← Chapters

အခန်း (၇၃၈)

Vol. 47 Ch. 738

အခန်း (၇၃၈)

Vol. 47 Ch. 738

ဒိုင်ယာဘလို ကမ္ဘာ အိမ်မက်ဆိုးခက်ခဲမှုအဆင့်....

ဖှေးသည် စတုတ္တမြောက်မြေပုံဖြစ်သည့် [ပန်ဒီမိုဒီရမ် ခံတပ်]သို့ ရောက်ရှိလာခဲ့ပြီး [မျှော်လင့်ခြင်းကင်းမဲ့ရာလွင်ပြင်] သို့ ထွက်လာခဲ့သည်။

စစ်တူကို နောက်ဆုံးအကြိမ်၀ှေ့ရမ်းလိုက်ပြီးနောက်တွင် ကျဆုံးခဲ့သောနတ်သား အစ်ဇူရယ်သည် ဖှေး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပထမဆုံးအလုပ်ပြီးမြောက်သွားပြီဖြစ်သည်။

ဖှေးသည် သူ၏ လယ်ဗယ်မြှင့်တင်ခြင်းအား မြန်ဆန်အောင်ကြိုးစားနေခဲ့သည့်အတွက် ဤအလုပ်အား ပြီးမြောက်ရန်သုံးနာရီခန့်သာ ကြာမြင့်ခဲ့သည်။ ထို့အပြင် ဖှေးသည် မြို့ပြောင်းစာလိပ်အား အသုံးပြုကာ သွားလာခဲ့ခြင်းအတွက်ကြောင့်လည်းဖြစ်သည်။

အသုံးမလိုသောပစ္စည်းများကို ရောင်းချပြီး လိုအပ်သည်များကို လုံလောက်စွာ၀ယ်ယူခဲ့ပြီးသည့်နောက်တွင် ဖှေးနှင့် အယ်လီနာတို့သည် နောက်ထပ်အလုပ်တစ်ခုကို စတင်ခဲ့ကြသည်။

ဒုတိယအလုပ်မှာ မီးတောက်မြစ်ထဲတွင်ရှိသည့် ဟက်ပတ်ဆိုကို သတ်ဖြတ်ရန်ဖြစ်ပြီး ငရဲတူကို ယူဆောင်ရန်ဖြစ်သည်။ မီဖက်ဆို၏ ၀ိဉာဥ်ကျောက်တုံးကို ဤတူဖြင့်သာ ဖျက်ဆီး၍ မီဖက်ဆိုကို သတ်ဖြတ်နိုင်သည့်အတွက်ပင်။

သို့သော် ဖှေးသည် အလုပ်ကို သမားရိုးကျနည်းလမ်းအတိုင်းဆောင်ရွက်ခဲ့ခြင်းမရှိပေ။

ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာအကြောင်းကို ပို၍ပို၍နားလည်လာသည်နှင့်အမျှ သာမန်နည်းလမ်းအတိုင်းဆောင်ရွက်နေခြင်းကို စွန့်လွှတ်ရန်ဆုံးဖြတ်လိုက်သည်။ ဤကမ္ဘာသည့် လက်တွေ့လောကလိုပင်ဖြစ်ပြီး ဂိမ်းကမ္ဘာတစ်ခုသာမဟုတ်ပေ။ ဂိမ်းထဲတွင် တစ်ကြိမ်သာအသုံးပြုနိုင်သည့် ပစ္စည်းများစွာသည် လျို့၀ှက်ထားသည့် ရတနာပစ္စည်းများပင်။ အကယ်၍ သေချာအသုံးပြုပါက သက်ရောက်မှုသည် အလုပ်များပီးမြောက်သည့်အတွက်ရရှိသော ဆုလာဘ်များထက်ပင် ပို၍ကြီးမားနိုင်၏။

