← Chapters

အခန်း (၇၃၆)

Vol. 47 Ch. 736

အခန်း (၇၃၆)

Vol. 47 Ch. 736

မင်းသားတစ်ပါးသည် သူ၏ကိုယ်ပိုင်ဂုဏ်သရေရှိသင့်သည်။

အာရှဗင်သည် ရန်သူအရှေ့တွင် ဒူးထောက်မည့်အစား မိမိကိုယ်မိမိသာသတ်သေလိုက်မည်ဖြစ်သည်။

ဤအခိုက်တန့်တွင် ဇီးနစ်စစ်ပွဲနတ်ဘုရားသည် သူ၏လေးစားဖွယ်ကောင်းသည့် အပြုမူကိုချပြလိုက်သည်။

မင်းသားအာရှဗင်၏ ဘေးပတ်ပတ်လည်တွင်ရှိနေကြသည့် လူများအားလုံး တုန်လှုပ်သွားကြသည်။ သွေးသံမဏိတပ်ဖွဲ့မှ စစ်သည်များသည်လည်း ဒေါသဖြစ်နေကြသည်။ သူတို့၏မျက်လုံးများအတွင်းမှ သွေးများစီးကျနေပြီး ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက်ရုန်းကန်နေကြ၏။ သို့သော် သူတို့အားလုံးသည် မင်းသားအာရှဗင်အား ရပ်တန့်နိုင်ခြင်းမရှိပဲ ဖြစ်သမျှကို ရပ်ကြည့်နေရုံသာတတ်နိုင်၏။

တော်၀င်မင်းသား၏သွေးစက်များ မြေပြင်ပေါ်သို့ ကျတော့မည့်အချိန်တွင် အသံတစ်သံထွက်ပေါ်လာ၏။

"တော်လောက်ပြီ..." ကြီးကျယ်မြင့်မြတ်သည့် အရှိန်၀ါတို့ဖြင့်လွှမ်းမိုးနေသည့် အသံတစ်သံသည် အင်ပါယာနန်းတော်အတွင်းမှ ထွက်ပေါ်လာပြီး လူတိုင်းထိုအသံကိုရှင်းလင်းစွာကြားလိုက်ရသည်။

ရွှေရောင်အတွင်းအားစွမ်းအင်မီးတောက်တစ်ခုတောက်ပသွားပြီး အာရှဗင်၏ရက်ဘက်ထဲသို့ စိုက်၀င်တော့မည့် ဓားကို ဖျက်ဆီးပစ်လိုက်သည်။

အင်ပါယာအရှင်သခင်ယရှင်း၀င်ရောက်စွက်ဖက်လာပြီဖြစ်ပြီး အရေးကြီးဆုံးအချိန်တွင် အန္တာရာယ်မြင့်မားသည့် အခြေအနေအား တားဆီးလိုက်သည်။

ရွှေရောင်အလင်းတန်းကောင်းကင်ပေါ်တွင် တောက်ပသွားသည့်အချိန်တွင် ဖှေးထုတ်လွှင့်ထားသည့် အတွင်းအားစွမ်းအင်ဖိအားများသည်လည်း ပူလောင်သည့်နေ့ခင်းမှ နှင်းပွင့်များကဲ့သို့ပင် အရည်ပျော်ကာပျောက်ကွယ်သွားတော့သည်။ မင်းသားအာရှဗင်သည်လည်း ပြန်လည်မတ်တပ်ရပ်လာနိုင်တော့၏။ ဖှေးအား စွမ်းအင်များဖြင့် ဖိနှိပ်ခံထားရသည်ကို ရုန်းကန်နေကြရသည့် သွေးသံမဏိတပ်ဖွဲ့မှ စစ်သည်များလည်း ပြန်လည်ထလာနိုင်ခဲ့ကြသည်။

အပြင်းထန်ဆုံးအခြေအနေရောက်ရှိလာပြီဖြစ်သည်။

တော်၀င်မိသားစု၏ ဂုဏ်သရေသည် အငြိုးနွမ်းခံလို့မရပေ။ အင်ပါယာ၍ ဥပဒေစည်းမျဥ်းများသည်လည်း ချိုးဖောက်၍မရနိုင်ပေ။ ဇီးနစ်မြို့သူမြို့သားများရှေ့တွင် ထင်ရာစိုင်းနေသည့် ချမ်းဘော့ဒ်ဘုရင်ကို အင်ပါယာယရှင်းစိတ်ဆိုးကာ သတ်ပစ်တော့မည်လော။

လူတိုင်း စိတ်လှုပ်ရှားစိုးရိမ်နေကြသည်။

မင်းသားအာရှဗင်ပင် အနည်းငယ် ၀မ်းသာပျော်ရွှင်နေသည့်အရိပ်ယောင်များကို သူ၏မျက်လုံးများထဲတွင် ပြသနေ၏။

