← Chapters

အခန်း (၇၄၂)

Vol. 48 Ch. 742

အခန်း (၇၄၂)

Vol. 48 Ch. 742

ကောင်းကင်ပေါ်တွင်ရှိနေသည့် လူနှင့် ဖြစ်ပွားလာနိုင်သည့် တိုက်ပွဲသည် လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်သည်။

ချမ်းဘော့ဒ်တိုင်းပြည်မှမဟုတ်ပဲ ပြည်ပမှလာရောက်သည့် သိုင်းဆရာအများစုသည် ကြယ်တစ်လုံးနှစ်လုံးအဆင့်ခန့်သာဖြစ်သည့်အတွက်ကြောင့် လဆင့်သိုင်းဆရာများ၏ တိုက်ပွဲကို မြင်တွေ့ရသည်မှာ သူတို့အတွက်ရှားပါးသည့်အခွင့်ရေးတစ်ခုပင်။

ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားအမြင့်ဆုံးစစ်သည်များထဲမှ တစ်ယောက်ဖြစ်သည့် လမ်းပါ့ဒ်ရောက်လာသည့်အချိန်တွင် ထိုသိုင်းဆရာများအားလုံး စိတ်လှုပ်ရှားနေကြခြင်းပင်။

လအဆင့်သိုင်းဆရာတစ်ယောက်၏ ထူးခြားမြင့်မားသည့် စွမ်းအင်အရှိန်၀ါသည် ချမ်းဘော့ဒ်ကောင်းကင်ရံပေါ်တွင် ဆူနာမီလှိုင်းလုံးများကဲ့သို့ပင် စီးဆင်းနေလျှက်ရှိသည်။ လျှပ်စီးစွမ်းအင်များသည်လည်း နေ၏ အလင်းရောင်ကိုပင် သိမ်ငယ်စေလျှက်ရှိသည်။ ထိုအရာများအားလုံးသည် မြေပြင်ပေါ်မှ မော့ကြည့်နေကြသည့် သာမန်ကြယ်အဆင့်စစ်သည်များအတွက် ထိတ်လန့်အံ့သြဖွယ်ပင်။

ကောင်းကင်ပေါ်တွင် ရပ်နေသည့်လူကိုကြည့်နေကြရင်းဖြင့် သူတို့၏ အားကျမှု မနာလိုမှုနှင့် အမုန်းတရားတို့ကို ကွယ်၀ှက်ထားနိုင်ခြင်းမရှိပေ။

စွမ်းအားမြင့် သိုင်းဆရာများ၏ တိုက်ပွဲကို လူတိုင်းစောင့်ဆိုင်းနေလျှက်ရှိကြသည်။

လအဆင့်ဆိုသည်မှာ သာမန်အဆင့်နိမ့်သိုင်းဆရာများအတွက် မရရှိနိုင်သည့် အိမ်မက်တစ်ခုလိုပင်။

လျှပ်စီးတန်းများသည် လမ်းပါ့ဒ်၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် လွှမ်းခြုံနေပြီး အပြင်သို့ ရေဘ၀ဲလက်တန်များကဲ့သို့ ဆန့်ထွက်နေ၏။ လျှပ်စီးစွမ်းအင်များသည် ကောင်းကင်ကိုပင် ခွဲဖြာတော့မလိုဖြစ်နေပြီး ထွက်ပေါ်နေသည့် အသံတို့မှာ မိုးကြိုးနတ်ဘုရားကြုံး၀ါးနေသလိုပင်။

လမ်းပါ့ဒ်၏ စွမ်းအားမြင့်မားကာ ပြိုင်ဘက်ကင်းမဲ့သည့်အရှိန်၀ါသည် မြင်းစစ်သည်တပ်ဖွဲ့၏ အရှိန်၀ါအား လွှမ်းခြုံသွားတော့၏။ ထိုတပ်ဖွဲ့ထဲတွင် ယခင်က မြင့်မားသည့် စွမ်းအင်အရှိန်၀ါများ ပေါ်ထွက်နေသော်လည်း လမ်းပါ့ဒ်ရောက်ရှိလာသည့်အချိန်တွင် ထိုစွမ်းအင်အရှိန်၀ါများသည် မှေးမှိန်သွား၏။

