← Chapters

အခန်း (၇၄၁)

Vol. 48 Ch. 741

အခန်း (၇၄၁)

Vol. 48 Ch. 741

ဤအချိန်ကာလတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် အနည်းငယ်လူရှုပ်ထွေးကာ စည်းမဲ့ကမ်းမဲ့နိုင်နေသည်ဟု ဆိုနိုင်၏။

ဖှေး၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဥ်များကြောင့်ချမ်းဘော့ဒ်တိုင်းပြည်၏ လူနေမှုပုံစံသည် သူများနှင့်မတူပဲ ထူးခြားနေ၏။ ထို့ကြောင့် ပြင်ပမှလာရောက်သည့်လူများသည် အသားမကျသေးသည့်အတွက်ကြောင့် အဆင်မပြေမှုအနည်းငယ်ဖြစ်တတ်၏။

တစ်ခြားတိုင်းပြည်များမှ လာရောက်သည့် စစ်သည်အများစုသည် ညာဘက်ကပ်၍ လမ်းလျှောက်ခြင်း၊ မီးနီလျှင် ရပ်ခြင်း၊ အသုံးပြုပြီးသော ရေပိုက်များကို ပြန်ပိတ်ခြင်း စသည့် စည်းမျဥ်းများနှင့် အသားမကျသေးသည့်အတွက်ကြောင့် ဥပဒေပြုအရာရှိများ၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရ၏။ ကောင်းသည့်အရာတစ်ခုမှာ ချမ်းဘော့ဒ်ဘုရင်ဟူသည့်နာမည်သည် ပြင်ပမှလာရောက်သူများကြားထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေ၏။ ထို့ကြောင့် ထိုစစ်သည်များသည် သူတို့၏ ဒေါသစိတ်ကိုထိန်းချုပ်၍ ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများကို ပြသနာရှာခြင်းမရှိပေ။ သူတို့သည် ရက်စက်ကြမ်းကြုတ်ကာ အညှာတာကင်းမဲ့သည်ဟု သတင်းထွက်နေသည့် ချမ်းဘော့ဒ်ဘုရင် သူတို့အား သတ်ဖြတ်မည်ကို ထိတ်လန့်နေသည့်အတွက်ပင်။

လွန်ခဲ့သည့် ကာလများတွင် ချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်သည့်လူများသည် ၀ေးလှံခေါင်ဖျားသည့်နေရာတွင်ရှိသော ရှေးကျသည့်မြို့တော်ကြောင့် အံ့သြမင်သက်ခဲ့ရသည်။

ထိုသူများ ချမ်းဘော့ဒ်သို့ မရောက်သေးခင်က တိုင်းပြည်ငယ်လေးတစ်ခုသည် ဤမျှဖွံ့ဖြိုးတိုးတက်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျန်ရှိနေသည့်တိုင်းပြည်ငယ်များကဲ့သို့ပင် ကျဥ်းမြောင်းကာ ညစ်ပတ်နေလိမ့်မည်ဟု ထင်ထားခဲ့သည်။ မြို့နေပြည်သူများသည်လည်း ဆင်းရဲကာ မြို့ခံစစ်သည်များသည်လည်း ချပ်၀တ်အပြည့်စုံပင် ၀တ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့၏။

သို့သော် မြို့တော်သို့ ရောက်ရှိပြီး ကိုယ်တိုင်မြင်လိုက်ရသည့်အချိန်တွင် အံ့သြမင်သက်သွားကြ၏။

လှပမှု၊ သန့်ရှင်းမှု တိုးတတ်မှုတို့မှာ အင်အားကြီးအင်ပါယာများ၏ မြို့တော်များထက်ပင် ပို၍သာလွန်နေသည့်အတွက်ပင်။ ထို့အပြင် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်များသည်လည်း စွမ်းအားမြင့်မားလှသည်။ သာမန်စစ်သည်များကပင် ကြယ်တစ်လုံးနှစ်လုံးအဆင့် သိုင်းဆရာများဖြစ်ကြပြီး ကြယ်အဆင့်မရောက်သေးသည့်စစ်သည်များကပင် ကြီးမားသည့်ခွန်အားတို့ကို ပိုင်ဆိုင်ထား၏။