ဥပမာအားဖြင့် ဖှေး၏ လက်ထဲတွင်ရှိနေသည့် မီဖက်ဆို၏ ၀ိဉာဥ်ကျောက်တုံးသည် စွမ်းအင်များစွာရှိနေ၏။ ဤတလင်းကျောက်တုံးသည် ငရဲနတ်ဘုရား မီဖက်ဆို၏ ၀ိဉာဥ်ကို ချုပ်နှောင်ထားခြင်းဖြစ်ပြီး ဖှေးသည် မီဖက်ဆို၏ အော်ဟစ်သံများကိုပါ ကျောက်တုံးအတွင်းမှကြားနေရ၏။ အကယ်၍ သူသည် ဤမကောင်းဆိုး၀ါးအား ထိန်းချုပ်နိုင်ပါက နတ်ဘုရားတစ်ပါးကို လိုသလိုအမိန့်ပေးနိုင်လိမ့်မည်ဖြစ်သည်။

ထို့အပြင် ငရဲမီးတောက်တူသည်လည်း မီးတောက်မြစ်ထဲမှ ချော်ရည်များကိုပင် ဖန်တီးနိုင်သည့် တူတစ်လက်ဖြစ်သည်။ အကယ်၍ ပန်းပဲဆရာမှ ချယ်စီသာ အသုံးပြုနိုင်ပါက ဤတူ၏ တန်ဖိုးသည် ဂိမ်းထဲမှ ရရှိမည့်ဆုလာဘတ်များထက်ပင် ပို၍ အဖိုးတန်လိမ့်မည်ဖြစ်သည်။

အလုပ်နှစ်ခုကို ပြီးမြောက်သွားပြီးသည့်အချိန်တွင် ဖှေး၏ လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၈၅သို့ ရောက်ရှိသွားပြီဖြစ်၏။

သူ၏ အစွမ်းသည် လယ်ဗယ်၅လပြည့်အဆင့်နိမ့်စစ်သည်အဆင့်နှင့် ညီမျှနေပြီဖြစ်သည်။ [မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်]နှင့် [မသေမျိုးဘုရင်၏ တူ]တို့မှာရရှိသောစွမ်းအားများကိုသာ ထပ်ပေါင်းထည့်လိုက်ပါက ဖှေးသည် လအဆင့်စစ်သည်များအားလုံးကိုပင် အနိုင်ယူနိုင်နေပြီဖြစ်၏။

သို့သော် အင်ပါယာအရှင်သခင်ယရှင်းကို အနိုင်ယူရန်မှာမူ မဖြစ်နိုင်သေးပေ။

......

ဒုတိယမြောက်နေ့၏ ရာသီဥတုအခြေအနေမှာချစ်စဖွယ်ပင်။ ကောင်းကင်သည် တိမ်များကင်းစင်နေ၍ လေညှင်းသည် နှစ်သက်ဖွယ်ကောင်းလှသည်။

မနက်ကိုးနာရီထိုးသည့်အချိန်တွင် ရစ်ဘရီမနေ့ညက စေလွှတ်ခဲ့သည့် ကင်းထောက်အဖွဲ့သည် စစ်ဘက်ဆိုင်ရာဌာနချုပ်မှ စေလွှတ်လိုက်သည့် သံတမန်အသစ်နှင့်အတူ ပြန်ရောက်လာခဲ့ကြသည်။

သံတမန်ယူဆောင်လာခဲ့သည့် စာလိပ်ထဲတွင် သူ့အား မြို့တော်၀န်အသစ်အဖြစ်ခန့်ထားသည်ကို တွေ့လိုက်ရသည့်အချိန်တွင် မယုံနိုင်ဖြစ်ရ၏။ သူအိမ်မက်မက်နေသလိုပင်။ သူသည် တစ်မိနက်လုံး ဤကဲ့သို့ ခန့်အပ်လိုက်ခြင်း၏ အကြောင်းရင်းကို အဖြေရှာနေခဲ့ပြီး အနားယူနေသည့် ဖှေးအား နှောင့်ယှက်ခဲ့ခြင်းမရှိပေ။

ထို့နောက်တွင် မြို့တော်စိန့်ပီတာစဘာ့တ်သို့ သွားရောက်ခဲ့သည့် အမြန်ကင်းထောက်စစ်သည်ပြန်ရောက်ရှိလာခဲ့သည်။ မောဟိုက်နေရင်းဖြင့်ပင် စစ်သည်များနှင့်ခေါင်းဆောင်များအား မြို့တော်စိန့်ပီတာစဘာ့တ်တွင် မနေ့ညကဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်ကာ ရှင်းပြလိုက်၏။ နောက်ဆုံးတွင် ရစ်ဘရီအရာအားလုံးကို နားလည်သွားတော့သည်။