ဤတိုက်ပေါ်တွင် ကျင့်ကြံမှုအဆင့်များသည် ဆွေကြီးမျိုးကြီးများ၏ မျိုးရိုးဂုဏ်ထက်ပင် ပို၍တင်းကြပ်လှ၏။ သိုင်းဆရာတစ်ယောက်သည် လအဆင့်မဟုတ်ပါက လအဆင့်သို့ ရောက်ရှိနေသူတစ်ယောက်အား မည်ကဲ့သို့မှ ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ရန်လိုနေသည့် စွမ်းအင်အရှိန်၀ါအနည်းငယ်မှာ လမ်းပါ့ဒ်ရောက်ရှိလာသည့်အချိန်တွင် မှေးမှိန်သွားရခြင်းပင်။ သူတို့သည် ခြင်္သေ့တစ်ကောင်ရှေ့သို့ ရောက်ရှိလာသည့် ခွေးအများကဲ့သို့ပင်။

"လူကြီးမင်းက ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားပါလား။ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ ကျွန်တော်တို့က ဘိုဒွန်အင်ပါယာက စေလွှတ်လိုက်တဲ့ သံတမန်အဖွဲ့ပါ။ ကျွန်တော်တို့ အင်ပါယာအရှင်သခင်ရဲ့အမိန့်အတိုင်း အရှင်မင်းကြီးရဲ့ မင်္ဂလာအခမ်းနားကို ဂုဏ်ပြုပေးဖို့ရောက်လာခြင်းဖြစ်ပါတယ်။ တစ်ခြားရည်ရွယ်ချက်မရှိပါဘူး..." လမ်းပါ့ဒ်၏ အရှိန်၀ါမှ ရန်လိုခြင်းများကို အာရုံခံလိုက်မိသည့်အတိုင်းပင် မြင်းစစ်သည်တပ်ဖွဲ့သည် အရှိန်လျှော့လိုက်ပြီး ခုခံခြင်းအနေထားကို အသင့်ပြင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရှင်းလင်းသည့်အသံတစ်ခုထွက်ပေါ်လာပြီး ထိုအသံသည် နားလည်မှုလွဲမည်ဆိုးသောကြောင့် အရာအားလုံးကို လေးလေးစားစားဖြင့်ရှင်းပြလိုက်သည်။

ရှင်းပြသည်ကို ကြားအပြီးတွင် လမ်းပါ့ဒ်သည် ပြန်လည်ဖြေကြားခြင်းမရှိပဲ ကောင်းကင်ပေါ်မှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ငွေရောင်လျှပ်စီးစွမ်းအင်များအားလုံးသည် လျှပ်စီးအလင်းတန်းတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားကာ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံသို့ ပျံသန်းသွားတော့၏။

တစ်ချိန်တည်းမှာပင် လမ်းပါ့ဒ်၏ မွမ်းကြပ်စေနိုင်လောက်သည့် အရှိန်၀ါသည်လည်း ချက်ချင်းပင်ပျောက်ကွယ်သွား၏။ အပြာရောင်ကောင်းကင်သည် ပုံမှန်အတိုင်းပင် ပြန်ဖြစ်လာပြီး ယခင်က လှုပ်ရှားနိုင်ခြင်းမရှိသည့် သာမန်သိုင်းဆရာများသည်လည်း ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနိုင်လာကြတော့သည်။ ဖြူဖက်ဖြူယော်မျက်နှာများဖြင့် အဆင့်နိမ့်သိုင်းဆရာများသည် အိမ်မက်မက်ရာမှ နိုးထလာသလိုပင်။

