← Chapters

အခန်း (၇၄၀)

Vol. 47 Ch. 740

အခန်း (၇၄၀)

Vol. 47 Ch. 740

အနာဂတ်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ တပ်ဖွဲ့သည် [သိုင်းပညာနတ်စင်]များစွာကို တပ်ဆင်အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ စစ်သည်အင်အား ငါးဆယ်ပါသည့် အဖွဲ့တစ်ခုတွင် သိုင်းပညာနတ်စင်တစ်ခုပါရှိပါက သူတို့သည် ရုတ်တရက် ၂၀၀ရာခိုင်နှုန်းပိုမိုမြင့်မားသည့် စွမ်းအားဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ဤသည်မှာ အစမျှသာဖြစ်သေးသည်။

သိုင်းပညာနတ်စင်အပြင် စစ်သည်များသည် သက်လုံနတ်စင်ကိုအသုံးပြု၍ တိုက်ပွဲအား ရှည်ကြာစွာမမောမပန်းတိုက်ခိုက်နိုင်မည်ဖြစ်သည်။ ချပ်၀တ်နတ်စင်ကို အသုံးပြု၍ ရန်သူ၏တိုက်ခိုက်မှုများကိုကိုလည်း ပိုမိုခုခံနိုင်လိမ့်မည်ဖြစ်သည်။ မန်နာစွမ်းအင်ကို အသုံးပြု၍လည်း မှော်ဆရာများသည် သူတို့၏ ကုန်ဆုံးသွားသည့် မှော်စွမ်းအင်များကို ပြန်ဖြည့်နိုင်မည်ဖြစ်သည်။ ထို့အပြင် ခုခံကာကွယ်ခြင်းနတ်စင်အမျိုးမျိုးကို အသုံးပြု၍လည်း လျှပ်စစ်၊ မီး၊ ရေခဲ၊ အဆိပ်စသည့်တိုက်ခိုက်မှုများကို အံတုနိုင်ကြမည်ဖြစ်သည်။

ထို့အပြင် မှော်အစီရင်သင်္ကေတများကို ရိုးရှင်းသည်အထိပြုလုပ်နိုင်ပါက ကြီးမားသည့် ကျောက်တိုင်များအစား သေးငယ်သည့် ပစ္စည်းများပေါ်တွင် ထွင်းထုကာ သယ်ဆောင်ရလွယ်ကူစေပြီး ဗျူဟာမြောက်စစ်ရေးပစ္စည်းများဖြစ်လာလိမ့်မည်ဖြစ်သည်။ စစ်ပွဲကာလတွင် ဤနတ်စင်များ၏ စွမ်းအားကို အစားထိုးနိုင်လိမ့်မည်မဟုတ်ပေ။

သိုင်းဆရာနှစ်ယောက်တည်းမျိုးတိုက်ခိုက်သည့် တိုက်ပွဲတွင်လည်း ထိုနတ်စင်များ၏ သက်ရောက်မှုကြောင့် အားသာမှုများကို ဖန်တီးပေးနိုင်ပြီး ရလဒ်ကို ပြောင်းလဲသွားစေနိုင်၏။

ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာမှ နတ်စင်များ၏ စွမ်းအင်ဖြစ်ပြီး စွမ်းအားကင်းမဲ့သည့် သိုးအုပ်ကိုပင် ဆာလောင်နေသည့် ၀ံပုလွေများဖြစ်အောင်ပြောင်းလဲပေးနိုင်၏။

ရိုးရိုးသားသားပြောရပါက အာကာရာနှင့် ကိန်းတို့သည် ဤနတ်စင်များကို အပြင်ကမ္ဘာတွင် ဖန်တီးနိုင်ရန်အတွက် အချိန်အတော်ကြာလိုဦးမည်ဟု တွေးခဲ့သော်လည်း သူတို့နှစ်ယောက်သည် ဖှေးအား အံ့အားသင့်စေလိုက်သည်။