အချိန်တစ်နာရီခန့်ကြာသည်အထိ မြို့တော်၀န်ရစ်ဘရီနှင့် စစ်ရေခေါင်းဆောင်ဂါဂိုတို့ ကင်းထောက်စစ်သည်အား သိလိုသည်များကို ဆက်တိုက်မေးမြန်းနေခဲ့ကြသော်လည်း ကျေနပ်ခြင်းမရှိကြသေးပေ။

တစ်ချိန်တည်းမှာပင် ဇီးနစ်အင်ပါယာမြို့တော်ထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာသည် အင်ပါယာတစ်ခွင်သို့ ပြန့်နှံ့သွားခဲ့ပြီး လူပေါင်းများစွာအံ့အားသင့်နေကြရ၏။

ဖှေး၏ လွှမ်းမိုးနိုင်မှုသည် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်တွင်ဖြစ်ပျက်ခဲ့သည့်အရာများသည် ဖှေးထင်ထားသလိုပင်။

မနေ့ညက ဖြစ်ရပ်အပြီးတွင် စစ်ဘက်ဆိုင်ရာဌာနချုပ်၏ ချမ်းဘော့ဒ်ဘုရင်နှင့် သူ၏လူများအပေါ်တွင်ထားရှိသော အမြင်သည် ရုတ်ခြင်းပြောင်းလဲသွား၏။

ဒုတိယမြောက်နေ့တွင် အထူးသံတမန်မတ်၀ပ်ဆန်လုပ်ခဲ့သည့် အမှားများကို ပြန်လည်ပြုပြင်ရန်အတွက် အလံနှစ်စုံမြို့တော်ထဲသို့ သံတမန်အသစ်တစ်ယောက်ကို စေလွှတ်ခဲ့သည်။

ထိုသံတမန်သည် ဒုတိယမင်းသား ဒိုမင်ဂူ၏ လူယုံတစ်ယောက်ဖြစ်ပြီး ဖှေးနှင့်လည်း တစ်ခါတွေ့ဖူး၏။ သူသည် ကြင်နာတတ်သည့်လူတစ်ယောက်ဖြစ်ပြီး အလံနှစ်စုံမြို့တော်မှ စစ်သည်များနှင့် ဇီးနစ်အင်ပါယာတို့ကြားတွင်ရှိသည့် အမုန်းတရားအညိုးတေးများကို မကြာမှီတွင်ဖြေရှင်းနိုင်လိုက်ခဲ့သည်။

ဤဖြစ်ရပ်များအပြီးတွင် ရစ်ဘရီသည် အင်ပါယာ၏ အဆင့်၃ ဆွေကြီးမျိုးကြီး တစ်ယောက်ဖြစ်လာပြီး အလံနှစ်စုံမြို့တော်၏ မြို့တော်၀န်တစ်ယောက်ဖြစ်လာခဲ့သည်။ ဂါဂိုသည် ရစ်ဘရီ၏ ယခင်ရာထူးကိုယူကာ မြို့တော်၏ စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်လာ၏။

ထိုလူနှစ်ယောက်သည် ချမ်းဘော့ဒ်ဘုရင်၏ လူယုံများဖြစ်သည်မှာ လူတိုင်းသိရှိသည့် ကိစ္စပင်။

စစ်ဘက်ဆိုင်ရာဌာနချုပ်မှ ထိုလူနှစ်ယောက်ကို မြို့တော်၀န်နှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်ရာထူးပေးလိုက်ခြင်းသည် အလံနှစ်စုံမြို့တော်သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အိမ်နောက်ဖှေး ဥယျာဥ်ဖြစ်သွားကာ ချမ်းဘော့ဒ်ဘုရင်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ကြေငြာလိုက်ခြင်းနှင့်အတူတူပင်။