---မိုးကုတ်စက်၀ိုင်းအောက်တွင်ဖြစ်သည်---

"ဟေး ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့ကောင်က အတော်အချိုးမပြေတာပဲ။ ငါတို့ဘယ်သူတွေလဲဆိုတာကို ကြေငြာပြီးတာတောင် စောက်ဖက်မလုပ်ဘူး။ ငါတို့ရဲ့လယ်ဗယ်၄ ဘိုဒွန်အင်ပါယာက ချမ်းဘော့ဒ်တိုင်းပြည်ငယ်လေးကို ကြောက်မယ်ထင်နေတာလားမသိဘူး..." မြင်းစစ်သည်တပ်ဖွဲ့ထဲတွင် အနီရောင်မီးစွမ်းအင်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး လယ်ဗယ်၄မှော်သားရဲတစ်ကောင်ကို စီးနင်းနေသည့် လူငယ်တစ်ယောက်ပါရှိကာ သူ၏မျက်နှာဖုံးကို ချွတ်လိုက်ရင်းဖြင့် ဒေါသဖြစ်နေသည့်ပုံပင်။

သူသည် အသက်သုံးဆယ်အောက်ဖြစ်ပုံရပြီး ကြယ်ငါးလုံးအမြင့်ဆုံးအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အရည်ခြင်းရှိသည့်လူငယ်တစ်ယောက်ဟု ယူဆနိုင်၏။

"ဟားဟား မြို့ထဲရောက်တာနဲ့ ငါချမ်းဘော့ဒ်ဘုရင်ကို သေချာပေါက်စိန်ခေါ်ပြီးတော့ သောင်းချီတဲ့လူအုပ်ရှေ့မှာ အနိုင်ယူပြမယ်။ အဲ့ကျရင် သူအခုလိုနေနိုင်သေးလားဆိုတာကြည့်ကြသေးတာပေါ့။ သူက ခရီးသွားကဗျာဆရာတွေပြောသလောက်စွမ်းအားကြီးမားတယ်လို့ ငါမထင်ပါဘူး..."

"ဟားဟား အဲ့ခရီးသွားကဗျာဆရာတွေက ချဲ့ကားရေးကြတာပါ။ မင်းသူတို့ကို တကယ်ယုံနေတာလား။ ငါ့အထင်ပြောရမယ်ဆိုရင် ချမ်းဘော့ဒ်ဘုရင်ကို လူတိုင်းကို လှည့်စားနေတဲ့ အားနည်းတဲ့လူတစ်ယောက်ပဲ..."

"ငါကြားတာတော့ ချမ်းဘော့ဒ်ဘုရင်က ဇီးနစ်အင်ပါယာမှာ ထိပ်တန်းလို့ပြောလို့ရတဲ့ အမျိုးသမီးနှစ်ယောက်ကို လက်ထပ်တော့မှာတဲ့...ဒါကတော့ ကံမကောင်းတာပဲ။ အဲ့အမျိုးသမီးနှစ်ယောက်သာ ချမ်းဘော့ဒ်ဘုရင်မတိုင်ခင် ဘိုဒွန်အင်ပါယာရဲ့ အကြီးမြတ်ဆုံးလေးယောက်ဖြစ်တဲ့ ငါတို့လေးယောက်ကို အရင်တွေ့ရင် ချမ်းဘော့ဒ်ဘုရင်တော့ အခွင့်ရေးရမှာမဟုတ်ဘူး...."

"အဲ့လိုတော့မပြောသေးပါနဲ့...ဟီးဟီး ငါတို့လေးယောက်အတွက် အခွင့်ရေးရှိပါသေးတယ်.."