သို့သော် တိတ်ဆိတ်ငြိမ်သက်မှုများကြီးစိုးသွားသည်။

ရွှေရောင်ဓားသွားစွမ်းအင်ထွက်ပေါ်လာပြီး ငါးမိနစ်ခြောက်မိနစ်ခန့်ထိ မည်သည့်အရာမှ ထက်မံဖြစ်ပျက်ခြင်းမရှိပေ။ ထို့နောက်တွင် တော်၀င်နန်းတော်ကြီးသည်လည်း ယရှင်အတိုင်းပင် ပြန်လည်ကာ တိတ်ဆိတ်သွားတော့သည်။ အင်ပါယာအရှင်သခင်ယရှင်း၏အသံကို နန်းတော်အတွင်းမှ တစ်ကြိမ်သာကြားလိုက်ရပြီး မည်သည့်အရာမှ ထက်မံဖြစ်ပျက်ခြင်းမရှိပေ။ စကားတစ်ခွန်းပြောပြီးသည့်အချိန်တွင် သူ၏ ခွန်အားများအားလုံးကုန်ခမ်းသွားသည့်အတိုင်းပင်။

လူတိုင်း ဤဖြစ်ရပ်ကို မြင်ရသည်ကို အံ့သြနေကြ၏။

"အင်ပါယာအရှင်သခင်က ဘယ်သူ့ဘက်ကလဲ..." သူတို့အားလုံးတွေးလိုက်မိကြသည်။

မကြာမှီတွင် ပို၍ပညာရှိသည့်ပုဂ္ဂုလ်များ စတင်၍တွေးခေါ်ကြတော့သည်။

တစ်ဖက်တွင်လည်း မင်းသားအာရှဗင်သည် သူ၏လက်သီးများကို ထက်မံ၍ ဆုပ်လိုက်သည်။ မျက်လုံးများကို ဖြေးညှင်းစွာပိတ်လိုက်ပြီး သူ၏စိတ်ခံစားချက်များကို မျိုသိပ်လိုက်သည်။ သူ၏ဘေးတွင် သွေးသံမဏိတပ်ဖွဲ့မှ သစ္စာရှိစစ်သည်များသည်လည်း ဒေါသဖြစ်ကာ ၀မ်းနည်းနေသည့်ပုံပေါက်နေပြီး သူတို့၏ လက်နက်များကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားကြသည်။

ညတစ်ည၏ အမှောင်မိုက်ဆုံးအချိန်တစ်ခုပင်။

ဖှေးသည် သိပ်မ၀ေးသောနေရာတွင်ရှိနေသည့် မီးရောင်များဖြင့် လင်းထိန်နေသော တော်၀င်နန်းတော်အား လှမ်းကြည့်လိုက်သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသောအင်ပါယာအရှင်သခင်၏ သဘောထားကို နားလည်မိပြီးဖြစ်သောကြောင့် ဆက်လက်၍ ယခုလိုပြုမူ၍မရတော့ကြောင်းကို သိရှိလိုက်သည်။ ဤသည်မှာ သူနှင့် အင်ပါယာအရှင်သခင်ယရှင်းတို့ကြားတွင်ရှိနေသည့် ဗျူဟာမြောက်နားလည်မှုတစ်ခုပင်။

"ဒီဖြစ်ရပ်ပြီးသွားရင် ငါလိုချင်တာတွေလည်းရသွားပြီပဲ။ ငါကအာရှဗင်ကိုလည်း သင်ခန်းစာကောင်းကောင်းပေးလိုက်ပြီးတော့ လူတော်တော်များများကိုလည်း ထိတ်လန့်အောင် ငါ့အစွမ်းကို ပြပြီးသွားပြီ။ ဘယ်သူမှ ချမ်းဘော့ဒ်နဲ့ င့ါပတ်၀န်းကျင်မှာရှိနေတဲ့လူတွေကို ရန်လာစရဲမှာမဟုတ်တော့ဘူး။ နောက်၁၂ရက်နေရင် ကျင်းပမယ့် ငါ့မင်္ဂလာဆောင်ကိုလည်း ဘယ်သူမှ လာမနှောင့်ယှက်ရဲလောက်တော့ဘူး..."

ဖှေးအတွက် အင်ပါယာ၏ အာဏာအကြီးဆုံးနှင့် စွမ်းအင်အမြင့်မားဆုံးမင်းသားကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

နန်းတော်ထဲတွင်ရှိနေသည့် ထိုလူသည် ဖှေးအား ဤကဲ့သို့ လုပ်ခွင့်ပေးမည်မဟုတ်ပဲ ဘုရင်သည်လည်း အင်ပါယာအရှင်သခင်၏ ရန်သူဖြစ်လိုခြင်းမရှိပေ။

ထို့အပြင် အင်ပါယာသည်လည်း လက်ရှိအချိန်တွင် ငြိမ်းချမ်းနေသည်မဟုတ်ပေ။ မျက်ကွယ်တွင်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများစွာရှိနေသည်ဖြစ်၏။ ဘုရင်သည် အာရှဗင်အား မနှစ်သက်သော်လည်း မင်းသားသည် ထက်မြတ်သည့် စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည်ကိုမူ ၀န်ခံရလိမ့်မည်ဖြစ်သည်။ ဖြစ်ပေါ်လာတော့မည့် စစ်ရေးအရှုပ်ရှင်းများထဲတွင် အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်အသက်ပေးဆက်သွားခဲ့ရသည့် ဤအင်ပါယာအား ကာကွယ်ရန်မှာ မင်းသား၏ အရည်ချင်းကိုလည်း လိုအပ်နေသေး၏။