ထို့အပြင် ထရေ့စ်နှင့် မတ်၀ပ်ဆန်တို့သေဆုံးသွားခဲ့ခြင်းကြောင့်လည်း မည်သည့်ဖြစ်ရပ်မှဖြစ်ပေါ်လာခဲ့ခြင်းမရှိပေ။ လေပူပေါင်းလေးများပေါက်ကာ ပျောက်ကွယ်သွားသလိုပင် သူတို့နှင့်ပတ်သက်၍ မည်သူမှဂရုစိုက်ခြင်းမရှိသလို လက်တုန့်ပြန်ရန်ကြိုးစားခဲ့သူလည်းမရှိခဲ့ပေ။

ဒုတိမြောက်နေ့လယ်တွင် ဇီးနစ်အင်ပါယာပင်မတပ်ဖွဲ့ကြီးများထဲမှ တစ်ခုဖြစ်သည့် မိုးကြိုးနတ်ဘုရားတပ်ဖွဲ့သည် အလံနှစ်စုံမြို့အတွင်းမှ ထွက်ခွာကာ မြို့တော်စိန့်ပီတာစဘာ့တ်သို့ ပြန်သွားကြသည်။

အလံနှစ်စု့မြို့တွင် အခြေအနေများတည်ငြိမ်သွားသည့်အချိန်တွင် ဖှေးသည် သံတမန်အသစ်နှင့်ခနတာခန့်တွေ့ဆုံပြီး ရစ်ဘရီ၏ ခနတာဆက်လက်နေထိုင်ရန်တောင်းဆိုမှုကို ငြင်းပယ်ကာ ချမ်းဘော့ဒ်သို့ ပြန်လာခဲ့တော့သည်။

ကီလိုမီတာလေးရာခန့်ကွာ၀ေးသည့် ခရီးသည် ဖှေး၏မျက်လုံးထဲတွင် ဘာမှမမဟုတ်ပေ။ သူ၏ စွမ်းအားများမြင့်မားလာသည်နှင့်အမျှ ဤခရီးအားသွားရန်အတွက် သူ့အတွက် ဆယ်မိနစ်ခန့်သာကြ၏။

မကြာမှီတွင် ချမ်းဘော့ဒ်မြို့တော်အား ဖှေး၏ မျက်လုံးထဲတွင်မြင်လိုက်ရတော့သည်။

ညအချိန်တွင် မြို့တော်အတွင်းမှ မီးများရောင်စုံလင်းထိန်နေပြီး မြို့တော်သည် မှော်ကျောက်တုံးများဖြင့် ဖန်တီးထားသည့် ကောင်းကင်ဘုံတစ်ခုလိုပင်။ ညဘက်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ အလှသည် အင်ပါယာမြို့တော်စိန့်ပီတာစဘာ့တ်ထက် နိမ့်ကျနေခြင်းမရှိပေ။ ပို၍သေးငယ်သောမြို့တော်ဖြစ်သော်လည်း မပြည့်စုံသောအရာမရှိပဲ ပို၍ပင် စည်ကားသိုက်၀န်းနေ၏။

ဖှေးသည် ကိုယ်ရောင်ဖျောက်လိုက်ပြီး ကောင်းကင်ပေါ်မှ ပျံသန်းသွားလိုက်သည်။ အရာအားလုံးသည် ပုံမှန်လိုပင်။

တစ်ခုရှိသည်မှာ မြို့တော်ထဲတွင်ရှိသည့် လူဦးရေသည် နှစ်ဆခန့်ပင်ဖြစ်နေပြီး မြို့ထဲတွင်ရှိနေသည့် တည်းခိုခန်းများ ဟိုတယ်များသည်လည်း လူပြည့်နေလျှက်ရှိသည်။