ထို့အပြင် မြို့တော်၏ စည်းမျဥ်းစည်းကမ်းများသည် အပြင်လူများအတွက် အစတွင် ထူးဆန်းနေသော်လည်း သေချာလေ့လာကြည့်ပါက ချမ်းဘော့ဒ်သားများ၏ အစီစဥ်ဖန်တီးနိုင်မှုကို လေးစားသွားမိကြ၏။ နေ့စဥ်ဘ၀တွင်ကြုံတွေ့နေရသည့် အခက်ခဲများကို ထိုစည်းမျဥ်းစည်းကမ်းများဖြင့် လွယ်ကူစွာဖြေရှင်းနိုင်သည်ကို မြင်တွေ့ရသည့်အတွက်ပင်။

ထိုအချက်များကြောင့် မာနထောင်လွှားနေခဲ့ကြသည့် အပြင်လူများသည် အနည်းငယ်စိတ်အားငယ်သွားကြ၏။

ချမ်းဘော့ဒ်သားများသည် သူတို့အား စိတ်ရှည်လက်ရှည်ဖြင့် အရာအားလုံးကိုရှင်းပြသော်လည်း တစ်ချို့အရာများကို နားလည်ရခက်နေသဖြင့် သူတို့သည် ဉာဏ်ရည်မမှီသည့် လူများကဲ့သို့ပင်ခံစားလိုက်ရ၏။

အပြင်လူအများစုသည် ကောင်းမွန်စွာပြုမူနေထိုင်နေကြသော်လည်း တစ်ချို့ပြသနာရှာလိုသည့်လူများသည် မြို့တော်ထဲတွင်ရှိသည့် မှော်၀င်ပစ္စည်းငယ်များကို ပစ်မှတ်ထားနေကြ၏။

လွန်ခဲ့သည့်နေ့များတွင် မှော်မီးပွိုင့်များ၊ မှော်ရေပန်းများ၊ မှော်စွမ်းအင်သုံးအိမ်သာများ စသည့် ပစ္စည်းတစ်ချို့ ခိုးယူခံခဲ့ရသည်။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ သက်ဆိုင်ရာအစိုးရဌာနအသီးသီးသည် လူများစေလွှတ်၍ စုံစမ်းစစ်ဆေးအရေးယူခဲ့ရသေးသည်။ ထိုသူခိုးများသည် သနားစရာကောင်းသည်ဟု သူတို့တွေးမိကြ၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ အကျဥ်းထောင်ဖြစ်သည့် အမဲရောင်အိမ်ငယ်လေးသည် ပြစ်မှုကျူးလွန်ခဲ့ကြသည့် အပြင်လူများဖြင့် ပြည့်နှက်နေ၏။ သူတို့ထဲမှ အများစုသည် ဆယ်ရက်ခန့်ချုပ်နှောင်ခံထားရပြီး တစ်ချို့မှာ ဒဏ်ကြေးသာပေးဆောင်ရခြင်းဖြစ်သည်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်သည့်လူမရှိသည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ ပီတာနှင့် ဒရော့ဂ်ဘာတို့ကဲ့သို့ စွမ်းအားကြီးမားသည့် စစ်သည်များသည် ကောင်းကင်နန်းတော်တွင်ကျင့်ကြံနေကြသည့်အတွက်ကြောင့် လက်ရှိတွင် ပြသနာကြီးကြီးမားမားကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လူမရှိသေးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သို့ ပထမဆုံးလာရောက်မည့်လူများ မြို့တော်သို့ရောက်ရှိပါက ပထမဆုံးလုပ်သင့်သည့်အရာမှာ ချမ်းဘော့ဒ်တိုင်းပြည်တွင်လုပ်သင့်မလုပ်သင့်သည်များကို သင်ယူရန်ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ပါက သူတို့သည် ဥပဒေကို ချိုးဖောက်မိမည်ဖြစ်ပြီး အပြစ်ပေးခံရမည်ဖြစ်၏။

ဉာဏ်ကောင်းကာ စီးပွားရေးအမြင်ရှိသည့် ချမ်းဘော့ဒ်သားတစ်ချို့သည် အခွင့်ရေးမြင်မိကြပြီး "ချမ်းဘော့ဒ်တိုင်းပြည်၏ သိသင့်သောဥပဒေများ" "ချမ်းဘော့ဒ်တိုင်းပြည်တွင် နေထိုင်နည်း" "ချမ်းဘော့ဒ်တွင် အသက်ရှင်နေထိုင်နည်း" စသည့် စာအုပ်များထုတ်ကာ ရောင်းချကြ၏။ ထိုသို့ရောင်းချခြင်းမှလည်း ပိုက်ဆံများစွာရရှိခဲ့ကြသည်။