အခိုက်တန့်တစ်ခုစာခန့် ဖှေးသည် သိပ္ပံပညာရှင်အရူးနှစ်ယောက်အား ဖတ်နမ်းချင်နေ၏။

သို့သော် ဤနတ်စင်များသည် ရှေ့ပြေးပုံစံများသာဖြစ်သေးကြောင်းကို ဖှေးသိရှိသည်။ အတော်လေးလံပြီး သက်မှတ်ထားသည့်နေရာတစ်ခုတည်းတွင်သာအသုံးပြုနိုင်သေးကြောင့်ပင်။ ဖှေးမျှော်မှန်းထားသည့်အတိုင်း သယ်ဆောင်ရလွယ်ကူခြင်းမရှိသေးပေ။ ဆက်လက်၍ အဆင့်မြင့်တင်ရဦးမည်ဖြစ်ပြီး ခက်ခဲရှုပ်ထွေးသည့် ပရော့ဂျက်တစ်ခုဖြစ်လိမ့်မည်မှာ အသေချာပင်။

သို့သော် အစပျိုးပြီးဖြစ်သည့်အတွက် အခြေခံအုပ်မြစ်ချပြီးသွားပြီဖြစ်သည်။

လက်ရှိအချိန်တွင် ရွှေရောင်လီရိုတောင်ပေါ်တွင် နတ်စင်သုံးခုရှိနေ၏။ သိုင်းပညာနတ်စင်၊ ကျွမ်းကျင်မှုနတ်စင်နှင့် အတွေ့ကြုံနတ်စင်တို့ပင်။

ထိုနတ်စင်သုံးခုထဲတွင် ပထမဆုံးနှစ်ခုသည် ထာ၀ရစွမ်းအားတိုးမြှင့်ခြင်းကို မဖြစ်စေနိုင်။ ဂိမ်းထဲတွင်ရှိသည့် အချိန်အကန့်သက်နှင့်မတူသည်မှာ ထိုနတ်စင်နှစ်ခုသည် အသုံးပြုသူ၏ စွမ်းအားကို အချိန်၁၀မိနစ်ကြာသည်အထိတိုးမြငှ့်ပေးနိုင်၏။ သိုင်းပညာနတ်စင်သည် လမ်းပါ့ဒ်၏ အစွမ်းကို ၂၀၀ရာခိုင်နှုန်းအထိတိုးမြှင့်ပေးမည်ဖြစ်ပြီး ကျွမ်းကျင်မှုနတ်စင်သည် လမ်းပါ့ဒ်၏ သိုင်းကွက်များ အစွမ်းကို နှစ်ဆခန့်တိုးမြှင့်ပေးမည်ဖြစ်သည်။

သို့သော် အတွေ့ကြုံနတ်စင်သည် ဖှေးအား အနည်းငယ်အံ့သြသွားစေသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ဤနတ်စင်၏ အစွမ်းများသည် ပုံမှန်ထက်မြင့်မားနေ၏။ မူလဂိမ်းနှင့်မတူပဲ တစ်ကြိမ်တည်းအသုံးပြုံရုံသာမဟုတ်ပေ။ ထိုအစား လျို့၀ှက်သည့် စွမ်းအင်တစ်ခုကို နတ်စင်မှ ထုတ်လွှင့်နေလျှက်ရှိပြီး လမ်းပါ့ဒ်၏ ကျင့်ကြံမှုနှုန်းသည် ဤနတ်စင်နားတွင် ကျင့်ကြံပါက အဆင့်တက်မှုကို မြန်ဆန်စေ၏။ အဆင့်တက်မှုနှုန်းသည် ဂိမ်းထဲကလောက်မြန်ဆန်ခြင်းမရှိသော်လည်း အတော်ထူးခြားသည့် သက်ရောက်မှုပင်။

ဖှေးသည် ရွှေရောင်လီရိုသူတော်စင်တောင်ထိပ်ပေါ်တွင် အချိန်ကြာအောင်နေခဲ့ခြင်းမရှိပေ။ သူသည် ဒဏာရီလာနန်းတော်၏ ဗဟိုချက်မှရရှိခဲ့သည့် ဆေးပင်အား လမ်းပါ့ဒ်စွမ်းအားများမြှင့်တင်ခြင်းတွင် အထောက်ကူဖြစ်စေရန်အတွက်ပေးခဲ့ပြီး ဘုရင်သည် ထိုနေရာမှ ထွက်လာခဲ့တော့သည်။

......

