အပိုင်း(၁၅၂)-ကောင်းကင်နှင့် မြေကြီး၏ တန်ဖိုးကြီးသော လိပ်ပြာအရည်
Vol. 002 Ch. 152
ဝိညာဉ်လေး ခေါင်းယမ်းကာ ပြောလိုက်သည် “မဖြစ်ဘူး၊ ဒီမှာအချိန်မြန်မြန်ကုန်တယ်ဆိုပေမယ့် လူသား ခန္ဓာကိုယ်က အချိန်အမှတ်အသားကိုတော့ ချန်ထားလို့မရဘူး၊ မင်းရဲ့ အသက်က အပြင်မှာနဲ့ အတူတူပဲ”
“ထူးဆန်းလိုက်တာ”
“ဟုတ်တယ်၊ ဒီထက်ထူးဆန်းတာရှိသေးတယ်၊ အဲအချိန်ရောက်လာရင်မင်းသိလိမ့်မယ်” ဝိညာဉ်လေးသည် ငါးစာချထားသော်လည်း ဆက်မပြောပေ။
“အပြင်နဲ့ယှဉ်ရင် အချိန်သွားနှုန်းက ဘယ်လိုလဲ”
“အပြင်မှာ တစ်ရက်ကုန်သွားရင် ဒီမှာ သုံးရက်ကုန်တယ်”
“ဒါဆို ငါတို့ဒီမှာ သုံးရက်ရှိနေရင် အပြင်မှာ တစ်ရက်ပဲကုန်တာပေါ့”
“ဟုတ်တယ်”
“ဟားဟား ကောင်းလိုက်တာ” ရှီမာယူယူ ကျယ်လောင်စွာရယ်မောလိုက်သည်။ မိုရှားသာ ဝိညာဉ်ပုံစံဖြစ်မနေပါက သူမသည် စိတ်လှုပ်ရှားမှုကို ဖက်ပြီးပြသမိမည်ဖြစ်သည်။
သူမ အချိန်မလောက်ဖြစ်သည်ကို ညည်းညူခဲ့သည်။ သို့သော် သူမတွင် ဒါရှိနေပြီလေ။ ထိုအရာသည် တစ်စုံတစ်ယောက် အိပ်တော့မည့်အချိန်တွင် ခေါင်းအုံးပေးလာသည်နှင့်တူသည်။
ဒီလိုဆိုရင် သူမ ဒီနေရာတွင် ကျင့်ကြံခြင်း၊ အဂ္ဂိရတ်ပညာလေ့ကျင့်ခြင်းနှင့် နေရာတည်ဆောက်ခြင်းတို့ကို လုပ်နိုင်သည်။ သူမတွင် နှစ်နှစ်ကျန်သေးသည်၊ အခုတော့ သုံးဆဖြစ်သွားလျှင် သူမတွင် ခြောက်နှစ်ရှိသွားပြီဖြစ်သည်။
“အစက မင်းနဲ့တွေ့တာကို ငါဝန်လေးနေခဲ့တာ ဒါပေမယ့်အခု ငါ မင်းနဲ့တွေ့တာမဆိုးဘူးလို့ အမှန်အကန်ထင်နေပြီ” ရှီမာယူယူသည် လက်ကိုဆန့်ထုတ်ကာ မိုရှား၏ လိပ်ပြာကို ပုတ်လိုက်ပြီး ပျော်ရွှင်စွာပြောလိုသည်။
မိုရှားသည် သူမအား စကားလုံးမဲ့စွာကြည့်ပြီး အနက်ရောင်အခိုးအငွေ့ အဖြစ်ပြောင်းကာ လက်ကောက်ထဲသို့ပြန်သွားလေသည်။
“ဟုတ်သားပဲ ငါကြည့်ချင်တာတစ်ခုရှိသေးတယ်” ဝိညာဉ်လေးသည် ရှီမာယူယူ၏ ရင်ခွင်မှာ ရုန်းထွက်ကာ သူမအား တစ်မီတာအကျယ်ရှိသော ရေကန်ငယ်တစ်ခုဆီသို့ခေါ်သွားလေသည်။