မွမ်းတည့်ချိန်သို့ရောက်တော့မည်ဖြစ်သောကြောင့် ရာသီဥတုသည်လည်း သာယာနေသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ လမ်းမဖြစ်သည့် ရွှေလမ်း ပေါ်တွင်လည်း လူများဖြင့်ပြည့်နက်နေ၏။ လမ်းမပေါ်တွင် အ၀တ်စားစတိုင်မျိုးစုံ၀တ်ဆင်ထားသည့်လူများသည် လှည့်ပတ်ကြည့်ရှုကာ အံ့သြနေကြသည်။

ခံတပ်နံရံ၏ အပြင်ဘက်တွင်လည်း တယ်လီပေါ့တ်မှော်အစီရင်အားအသုံးပြု၍ မြို့အတွင်းသို့၀င်ရန်လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သင်္ဘောသည်လည်း ဇူလီမြစ်အားဖြတ်ကူး၏ လူများကို တစ်ဖက်ကမ်းသို့ သယ်နိုင်သလောက်ပို့ဆောင်ပေးနေလျှက်ရှိသည်။

သင်္ဘောခနှင့် တယ်လီပေါ့တ်မှော်အစီရင်အသုံးပြုခကောက်ခံခြင်းကပင် ချမ်းဘော့ဒ်တိုင်းပြည်၏ ၀င်ငွေအားများစွာတိုးပွားစေနေလျှက်ရှိသည်။ တိုင်းပြည်၏ ဘဏ္ဏာရေးဆိုင်ရာအကြံပေးဖြစ်သည့် မင်းသမီးဗစ်တိုးရီးယားသည်လည်း မြို့တော်ဂိတ်တံခါး၀တွင်ရပ်ကာ ငွေများ၀င်လာသည်ကို ကြည့်ရင်းဖြင့် ကလေးမလေးတစ်ယောက်ကဲ့သို့ ရယ်မောနေလျှက်ရှိသည်။

"ဟားဟား ငါတော့ အလတ်ဇန္ဒားကို သဘောကျသွားပြီ။ တိုးဂိတ်ဆောက်တာက အတော်ကောင်းတဲ့ အကြံပဲ ၀င်သမျှထွက်သမျှလူတိုင်းကို ပိုက်ဆံကောက်လို့ရတယ် ဟားဟား ငါတို့တော့ ချမ်းသာပြီဟေ့..."

ဗစ်တိုးရီးယားသည် ရယ်နေစဥ်တွင်ဖြစ်နေသည့် သူမပုံကို သတိထားမိခြင်းမရှိပေ။ သူမ၏ ခန္ဓာကိုယ်သည် အရှေ့နောက်ယိမ်းနေပြီး ရင်သားများသည်လည်း အပေါ်အောက်ခုန်နေ၏။ ထို့ကြောင့် အမျိုးသားများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်နေ၏။ တောက်လောင်သောမျက်လုံးများသည် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် နတ်သမီးကဲ့သို့သော မျက်နှာပေါ်တွင်ကျရောက်နေကြသည်။

လက်ရှိအခိုက်တန့်တွင် ပျော်ရွှင်နေသောကောင်မလေး၏ မျက်လုံးများထဲ၌ ပိုက်ဆံကိုသာမြင်နေရ၏။

သူမ၏ အ၀တ်စား သူမ၏ ခန္ဓာကိုယ်လှပမှုတို့ကို သူမကိုယ်တိုင်သတိထားမိခြင်းမရှိပေ။

"သေစမ်း မြစ်ဖြတ်သန်းခက ငွေဒင်္ဂါးဆယ်ပြားပေးရတာလား။ စျေးကြီးတာပေါ့..."

"တိုးတိုးပြောစမ်းပါ မင်းကို ဘယ်သူကမှ မြစ်ကို အတင်းမဖြတ်ခိုင်းနေဘူး။ မင်းဟိုနားကစော်ကို တွေ့လား။ အဲ့စော်နောက်မှာရှိတဲ့ လူလေးယောက်က ပိုက်ဆံမပေးပဲ အတင်းဖြတ်ဖို့လုပ်တဲ့ ကောင်အယောက်လေးဆယ်လောက်ကို ခြေထောက်တွေရိုက်ချိုးထာပြီးပြီး..."

"ဟေ တကယ်ကြီးလား..အဲ့စော်က ချစ်စရာလေးပါး...ခါးကလည်း သေးသေးလေး..သေစမ်း အတော်ရက်စက်တဲ့စော်ပဲ..."