ချမ်းဘော့ဒ်ဘုရင်သည် မကြာမှီအချိန်အတွင်းတွင် သူ၏ ဇနီးလောင်းနှစ်ယောက်နှင့် လက်ထပ်တော့မည့်သတင်းမှာ ပြန့်နှံ့နေပြီဖြစ်သောကြောင့် ချမ်းဘော့ဒ်မြို့သူမြို့သားများအားလုံးသည်လည်း စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ ပွဲတော်ကျင်းပရမည်ဖြစ်သောကြောင့် မြို့တော်၏ နေရာတိုင်းတွင် ကြိုတင်ကာ ပြင်ဆင်နေကြ၏။ သာမန့်နေ့တစ်နေ့နှင့် ယှဥ်ပါက များစွာပို၍ အလုပ်ရှုပ်နေ၏။ ထို့အပြင် လူများသည် ညနေစောင်းအချိန်တွင် အတက်ကြွဆုံးဖြစ်သောကြောင့် ချမ်းဘော့ဒ်မြို့၏ လမ်းများသည် လူများဖြင့် ပြည့်ကျပ်နေတော့၏။

ဖှေးသည် အနောက်ဘက်လမ်းကြားတစ်ခုထဲသို့ တိတ်ဆိတ်စွာဆင်းသက်လိုက်ပြီး လူများသူ့အား သတိမထားမိစေရန်အနည်းငယ်ပြောင်းလဲ၀တ်ဆင်လိုက်သည်။ ထို့နောက်တွင် သူသည် မြို့တော်ထဲတွင် လမ်းလျှောက်ကြည့်နေလိုက်၏။ မြို့တော်၏ ပြောင်းလဲသွားသောပုံစံနှင့် တိုင်းပြည်၏ အခြေနေကို မြင်တွေ့ရသည့်အချိန်တွင် အလွန်ဂုဏ်ယူမိ၏။

သူလမ်းလျှောက်နေရင်းဖြင့် လမ်းဘေးဆိုင်များမှ လက်ဆောင်ပစ္စည်းတစ်ချို့ကို ၀ယ်ယူလိုက်သည်။ ပေါ်ပျူလာဖြစ်သည့် စားသောက်ဆိုင်များမှ အစားသောက်များကိုလည်း မှာယူစားသောက်ကြည့်နေသည်။ ထို့နောက်တွင် သူသည် ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ စျေးဆိုင်များရှေ့သို့ ရောက်ရှိလာတော့သည်။

ဂျက်စီကာသည် ဘုရင်ရုတ်တရက်ရှောက်ရှိလာသည့်အတွက် အံ့သြသွားသည်။

"လာနှောင့်ယှက်သလိုဖြစ်သွားလို့ ဆောရီးပါ။ ငါတနေ့ညကလည်းမပြောမဆိုရောက်လာလို့ ညီမ ညသန်းခေါင်ကြီး ဟင်းတွေထချက်ရသေးတယ်။ ဒီနေ့တော့ ငါစားစရာတွေ၀ယ်လာပါတယ်။ မစားရသေးဘူးမလား။ အလုပ်ကို ရော နှောင့်ယှက်သလိုတော့ဖြစ်မသွားဘူးမလား..." ဖှေးသည် စားစရာများကို စားပွဲပေါ်တင်လိုက်ပြီး ပြုံးကာပြောလိုက်သည်။

"မဖြစ်ပါဘူး။ အရှင်ဒီနေရာကို နေ့တိုင်းလာပါစေလို့တောင် မျှော်လင့်မိသေးတယ်။ အရှင့်မြို့သူမြို့သားတွေသာ အရှင်ဒီဆိုင်ကို မကြာခနလာတတ်တာသိရင် သူတို့ ဒီကို ခနခနလာကြလွန်းလို့ တံခါးတောင်ပျက်ဆီးသွားလောက်တယ်..." ဂျက်စီကာသည် မူလအံ့သြနေရာမှ ပုံမှန်ပြန်ဖြစ်လာပြီး ဖှေးနှင့်အနည်းငယ်စနောက်လိုက်သည်။

ထို့နောက်တွင် သူမ၏ အစေခံများကို တူများနှင့် ပန်းကန်များပြင်ဆင်ခိုင်းလိုက်ပြီး ဂျက်စီကာသည် သူမ၏ အခန်းအတွင်းသို့၀င်ကာ မိတ်ကပ်အနည်းငယ်လိမ်းလိုက်သည်။ ထို့နောက်တွင် လိုက်ဖက်သည့် အ၀တ်စားတစ်စုံကိုလဲလိုက်၏။

