← Chapters

အခန်း (၇၃၉)

Vol. 47 Ch. 739

အခန်း (၇၃၉)

Vol. 47 Ch. 739

ရွှေရောင်လီရိုတောင်သည် ဖှေးရွေးချယ်ခဲ့သည့် ရွှေရောင်သူတော်စဥ်တောင် ၁၂လုံးထဲမှ တစ်လုံးဖြစ်ပြီး ကြီးမားထည်၀ါခမ်းနားလှသည်။

ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက် လေးကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး မီတာ၁၅၀၀ ခန့်မြင့်မား၏။

ကျန်ရှိနေသည့် တောင်၁၁လုံးကဲ့သို့ပင် ဓားသွားပုံစံရှိပြီး အလွန်မက်စောက်မြင့်မားကာ တက်လမ်းမရှိသော်လည်း ကျယ်၀န်းကာ မျှခြေရှိနေသည့်အရှိန်၀ါတစ်မျိုးဖြင့် ထူးခြားနေ၏။

ထိုတောင်၏ ပတ်ပတ်လည်တွင် မီတာ၃၀၀ ၄၀၀ ခန့်မြင့်မားသည့် တောင်ငယ်များလည်း ၀န်းရံနေသည့်အတွက်ကြောင့် ရွှေရောင်လီရိုတောင်တန်း၏ ဘေးပတ်ပတ်လည်တွင် ခြင်္သေ့ပေါက်လေးများကဲ့သို့ပင်။

ဖှေးတောင်ထပ်သို့ ရောက်လျှင်ရောက်ခြင်းပင် လမ်းပါ့ဒ်သည် တောင်ပေါ်တွင်ကျင့်ကြံနေသည့် လမ်းပါ့ဒ်မှ အာရုံခံလိုက်မိပြီး သူ၏ ကျောက်တုံးနန်းတော်အတွင်းမှ ထွက်လာခဲ့သည်။

ရွှေရောင်သူတော်စဥ်တောင်၁၂လုံးကို ဖှေးကိုယ်တိုင်နာမည်ပေးထားခြင်းဖြစ်ပြီး ယခင်ကတောင်ထိပ်တွင် အဆောက်ဦးများမရှိခဲ့ပေ။

တောင်ထိပ်မှ မြင်တွေ့ရသည့် လှပသောမြင်ကွင်းများမှလွဲ၍ တောင်ပေါ်တွင်နေထိုင်ရသည်မှာ ရိုးရှင်း၍ အနည်းငယ်လည်းကြမ်းတမ်း၏။ သို့သော် ကောင်းသည့်အချက်မှာ စွမ်းအားမြင့်သိုင်းဆရာများသည် သဘာပတ်၀န်းကျင်နှင့် နီးစပ်သည့်နေရာတွင် ရိုးရိုးရှင်းရှင်း သီးခြားနေထိုင်ရသည်ကို နှစ်သက်ခြင်းပင်။ ထို့ကြောင့် တစ်ချို့သိုင်းဆရာများ တောတောင်များထဲတွင် တစ်ယောက်ထဲနေထိုင်ကျက်စားကြသည်မှာ အထူးဆန်းမဟုတ်ပေ။

လမ်းပါ့ဒ်သည် တည်ငြိမ်သောစိတ်ဓာတ်ရှိကာ ဆူညံသည်ကို ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် တောင်ပေါ်တွင် ဤကဲ့သို့ သီးခြားနေထိုင်ရခြင်းကို နှစ်သက်နေ၏။ ထို့ကြောင့် သူသည် လျှင်မြန်စွာပင် အသားကျသွားခဲ့သည်။

လွန်ခဲ့သည့်သုံးရက်ခန့်က လမ်းပါ့ဒ်သည် သူ၏ လယ်ဗယ်၈လက်စွဲတော်လက်နက်ဖြစ်သည့် [အမဲရောင် လျှပ်စီး]ဓားကိုအသုံးပြု၍ တောင်ထိပ်တွင်ရှိသော ကျောက်တုံးများကို ထွင်းထုကာ ရိုးရှင်းသည့် နေစရာစံအိမ်တစ်ခုကို ဖန်တီးခဲ့သည်။