“အိုး ဒီနေရာမှာ ရေကန်ရှိတာပဲ” ရှီမာယူယူသည် ဖြူနောက်နောက်ရှိသော ရေကန်အားကြည့်ပြီး အံ့သြစွာပြောလိုက်သည်။
“ဒါက လိပ်ပြာအရည်ပဲ” ဝိညာဉ်လေးပြောလိုက်သည် “ရွှေမြွေသီးအပင်ကို ဘေးမှာစိုက်ထားရင် အဲက လွှတ်တဲ့အငွေ့ကို လိပ်ပြာအရည်ကစုပ်သွားလိမ့်မယ်”
“လိပ်ပြာအရည်က ဝိညာဉ်ကိုပျိုးထောင်နိုင်တယ် ငါပြောတာဟုတ်တယ်မလား” ရှီမာယူယူ ထိရန် လက်ကိုဆန့်ထုတ်လိုက်ရာ လိပ်ပြာအရည်များရှိနေသည်ကို သတိပြုမိလိုက်သည်။ ရေကန်၏ အောက်ခြေကိုပ်င ဖုံးလုနီးပါးဖြစ်နေသည်။
“ဟုတ်တယ် နောက်ကို ငါစုပ်ယူလိုက်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်ကို ဒီရေကန်ထဲမှာ စုထားမှာ၊ မင်းနဲ့ မိုရှားသုံးလို့်ရတယ်၊ မင်းက တိုက်ရိုက်သုံးလို့ရတယ်၊ ဒါပေမယ့် မိုရှားအတွက်ကတော့ မင်းက လက်ကောက်ထဲကို လိပ်ပြာအရည်လောင်းထည့်ပေးရမယ်၊ အဲဒါက သူ့လိပ်ပြာကို အာဟာရဖြစ်စေပြီး ရွှေမြွေသီးအပင်ထက်ပို အကျိုးသက်ရောက်မှုရှိတယ်” ဝိညာဉ်လေးပြောလိုက်သည်။
“ဝိညာဉ်လေး၊ မင်းက တကယ်ပဲအံ့ဖွယ်ပဲ” ရှီမာယူယူသည် ဝိညာဉ်လေးအားကြည့်လိုက်သည်။ သူမကိုယ်သူမ ဖော်မပြတတ်တော့ပါ၊ အထူးသဖြင့် သူ၏နောက်ဆုံးတိုးတက်လာမှုနောက်တွင်ပေါ့။
ဝိညာဉ်လေးသည် အထက်စီးဆန်စွာဖြင့် မေးအားမော့ထားပြီး ထိုသို့အခြေအနေဖြစ်လာရန် မိုရှားဘယ်လောက်အားစိုက်ထားရသည်ကိုတော့ မပြောပေ။
ဘုံခုနှစ်ဆင့်စေတီ၏ အသုံးဝင်မှုလည်း အရေးပါလှသည်။ ဘုံခုနှစ်ဆင့် စေတီ၏ သခင်သည် ဘာကိုလုပ်ခဲ့လဲဘယ်သူမှ မသိပေ၊ သို့သော် အသုံးပြုခဲ့သော် ပစ္စည်းများအရည်အသွေးသည် သူ့ထက် နိမ့်သည်ကိုတော့ ခံစားမိသည်။ ထို့အပြင် ပစ္စည်းတချို့သည် ပန်းပဲဖိုတွင်ပြုလုပ်ထားသော ပစ္စည်းများဖြစ်သည်။ ထိုအချိန်က ထိုသခင်ကိုသာတွေ့ခဲ့ပါက သူတခြားပစ္စည်းတစ်ခုအနေနှင့် အသုံးပြုခံရမည်မှာ သေချာသည်။
“ကောင်းပြီ တော်တော့ မင်းဒီမှာနေပြီး ဒဏ်ရတွေကိုကုတော့၊ မင်းဒီလိုနဲ့ အပြင်ထွက်သွားရင် မင်းလူတွေကို လန့်လို့ ဘောင်းလီတောင်ကျွတ်သွားလိမ့်ဦးမယ်” ဝိညာဉ်လေးသည် ထိုသို့ပြောပြီးနောက်တွင် ပျောက်ကွယ်သွားလေသည်။