သူမှပြန်ဆင်းလာပြီး ဖှေးအရှေ့သို့ လာထိုင်သည့်အချိန်တွင် ဂျက်စီကာသည် အလွန်လှပနေ၏။

ဂျက်စီကာသည် ယခင်ကတည်းက ချောမောလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ အေဘရာဟန်ထံမှ စီးပွားရေးနှင့် သက်ဆိုင်သည့် ပညာရပ်များသင်ယူပြီး အတွေ့ကြုံများရရှိလာခဲ့ပြီးသည့်နောက်တွင် သူမသည် ပို၍ယုံကြည်ချက်ရှိလာခဲ့ပြီး သူမ၏ ပင်ကိုယ်အလှသည်ပို၍ပင် တောက်ပလာခဲ့သည်။ ဂျက်စီကာ၏ အလှသည် ယခုအချိန်တွင် တောက်ပနေတော့၏။

သူမသည် ယခုအချိန်တွင် ပခုံးလွတ်ဂါ၀န်တစ်ထည်ကို၀တ်ဆင်ထားပြီး သူမ၏ ဖြူဖွေးကာ ပိုးသားကဲ့သို့ နူးညံ့နေသည့်အသားရေသည် အမဲရောင်ဂါ၀န်နှင့် အလွန်ပင်လိုက်ဖက်နေ၏။ ထို့အပြင် သူမအား ဖှေးလက်ဆောင်ပေးခဲ့သည့် နတ်ဘုရားလှည့်စားခြင်းတံဆိပ်အား ကြိုးဖြင့်ဆွဲကာ လည်ဆွဲတစ်ခုလို ၀တ်ဆင်ထား၏။

အကယ်၍ တစ်စုံတစ်ယောက်သည် သူမအား ကြာရှည်စွာစိုက်ကြည့်ပါက သူမ၏ အလှတရားကြောင့် မျက်လုံးများ မီးလောင်မလိုပင်ခံစားနေရ၏။

ဖှေးနှင့်အတူ ထိုကဲ့သို့လှပသည့်ကောင်မလေးတစ်ယောက်နှင့် ညစာစားနေရသည့် အတွက်ကြောင့် အထူးပင်ပျော်ရွှင်နေလျှက်ရှိသည်။

တကယ်တန်းတွင် ဖှေးသည် အန်ဂျယ်လာနှင့်တွေ့လိုသည့်အတွက် ဘတ်စ်၏ စံအိမ်အတွင်းသို့ ခိုး၀င်ချင်နေ၏။

လက်ရှိတစ်နှစ်လုံးတွင် တိုက်ပွဲပြီးသည့်အချိန်တိုင်းတွင် အန်ဂျယ်လာနှင့်အတူထိုင်၍ စကားပြောသည်မှာ ဖှေးအတွက်အကျင့်တစ်ခုဖြစ်နေ၏။ သူမ ငြိမ်းချမ်းသည့်အရှိန်၀ါသည် တိုက်ပွဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည့်ဖှေး၏ နှလုံးသားကို နွေးထွေးစေသည့်အတွက်ပင်။

သို့သော် ထုံးတမ်းအစဥ်လာများအရဖှေးသည် လက်ထပ်ပွဲမစမှီတွင် အန်ဂျယ်လာနှင့်တွေ့ခွင့်မရပေ။ အကယ်၍ သူခိုး၀င်သည်ကို ဓလေ့ထုံးတမ်းများကို လေးစားတတ်သည့် သူ၏ ယောက္ခမလောင်းဘတ်စ်သိသွားပါက အဆင်ပြေလိမ့်မည်မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် ဘုရင်သည် ခိုး၀င်မည့်အကြံစည်ကို စွန့်လွှတ်ကာ ဂျက်စီကာ ထံသို့ရောက်လာခဲ့ခြင်းပင်။