အပြင်မှလာရောက်သည့် စစ်သည်များကြားထဲတွင် ထိုကဲ့သို့သော စကားသံများ တီတိုးထွက်ပေါ်လာနေလျှက်ရှိသည်။ သို့သော် မည်သူမှ ချမ်းဘော့ဒ်ဘုရင်ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ရဲခြင်းမရှိပေ။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး မွမ်းတည့်ချိန်သို့ပင်ရောက်ရှိလာပြီဖြစ်သည်။

ရုတ်တရက်ပင် မိုးကုတ်စက်၀ိုင်းအောက်တွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားကြသည့် မြင်းစစ်သည်တပ်ဖွဲ့တစ်ဖွဲ့ကို မြင်လိုက်ကြရသည်။ လူအင်အား ၄၀၀ခန့်ပါရှိကာ စနစ်တကျချီတပ်လာနေ၏။ နေရောင်အောက်တွင် သူတို့၏ ငွေရောင်ချပ်၀တ်များသည် အရောင်တောက်ပနေလျှက်ရှိပြီး ငွေရောင်ရေလှိုင်းတစ်ခုစီးဆင်းလာနေသည့်အတိုင်းပင်။

မြင်းခွာသံများနှင့်အတူ ထိုတပ်ဖွဲ့သည် ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ဦးတည်လာနေလျှက်ရှိသည်။

သူတို့နှင့်အတူ စွမ်းအားမြင့်မားသည့်အရှိန်၀ါအနည်းငယ်လည်း ရောက်ရှိလာသည့်အတွက် ထိုတပ်ဖွဲ့ထဲတွင် စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ချို့ပါ၀င်သည်မှာ ထင်ရှားလှသည်။

"ဘယ်သူတွေလဲ..."

"ကျွမ်းကျင်မြင်းစစ်သည်တွေပဲ...သူတို့က ဇီးနစ်အင်ပါယာက စစ်သည်တွေမဟုတ်ဘူး..."

"ဒါဆို ဘာလာလုပ်ကြတာလဲ...လက်စားချေဖို့ဒီကိုရောက်လာတာလား..."

မြစ်အားဖြတ်ကူးကာ မြို့အတွင်းသို့ ၀င်ရန်အတွက်စောင့်ဆိုင်းနေကြသည့်လူတစ်ချို့သည် ထိုမြင်းစစ်သည်တပ်ဖွဲ့အား ချက်ချင်းပင် သတိထားလိုက်မိကာ အခြင်းခြင်းတီတိုးပြောဆိုနေကြ၏။ ဇီးနစ်အင်ပါယာမှမဟုတ်သည့် စစ်သည်များ အင်ပါယာ၏ မြောက်ဖျားပိုင်းသို့ ရောက်ရှိလာသည်အား မြင်ရခြင်းသည် သူတို့အတွက် ထူးဆန်းနေသည့်အတွက်ပင်။

"၀ုန်း..."

ဤအခိုက်တန့်တွင် စူးရှသည့် အသံတစ်ခုကို ကောင်းကင်ပေါ်တွင်ကြားလိုက်ရ၏။

ပန်းချီကား တစ်ချပ်လိုပင် ငြိမ်းချမ်းလှပသည့် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံမှ လျှပ်စီးအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုအလင်းတန်းသည် ကောင်းကင်ပေါ်တွင်တောက်ပပျံသန်းလာပြီး ဇူလီမြစ်အပေါ်တွင် ရပ်တန့်သွား၏။ အလင်းတန်းပျောက်ကွယ်သွားသည့်အချိန်တွင် ဆံပင်အနီရောင်နှင့်လူတစ်ယောက်အား လျှပ်စီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များ ခြံရံလျှက်တွေ့လိုက်ရသည်။ ထိုလူသည် လျှပ်စီးစွမ်းအင်တိမ်တိုက်များ၏ အလည်တွင် မကောင်းဆိုး၀ါးနတ်ဘုရားတစ်ပါးလိုပင်။

"ချမ်းဘော့ဒ်တိုင်းပြည်က သိုင်းဆရာတစ်ယောက်ပဲ..."

"သူက လမ်းပါ့ဒ်ပဲ ရွှေရောင်လီရိုသူတော်စင်ပဲ...သူ့ကို ချမ်းဘော့ဒ်ဘုရင်ပြီးရင်စွမ်းအားအကြီးဆုံးလို့ပြောကြတယ်။ အခုဆို လအဆင့်ကိုတောင်ရောက်နေပြီ။ သူဘာလို့ရောက်လာတာလဲ....ဘာတွေဖြစ်ကုန်တာလဲ.."နေရာတစ်၀ိုက်တွင်ရှိနေသည့်လူများအားလုံး စိတ်လှုပ်ရှားကာ သိချင်လာကြ၏။

All Chapters