“ဟင်း ဟင်း မင်းထွက်မသွားခင် အပေါ်အလွှာက ဘာတွေလဲဆိုတာ ပြောသွားသင့်တယ်” ရှီမာယူယူအော်လိုက်သည်။
“မင်းကို ပြောစရာဘာမှမရှိဘူး၊ မင်းအားရှိလာရင် သူ့အလိုလိုသိလာလိမ့်မယ်” ဝိညာဉ်လေးသည် ပြောပြီးသည်နှင့် သူ့အသံသည် မှေးမှိန်ကာ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ထိုအပေါ်တွင် ဘာရှိသလဲဆိုသည်ကို သူမအား ပြောပြရန် တကယ်အစီအစဉ်မရှိသည့်ပုံပင်။
“အင်း…” ရှီမာယူယူသည် အားမလိုအားမရဖြစ်ကာ နှုတ်ခမ်းဆူလိုက်သည်။ သူမ၏ မည်းနက်နေသော လက်မောင်းအားကြည့်ကာ ဒီနေရာတွင် သုံးရက်ကုန်ဆုံးရန်လိုသည့်ပုံပင်။
သူမ အရင်ဆုံး ရာဟွောင်အားထုတ်ယူလိုက်သည်။ ဒီနေရာအားမြင်သည်နှင့် အမြဲတမ်း တည်ငြိမ်ခဲ့သူသည် ခုန်ပေါက်ပြေးနေခဲ့သည်။
လင်းလုံထွက်လာချိန်တွင် သူမသည် ရှီမာယူယူအားနှစ်ကြိမ်ထုကာ ဝိညာဉ်လေးနှင့် ဆော့ကစားရန် သူရှိသည့်ဘက်သို့ ပြေးထွက်သွားလေသည်။
“ပစ္စည်းတွေအကုန်လုံးတော့ထွက်လာပြီ၊ ဒါပေမယ့် ကြက်သွေးရောင်မီးတောက်ကတော့ စာချုပ်နေရာမှာပဲ နေတုန်းပဲ” ရှီမာယူယူသည် ချီယန်အားခံစားကြည့်ရာ ထိုဥသည် အိပ်နေတုန်းဖြစ်၍ သူမသည်လည်း သူ့အားဂရုမစိုက်တော့ပေ။
ထို့နောက်တွင် သူမသည် ရွှေမြွေသီးအပင်အား လိပ်ပြာရေကန်ဘေးတွင်ထားလိုက်သည်။ အဝါရောင်အရွက်များကိုကြည့်ပြီး သူမ ယောက်ချိုဇွန်းထုန်ကာ လိပ်ပြာရည်ခပ်ပြီး အကိုင်းများပေါ်သို့ ဖျန်းလိုက်လေသည်။ ထို့နောက်တွင် သူမ အမြစ်များအပေါ်သို့ လောင်းလိုက်သည်။
“အသုံးဝင်မယ်လို့ မျှော်လင့်ရတာပဲ”
ထိုသို့ပြုလုပ်ပြီးနောက် ရှီမာယူယူ မတ်တတ်ရပ်လိုက်သည်။ ဒီနေရာသည် အရင်ကနှင့် ယှဉ်လျှင် လုံးဝကွာခြားသွားသည်ကို မြင်သည်နှင့် သူမစိတ်သည် ထိန်းချုပ်လို့မရလောက်အောင် ဖြစ်နေသည်။
“အဘိုး၊ အစ်ကိုတို့၊ ဝိညာဉ်လေးနဲ့ တခြားသူတွေနဲ့အတူတူ သမီး အမြန်ဆ့ုးအဲဘက်ကို အကုန်လုံးကို လာရှာပါ့မယ်”