ထိုကျောက်တုံးစံအိမ်သည် သုံးမီတာခန့်မြင့်မားပြီး စတုရန်းပုံသဏာန်ရှိသည်။ စံအိမ်ရှိအရှေ့တွင် လက်စမသက်ရေသးသည့် ခြင်္သေ့ရုပ်တုတစ်ခုရှိနေ၏။ ရုပ်တုမှာ အကြမ်းသာရှိသေးသော်လည်း ကြည့်ရသည်မှာ အံ့သြမင်သက်ဖွယ်ပင်။

တောင်ထိပ်တစ်ခုလုံးသည် ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း လျို့၀ှက်ကာ ရှေးကျသည့် အရိပ်ယောင်များလွှမ်းခြုံနေလျှက်ရှိသည်။

လွန်ခဲ့သည့်သုံးရက်လုံးတွင် လမ်းပါ့ဒ်သည် သူ၏ လအဆင့်စွမ်းအင်များကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ကြောင်းကို ဖှေးအာရုံခံမိလိုက်၏။ လမ်းပါ့ဒ်သည် ယခုအချိန်တွင် လယ်ဗယ်၇အလယ်လတ်အဆင့် လသစ်စစ်သည်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။

"ဟမ်...ဒီစွမ်းအားက မဟုတ်မှလွဲရော..." အေးစက်သည့် ညဘက်လေညှင်းတိုက်ခိုက်သွားသည့်အချိန်တွင် ဖှေး၏မျက်လုံးများရုတ်တရက်တောက်ပသွား၏။ ထိုအခိုက်တန့်တွင် ဖှေးသည် အလွန်၀ေ၀ါးနေသော်လည်း ရှေးကျသည့် စွမ်းအင်အရှိန်၀ါတစ်ခုကို အာရုံခံလိုက်မိသည့်အတွက်ပင်။

တောင်တစ်ခုလုံးအား ထိုစွမ်းအင်မှ လွှမ်းခြုံထားသည့်အတိုင်းပင်။

"ဟုတ်တယ် ကျွန်တော်လဲ သတိထားမိတယ်။ ဒီ ရွှေရောင်လီရိုတောင်က ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်တာရာတွေနဲ့ ဆက်သွယ်နိုင်တဲ့ပုံပဲ..." လမ်းပေါ့ဒ်သည် မှောင်မိုက်သော ကောင်းကင်ပေါ်မှ ကြယ်များကို မော့ကြည့်ရင်းပြောလိုက်သည်။ "ကျွန်တော် ဒီတောင်ပေါ်မှာရှိနေရင် ကျွန်တော့ရဲ့အတွင်းအားစွမ်းအင်တွေ မြင့်မားလာတယ်။ တောင်ပေါ်မှာ မှော်အစီရင်တစ်ခုရှိနေသလိုပဲ..."

ဖှေးသည် သူ၏မျက်လုံးများကို ခနတာမှိတ်ကာ ထက်မံ၍ အာရုံခံကြည့်လိုက်ပြီးသည့်နောက်တွင် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ရွှေရောင်လီရိုတောင်ထိပ်မှကြည့်ပါက လီရိုကြယ်တာရာအား အတောက်ပဆုံးမြင်နေရ၏။ ထိုကြယ်တာရာမှ အလင်းရောင်များသည် ဤတောင်ထိပ်ပေါ်သို့ တိုက်ရိုက်ကျရောက်ကာ ဆက်နွယ်နေသလိုခံစားရ၏။

"ဟုတ်တယ် ဦးလေးပြောသလိုပဲ..."

လမ်းပါ့ဒ်အား ရွှေရောင်လီရိုတောင်အား အပိုင်စားပေးခဲ့စဥ်က အဖြစ်ပျက်ကို ဖှေးပြန်တွေးလိုက်မိသည်။ ထိုအချိန်က ဖြစ်စဥ်များစွာဖြစ်ပျက်ခဲ့ပြီး ကြယ်ရောင်များသည်လည်း ဤတောင်ပေါ်သို့ ကျဆင်းလာခဲ့ကာ ပတ်၀န်းကျင်နှင့်ပေါင်းစပ်သွားခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းသည် သူ၏ နတ်ဘုရားပေးသောအစွမ်းတစ်ခုဖြစ်သည့် [ပေး၀ေခြင်း] အစွမ်းကြောင့်ဖြစ်ရသည်ကို သဘောပေါက်သွား၏။