ဂျက်စီကာနှင့် အန်ဂျယ်လာတို့၏ စိတ်နေစိတ်ထားသည် တူညီခြင်းမရှိသော်လည်း သူတို့နှစ်ယောက်တွင် တူညီသည့်အရှိန်၀ါများရှိ၏။ ဤဉာဏ်ကောင်းကာ လှပသည့်ကောင်မလေးနှင့် စကားပြောပြီးသည့်အချိန်တွင် တိုက်ပွဲထဲတွင် ရန်သူများအား တိုက်ခိုက်သတ်ဖြတ်ခဲ့ရသည့် ဖှေး၏ နှလုံးသားအေးချမ်းသွားတော့သည်။

ဂျက်စီကာ၏ အရှိန်၀ါသည် အလွန်သန့်စင်သည့်အတွက်ကြောင့် ဖှေး၏ စိတ်ကို ကြည်လင်စေသည်လား သို့မဟုတ် ဖှေးသည် ဂျက်စီကာနှင့် ဟူစကီတို့ကို မိတ်ဆွေရင်းများဟု သတ်မှတ်သည့်အတွက်ကြောင့်ပေလားမသိချေ။ ဖှေး၏ စိတ်ထဲတွင် ဂျက်စီကာနှင့်ပတ်သက်သည့် ညစ်ညမ်းသည့်အတွေးခေါ်တစ်စုံတစ်ရာ၀င်ရောက်လာခဲ့ခြင်းမရှိပေ။

သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒများမရှိတော့သည့်အတွက်ကြောင့် ဖှေး၏ စိတ်သည် ကြည်လင်လာခဲ့သည်။

သူ၏အရှေ့တွင်ရှိနေသည့် ဂျက်စီကာသည် အန်ဂျယ်လာကဲ့သို့ပင် အပြစ်ကင်းသာသန့်ရှင်းသည့် ၀ိဉာဥ်ကို ပိုင်ဆိုင်ထား၏။

......

တံခါးအပြင်ဘက်တွင် အရိပ်များရွေ့လျားနေကြသည်။

ဂျက်စီကာ၏ သက်တော်စောင့်လေးယောက်သည် သူတို့၏ အလုပ်ရှင်အား အမည်မသိသည့် မိမိကိုယ်မိမိအထင်ကြီးနေသည့် လူငယ်တစ်ယောက်မှ လာရောက်ပိုးပန်းနေသည်ဟု ထင်မှတ်မိသည့်အတွက် စိုးရိမ်သည့် မျက်နှာအမူယာများရှိနေကြ၏။

"တစ်ရက်ပဲကြာသေးတယ် ဟိုနေ့ကရောက်လာတဲ့ကောင်ထပ်ရောက်လာပြန်ပြီ။ ငါတို့ ဆရာမက ချမ်းဘော့ဒ်ဘုရင်ရဲ့အမျိုးသမီးဖြစ်တယ်ဆိုတာကို အဲ့ကောင်မသိဘူးလားမသိဘူး။ သူက ချမ်းဘော့ဒ်တက္ကသိုလ်က ဆရာတစ်ယောက်လို့ပြောပေမယ့် ချမ်းဘော့ဒ်ဘုရင်နဲ့ ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာက။ အဲ့ကောင်က ချမ်းဘော့ဒ်ဘုရင်ရဲ့အမျိုးသမီးကို လုယူဖို့ကြိုးစားရဲနေတာလား။ ချမ်းဘော့ဒ်တက္ကသိုလ်က ဆရာတွေအကုန်လုံး သေရမှာမကြောက်ကြဘူးလား..." သက်တော်စောင့်လေးယောက်သည် မသက်သာသည့်အမူယာများဖြင့် တွေးလိုက်မိကြသည်။

သူတို့သည် အတွေ့ကြုံများသည့်လူများဖြစ်သည့်အတွက်ကြောင့် သူတို့၏ အလုပ်ရှင်ဂျက်စီကာသည် ကျန်သည့်ယောက်ျားလေးများကို မထူးခြားဆက်ဆံတတ်တော်လည်း ယခုရောက်ရှိနေသည့် မျက်နှာဖြူလူငယ်ကိုမူ အလွန်အရေးပေးသည်ကို နားလည်ကြ၏။ သူနှင့်ညစာစားရန်ကိုပင် အပေါ်တက်၍ အလှပြင်ကာ အ၀တ်စားလဲခဲ့သည့်အတွက်ကြောင့်ပင်။ သူတို့နှစ်ယောက်ကြားထဲတွင်ရှိနေသည့် ဆက်ဆံရေးသည် ခန့်မှန်းရခက်လှ၏။