သူမ ကျင့်ကြံမှုစတင်ရန် ထွက်သွားမည်အလုပ်တွင်၊ မူလက အဝါရောင်ဖြစ်နေသော ရွှေမြွေသီးအပင်သည် ရှုးရှုါ် အသံထွက်လာသည်။ သူမ လှည့်ကြည့်ရာ အဝါရောင်အရွက်များကြွေကျသွားသည်ကို သတိပြုမိလိုက်သည်။ ခြောက်သွေ့နေသော အကိုင်းများသည် အဖူးများထွက်လာကာ မြန်မြန်ကြီးထွားလာတော့သည်။ မကြာမီတွင် ပန်းပွင့်လာသည်။
“ဘာတွေဖြစ်သွားတာလဲ” အပင်၏ ပြောင်းလဲမှုကို ရှီမာယူယူမြင်သည်နှင့် အံ့သြသွားရသည်။
ဒါက အရင်ကမ္ဘာကလို လျှို့ဝှက်ကင်မရာများလား။
“လိပ်ပြာအရည်က ရွှေမြွေသီးအပင် ကြီးထွားအောင်အားပေးတာ ဖြစ်လိမ့်မယ်” မိုရှား၏ အသံသည် လက်ကောက်အတွင်းမှ ထွက်လာသည်။ “ဒီတစ်ခါတော့ မင်းလိပ်ပြာအရည်ကို သုံးတာများသွားလို့ ဒီလောက်မြန်မြန်ကြီးလာတာပဲ”
“ဒါဆို ငါနောက်တစ်ဇွန်းလောင်းလိုက်ရင် ထပ်ပြီး ပွင့်လာမှာလား” ရှီမာယူယူ သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ကောင်းတာများရင် ဆိုးတာဖြစ်လာတယ်တဲ့ မင်းအပင်သေမှာ မကြောက်ရင် စမ်းကြည့်ပေါ့” မိုရှားပြောလိုက်သည်။
“ဒါဆိုလည်း မေ့လိုက်တော့” ရှီမာယူယူ ကျောက်စိမ်းယောက်ချိုဇွန်းအား ပြန်သိမ်းလိုက်သည်။ အပင်သာသေသွားပါက ကြီးမားသည့်ဆုံးရှုံးမှုဖြစ်မည်။
“မင်းမှာအချိန်ရှိရင် ရေနည်းနည်းလောင်းလို့ရတယ်၊ အဲဒါက သူကြီးထွားတာတဲ့ နှုန်းကို မြန်စေလိမ့်မယ်” မိုရှားပြောလိုက်သည်။
“ဒီလိုကိစ္စမျိုးကို ဝိညာဉ်လေးကို ခိုင်းရမယ်” ရှီမာယူယူပြောလေသည်။ နေ့တိုင်း ရေနည်းနည်းစီလောင်းပေးရန်…. နောက်ထပ်ရွှေမြွှေအသီးထပ်သီးလာနိုင်မယ်လို့ ဘယ်သူသိမလဲ။
လျှို့ဝှက်နေရာတွင် ပုန်းနေသော ဝိညာဉ်လေးသည် ရှီမာယူူယူကြောင့် လန့်၍သေသွားတော့မည်။ သူသည် လက်ထဲတွင်လင်းလုံးအားကိုင်ကာ ပေါ်လာပြီး သူမအား ရိုက်လိုက်သည်။
“အသုံးမဝင်လိုက်တာ မင်းတို့ တစ်မျိုးနွယ်လုံးကျဆုံးပါစေ” ဝိညာဉ်လေးသည် ရှီမာယူယူအား စိတ်နာသောအကြည့်ဖြင့်ကြည့်ကာ ညည်းညူလိုက်သည်။
“ဘာတွေ အဲလောက်စိတ်လှုပ်ရှားနေတာလဲ” ရှီမာယူယူသည် ရိုက်ခံရသော ပခုံးအား နှိပ်ကာ ဝိညာဉ်လေးအား မကျေနပ်ချက်ဖြင့် ကြည့်နေခဲ့သည်။