စဥ်းစားကြည့်နေရင်းဖြင့် ဖှေး၏မျက်လုံးများသည် ကျောက်တုံးစံအိမ်၏ အရှေ့တွင်ရှိနေသောကျောက်တိုင်တစ်ခုပေါ်သို့ ကျရောက်သွား၏။

"ဒါက....[သိုင်းပညာ နတ်စင်]လား...ဟို သိပ္ပံပညာရှင်အရူးနှစ်ယောက်က တကယ်ပဲဖြစ်အောင်လုပ်လိုက်နိုင်ပြီလား..."

ဖှေး ကျောက်တိုင်စီသို့ လမ်းလျှောက်သွားကာ ပွတ်သက်ကြည့်လိုက်သည်။ ကျောက်တိုင်သည် သာမန်သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် ကျောက်တိုင်ဟုသာထင်ရ၏။ ထူးခြားသည့်တစ်ခုတည်းသောအရာမှာ အပေါ်ပိုင်းတွင် မှော်အစီရင်များထွင်းထားခြင်းပင်။ ကျောက်သားပေါ်တွင် ထွင်းထားသည့် ဓားတစ်လက်နှင့် ပုဆိန်တစ်လက်ပုံမှော်သင်္ကေတများကို မြင်နေရသည်။

ဖှေး အလွန်ပျော်ရွှင်သွား၏။

"အရှင်မင်းကြီး အရှင်လဲ ဒီကျောက်တိုင်ရဲ့ စွမ်းရည်ဂုဏ်သတ္တိတွေကို သိထားပြီးတဲ့ပုံပါပဲ။ သူတော်စင်အာကာရာနဲ့ ပရော်ဖက်ဆာကိန်းတို့မနေ့တုန်းကရောက်လာပြီး ဒီကျောက်တိုင်တွေကို လာထားသွားကြတာ။ ကျောက်တိုင်တစ်တိုင်ခြင်းစီမှာ စွမ်းအားမြင့်မားတဲ့ ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားကြတယ်..." လမ်းပါ့ဒ်သည် ဖှေးအရာရာကို သိရှိနေသည်အား အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူသည်ဘုရင်အား မနေ့က သိပ္ပံပညာရှင်အရူးနှစ်ယောက်လာခဲ့သည်ကို အကျဥ်းချုပ်၍ ပြောပြလိုက်သည်။

"ဟားဟား ဟုတ်တာပေါ့ ဒါက [သိုင်းပညာနတ်စင်]ပဲ။ ဒီဟာက အသုံးပြုသူရဲ့သိုင်းပညာကို အချိန်တစ်ခုကြာအောင်တိုးမြှင့်ပေးနိုင်တယ်။ ဟားဟား နောက်နှစ်ခုရှိသေးတယ်လား အဲ့နှစ်ခုကရောဘယ်မှာလဲ။ အော် ဒီလိုကိုး...ဒီနှစ်ခုက[ကျွမ်းကျင်မှုနတ်စင်]နဲ့[အတွေ့ကြုံနတ်စင်]ပဲ...ဟမ် ဒီနှစ်ခုကတော့ နည်းနည်းထူးခြားတဲ့ပုံပဲ..."

ဖှေးသည် ရယ်မောရင်းဖြင့် လှည့်ပတ်ကြည့်ရှုကာ မှော်အစီရင်များထွင်းထုထားသည့် ကျန်ရှိနေသောကျောက်တိုင်နှစ်ခုကိုလည်း သတိထားလိုက်မိသည်။

ဒိုင်ယာဘလိုဂိမ်းကစားသည့်လူများသည် ဤကျောက်တိုင်များကိုသိရှိကြ၏။ ဤကျောက်တိုင်များသည် ရှေးကျသည့်အချိန်မှကျောက်တိုင်များဖြစ်သောလည်း နတ်ဘုရားစွမ်းအင်များစီးဆင်းနေဆဲပင်။