ပထမလူငယ်အနောက်တွင် တူညီသည့် ချပ်၀တ်များ၀တ်ဆင်ထားသည့် မြင်းစစ်သည်သုံးယောက်လဲရှိနေ၏။ သူတို့၏ မျက်နှာပေါ်တွင်လည်း ဂုဏ်ယူ၀င့်ကြွားသည့်အမူယာများရှိနေကြသည်။

"မင်းတို့လေးကောင် ပါးစပ်ပိတ်ထားကြစမ်း..." ကြည်လင်ပြတ်သားသည့် အသံတစ်ခုကို တပ်ဖွဲ့၏ အရှေ့မှကြားလိုက်ရသည်။

ထိုလူသည် သာမန်သံမဏိချပ်၀တ်တစ်စုံကို ၀တ်ဆင်ထားသည့် မြင်းစစ်သည်တစ်ယောက်ပင်။ ခန္ဓာကိုယ်တောင့်တင်းပြီး လက်ရှိအချိန်တွင် ဦးဆောင်း၀တ်ဆင်ထားခြင်းမရှိပေ။ အသားရေမဲနက်၍ ပြူးကျယ်သည့်မျက်လုံးများရှိ၏။ တိုတိုနှင့် ကောက်ကွေးနေသည့် ဆံပင်များနှင့်အတူ ခန့်ညားကာ ယောက်ျားဆန်သည့် မျက်နှာကိုပါထည့်ပေါင်းပါက သူ့ကိုကြည့်လျှင် ယောက်ျားအများစုသည် နိမ့်ကျသလိုခံစားရမည်ဖြစ်သည်။ သူသည် သာမန်ချပ်၀တ်ကို ၀တ်ဆင်ထားပြီး သာမန်မြင်းတစ်ကောင်ကိုသာ စီးနေသော်လည်း သူ၏ အရှိန်၀ါသည် တောက်ပသောချပ်၀တ်များ မှော်သားရဲများဆင်ယင်ထားသည့် မြင်းစစ်သည်လေးယောက်ထက်ပင် သာလွန်နေ၏။

သူဆူသည်ကို ခံလိုက်ရသည့် မြင်းစစ်သည်လေးယောက်တို့မှာ ပြန်ပြောရဲခြင်းမရှိပဲ သူတို့၏ခေါင်းများကိုသာ နိမ့်ထားလိုက်သည်။

"အခုရောက်လာတဲ့ လအဆင့်သိုင်းဆရာက ချမ်းဘော့ဒ်ဘုရင်လက်အောက်က စွမ်းအားမြင့်သိုင်းဆရာတွေထဲက တစ်ယောက်ပဲရှိသေးတယ်။ မင်းတို့လေးကောင်ပေါင်းပြီး သူ့ကို တိုက်ခိုက်ရင်တောင် မင်းတို့ကို တစ်ချက်ထဲနဲ့ အပြီးသတ်ပေးလိုက်လို့ရတယ်။ မင်းတို့ကောင်တွေက ချမ်းဘော့ဒ်ဘုရင်ကို ဘယ်လိုစိန်ခေါ်မှာလဲ။ အဲ့လိုလုပ်လိုက်တယ်ဆိုရင် မင်းတို့ဘယ်လိုအသတ်ခံလိုက်ရတယ်ဆိုတာကိုတောင် မင်းတို့သိလိုက်မှာမဟုတ်ဘူး။ ငါမင်းတို့ကို ထပ်သတိပေးလိုက်မယ်..ချမ်းဘော့ဒ်ဘုရင်က ဇီးနစ်အင်ပါယာရဲ့ နံပါတ်၁ သေမင်းပဲ။ သူက အညှာတာကင်းမဲ့ပြီး ရက်စက်တယ်။ ဘာကိုမှလဲမကြောက်တတ်ဘူး...မင်းတို့လေးယောက်သေချင်တယ်ဆိုရင်တော့ ငါမထားဘူး...ဒါမယ့် ဘိုဒွန်အင်ပါယာကိုတော့ ဆွဲမထည့်နဲ့..." ထိုမြင်းစစ်သည်သည် သူတို့အား ဒေါသဖြင့်ကြည့်ကာပြောလိုက်သည်။ "ငါတို့ချမ်းဘော့ဒ်တိုင်းပြည်ထဲကိုရောက်ရင် မင်းတို့တွေကောင်းကောင်းပြုမူကြပါ။ မင်းတို့ ချမ်းဘော့ဒ်ဘုရင်ကို စော်ကားလိုက်မယ်ဆိုရင်တော့ ငါတို့အင်ပါယာအရှင်သခင်တောင် မင်းတို့ကို ကယ်နိုင်မှာမဟုတ်ဘူး..."