“ဒီလိပ်ပြာအရည်က အရမ်း တန်ဖိုးရှိတယ်၊ မင်းတကယ်ပဲ အပင်ကိုလောင်းဖို့အတွက် သုံးမလို့လား၊ မင်းတစ်ခါသောက်ရင်တောင် တစ်ငုံစာပဲသောက်လို့ရမယ်၊ ဒီလိုမှမဟုတ်ရင် မင်းရဲ့ လိပ်ပြာကွဲထွက်သွားမယ်၊ ဒါပေမယ့် မင်းတစ်ခါထဲနဲ့ အများကြီးသုံးလိုက်တယ်၊ ငါဒေါသထွက်လို့ သေတော့မှာပဲ” ဝိညာဉ်လေးသည် ရှီမာယူယူအား စိုက်ကြည့်လိုက်သည်။ ဒီနေရာ၏ တည်ရှိမှုကို သူမကို မပြောပြခဲ့သင့်ဘူး။
“အဟွတ် အဟွတ် ဒါပေမယ့် မင်းမှ ငါ့ကို မပြောတာ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါဆို ငါအခု ယောက်ချိုဇွန်းကြီးနဲ့ လောင်းလိုက်တာ… အဲဒါသေသွားမှာလား”
“မသေဘူး၊ ဒါပေမယ့် အခုရလိုက်တဲ့ လိပ်ပြာအရည်ကို စုပ်ယူဖို့ အချိန်အတော်ကြာလိမ့်မယ်” ဝိညာဉ်လေးပြောလိုက်သည် “အကုန်စုပ်ယူပြီးရင်တော့ ထပ်ပြီးပွင့်လာမလားဆိုတာတော့ ဘယ်သူသိမလဲ”
“ဟီးဟီး ဒါဆို နောက်ကို အချိန်တိုင်းလောင်းဖို့မလိုတော့တာပေါ့” ရှီမာယူယူပြောလိုက်သည်။
အစပိုင်းတွင် လိပ်ပြာအရည်လောင်းထည့်သည်မှာ နည်းသည်ဟု တွေးခဲ့သည်။ သို့သော် တစ်ကြိမ်တွင် နည်းနည်းစီသာ လောင်းရန်လိုသည်။ ဒီလိုဆိုရင် သူမဆီမှာ လိပ်ပြာအရည်တွေအများကြီးရှိနေတာ မဟုတ်ဘူးလား။
သူမ ရေနည်းနည်းထည့်ထားသော ပုလင်းယူကာ သူမလက်ကောက်ရှေ့ထားကာ မေးလိုက်သည်။ “မင်းလိုချင်လား”
အနက်ရောင်အငွေ့သည် လက်ကောက်အတွင်းမှ ထွက်လာကာ ပုလင်းအား လေအဝေ့နှင့် တိုက်ခတ်သွားပြီး လက်ကောက်ထဲသို့ ယူသွားလေသည်။
သူမ တစ်ချက်ကြည့်လိုက်ရာ ရွှေမြွေသီးအပင်အဖြစ်ပြောင်းသွားပြီဖြစ်သည်။ ထို့ကြောင့် သူမ ကျေနပ်စွာဖြင့် ကျင့်ကြံရန်ထွက်သွားလေသည်။
နတ်ဆိုးအလင်းရောင်ခန္ဓာကိုယ်၏ အားပြန်ပြည့်နိုင်သော အရည်အချင်းကြောင့်ပင် သူမသည် တစ်ရက်အကြာတွင် ပြန်အားပြည့်သွားလေသည်။ သူမ ထွက်မသွားခင် အနည်းငယ်အချိန်ဆွဲနေခဲ့သည်။
သူမသည် ဝိညာဉ်ပုလဲ၏ အမည်ပြောင်းပေးပြီး ထွက်သွားလေသည်။ ဝိညာဉ်ပုလဲနှင့် ဘုံခုနှစ်ဆင့်စေတီ၏ ပေါင်းစပ်မှုဖြစ်သဖြင့် သူမ ဝိညာဉ်စေတီဟု အမည်ပေးခဲ့လေသည်။