ဖှေး ဘေးပတ်ပတ်လည်သို့ကြည့်လိုက်ပြီး ကစဥ့်ကလျားပုလ္လင်သည် လေထဲတွင် လှိုင်းများကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် သူတို့သည်ကောင်းကင်ပေါ်မှ မည်သည့်အချိန်ကမှမရှိခဲ့သလိုပျောက်ကွယ်သွားတော့၏။

"ခင်ဗျားဘာလို့ ရောက်မလာခဲ့တာလဲ..." ဖှေးမပျောက်ကွယ်တွင်ပြောသွားသည့် စကားကို လူတိုင်းကြားလိုက်ရသည်။ ထိုစကားသည် မည်သူ့အတွက် ဆိုလိုသည်ကိုမူ မည်သူမှ မသိလိုက်ကြပေ။

......

......

[ဉာဏ်ပညာနတ်သမီး] မင်းသမီးတာနာရှာ၏ စံအိမ်ထဲတွင်ဖြစ်သည်။ ဤအခိုက်တန့်တွင် နန်းတော်ထဲတွင် အလင်းရောင်များမရှိပဲ အမှောင်ထုကသာ အရာအားလုံးကို လွှမ်းခြုံထား၏။

လရောင်ထွန်းလင်းနေသည့် ခန်းမဆောင်ထဲတွင် အ၀ါရောင်၀တ်စုံ၀တ်ထားကာ ပြတင်းပေါက်တစ်ခုရှေ့တွင် ရပ်နေသည့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကိုမြင်နေရ၏။ ကောင်းကင်ပေါ်တွင် ဖှေးပြောခဲ့သည့်အသံကိုကြားလိုက်ရသည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်သည် ထိန်းချုပ်နိုင်ခြင်းမရှိအောင်တုန်ခါသွား၏။

"အရှင့်သမီး...အရှင်..." သူမ၏ ဘေးတွင် ထုံးစံအတိုင်း ခရမ်းရောင်၀တ်စုံ၀တ်ဆင်ထားသည့် ဇီလျန်းသည် တာနာရှာ၏ စိတ်ခံစားချက်အပြောင်းလဲကို သတိထားလိုက်မိပြီး သူမအား နှစ်သိမ့်ပေးရန်ကြိုးစားလိုက်သည်။

"ငါအဆင်ပြေပါတယ်..." တာနာရှာသည် တစ်ဖက်သို့ လှည့်လိုက်ပြီး ဖြူလျှော့နေသောမျက်နှာဖြင့် ပြန်ပြောလိုက်သည်။

"အရှင့်သမီး အရမ်းပိန်သွားတယ်။ ချမ်းဘော့ဒ်မှာတုန်းက သူနဲ့စတွေ့ခဲ့တုန်းက အချိန်နဲ့ယှဥ်ရင် အရှင့်သမီး အများကြီးပိုအားနည်းသွားတဲ့ပုံပေါက်နေတယ်..." ဇီလျန်း၏ လှပသောမျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့် အမူယာကိုမြင်နေရပြီး အမှောင်ထဲမှ ထွက်လာကာ မင်းသမီးတာနာရှာအားတွဲပေးလိုက်သည်။ ထို့နောက်တွင် သူမပြောလိုက်၏။ "အရှင့်သမီး ကိုယ့်ကိုယ်ကို အပြစ်တင်စရာမလိုပါဘူး...မင်းသားက အခုအချိန်မှာဆို အရင်ကနဲ့မတူပဲ တစ်ခြားတစ်ယောက်လိုဖြစ်နေပြီ။အရှင့်သမီးပေးတဲ့ အကြံဉာဏ်တွေကိုလည်း လုံး၀ဂရုမစိုက်တော့ဘူးလေ..."

"ဘာတွေဖြစ်နေလဲဆိုတာကို ငါလည်းနားမလည်ဘူး။ သူက ဘာလို့...ဘာလို့ အလတ်ဇန္ဒားလို ပါရမီရှင်ကို တစ်ခြားဘက်ကို တွန်းပို့လိုက်တာလဲ။ ငါတို့မသိနိုင်သေးတဲ့ လျို့၀ှက်ချက်တွေရှိနေလိမ့်မယ်။ ငါ့ရဲ့အကိုတော်က သူများရဲ့အရည်ချင်းကို မနာလိုတတ်တဲ့ ငတုံးတစ်ယောက်တော့မဖြစ်နိုင်ဘူးလေ..." မင်းသမီးသည် စဥ်းစားရခက်သည့် အပြာရောင်မျက်လုံးများဖြင့် ပြောလိုက်၏။

ဇီလျန်းမည်ကဲ့သို့မှ တုန့်ပြန်ခြင်းမရှိပေ။

All Chapters