"ဟုတ်ကဲ့ပါ အရှင့်သား ဂိုကော့..." လူငယ်မြင်းစစ်သည်လေးယောက်သည်ဘာမှ ပြန်မပြောရဲပဲ ထိုကဲ့သို့သာပြန်ဖြေပြီးခေါင်းငုံ့ထားလိုက်ကြ၏။

သို့သော် သူတို့စိတ်ထဲတွင် တွေးနေသည့်အရာကို သူတို့သာ သိရှိကြလိမ့်မည်ဖြစ်သည်။

ဘိုဒွန်အင်ပါယာ၏ မင်းသား ဂိုကော့သည် ခေါင်းရမ်းလိုက်ပြီး ထိုလေးယောက်ကို လျစ်လျူရှုထားလိုက်သည်။ သူသည် တောင်တန်းများအလည်တွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်အား တောက်ပသည့်မျက်လုံးများဖြင့် လှမ်းမျှော်ကြည့်လိုက်ပြီး တွေးလိုက်မိသည။ "မင်းငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ချမ်းဘော့ဒ်ဘုရင်..."

......

ဘိုဒွန်အင်ပါယာမှ သံတမန်အဖွဲ့ရောက်ရှိလာခြင်းသည် လူတိုင်းအား ထိတ်လန့်သွားစေသည်။

ဘိုဒွန်အင်ပါယာသည် ဇီးနစ်အင်ပါယာထက်ပို၍ အင်အားကြီးမားသည့် အင်ပါယာတစ်ခုဖြစ်၏။ ဇီးနစ်အင်ပါယာမှ မင်းသားတစ်ပါးလက်ထပ်လျှင်ပင် ဘိုဒွန်အင်ပါယာသည် သံတမန်အဖွဲ့စေလွှတ်ကာ ဂုဏ်ပြုစကားဆိုလိမ့်မည်မဟုတ်ပေ။ သို့သော် ချမ်းဘော့ဒ်ဘုရင်၏ လက်ထပ်ပွဲအား အင်ပါယာထဲတွင်အရှိန်၀ါကြီးမားသည့် မင်းသားတစ်ပါးဖြစ်သည့် မင်းသားဂိုကော့ဦးဆောင်သော သံတမန်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ဤသည်မှာ အလွန်အံ့သြဖွယ်ပင်။

အင်ပါယာများကြားထဲတွင်ရှိသည့် ထုံးထမ်းစဥ်လာကို ချိုးဖျက်လိုက်သည့် ရွေ့ကွက်တစ်ခုပင်။

နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်ဘက်က အရေးတယူလုပ်၍ ကြိုဆိုခြင်းမရှိပဲ စစ်သည်အဖွဲ့၄၀၀ထဲမှ လူအများစုကို မြို့အပြင်တွင်သာစခန်းချစေပြီး မင်းသားဂိုကော့အပါ၀င် လူအနည်းငယ်ကိုသာ မြို့တော်အတွင်းတွင် နေထိုင်စရာစီစဥ်ပေး၏။ လျို့၀ှက်ဆန်းကျယ်သည့် ဘုရင်အလတ်ဇန္ဒားသည် ဘိုဒွန်အင်ပါယာမှ ကိုယ်စားလှယ်များကို လာရောက်ကြိုဆိုခဲ့ခြင်းမရှိပေ။

All Chapters