ဥပမာအားဖြင့် ဒိုင်ယာဘလိုဂိမ်းထဲတွင် [သိုင်းပညာနတ်စင်]သည် ဂိမ်းကစားသူ၏ တိုက်ခိုက်မှုစွမ်းအင်အား ၂၀၀ရာခိုင်နှုန်းအထိ အချိန်၉၈စက္ကန့်ကြာမြှင့်တင်ပေးသည်။ [ကျွမ်းကျင်မှု နတ်စင်]သည် ကစားသူ၏ သိုင်းကွက်များ၏ ထိရောက်မှုကို လယ်ဗယ်နှစ်ခုစာတိုးမြှင့်ပေး၏။

ထိုနတ်စင်များအပြင် အတွေ့ကြုံနတ်စင်၊ သက်လုံနတ်စင်နှင့် ချပ်၀တ်နတ်စင်စသည်ဖြင့် စွမ်းအင်အမျိုးမျိုးကို အချိန်ခနကြာအောင်တိုးမြှင့်ပေးသည့် နတ်စင်များစွာလည်းရှိ၏။ ထိုကဲ့သို့ ကျောက်တိုင်အမျိုးပေါင်း ဒိုင်ယာဘလိုဂိမ်းထဲတွင် အမျိုးစားအခု၂၀ခန့်ရှိလေသည်။

ဖှေးသည် ဤကျောက်တိုင်များကို သာမန်ခက်ခဲမှုအဆင့်တွင် တွေ့ရှိအသုံးပြုခဲ့သည်။ သို့သော် သူ၏ လယ်ဗယ်သည် ထိုစဥ်ကနိမ့်သေးသောကြောင့် ကျောက်တိုင်များ၏ နောက်ကွယ်တွင်ရှိနေသည့် တည်ဆောက်မှုမှော်ပညာစည်းမျဥ်းများကို နားလည်နိုင်ခြင်းမရှိသေးပေ။ ထိုစဥ်က အာကာရာနှင့် ကိန်းတို့သည်လည်း နားလည်နိုင်ခြင်းမရှိသေးပေ။ လက်ရှိအချိန်တွင် ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်သို့ ရောက်ရှိကာလယ်ဗယ်မြင့်မားနေပြီဖြစ်သောကြောင့် ဤကျောက်တိုင်များအလုပ်လုပ်ပုံကိုနားလည်ကာ အာကာရာနှင့် ကိန်းတို့ကို ပြန်လည်ရှင်းပြခဲ့ပြီး အပြင်ကမ္ဘာတွင် ဖန်တီးစေခဲ့ခြင်းဖြစ်သည်။

ဖှေးသည် ကိန်းနှင့်အာကာရာတို့ကို သူနားလည်ခဲ့သည့် နတ်စင်ခြောက်မျိုးအကြောင်းကို ရှင်းပြခဲ့ခြင်းဖြစ်သော်လည်း ၁၂ရက်အတွင်းမှာပင် သူတို့နှစ်ယောက်လားလည်ကာ ဖန်တီးနိုင်လိမ့်မည်ဟု ထင်ထားခြင်းမရှိခဲ့ပေ။ ကြာမည်ဟုထင်ထားခဲ့သော်လည်း သိပ္ပံပညာရှင်အရူးနှစ်ယောက်သည် သူ့အား အံ့သြစေခဲ့သည်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ခုခံကာကွယ်ရေးမှာ တဟုန်ထိုးမြင့်တက်သွားခြင်းကို သိလိုက်သည့်အတွက် ဖှေးပျော်ရွှင်နေ၏။ ဤကဲ့သို့ နတ်စင်များစွာကို အပြင်ကမ္ဘာတွင် ထပ်မံ၍ ဖန်တီးနိုင်ပါက ချမ်းဘော့ဒ်တိုင်းပြည်၏ တိုက်ခိုက်ရေးအင်အားသည် အချိန်တိုအတွင်းမှာပင် သုံးဆလေးဆခန့်မြင့်မားသွားလိမ့်မည်ဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်အတွက် ဤနတ်စင်များပေါ်ပေါက်လာခြင်းသည် ကြီးမားလှသည့်အပြောင်းလဲကြီးတစ်ခုပင်။

All Chapters