ချိတ်ထားသည့်ဓားကိုဆွဲထုတ်လိုက်သည်။ ထိုဓားသည် ကြောက်မက်ဖွယ်ပင်။ ဓားကိုယ်ထည်မှာ တည်ငြိမ်နေသည့် ရေပြင်ကဲ့သို့ ချောမွေ့နေ၏။ ထို့နောက်တွင် ဓားကိုလှည့်ကာ သူ၏နှလုံးသားကိုချိန်ရွယ်ကာ ထိုးလိုက်တော့သည်။ ််