နောက်အခိုက်တန့်တွင် ဘုရင်သည် ကောင်းကင်မြို့တော်၏ အလည်တွင်ရှိသော ဘုရင့်နန်းတော်သို့ ရောက်လာခဲ့တော့၏။

ထို့နောက်တွင် သူ၏ ၀ိဉာဥ်စွမ်းအားများကို မြို့အတွင်းသို့ ထုတ်လွှင့်လိုက်ပြီး နေရာတစ်၀ိုက်ကို ကြည့်ရှုလိုက်သည်။

ဘေးတွင်ရှိသော နန်းတော်ဆောင်များထဲတွင် ကျင့်ကြံနေကြသည့် ပီတာတို့ကဲ့သို့သော လူများကို မြင်တွေ့လိုက်ရသည့်အတွက်ကြောင့် ဘုရင်မှာ ကျေနပ်အားရမိသည်။

ယခုအချိန်တွင် ကောင်းကင်မြို့တော်သည် အေဇာရုတိုက်ပေါ်တွင်ရှိသည့် ကိုယ်ယောင်ဖျောက်စွမ်းအင်စက်လုံး၏ အတွင်းဘက်တွင်ရှိနေကာ ဒဏာရီလာနန်းတော်၏ ဗဟိုချက်ကဲ့သို့ ကြွယ်၀သည့် သဘာ၀ရင်းမြစ်များမရှိသော်လည်း ကျင့်ကြံမှုအားပို၍ မြန်ဆန်စေသည့် ရှားပါးသည့်နေရာတစ်ခုဖြစ်နေဆဲပင်။ ကောင်းကင်နန်းတော်ထဲတွင်သုံးရက်ကြာခန့်ကျင့်ကြံပြီးသည့်နောက်တွင် လူတိုင်းသိသိသာသာပင်စွမ်းအားများတိုးမြင့်လာကြ၏။

သို့သော် အချိန်၏ ကန့်သက်မှုဖိအားအောက်တွင် ဤကဲ့သို့ တိုးမြှင့်မှုနှုန်းသည် လုံလောက်ခြင်းမရှိသေးပေ။

[နတ်ဘုရားဘုရင်နန်းတော်]ထဲတွင် ထိုင်နေရင်းဖြင့် ဖှေးစဥ်းစားလိုက်မိကာ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များ၏ အတွင်းအားစွမ်းအင်နှင့်ကိုက်ညီသည့် ဆေးပင်များကို ထုတ်ယူလိုက်သည်။

ထိုဆေးပင်များသည် ဖှေး ဒဏာရီလာနန်းတော်၏ ဗဟိုချက်ကိုရောက်ရှိခဲ့စဥ်က နုတ်ယူခဲ့သည့် နတ်ဘုရားအဆင့်ရှားပါးဆေးပင်များပင်။ ဤကဲ့သို့သော ဆေးပင်များကို အေဇာရုတိုက်ပေါ်တွင် မြင်တွေ့ရန်ရှားပါးပြီး အလွန်တန်ဖိုးကြီးမားလှသည်။

အတွင်းအားစွမ်းအင်နှင့် မှော်စွမ်းအင်များကို ကျင့်ကြံကြသည့် သိုင်းဆရာများ၊ မှော်ဆရာများအတွက် သူတို့၏ စွမ်းအင်ဂုဏ်သတ္တိနှင့်ကိုက်ညီသည့် နတ်ဘုရားအဆင့်ဆေးပင်များရရှိခြင်းသည် အလွန်အကျိုးရှိလှ၏။ နတ်ဘုရားအဆင့်ဆေးပင်များတွင် သန့်ရှင်းသောစွမ်းအင်များစွာပါ၀င်သည့်အတွက်ကြောင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်ရင်းမြစ်များကိုလှုံစော်ပေးကာ အတွင်းအားစွမ်းအင်ကို လျှင်မြန်စွာမြင့်မားစေသည့်အတွက်ပင်။

ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် ဖှေး၏လမ်းညွှန်ချက်များအတိုင်း ဤဆေးပင်ကို ပုံမှန်စားသုံး၍ကျင့်ကြံပါက အချိန်မြန်မြန်ဖြင့်ပင် လအဆင့်သို့ ရောက်ရှိနိုင်ကြမည်ဖြစ်သည်။

လာမည့်၁၂ရက်တွင် ဖှေး၏ မင်္ဂလာပွဲရှိသောကြောင့် စီစဥ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ပြီးဆုံးခြင်းမရှိလိမ့်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေတိုင်းဖြင့် ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်စရာရှိသည်များကို ကြိုတင်ကာ ပြင်ဆင်နေခြင်းပင်။

......