"သေစမ်း တကယ်လို့ ချမ်းဘော့ဒ်ဘုရင်သာဒီအကြောင်းသိလို့ကတော့ ဒီမျက်နှာဖြူကောင်တော့ ဒုက္ခရောက်တော့မယ်။ ငါတို့လေးယောက်ပါ မချောင်လောက်ဘူး။ ငါတို့လေးယောက်ပါ အရိုက်ခံရတာ ဒါမှမဟုတ်တစ်ခုခုဖြစ်နေလိမ့်မယ်..." သူတို့အားလုံးတွေးလိုက်မိကြသည်။

သူတို့သည် ဂျက်စီကာလက်အောက်တွင် အလုပ်လုပ်သည်မှာကြာပြီဖြစ်သောကြောင့် သူမအကြောင်းကို ကောင်းစွာနားလည်၏။ သူမသည် ကြင်နာတတ်ကာ နူးညံ့သည့်ကောင်မလေးတစ်ယောက်ဖြစ်သော်လည်း အလွန်လဲခေါင်းမာတတ်သည်။ သူမဆုံးဖြတ်ချက်ချပြီးပါက အေဗရာဟန်ပင် သူမအား တားဆီးနိုင်ခြင်းမရှိပေ။

"ငါတို့ သူမကို သွားပြောလဲအဆင်ပြေမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီမျက်နှာဖြူကောင်က ချမ်းဘော့ဒ်တိုင်းပြည်မှာ ဂုဏ်သရေရှိတဲ့လူတစ်ယောက်ဖြစ်ပုံရတယ်။ ငါတို့လေးယောက်ထက်အတော်လေး စွမ်းအားကြီးလောက်တယ်။ ငါတို့သူ့ကို နိုင်မှာမဟုတ်ဘူး...ငါတို့ဘာလုပ်သင့်လဲ..." သက်တော်စောင့်လေးယောက်သည် ကြောက်လန့်နေကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေ၏။

"ငါတို့ဒီကိစ္စကို ဆရာအေဘရာဟန်ကို သတင်းပို့မှရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒုက္ခများသွားနိုင်တယ်။ အခြေအနေမကောင်းတောင့်ရင်တော့ ငါတို့ ဆရာအေဘရာဟန်စီကနေ သိုင်းဆရာတစ်ယောက်တောင်းပြီး ဒီမျက်နှာဖြူကောင်ကို တိတ်တဆိတ်ရှင်းပစ်ကြတာပေါ့..." သက်တော်စောင့်တစ်ယောက်သည် သူ၏ အလုပ်ရှင်မျက်နှာဖြူကောင်လေးအား လိုက်ပို့နှုတ်ဆက်နေသည်ကို ကြည့်ရင်းဖြင့် ဆုံးဖြတ်ချက်ချလိုက်၏။

......

ထွက်လာပြီးသည့်နောက်ပိုင်းတွင် ဖှေးကောင်းကင်ပေါ်သို့ ပျံတတ်ကာ ဓားငါးလက်ကောင်းကင်တောင်ပေါ်သို့ ထွက်လာခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များဖြစ်ကြသည့် တိုးရိစ်တို့သည် ကောင်းကင်နန်းတော်ထဲတွင် တစ်နေကုန်ကျင့်ကြံနေကြသည်ဖြစ်သောကြောင့် သူတို့အဆင့်တက်သွားပြီလားဆိုသည်ကို သိချင်သည့်အတွက်ပင်။

သူရွှေရောင်လီယိုတောင်အား ဖြတ်သန်းနေသည့်အချိန်တွင် ရှေးကျသည့်စွမ်းအင်အလင်းရောင်များထွက်ပေါ်လာပြီး ဖှေးတစ်စုံတစ်ရာကို စဥ်းစားလိုက်မိသည့်အတွက် တောင်ပေါ်တွင် ဆင်းသက်လိုက်သည်။

All Chapters