ထို့နောက်ရက်များတွင်လည်း ဖှေးသည် ကောင်းကင်နန်းတော်တွင်သာ အဓိကနေထိုင်နေခဲ့သည်။

လျို့၀ှက်သည့် ခရမ်းရောင်စာလိပ်အတွင်းမှ ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကို ကျင့်ခြင်းအပြင် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့လည်း၀င်ရောက်၍ အယ်လီနာနှင့်အတူ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ကာ သူ၏စွမ်းအားများကို မြင့်မားအောင်ကြိုးစားပြီး နေအဆင့်သို့ အမြန်ဆုံးရောက်နိုင်ရန်အတွက် ကြိုးစားနေခဲ့သည်။

ဇီးနစ်အင်ပါယာပတ်ပတ်လည်တွင် အခြေနေများစတင်၍ မတည်မငြိမ်ဖြစ်ပေါ်နေပြီဖြစ်သည်။

အခြေနေများစတင်၍ ဆိုး၀ါးလာတော့မည်ကို ပညာရှိသူတိုင်းလိုလိုကြိုတင်၍ ခန့်မန်းမိနေကြသည်။ တိုက်ကြီးတစ်ခုလုံးတွင်ပင် စစ်ပွဲများဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် မိမိကိုယ်မိမိလုံခြုံအောင်ထားနိုင်ရန်အတွက် စွမ်းအားကိုအမြန်ဆုံးမြှင့်တင်ရမည်ဖြစ်သည်။

ဖှေးဒိုင်ယာဘလိုကမ္ဘာထဲသို့ ၀င်ရောက်၍ လယ်ဗယ်မြှင့်တင်နိုင်မှုမှာ အချိန်အကန့်သက်ရှိနေဆဲဖြစ်သည့်အတွက်ကြောင့် ဖှေး နားနေချိန်များတွင် ချမ်းဘော့ဒ်တိုင်းပြည်ထဲသို့ သွားရောက်ခါဖြစ်ပျက်နေသည်များကို တိတ်တဆိတ်လေ့လာသုံးသပ်နေလျှက်ရှိသည်။

လွန်ခဲ့သည့်ရက်များတွင် မြို့တော်ထဲ၌ လူဦးရေသိသိသာသာ များပြားလာနေလျှက်ရှိသည်။

ချမ်းဘော့ဒ်ဘုရင် မြို့တော်စိန့်ပီတာစဘာာ့တ်ထဲသို့ ၀င်ရောက်သောင်းကျန်းခဲ့သည့်သတင်းသည် ပြန့်နှံ့သွားခဲ့ပြီဖြစ်၏။ ချမ်းဘော့ဒ်ဘုရင်ဆိုသည့်နာမည်သည် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ ဘုရင်ဆိုသော နာမည်ထက် ပို၍ ဂုဏ်ရှိန်မြင့်မားနေ၏။

သတင်းပြန့်သွားသည်နှင့် တပြိုင်နက် အင်ပါယာများ၊ ဆွေကြီးမျိုးကြီးအင်အားစုများနှင့် စွမ်းအားကြီးအဖွဲ့စည်းများ၏ ချမ်းဘော့ဒ်တိုင်းပြည်အပေါ်ထားရှိသောအမြင်များသည်လည်း ပြောင်းလဲသွားတော့သည်။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကို ပြန်လည်တွက်ဆပြီး ဤစွမ်းအားမြင့်သည့်ဘုရင်နှင့် မည်ကဲ့သို့ ရင်းနှီးမှုတည်ဆောက်ရမည်ကို စဥ်းစားနေကြ၏။

လူပေါင်းများစွာ၏ အမြင်ထဲတွင် ချမ်းဘော့ဒ်ဘုရင်၏ မင်္ဂလာဆောင်အခမ်းနားသည် အရာအားလုံးကို နီးကပ်စွာလေ့လာနိုင်ရန်အတွက် အခွင့်ရေးတစ်ခုပင်။

သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဘုရင်၏ အခြေအနေကိုလည်း မင်္ဂလာပွဲအခမ်းနားမှတဆင့်လေ့လာနိုင်သည်။ လိုအပ်ပါကလည်း မင်္ဂလာပွဲကို အခွင့်ကောင်းယူ၍ လာဘ်ဆောင်များဆက်သကာ ရင်းနှီးမှုတည်ဆောက်နိုင်၏။

နောက်နေ့များတွင် ချမ်းဘော့ဒ်တိုင်းပြည်မှ ၀န်ကြီးချုပ်များနှင့် အုပ်ချုပ်ရေးဌာနခြောက်ခုတို့သည် များစွာအလုပ်ရှုပ်နေကြ၏။ သူတို့သည် အင်ပါယာအတွင်း အပြင်မှ အင်အားစုအဖွဲ့စည်းများစေလွှတ်လိုက်သည့် သံတမန်များဖြင့် နေ့တိုင်းလိုလိုပင် တွေ့ဆုံနေရသောကြောင့်ပင်။

မာ့စ်အင်ပါယာ၊ စိန့် ဂျာမိန်းအင်ပါယာ၊ ၀င်္ကပါအင်ပါယာ၊ ဆိုရိုကုန်သွယ်ရေးအဖွဲ့၊ မြင်းလေညှင်း ကြေးစားစစ်သည်အဖွဲ့၊ သွေးမီးတောက်ကြေးစားစစ်သည်အဖွဲ့နှင့် တော်၀င်မှော်ဆရာအဖွဲ့စည်းတို့ပင်...

ချမ်းဘော့ဒ်တိုင်းပြည်အား လွန်ခဲ့သည့်တစ်နှစ်ခန့်က အဖက်မလုပ်ခဲ့ကြသည့် ထိုအဖွဲ့စည်းများသည် ယခုအချိန်တွင် တလေးတစားဖြင့် သံတမန်များစေလွှတ်ကာ လက်ထပ်ပွဲကျင်းပမည့်နေ့တွင် သက်ဆိုင်ရာအဖွဲ့စည်းများမှ အကြီးကဲများကိုယ်တိုင်လာရောက်၍ လက်ဆောင်ပနာများဆက်သမည့်အကြောင်းကို တင်ပြနေကြ၏။ သူတို့အားလုံးသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးမျိုးကို ရရှိလိုသည့်အတွက်ပင်။

မကြာမှီတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ဟိုတယ်များ၊ တည်းခိုခန်းများအားလုံးသည် လူပြည့်သွားတော့၏။

ထို့ကြောင့် နောက်မှရောက်ရှိလာသည့် သံတမန်များသည် မြို့တော်အပြင်တွင်သာ စခန်းချသူကချ၊ မြို့ခံများ၏ အိမ်များတွင် ပိုက်ဆံများစွာပေးကာ ၀င်ရောက်တည်းခိုသူများကတည်းခိုစသည်ဖြင့်သာ နေထိုင်ရန်စီစဥ်နေကြ၏။

ချမ်းဘော့ဒ်မြို့သူမြို့သားများသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ ပိုက်ဆံများစွာရရှိလိုက်ကြသည်။ ခရီးသွားလုပ်ငန်းသည် သူတို့၏ ဘ၀ကိုအဆင်ပြေစေနိုင်ကြောင်းလည်း အနည်းငယ်နားလည်သဘောပေါက်လာကြ၏။

ချမ်းဘော့ဒ်သားများသည် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမှ ဂုဏ်ယူ၀င့်ကြွားခဲ့ရဖူးခြင်းမရှိပေ။

သူတို့သည် ရရှိခဲ့သည့် ပိုက်ဆံများကို ရေတွက်ရင်းဖြင့် လောဘကြီးသည့်လူများဆိုလျှင် ဘုရင်နေ့တိုင်း လက်ထပ်ရန်ကိုပင် မျှော်လင့်နေ၏။

လက်ထပ်ပွဲမရောက်မှီခြောက်ရက်ခန့်အလိုတွင် လူ၀င်မှုဌာနမှ စာရင်းထုတ်ပြန်ကြည့်ရာ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိနေသော လူဦးရေသည် ပုံမှန်ထက်၃ဆခန့်ပင် မြင့်မားနေသည်ကိုတွေ့ရ၏။

All Chapters